fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ရေကြီးရေလျှံဒေသကျန်းမာရေး

28
VIEWS
Share on FacebookShare on TwitterShare on Linkedin
23/08/2016
in အထွေထွေရောဂါများအကြောင်း
1 min read
A A

အနောက်တောင်မုတ်သုန်လေအားကောင်းခြင်း၊တရုတ်နိုင်ငံဖက်မှမုန်တိုင်းရဲ့အရှိန်၊ တောင်တရုတ်ပင်လယ်နှင့်ဘင်္ဂလားပင်လယ်အော် လေဖိအားနည်းရပ်ဝန်းစတောတွေကြောင့်သည်နှစ်မိုးကောင်းပါတယ်။ မိုးကောင်းသလို မြစ်ရေကြီးခြင်း၊ မြစ်ရေလျှံခြင်းများ၊ဧရာဝတီချင်းတွင်း၊သံလွင်ဝစစ်တောင်းတို့အပြင်၊ ချောင်း၊ မြောင်းများအားလုံးရေကြီးရေလျှံဖြစ်ကြပါတယ်။မိုးရွာသွန်းမှုများလို့ မြေပြိုလို့အိပ်ပျော်နေစဉ်မြေပိသေဆုံးခြင်း၊လမ်းတံတားပျက်စီးခြင်း၊ လှေ၊သင်္ဘော၊လူများ ရေစီးနဲ့မျောသွားခြင်းကနေအိုးအိမ်များ ရေစီးနဲ့မျောပါခြင်း၊မြစ်ကမ်းပါးပြိုခြင်း၊ ချောင်းရေ မြစ်ရေတိုက်စားခြင်းဖြစ်တယ်။လူတို့အနေနဲ့ နေအိမ်များမှ စွန့်ခွာကြရကာအမြင့်ပိုင်းရှိ စေတီများ၊ နေအိမ်တိုက်တာများ၊ဘာသာရေးအသင်းအဖွဲ့များဆီ ခေတ္တခိုလှုံလာကြရတယ်။ ရေပြန်ကျမှ မိမိနေရပ်ဆီ ပြန်နေနိုင်ကြမယ်လေ။

ဝမ်းရောဂါ
ပထမဆုံး သောက်ရေ၊ သုံးရေ၊ မသန့်ရှင်းတဲ့ရေ၊ ယင်နားစာနဲ့ ရက်လွန်အစားအစာတွေက ဝမ်းနဲ့ ဆိုင်တဲ့ ရောဂါများဖြစ်စေတယ်။ဇူလိုင်လအတွင်း ပြည်ခရိုင်ငါးမြို့မှာသဲကုန်းမြို့နယ်မှအပကာလဝမ်းရောဂါ ခေါ်ရုတ်တရက်ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးသူနှစ်ဦးရှိပြီးကပ်ရောဂါအသွင်ဖြစ်ပွားခဲ့လို့လူဝင်လူထွက်လမ်းများ စောင့်ကြည့်ခြင်း၊စည်းခြားထားခြင်း၊စနစ်တကျကုသခြင်းနှင့် ရေများကလိုရင်းခပ်ပြီး အိမ်သာများ ရေလျှံမှုဖြစ်ပွားလို့ကူးစက်ခြင်းမှ ဖြတ်တောက်ခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်း၊ ကြိုတင် ဆေးသောက်ခြင်းစတဲ့ကြိုတင်ကာကွယ်ခြင်းများ၊ထိန်းချုပ်ခြင်းများ စနစ်တကျလုပ်ဆောင်ခဲ့တယ်။

ငှက်ဖျားရောဂါ
ငှက်ဖျားရောဂါဟာငှက်ဖျားပိုးသယ်ဆောင်တဲ့အင်နိုဖိလစ်ခြင်(မ)ကိုက်လို့ကူးစက်ဖြစ်ပွားရတယ်။ ခြင်မကိုက်ရအောင် ခြင်ဆေးရည်လိမ်းခြင်း၊ ခြင်းဆေးရည်စိမ်ခြင်ထောင်နဲ့အိပ်ခြင်း၊ ခြင်မနေနိုင်အောင် ခြင်ဆေးဖျန်းခြင်း၊ ခြင်ဆေးမှုတ်ခြင်းများ လုပ်ဆောင်ဖို့လိုတယ်။ ငှက်ဖျားဒေသမှ လူနာများ ကယ်ဆယ်ရေး စခန်းများဆီ ရောက်ရှိလာတတ်လို့ ရေဘေးသင့်ကယ်ဆယ်ရာမှာ ခြင်ထောင်နဲ့အိပ်စက်ဖို့ နှိုးဆော်ကြရမယ်။ ကိုယ်ဝန်ဆောင် မိခင်ငှက်ဖျားဖြစ်ရင် ကလေးသေဆုံးခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း၊ လမစေ့၊ ပေါင်မပြည့် ကလေးများ မွေးခြင်းဖြင်နိုင်ပါတယ်။ ကလေးမှာဖြစ်ရင် ရောဂါပြင်းထန်လို့ သေဆုံးနိုင်တယ်။

