(Zawgyi)
ေက်ာက္ကပ္မွာေရအိတ္ျဖစ္တယ္ ဆိုတာ ေရာဂါအမ်ိဳးမ်ိဳးရွိပါတယ္။ ေရာဂါႀကီးႀကီးမားမားလည္း ျဖစ္ႏိုင္တယ္။ ထားလို႔ရတဲ့ ေရအိတ္လည္းျဖစ္ႏိုင္ပါတယ္။ ထားလို႔ရတဲ့ေက်ာက္ကပ္ေရအိတ္ဆိုတာက ေက်ာက္ကပ္တစ္ခုထဲမွာပဲ ေရအိတ္ေတြ႕ရတာပါ။ အဲဒီ့ ေရအိတ္က တစ္ခုတည္းလည္းျဖစ္တယ္။ အ႐ြယ္အားျဖင့္လည္း ၂စင္တီမီတာမေက်ာ္ဘူး။ ေရအိတ္အထဲကလည္း အေရၾကည္ပဲဆိုရင္ပါ။ ဒါေတြကအာထရာေဆာင္း႐ိုက္ရင္း ေတြ႕ႏိုင္တာေတြပါ။
ဒီလိုေရအိတ္မ်ိဳးက အလိုလိုလည္းျဖစ္ႏိုင္ပါတယ္။ မ်ိဳး႐ိုးလိုက္တာလည္း ျဖစ္ႏိုင္ပါတယ္။ ေက်ာက္ကပ္တစ္ခုတည္းမွာပဲ ေရအိတ္ရွိတာမဟုတ္ဘဲ အသည္းမွာလည္း ေရအိတ္ေတြ႕ရတတ္တယ္။ ဒီလိုေရအိတ္က ဘာမွလုပ္ဖို႔မလိုပါဘူး။ ေရအိတ္ရွိတဲ့ လူနာမွာလည္း ႀကီးႀကီးမားမား ဘာမွ မခံစားရတတ္ဘူး။ စိတ္ခ်ခ်င္တယ္ဆိုရင္ေတာ့ ၆လျခား တစ္ခါေလာက္ အာထရာေဆာင္းျပန္႐ိုက္ေနပါ။ အေလးအပင္ကုံးမတာေတြေရွာင္ပါ။ ေရအိတ္ကႀကီးလာတာ ခိုက္မိတာေတြေၾကာင့္ ေတာက္ေလွ်ာက္ေအာင့္လာတာေတြဆို အေရးႀကီးပါတယ္။ အဲ့ဒီအခါမ်ိဳးေတြမွာဆိုရင္ေတာ့ သက္ဆိုင္ရာဆရာဝန္ေတြျပၿပီးကုသမႈခံယူဖို႔လိုပါတယ္။
ေရာဂါႀကီးႀကီးမားမားျဖစ္ေစတတ္တဲ့ ေက်ာက္ကပ္ေရအိတ္တည္တဲ့ ေရာဂါလည္းရွိပါတယ္။ Polycystic kidney syndrome လို႔ေခၚပါတယ္။ မ်ိဳး႐ိုးလိုက္ၿပီးျဖစ္ႏိုင္ပါတယ္။ အေဖနဲ႔ အေမ တစ္ေယာက္ေယာက္မွာျဖစ္ထားတယ္ဆိုရင္ သားသမီးေတြမွာျဖစ္ႏိုင္ေခ်က ၅၀ ရာခိုင္ႏႈန္းေလာက္အထိ ရွိပါတယ္။
မ်ိဳး႐ိုးထဲမွာ ဒီေရာဂါျဖစ္တဲ့သူရွိထားတယ္ဆိုရင္ ဦးေႏွာက္ထဲေသြးယိုတဲ့ SAH လို႔ေခၚတဲ့ေရာဂါကိုလည္း မေပါ့ဆသင့္ပါဘူး။ အသက္၂၀ ေက်ာ္လာတာနဲ႔အမွ် ႀကိဳတင္စစ္ေဆးတာေတြ လုပ္ထားလို႔ရပါတယ္။
