fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

သာလာဆီးမီးယားရောဂါ နှင့် သံဓါတ်များခြင်းပြဿနာ

186
VIEWS
Share on FacebookShare on TwitterShare on Linkedin
24/01/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A

 

Unicode

သာလာဆီးမီးယားရောဂါ နှင့် သံဓါတ်များခြင်းပြဿနာ

သာလာဆီးမီးယား ရောဂါသည် သွေးအားနည်းရောဂါ တစ်မျိုးဖြစ်သည်။ သို့သော် သွေးစစ်ကြည့်ပါက သံဓါတ် (iron)တွေ များနေတာကို တွေ့ရမည်။

သွေးအားကျနည်းပြီး သံဓါတ်များနေရတဲ့အကြောင်းကတော့ သာလာဆီးမီးယားရောဂါ ဆိုတာဟာ ဟေမိုဂလိုဘင် တည်ဆောက်ပုံတွေက လွဲမှားပြီး ပုံမမှန်တဲ့ သွေးနီဥတွေထုတ်တဲ့ မျိုးရိုးဗီဇနဲ့ ဆိုင်တဲ့ရောဂါပါ။ သွေးနီဥတွေဟာ ပုံမှန်မဟုတ်တော့ သက်တမ်းမစေ့ အချိန်မတိုင်ခင်ပဲ ပေါက်ကွဲကုန်တယ်။ပေါက်ကွဲတဲ့အခါမှာ သွေးနီဥထဲက သံဓါတ်တွေ ထွက်လာပြီး ကိုယ်ခန္ဓာအနှံ့အပြားကို ရောက်ပြီး ရောက်တဲ့နေရာတွေမှာ စုပုံလာတယ်။

သက်တမ်းမစေ့ခင် အချိန်မတိုင်ခင် ပေါက်ကွဲတဲ့အတွက် သွေးနီဥအရေအတွက်ကို ပြန်ပြည့်အောင် ခန္ဓာကိုယ်ကနေ ပြန်မထုတ်နိုင်ဘူး။ အဲ့အခါမှာ သွေးအားနည်းရောဂါ အနီးမီးယား ဖြစ်တယ်။ အနီးမီးယားခေါ် သွေအားနည်းတာ ဖြစ်တော့ သွေးသွင်းရတယ်။ သွေးတစ်ပုလင်းမှာဆိုရင် အကြမ်းအားဖြင့် သံဓါတ် ၂၀၀မီလီဂရမ် နီးပါး ပါပါတယ်။ သာလာဆီးမီးယားရောဂါမှာ အဆင့် ဆိုးရင်ဆိုးသလောက် သွေးတွေအများကြီး ခဏခဏ သွင်းရတတ်တယ်။ အဲ့အခါမှာ နောက်ဆက်တွဲအနေနဲ့ Iron overload state ခေါ်တဲ့ သံဓါတ်များတဲ့အခြေအနေ ဖြစ်လာတယ်။

ဒီအခါမှာ ဟေမိုခရိုမတိုးစစ်ဆိုတဲ့ သံဓါတ်များတဲ့ရောဂါပါ ထပ်ဖြစ်လာပါတယ်။ များနေတဲ့ သံဓါတ်တွေက ခန္ဓာကိုယ် နေရာအနှံ့ အင်္ဂါအစိတ်အပိုင်းတွေမှာ စုပုံလာနိုင်ပါတယ်။ အရေပြားမှာ သံဓါတ်တွေစုပုံများလာရင် အသားရေ ညိုပြီးမဲလာတာတွေ ဖြစ်မယ်။ နှလုံးမှာ သံဓါတ်တွေစုပုံများလာရင် နှလုံးကြီးတာတွေ၊ အမောမခံနိုင်တာတွေ၊ နှလုံးရောဂါတွေ ဖြစ်မယ်။

အသည်းမှာ စုပုံများလာရင် အသည်းခြောက်တာတွေ၊ အသည်းကြီးတာတွေ၊ အသည်းကင်ဆာတွေ ဖြစ်မယ်။ မုန့်ချိုအိတ်မှာ စုပုံများလာရင် မုန့်ချိုအိတ်ရဲ့ ဟော်မုန်းထုတ်တဲ့ လုပ်ငန်းစဉ်ကို ထိခိုက်လာပြီး ဆီးချိုရောဂါဖြစ်လာနိုင်တယ်။

ဦးခေါင်းမှာရှိတဲ့ ပစ်ကျူထရီဆိုသော ဟော်မုန်းထုတ်ပေးတဲ့နေရာမှာ သံဓါတ်တွေ စုပုံများလာရင်လည်း ပစ်ကျူထရီရဲ့ ဟော်မုန်းထုတ်တဲ့လုပ်ငန်းစဉ်ကို ထိခိုက်ပြီး ပန်းသေပန်းညိုးတာတွေ၊ သိုင်းရွက်ဟော်မုန်းနည်းခြင်း၊ များခြင်းတွေ စသဖြင့် ခံစားရနိုင်တယ်။

ဒါတွေအပြင် အရိုးအဆစ်တွေမှာလည်း သံဓါတ်တွေ စုပုံများလာပါက အဆစ်တွေနာတာ၊ ရောင်တာ၊ အရိုးတွေပွတာ၊ ကျိုးလွယ်တာတွေပါ ဖြစ်နိုင်တယ်။ ဒါကြောင့် အဆုံးသတ်အနေနဲ့ အကြံပေးချင်တာကတော့ သွေးမကြာခဏသွင်းရတဲ့ သာလာဆီးမီးယား ရောဂါခံစားနေရသူတွေဆိုရင် သံဓါတ်ကြွယ်ဝစွာပါသော အစားစာတွေဖြစ်တဲ့ အသည်း၊ အမြစ်၊ ကလီစာ ၊သွေးခဲ၊ အရွက်စိမ်းတွေ၊ ဗီတာမင်စီ ပမာဏာများပြားစွာပါတဲ့အားဆေးတွေ၊ ဗီတာမင်စီ ကြွယ်ဝတဲ့အစားစာတွေဖြစ်တဲ့ သံပရာသီး၊ ရှောက်သီး၊ကမ္ဗလာသီးတွေ ၊ သံဓါတ်များတဲ့အားဆေးတွေ ကိုရှောင်ကြပါလို့ အကြံပြုချင်ပါတယ်။

Author : Dr. 528

(Zawgyi)









Author : Dr. 528

 

Previous Post

Vitamin B12

Next Post

မျှစ်အကြောင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
863
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
847
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မျှစ်အကြောင်း

ပိုးလေးဘက်နာ သို့မဟုတ် နှလုံးလေးဘက်နာရောဂါအတွက် ဆောင်ရန်၊ ရှောင်ရန်နှင့် ဘဝနေထိုင်မှုပုံစံ

အသားအရေ လှပစေဖို့

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.