fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

သွေးအားနည်းခြင်းကိုဖြစ်စေသော အဓိကအကြောင်းအရာများ

829
VIEWS
Share on FacebookShare on TwitterShare on Linkedin
30/12/2023
in အထွေထွေရောဂါများအကြောင်း
1 min read
A A

လူတွေရဲ့ သွေးထဲမှာ သွေးနီဥ (red blood cells)၊ သွေးဖြူဥ (white blood cells) နဲ့ သွေးဥမွှား (platelets) တွေ ပါဝင်ပြီး သွေးအားနည်းတာက သွေးနီဥပမာဏ လျော့နည်းနေလို့ပါ။ သွေးနီဥတွေရဲ့ တာဝန်က အောက်ဆီဂျင်ကို ခန္ဓာကိုယ်တစ်ခုလုံးက တစ်ရှူးတွေ၊ ဆဲလ်တွေကို အောက်ဆီဂျင် လုံလောက်အောင် ပို့ဆောင်ပေးဖို့ ဖြစ်ပါတယ်။

သွေးအားနည်းတဲ့အခါ…

• အားကုန်မောပန်းပြီး ခြေလက်တွေမသယ်ချင်တာ
• မစားချင်မသောက်ချင်တာ
• ခေါင်းကိုက်တာ
• အာရုံစူးစိုက်နိုင်စွမ်း မရှိတာ၊ စိတ့အလိုမကျတာ
• ခြေလက်တွေ ထုံကျင်နေတာ
• မျက်ခမ်းစပ်နဲ့ နှုတ်ခမ်းတွေ ဖြူဖျော့လာတာ၊ အသားအရောင် ဖြူဖျော့လာတာ
• လက်သည်းခြေသည်းတွေ ကျိုးလွယ်တာ
• ရေခဲနဲ့ တခြားသော စားစရာမဟုတ်တာတွေကို စားချင်နေတာတွေ ဖြစ်နိုင်ပြီး အချိန်မီ မကုသရင်
• ဘာမှမလုပ်ဘဲ နားနေချိန်တောင် မောပန်းနေတာ
• ကိုယ်ဝန်ဆောင်တွေဆို ပေါင်မပြည့်၊လမစေ့ပဲ မွေးတာ
• နှလုံးကြီးလာပြီး နှလုံးအလုပ်မလုပ်နိုင်တော့တာနဲ့
• အသက်သေဆုံးတာထိ ဖြစ်နိုင်ပါတယ်။

ဘာကြောင့် သွေးအားနည်းတာလဲ?

သွေးအားနည်းရတဲ့ အကြောင်းရင်းတွေ အမျိုးမျိုးရှိပြီး စိုးရိမ်စရာမလိုတာ ဖြစ်နိုင်သလို အသက်အန္တရာယ်ရှိတာလည်း ဖြစ်နိုင်ပါတယ်။

• သွေးထွက်လွန်ပြီး ဆုံးရှုံးသွားတဲ့ သွေးနီဥတွေ ပြန်ဖြည့်ဖို့ အလျင်မမီတာ
• ခန္ဓာကိုယ်ကနေ သွေးနီဥတွေ မထုတ်လုပ်နိုင်တာ
• ခန္ဓာကိုယ်က သွေးနီဥတွေကို ဖျက်စီးပစ်တာတွေကြောင့် သွေးအားနည်းနိုင်ပါတယ်။

သွေးအားနည်းစေတဲ့ အကြောင်းရင်းများ…

(1) ဗိုက်တာမင်ချို့တဲ့ သွေးအားနည်းရောဂါ
သွေးနီဥထုတ်လုပ်ဖို့ ဖောလိတ် (folate) နဲ့ ဗိုက်တာမင် B12 ကို လိုအပ်ပါတယ်။ စားတဲ့အစားအစာတွေထဲမှာ folate နဲ့ B12 ချို့တဲ့နေတာ၊ စားပေမယ့် အူကစုပ်ယူနိုင်စွမ်းမရှိတာ (အူကင်ဆာရောဂါ) တွေကြောင့် သွေးအားနည်းရောဂါ ဖြစ်နိုင်ပါတယ်။

(2) သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ
အဖြစ်အများဆုံး သွေးအားနည်းရောဂါဖြစ်ပါတယ်။ သွေးနီဥတွေဟာ ဟေမိုဂလိုဘင်နဲ့ အောက်ဆီဂျင်ကို တစ်ကိုယ်လုံးကို ပို့ဆောင်ပေးပါတယ်။ သံဓာတ်ချို့တဲ့ရင် ရိုးတွင်းခြင်ဆီကနေ သွေးနီဥပါဝင်ပစ္စည်း ဟေမိုဂလိုဘင်ကို ထုတ်လုပ်မပေးနိုင်တော့ပါဘူး။ ဟေမိုဂလိုဘင်နဲ့ အောက်ဆီဂျင်ကို တစ်ရှူးတွေဆီ မပို့နိုင်တော့တဲ့အခါ သွေးအားနည်းတဲ့ လက္ခဏာတွေ ပေါ်လာပါတယ်။