ဒီ Polycystic kidney ေရာဂါက ေက်ာက္ကပ္တစ္ဖက္တည္းမွာပဲ ေရအိတ္ေတြအမ်ားႀကီးပါတာ ေက်ာက္ကပ္ကလည္း သာမန္ေက်ာက္ကပ္ထက္စာရင္ အဆမတန္ႀကီးလာတာပါ။ ေရာဂါလကၡဏာေတြကို ငယ္တုန္းမွာမသိရပါဘူး။ အသက္၂၀ေက်ာ္ ၃၀အ႐ြယ္မွာမွစၿပီး ခံစားလာရတတ္တယ္။ စသိတဲ့အခ်ိန္မွာ ေက်ာက္ကပ္မွာေရအိတ္ေတြလည္းမ်ားေနၿပီ။ ေက်ာက္ကပ္လည္း ႀကီးေနၿပီ။ ဒါေတြေၾကာင့္ ခါးေတြ နာလာႏိုင္တယ္။ ဗိုက္ထဲမွာလည္း ေဖာင္းေနသလို အလုံးလို ခံစားလာရတယ္။
ဆီးထဲမွာလည္း ေသြးပါတာတို႔ ျဖစ္လာတယ္။ ေဖာလာတာလည္းျဖစ္ႏိုင္တယ္။ ေသြးလည္းတိုးလာေစပါတယ္။ အသက္ငယ္ငယ္နဲ႔ ေသြးအဆမတန္တိုးတတ္တဲ့ ေရာဂါေတြထဲမွာ ဒီ polycystic kidney ေရာဂါက ထိပ္ဆုံးထဲက တစ္ခုပါ။ တခ်ိဳ႕ေတြ အသက္ငယ္ငယ္မွာ ေသြးတိုးေနလို႔ ေရာဂါရွာရင္းနဲ႔မွ ဒီေရာဂါျဖစ္ေနတာလည္းရွိတတ္ပါတယ္။
ဒီ polycystic kidney ေရာဂါမွာ ေက်ာက္ကပ္ကတျဖည္းျဖည္း ပ်က္စီးလာတာပါ။ ျဖစ္စမွာေတာ့ ေသြးက်ေဆးေတြနဲ႔ ထိန္းေပးတယ္။ ေက်ာက္ကပ္အတြက္ တစ္ျခားလိုအပ္တဲ့ ေဆးေတြနဲ႔ ထိန္းေပးထားပါတယ္။ ဒါေပမယ့္ ဒီေရာဂါျဖစ္ေနတဲ့ ေက်ာက္ကပ္ကို ခြဲစိတ္ၿပီး ထုတ္ႏိုင္မွ သက္သာမွာပါ။
ဒီေရာဂါက စျဖစ္တဲ့အခါမွာေတာ့ တစ္ဖက္တည္းျဖစ္ေပမယ့္ ၾကာလာတာနဲ႔အမွ် ေနာက္တစ္ဖက္မွာလည္း ေရအိတ္ေတြျဖစ္လာႏိုင္ပါတယ္။ စသိတည္းကေတာ့ႏွစ္ဖက္ျဖစ္ေနတာေတြလည္းရွိပါတယ္။
တစ္ဖက္တည္းျဖစ္တုန္းခြဲတယ္ဆိုရင္လည္း က်န္ခဲ့တဲက ေက်ာက္ကပ္တစ္ဖက္က ေကာင္းေနဖို႔လိုပါတယ္။ ႏွစ္ဖက္လုံးျဖစ္ေနတယ္ဆိုရင္ေတာ့ ေက်ာက္ကပ္ကို အစားထိုးခြဲစိတ္ကုသမွပဲ သက္သာမွာပါ။ ဒီ polycystic kidney ေရာဂါရွိတဲ့သူေတြက အေထြေထြသမားေတာ္ေရာ ေက်ာက္ကပ္သမားေတာ္ေရာ ေတာက္ေလွ်ာက္တိုင္ပင္ေနရမွာပါ။ ဒီေရာဂါက ေက်ာက္ကပ္ကို ပ်က္စီးေစႏိုင္ၿပီး အသက္အႏၲရာယ္ ျဖစ္ေစႏိုင္တဲ့ ေရာဂါ ေတြထဲက တစ္ခုပါ။
Author : Dr. CST
(Unicode)
