fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

The consequences of a weak immune system
1.4k
VIEWS
Share on FacebookShare on TwitterShare on Linkedin
28/03/2024
in အထွေထွေရောဂါများအကြောင်း
1 min read
A A

ရောဂါပိုးတွေ များပြားလှတဲ့ ကမ္ဘာကြီးမှာ ကျန်းမာစွာ နေထိုင်နိုင်ဖို့ လူသားတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ကိုယ်ခံအားစနစ် ပါရှိပါတယ်။ ပြင်ပက ရောဂါပိုးတွေ ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာတဲ့အခါ ကိုယ်ခံအားစနစ်က အလိုအလျောက် ပြန်လည်တုံ့ပြန်ပြီး ရောဂါပိုးတွေကို တိုက်ထုတ်ပစ်လေ့ ရှိပါတယ်။

ကိုယ်ခံအားနည်းလာတဲ့အခါ ခန္ဓာကိုယ်မှာ ဘာတွေ ဖြစ်လာမလဲ?

1. မကြာခဏ အအေးမိတုပ်ကွေး ဖြစ်မယ်

ရာသီအကူးအပြောင်းတွေမှာ တစ်နှစ်ကို ၂ကြိမ်၊ ၃ ကြိမ်လောက် အအေးမိတာက ပုံမှန်ပါပဲ။ အအေးမိ နှာစေးချောင်းဆိုးတဲ့အခါ ခန္ဓာကိုယ်က ပြန်လည်တိုက်ထုတ်ပြီး လေးငါးရက်နေရင် ပြန်ကောင်းသွားလေ့ ရှိပါတယ်။ ဒီလိုမဟုတ်ဘဲ တစ်လမှာ အကြိမ်ကြိမ် အအေးမိနေတာ၊ အအေးမိရင်လည်း ခဏနဲ့ သက်သာမသွားဘဲ ရက်ကြာရှည်နေရင်တော့ ကိုယ်ခံအားစနစ်က အားနည်းပြီး အတော်ကို ရုန်းကန်နေရတဲ့ လက္ခဏာ ဖြစ်ပါတယ်။

2. အစာခြေစနစ်မှာ ပြဿနာတွေ ဖြစ်လာမယ်

ကိုယ်ခံအားစနစ်ရဲ့ ၇၀%ခန့်က အစာခြေစနစ်ထဲမှာ တည်ရှိပါတယ်။ အူတွေထဲက အကျိုးပြုဘက်တီးရီးယားတွေဟာ ရောဂါပိုးတွေ မဝင်ရောက်နိုင်အောင် ကာကွယ်ပေးပြီး ကိုယ်ခံအားစနစ်ကို ပံ့ပိုးပေးပါတယ်။ ဒါကြောင့် ကိုယ်ခံအားနည်းလာရင် ဝမ်းသွားတာ၊ ဝမ်းချုပ်တာ၊ အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်တာ၊ အစာအိမ်အနာဖြစ်တာ စတဲ့ ပြဿနာတွေ ကြုံတွေ့ရနိုင်ပါတယ်။

3. ရောဂါပိုးတွေ ဝင်လွယ်မယ်

ရောဂါပိုးတွေ ဝင်လွယ်တာကလည်း ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးပါပဲ။
• တစ်နှစ်မှာ ၄ ကြိမ်နဲ့အထက် နားအတွင်း ပိုးဝင်တာ
• တစ်နှစ်မှာ ၃ ကြိမ်လောက် ထိပ်ကပ်နာဖြစ်တာ
• တစ်နှစ်မှာ ၂ ကြိမ်ခန့် နမိုးနီးယားအဆုတ်ရောင်ရောဂါ ဖြစ်တာ
• ပိုးသတ်ဆေးတွေ ခဏခဏ သောက်ရတာတွေက ကိုယ်ခံအားနည်းနေတဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။

4. အနာကျက်နှေးမယ်

အနာကျက်တဲ့စနစ်ဟာ ကိုယ်ခံအားအပေါ် မူတည်နေပါတယ်။ ကိုယ်ခံအား မကောင်းရင် ဆဲလ်အသစ်တွေ မမွေးဖွားနိုင်တော့တဲ့အတွက် ထိခိုက်ရှနာနဲ့ ဒဏ်ရာတွေဟာ အနာကျက်ပြီး ပုံမှန်အရေပြား ပြန်ဖြစ်နိုင်ဖို့ ကြာတတ်ပါတယ်။

5. တချိန်လုံး မောပန်းနုံးချိနေမယ်

ကိုယ်ခံအားနည်းနေတဲ့အခါ ရောဂါပိုးတွေကို တိုက်ထုတ်နိုင်ဖို့ စွမ်းအင်တွေ ပိုမိုသုံးရတဲ့အတွက် တချိန်လုံး မောပန်းနုံးချိသလို ခံစားနေရတတ်ပါတယ်။

6. စိတ်ဖိစီးမှုတွေ များလာမယ်

စိတ်ဖိစီးမှု များနေတာဟာ ကိုယ်ခံအားနည်းတဲ့ လက္ခဏာတခုပါပဲ။ အလုပ်မှာ၊ အိမ်မှာ စိတ်ဖိစီးတဲ့အခါ ရောဂါပိုးတွေကို တိုက်ထုတ်နိုင်တဲ့ သွေးဖြူဥတွေ ခန္ဓာကိုယ်ထဲမှာ နည်းသွားပြီး ကိုယ်ခံအား ကျလာတတ်ပါတယ်။ ကိုယ်ခံအားကျလာပြီး နေထိုင်မကောင်းတဲ့အခါ စိတ်ဖိစီးမှုက ပိုဆိုးလာပါလိမ့်မယ်။

ကိုယ်ခံအားကောင်းချင်ရင်…

• အိပ်ရေးဝအောင်အိပ်တာ
• လေ့ကျင့်ခန်းမှန်မှန်လုပ်တာ
• လက်မကြာခဏဆေးတာ
• ကာကွယ်ဆေးတွေထိုးတာ
• ဗီတာမင် C၊ ဗီတာမင် D ၊ zinc နဲ့ selenium ဓာတ်တွေ ကြွယ်ဝတဲ့ အာဟာရတွေ စားတာ သို့မဟုတ် အားဆေး မှီဝဲတာတွေ လုပ်ခြင်းဖြင့် ဒီဆိုးကျိုးတွေ မဖြစ်အောင် ကာကွယ်နိုင်မှာပါ။

Author : Dr.Yee Mon

Previous Post

နွေရာသီနှင့်မိတ်ပြဿနာ

Next Post

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
886
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
852
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k
About immunity and supplements

ကိုယ်ခံအားနှင့် ဖြည့်စွက်အားဆေးများအကြောင်း

1 year ago
760

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.