(3) Thalassemia ရောဂါ
မျိုးရိုးဗီဇကြောင့် ဖြစ်တဲ့ thalassemia သွေးရောဂါဟာ ဟေမိုဂလိုဘင်တွေ မထုတ်နိုင်လို့ သွေးအားနည်းပြီး မကြာခဏ သွေးသွင်းရတဲ့ ရောဂါဖြစ်ပါတယ်။

(4) ရိုးတွင်းခြင်ဆီ ရောဂါများ
Lymphoma, leukemia, myelodysplasia, multiple myeloma, နဲ့ aplastic anemia တို့လို ရိုးတွင်းခြင်ဆီရောဂါတွေဟာ ရိုးတွင်းခြင်ဆီကနေ သွေးဆဲလ်အသစ်တွေ မထုတ်လုပ်နိုင်တော့လို့ သွေးနီဥ၊ သွေးဖြူဥ နဲ့ သွေးဥမွှားတွေ လျော့နည်းပြီး အသက်အန္တရာယ်အထိ ရှိနိုင်တဲ့ ရောဂါတွေပါ။

(5) Sickles cells သွေးအားနည်းရောဂါ
ဟေမိုဂလိုဘင်ချို့ယွင်းမှုကြောင့် သွေးနီဥတွေက လခြမ်းပုံဆဲလ်သေတွေ ဖြစ်လာစေတဲ့ sickle cells anaemia ကလည်း မျိုးရိုးဗီဇကြောင့် ဖြစ်တဲ့ သွေးအားနည်းရောဂါပါ။

(6) ရောဂါအခံတွေကြောင့် ဖြစ်တတ်တဲ့ သွေးအားနည်းရောဂါ
ကင်ဆာ၊ HIV/AIDS ရောဂါ၊ ကျောက်ကပ်ရောဂါ၊ အသည်းရောဂါ၊ လေးဘက်နာရောဂါတို့လို နာတာရှည်ရောဂါတွေမှာ ခန္ဓာကိုယ်တစ်ရှူးတွေရောင်ရမ်းမှုကြောင့် သွေးနီဥတွေ နည်းပြီး သွေးအားနည်းတတ်ပါတယ်။

(7) အထက်ပါအကြောင်းတွေကြောင့်အပြင် တစိမ့်စိမ့်သွေးဆုံးရှုံးနေတဲ့ ပြဿနာတွေ
(လစဥ် ဓမ္မတာသွေးဆင်းများခြင်း၊ လိပ်ခေါင်းရှိခြင်း၊ အစာအိမ်အနာမှ သွေးယိုစိမ့်နေခြင်း)၊ ရုတ်တရက်သွေးအမြောက်အများ ဆုံးရှုံးသွားတဲ့ အခြေအနေတွေ (ထိခိုက်ဒဏ်ရာရခြင်း၊ သွေးအန်ခြင်း) နဲ့ ကိုယ်ဝန်ဆောင်ချိန်တွေမှာလည်း သွေးအားနည်းနိုင်ပါတယ်။

သွေးအားမနည်းအောင် ဘယ်လိုကာကွယ်မလဲ?

ရောဂါတွေကြောင့် ဖြစ်တဲ့ သွေးအားနည်းခြင်းကို မကာကွယ်နိုင်ပေမယ့် သံဓာတ်နဲ့ ဗိုက်တာမင်ချို့တဲ့လို့ သွေးအားနည်းတာကိုတော့ ကာကွယ်လို့ရပါတယ်။

သံဓာတ်ကြွယ်ဝတဲ့ အမဲသားနဲ့ အနီရောင်အသားတွေ၊ ပဲအမျိုးမျိုး၊ အစိမ်းရင့်ရောင် အရွက်တွေ၊ folate ကြွယ်ဝတဲ့ အသီးနဲ့ အသီးဖျော်ရည်၊ အစိမ်းရင့်ရောင်အရွက်များ၊ အစိမ်းရောင်ပဲ၊ မြေပဲ နဲ့ ဆန်၊ ဂျုံ၊ ပြောင်း၊ ပေါင်မုန့်တွေ၊ ဗိုက်တာမင် B12 ကြွယ်ဝတဲ့ အသား၊ နို့၊ ပဲပိစပ်ပဲ နဲ့ အစေ့အဆန်တွေ များများစားပေးပါ။

ဗိုက်တာမင် C က သံဓာတ်စုပ်ယူခြင်းကို အားပေးပါတယ်။ ဗိုက်တာမင် C ရနိုင်ဖို့ ချဥ်တဲ့အသီးတွေ၊ ငရုတ်သီး၊ ဘရိုကိုလီ၊ ခရမ်းချဥ်သီး၊ စတော်ဘယ်ရီ ဟစတာတွေ မကြာခဏ စားပေးပါ။

သွေးအားနည်းတဲ့ လက္ခဏာတွေ ရှိနေရင်တော့ ဘာကြောင့် သွေးအားနည်းရတာလဲ ဆိုတဲ့ အကြောင်းရင်းကို သေချာသိပြီး ကုသမှုခံယူနိုင်ဖို့ ဆရာဝန်နဲ့ အချိန်မီပြသဖို့ လိုအပ်ပါလိမ့်မယ်။

Author : Dr.Yee Mon

Previous Post

နှလုံးကျန်းမာရေးနှင့်မဂ္ဂနီဆီယမ်ဓာတ်အကြောင်း

Next Post

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
845
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
842
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.