ကျောက်ကပ်မှာရေအိတ်ဖြစ်တယ် ဆိုတာ ရောဂါအမျိုးမျိုးရှိပါတယ်။ ရောဂါကြီးကြီးမားမားလည်း ဖြစ်နိုင်တယ်။ ထားလို့ရတဲ့ ရေအိတ်လည်းဖြစ်နိုင်ပါတယ်။ ထားလို့ရတဲ့ကျောက်ကပ်ရေအိတ်ဆိုတာက ကျောက်ကပ်တစ်ခုထဲမှာပဲ ရေအိတ်တွေ့ရတာပါ။ အဲဒီ့ ရေအိတ်က တစ်ခုတည်းလည်းဖြစ်တယ်။ အရွယ်အားဖြင့်လည်း ၂စင်တီမီတာမကျော်ဘူး။ ရေအိတ်အထဲကလည်း အရေကြည်ပဲဆိုရင်ပါ။ ဒါတွေကအာထရာဆောင်းရိုက်ရင်း တွေ့နိုင်တာတွေပါ။
ဒီလိုရေအိတ်မျိုးက အလိုလိုလည်းဖြစ်နိုင်ပါတယ်။ မျိုးရိုးလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ ကျောက်ကပ်တစ်ခုတည်းမှာပဲ ရေအိတ်ရှိတာမဟုတ်ဘဲ အသည်းမှာလည်း ရေအိတ်တွေ့ရတတ်တယ်။ ဒီလိုရေအိတ်က ဘာမှလုပ်ဖို့မလိုပါဘူး။ ရေအိတ်ရှိတဲ့ လူနာမှာလည်း ကြီးကြီးမားမား ဘာမှ မခံစားရတတ်ဘူး။ စိတ်ချချင်တယ်ဆိုရင်တော့ ၆လခြား တစ်ခါလောက် အာထရာဆောင်းပြန်ရိုက်နေပါ။ အလေးအပင်ကုံးမတာတွေရှောင်ပါ။ ရေအိတ်ကကြီးလာတာ ခိုက်မိတာတွေကြောင့် တောက်လျှောက်အောင့်လာတာတွေဆို အရေးကြီးပါတယ်။ အဲ့ဒီအခါမျိုးတွေမှာဆိုရင်တော့ သက်ဆိုင်ရာဆရာဝန်တွေပြပြီးကုသမှုခံယူဖို့လိုပါတယ်။
ရောဂါကြီးကြီးမားမားဖြစ်စေတတ်တဲ့ ကျောက်ကပ်ရေအိတ်တည်တဲ့ ရောဂါလည်းရှိပါတယ်။ Polycystic kidney syndrome လို့ခေါ်ပါတယ်။ မျိုးရိုးလိုက်ပြီးဖြစ်နိုင်ပါတယ်။ အဖေနဲ့ အမေ တစ်ယောက်ယောက်မှာဖြစ်ထားတယ်ဆိုရင် သားသမီးတွေမှာဖြစ်နိုင်ချေက ၅၀ ရာခိုင်နှုန်းလောက်အထိ ရှိပါတယ်။
မျိုးရိုးထဲမှာ ဒီရောဂါဖြစ်တဲ့သူရှိထားတယ်ဆိုရင် ဦးနှောက်ထဲသွေးယိုတဲ့ SAH လို့ခေါ်တဲ့ရောဂါကိုလည်း မပေါ့ဆသင့်ပါဘူး။ အသက်၂၀ ကျော်လာတာနဲ့အမျှ ကြိုတင်စစ်ဆေးတာတွေ လုပ်ထားလို့ရပါတယ်။