ငှက်ဖျားရောဂါလက္ခဏာများ
ချမ်းတုန်ခြင်း၊ငှက်ဖျားဒေသများမှသို့ထိုအရပ်သို့သွားလာခဲ့ခြင်းစသည့်ဆက်စပ်မှုရှိခြင်း၊ ရောဂါပြင်းထန်ပါက အကူအညီလိုခြင်း၊ လမ်းမလျှောက်နိုင်၊ ဆေးမသောက်နိုင်ဖြစ်ကာ မှိန်းနေခြင်း၊ အော့အန် ခြင်း၊ သတိလစ်ခြင်း၊ တက်ခြင်း၊ သေဆုံးခြင်းအထိဖြစ်နိုင်တယ်။ ငှက်ဖျားရောဂါဖြစ်ပွားတယ်လို့ သံသယရှိရင် သက်ဆိုင်ရာ ကျန်းမာရေးဌာန၊ ဆရာဝန်ထံ ပြသလမ်းညွှန်မှု ခံယူရမယ်။

ငှက်ဖျားရောဂါဖြစ်ခြင်းမှ ကာကွယ်ခြင်း
ခြင်မကိုက်အောင်နေထိုင်ရမယ်။ ခြင်ထောင်နှင့်အိပ်ခြင်း၊ ခြင်ဆေးရည်စိမ်ခြင်ထောင်၊ ရိုးရိုးခြင်ထောင် သုံးရမယ်။ ညအခါ ခြင်မကိုက်အောင် အဝတ်အစား လုံလုံခြုံခြုံဝတ်ရမယ်။ အဝတ်အစားများနဲ့ လွတ်နေတဲ့ ခြေ၊လက်၊မျက်နှာတို့ခြင်မလာအောင် ဆေးလိမ်းထားသင့်တယ်။ ခြင်နှိမ်နှင်းခြင်းအပိုင်းမှ ခြင်၊ ပိုးလောက်လန်း ခိုအောင်းနိုင်တဲ့ ခြင်မလာဆေးလိမ်းထားသင့်တယ်။ ရပ်ကွက်၊ ကျေးရွာအနီးရှိ ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်း ရမယ်။ မီးရှို့ခြင်း၊ မြေမြှုပ်ခြင်းလုပ်ရမယ်။ စိမ့်စမ်းများ၊ ချောင်းရေကန်၊ ဗွက်များ၊ ရေစီးရေလာကောင်းအောင် ဆောင်ရွက်ရမယ်။ ပိုးလောက်လန်းစားငါး (ဒေါင်းငါး) မွေးရမယ်။

သွေးလွန်တုပ်ကွေးရောဂါ
သွေးလွန်တုပ်ကွေးရောဂါဟာ အသက် ၃နှစ်မှ အသက် ၂၂ နှစ် အထိ ဖြစ်ပွားနိုင်တယ်။ သွေးလွန် တုပ်ကွေးရောဂါဟာလူတိုင်းမှာဖြစ်ပွားနိုင်ပြီးကလေးငယ်တွေမှာဖြစ်ခဲ့ရင်အသက်ဆုံးရှုံးတဲ့အထိဖြစ်နိုင်လို့ ကြိုတင်ကာကွယ်မှုနဲ့ အနိုင်ယူဖို့လိုအပ်ပါတယ်။

သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများ
ရုတ်တရက်ဖျားခြင်း၊ကိုယ်လက်ကိုက်ခဲခြင်း၊မျက်စိအောင့်ခြင်း၊အန်ခြင်း၊အနီစက်များဖြစ်ပေါ်ခြင်း၊ ဖြစ်ပြီး နှစ်ရက်မှသုံးရက်အတွင်း အဖျားကြီးပြီး အလွန်အမင်းအန်ခြင်း၊ အန်ရင်အညိုရောင်ရှိခြင်း၊ စိတ်ဂနာမငြိမ် ဖြစ်ခြင်း၊ မှိန်းနေခြင်း၊ ခြေဖျားလက်ဖျားအေးစက်ခြင်းစတဲ့ လက္ခဏာများဖြစ်လာပါက အနီးစပ်ဆုံး ဆေးရုံ၊ ဆေးခန်းများသွားရောက်ပြသသင့်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါဟာ သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပါတဲ့ ခြင်ပုန်းခြင်ကျားကိုက်ခြင်းကတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါဖြစ်တယ်။ ခြင်ကျားဟာ ရေကြည်ရေသန့်မှာ ပေါက်ပွားတတ်ပြီး နေ့အခါမှာကိုက်တတ်တယ်။

