fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

Why is memory weak at a young age?
1.2k
VIEWS
Share on FacebookShare on TwitterShare on Linkedin
05/04/2024
in အထွေထွေရောဂါများအကြောင်း
1 min read
A A

အသက်ကလေးက ငယ်ငယ်ပဲ ရှိသေးတယ် မေ့တတ်လိုက်တာ လွန်ပါရောလို့ အပြောခံနေရပြီလား။ တခုခုလုပ်မယ်ဆိုပြီး အခန်းထဲဝင်လာ၊ အခန်းထဲရောက်တော့ ငါဘာလုပ်မလို့ပါလိမ့် ဆိုတာမျိုး၊ ချိန်းထားတာတွေမေ့၊ meeting တွေလွတ်ကုန်တာမျိုး ခဏခဏ ဖြစ်နေတာကြောင့် ကိုယ့်ကိုယ်ကို Alzheimer ရောဂါများ ဖြစ်နေပြီလားလို့ စိုးရိမ်နေမိရင် ဒီစာကို ဆက်ဖတ်မှကို ဖြစ်မယ်နော်။

ငယ်ငယ်ရွယ်ရွယ်နဲ့ မေ့တတ်တာဟာ Alzheimer’s dementia လို အသက်ကြီးမှ အဖြစ်များတဲ့ သတိမေ့ရောဂါတွေကြောင့် ဖြစ်နိုင်ခြေ နည်းပါးပါတယ်။ (ဒါပေမယ့် ငယ်ငယ်ရွယ်ရွယ်နဲ့ မေ့တတ်သူတွေဟာ အသက်ကြီးလာရင် Alzheimer’s dementia ရောဂါတွေ ဖြစ်နိုင်ခြေ ပိုများပါတယ်)။

ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာကြောင့် မှတ်ဥာဏ်အားနည်းလာရတာလဲ?

1. စိတ်ဖိစီးခြင်းနဲ့ စိုးရိမ်ပူပန်ခြင်း
စိတ်ဖိစီးနေတဲ့အခါ၊ စိုးရိမ်စိတ်များနေတဲ့ အခါတွေမှာ အာရုံစူးစိုက်နိုင်စွမ်း လျော့ကျလေ့ရှိပြီး မှတ်မိနိုင်စွမ်းလည်း လျော့နည်းလာတတ်ပါတယ်။ စိတ်ဖိစီးစိုးရိမ်နေရတာ ကြာရှည်လာရင်တော့ စိတ်ရောဂါတွေပါ ဖြစ်လာနိုင်ပါတယ်။

2. စိတ်ကျရောဂါ
အကြောင်းပြချက်မရှိ ဝမ်းနည်းနေတတ်တာ၊ လုပ်ချင်ကိုင်ချင်စိတ် မရှိတာ၊ ဘာအတွက်ကြောင့်မှ မပျော်နိုင်တာနဲ့ မေ့တတ်တာတွေက စိတ်ကျရောဂါမှာ ဖြစ်လေ့ရှိတဲ့ လက္ခဏာတွေပါ။

3. အိပ်ရေးမဝခြင်း
အိပ်စက်ခြင်းက ဦးနှောက်ရဲ့ လုပ်ငန်းစဥ်တွေနဲ့ အာရုံကြောဆဲလ်တွေအတွက် အရေးကြီးပါတယ်။ အိပ်ရေးမဝတာ ကြာလာရင် မှတ်ဥာဏ် လျော့နည်းလာပါလိမ့်မယ်။

4. အရက်
မူးနေလို့ ဘာမှ မမှတ်မိဘူး ဆိုတာ ကြားဖူးကြတယ် မဟုတ်လား။ အသောက်သမားတွေက အမူးပြေသွားရင်လည်း တချို့အရာတွေကို မမှတ်မိတတ်ကြပါဘူး။ အရက်က အာရုံကြောတွေရဲ့ စွမ်းရည်ကို ကျစေပြီး မှတ်ဥာဏ်နဲ့ တွေးတောဆင်ခြင်နိုင်စွမ်းတွေကို ပျောက်စေပါတယ်။

5. သိုင်းရွိုက်ရောဂါ
သိုင်းရွိုက်ဟော်မုန်း ချို့တဲ့တဲ့သူတွေမှာလည်း မှတ်ဥာဏ်အားနည်းလာတတ်ပါတယ်။

6. ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုး
chlorpheniramine သို့မဟုတ် diphenhydramine ပါဝင်တဲ့ အအေးမိပျောက်ဆေးတွေ၊ စိတ်ကျရောဂါမှာ ပေးတဲ့တချို့ဆေးတွေ၊ ဆီးမထိန်းနိုင်တဲ့ သူတွေကို ပေးရတဲ့ ဆေးတွေ၊ loratidine လို အိပ်ချင်တဲ့ အာနိသင်မပါတဲ့ anti-histamine ဆေးတွေက မှတ်ဥာဏ်အားနည်းစေတဲ့ ဘေးထွက်ဆိုးကျိုး ရှိနိုင်ပါတယ်။

7. လေဖြတ်၊ လေဖြန်းခြင်း
လေဖြတ်တယ်ဆိုတာ ဦးနှောက်သွေးကြောပိတ်တာ သို့မဟုတ် ပေါက်တာကြောင့် ဦးနှောက်ရဲ့ တချို့အစိတ်အပိုင်းတွေမှာ အောက်ဆီဂျင်မရရှိတော့ဘဲ ဦးနှောက်ဆဲလ်တွေ သေသွားတာ ဖြစ်ပါတယ်။ အဖြစ်နည်းပေမယ့် လူငယ်တွေမှာလည်း လေဖြန်း၊ လေဖြတ်နိုင်ပြီး ရောဂါရဲ့ ပြင်းထန်မှုအပေါ် မူတည်ပြီး အနည်းနဲ့အများ မှတ်ဥာဏ်အားနည်းတတ်ပါတယ်။

ဒီအချက်တွေ ရှိနေခဲ့ရင် “ဘာလို့မှန်းမသိ ခဏ ခဏ မေ့တတ်တယ် ” လို့ ပြောရဖို့ သေချာနေပါပြီ။ ဒီလိုမဖြစ်ရအောင် နေ့တိုင်း ပုံမှန်အိပ်ရေးဝအောင်အိပ်ပါ။ စိတ်ဖိစီးမှုတွေ လျော့အောင်နေပါ။ အရက်လျှော့သောက်ပါ။ ဆေးတွေကြောင့် ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးပြောင်းပါ။ သိုင်းရွိုက်ဟော်မုန်း ချို့တဲ့ရင် ကုသမှု ခံယူပါ။ လေမဖြတ်အောင် ဂရုစိုက်ပါ။ မှတ်ဥာဏ်ကောင်းစေတဲ့ အာဟာရတွေ ဂရုတစိုက် မှီဝဲဖို့ မမေ့ပါနဲ့နော်။

Author: Dr.Yee Mon

Previous Post

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

Next Post

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.1k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
820
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
837
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k
About immunity and supplements

ကိုယ်ခံအားနှင့် ဖြည့်စွက်အားဆေးများအကြောင်း

1 year ago
708

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.