ဒီ Polycystic kidney ရောဂါက ကျောက်ကပ်တစ်ဖက်တည်းမှာပဲ ရေအိတ်တွေအများကြီးပါတာ ကျောက်ကပ်ကလည်း သာမန်ကျောက်ကပ်ထက်စာရင် အဆမတန်ကြီးလာတာပါ။ ရောဂါလက္ခဏာတွေကို ငယ်တုန်းမှာမသိရပါဘူး။ အသက်၂၀ကျော် ၃၀အရွယ်မှာမှစပြီး ခံစားလာရတတ်တယ်။ စသိတဲ့အချိန်မှာ ကျောက်ကပ်မှာရေအိတ်တွေလည်းများနေပြီ။ ကျောက်ကပ်လည်း ကြီးနေပြီ။ ဒါတွေကြောင့် ခါးတွေ နာလာနိုင်တယ်။ ဗိုက်ထဲမှာလည်း ဖောင်းနေသလို အလုံးလို ခံစားလာရတယ်။
ဆီးထဲမှာလည်း သွေးပါတာတို့ ဖြစ်လာတယ်။ ဖောလာတာလည်းဖြစ်နိုင်တယ်။ သွေးလည်းတိုးလာစေပါတယ်။ အသက်ငယ်ငယ်နဲ့ သွေးအဆမတန်တိုးတတ်တဲ့ ရောဂါတွေထဲမှာ ဒီ polycystic kidney ရောဂါက ထိပ်ဆုံးထဲက တစ်ခုပါ။ တချို့တွေ အသက်ငယ်ငယ်မှာ သွေးတိုးနေလို့ ရောဂါရှာရင်းနဲ့မှ ဒီရောဂါဖြစ်နေတာလည်းရှိတတ်ပါတယ်။
ဒီ polycystic kidney ရောဂါမှာ ကျောက်ကပ်ကတဖြည်းဖြည်း ပျက်စီးလာတာပါ။ ဖြစ်စမှာတော့ သွေးကျဆေးတွေနဲ့ ထိန်းပေးတယ်။ ကျောက်ကပ်အတွက် တစ်ခြားလိုအပ်တဲ့ ဆေးတွေနဲ့ ထိန်းပေးထားပါတယ်။ ဒါပေမယ့် ဒီရောဂါဖြစ်နေတဲ့ ကျောက်ကပ်ကို ခွဲစိတ်ပြီး ထုတ်နိုင်မှ သက်သာမှာပါ။
ဒီရောဂါက စဖြစ်တဲ့အခါမှာတော့ တစ်ဖက်တည်းဖြစ်ပေမယ့် ကြာလာတာနဲ့အမျှ နောက်တစ်ဖက်မှာလည်း ရေအိတ်တွေဖြစ်လာနိုင်ပါတယ်။ စသိတည်းကတော့နှစ်ဖက်ဖြစ်နေတာတွေလည်းရှိပါတယ်။
တစ်ဖက်တည်းဖြစ်တုန်းခွဲတယ်ဆိုရင်လည်း ကျန်ခဲ့တဲက ကျောက်ကပ်တစ်ဖက်က ကောင်းနေဖို့လိုပါတယ်။ နှစ်ဖက်လုံးဖြစ်နေတယ်ဆိုရင်တော့ ကျောက်ကပ်ကို အစားထိုးခွဲစိတ်ကုသမှပဲ သက်သာမှာပါ။ ဒီ polycystic kidney ရောဂါရှိတဲ့သူတွေက အထွေထွေသမားတော်ရော ကျောက်ကပ်သမားတော်ရော တောက်လျှောက်တိုင်ပင်နေရမှာပါ။ ဒီရောဂါက ကျောက်ကပ်ကို ပျက်စီးစေနိုင်ပြီး အသက်အန္တရာယ် ဖြစ်စေနိုင်တဲ့ ရောဂါ တွေထဲက တစ်ခုပါ။
Author : Dr. CST