လိုက်နာရမည့်အချက်များ
ရေသိုလှောင်တဲ့ ရေကြည်ရေအိုးများ၊ ရေလှောင်ကန်များကို သုံးပြီး ပြန်ဖုံးအုပ်ရမယ်။ ဘုရားစင်၊ နတ်စင်များမှ ပန်းအိုးများနဲ့ အလှပန်းအိုးများကို ရေ နေ့စဉ် တိုက်ချွတ်လဲပေးရမယ်။ မိုးရေဝင်နိုင်တဲ့ ဘူးခွံ၊ တာယာဟောင်း၊အိုးခြမ်းပဲ့၊ ပလပ်စတစ်အိတ်၊ အုတ်မှုတ်ခွက်များကို မီးရှို့ခြင်း၊ မြေမြှုပ်ခြင်းများ ပြုလုပ်ကာ ရှင်းလင်းထားရမယ်။ တစ်ကိုယ်ရည်သန့်ရှင်းရေးအပြင် အိမ်တွင်းအိမ်ပြင် သန့်ရှင်းရေး ကောင်းကောင်း လုပ်ထားရမယ်။ လေကောင်းလေသန့်နဲ့အလင်းရောင်ရရှိဖို့ ပြတင်းပေါက်အားလုံး နေ့ဖက်ဖွင့်လှစ်ထားရမယ်။ ကလေးများ အိပ်တဲ့အခါတိုင်း နေ့ညမရွေး ခြင်ထောင်နဲ့ ခြင်လုံဇကာတပ်အခန်းမှာ အိပ်ရမယ်။ ကလေးများ ခြင်ကိုက်မခံရအောင် အကျၤ ီလက်ရှည် ဘောင်းဘီရှည် ဝတ်ဆင်ထားရမယ်။

ကြိုတင်ကာကွယ်ခြင်း
ခြင်လောက်လန်းနှိမ်နှင်းခြင်း၊ လိုအပ်ပါကဆေးမှုတ်ခြင်း၊ မာလာသီယွန် ဒီဒီတီဆေးမှုတ်ခြင်း၊ ဆေးဖြန်းခြင်း၊ ရေဖုံး၊ သွန်၊ လဲစစ်ခြင်း၊ ခြင်စားငါးမွေးခြင်းတို့အပြင် ပိုးလောက်လန်းစားငါး (ဒေါင်းငါး) မွေးခြင်း စတဲ့ သွေးလွန်တုပ်ကွေး ကာကွယ်ရေးစနစ်သုံးရမယ်။ ကာကွယ်တိုက်ဖျက်ရာမှာ ပူးပေါင်း ပါဝင်ကြရမယ်။ သံသယဝင်ပါက ဆေးရုံဆေးခန်းများဆီ အချိန်မီပို့ဆောင်ကာ ဆရာဝန်ရဲ့ညွှန်ကြားချက်၊ ကုသချက် ခံယူ ရပါမယ်။

ကာကွယ်ဆေး ကုသဆေး
သွေးလွန်တုပ်ကွေးရောဂါအတွက် ကာကွယ်ဆေး ကုသဆေး မပေါ်သေးပေမယ့် လက္ခဏာများ သက်သာအောင် ကုသလို့ရပါတယ်။ ရေနှင့် ဓါတ်ဆားဆုံးရှုံတတ်လို့ ဓါတ်ဆားရည်တိုက်ခြင်း၊ ပဋိဇီဝ ဆေးတိုက်ကျွေးခြင်း၊ ဒရစ်ချိတ်ခြင်း၊ ဂလူးကိုစ့် ထိုးပေးခြင်း၊ လိုအပ်ပါက သွေး သို့ သွေးရည်ကြည် သွင်းပေး ခြင်းစတဲ့ လူနာရဲ့လိုအပ်ချက်အရ ကုသမှုများခံယူနိုင်ပါတယ်။
အထူးသဖြင့် ရေကြီးရေလျှံဒေသများမှာ ရေပြန်ကျသွားရင် ဝမ်းရောဂါများ၊ ငှက်ဖျားနှင့် သွေးလွန် တုပ်ကွေးရောဂါများ ကူးစက်မှုရှိလာနိုင်တာကြောင့် ခြင်ကိုက်ခြင်းမှ ကင်းဝေးအောင်နေခြင်း၊ ယင်နားစာ၊ မသန့်တဲ့အစာ၊ ရေတိုမှ ကင်းဝေးအောင် ဆင်ခြင်ဖို့လိုအပ်ပါတယ်။

 

AUTHOR – ဒေါက်တာလွင်သန့်

Credit to Health Care Journal (Vol-7, No-30)

Previous Post

အအေးမိခြင်းကို နိုင်အောင်လုပ်နည်းအထွေထွေ

Next Post

ငှက်ဖျားရောဂါကိုကာကွယ်ကြပါစို့

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
865
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
848
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ငှက်ဖျားရောဂါကိုကာကွယ်ကြပါစို့

ကော်ဖီနှင့် ကျန်းမာရေး

လိင်ဆက်ဆံစဉ်နာကျင်မှုနှင့်ဆက်ဆံရမည်ကို ကြောက်ရွံ့ခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.