fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

သည်းခြေကျောက် အကြောင်းသိကောင်းစရာ အပိုင်း(၁)

144
VIEWS
Share on FacebookShare on TwitterShare on Linkedin
11/02/2018
in အထွေထွေရောဂါများအကြောင်း
1 min read
A A

သည်းခြေကျောက် အကြောင်းသိကောင်းစရာ အပိုင်း(၁)

သည်းခြေကျောက် ကို အင်္ဂလိပ်လို Gall Stone လို့ ခေါ်ပါတယ်။ Gall Bladder လို့ခေါ်တဲ့သည်းခြေအိတ်အတွင်းမှာ တည်တဲ့ကျောက်မို့လို့ သည်းခြေကျောက် Gall Stone လို့ ခေါ်တာပါ။
သည်းခြေအိတ်ဆိုတာက အသည်းရဲ့အောက်ဘက်နားမှာ ကပ်ပြီးရှိနေသော မမှုတ်ရသေးတဲ့ ပူစီဖောင်းနဲ့တူတဲ့ ရှည်မျောမျာ လုံးဝန်းဝန်း ပုံသဏ္ဍန်အိတ်လေး တခုပါ။

သည်းခြေအိတ်လို့ခေါ်တဲ့ Gall Bladder ထဲမှာ အသည်း(Liver) ကနေ ထုတ်ပေးတဲ့ သည်းခြေရည် (Bile) တွေကို သိုလှောင်ထားပါတယ်။ ထိုသည်းခြေရည် (Bile) တွေက ကျွန်တော်တို့ နေ့စဉ်စားသောက်တဲ့ အစားအသောက်တွေ ထဲမှာပါတဲ့ အဆီတွေကို ခြေဖျက်ရာမှာ အရေးပါပါတယ်။

ကျွန်တော်တို့တွေ အဆီများတဲ့ အစားအသောက်တွေကို စားသောက်မိတဲ့အခါမှာ သည်းခြေရည်တွေက သည်းခြေအိတ်ထဲကနေ Common bile duct လို့ခေါ်တဲ့ ပြွန်ကိုဖြတ်သန်းပြီး အူသိမ်ထဲရောက်လာကာ အဆီတွေကိုခြေဖျက်ပေးပါတယ်။ဒီလိုဖြစ်အောင်သည်းခြေအိတ်ကညှစ်ထုတ်ပေးပါတယ်။

ဒီနေရာထိဖတ်ပြီးတဲ့ စာဖတ်ပရိသတ်အတော်များများက ဆရာ့ဆောင်းပါးက သည်းခြေအိတ်နဲ့သည်းခြေရည်အကြောင်းတွေရေးတာလား။သည်းခြေကျောက်အကြောင်းလည်းမပါသေးပါလားလို့ မေးစရာရှိနိုင်ပါတယ်။

လာပါမယ်။ဘာလို့သည်းခြေကျောက်အကြောင်းချက်ချင်းမပြောတာလဲဆိုရင် သည်းခြေကျောက်ဆိုတာက သည်းခြေအိတ်ထဲမှာရှိတဲ့ သည်းခြေရည်ကနေဖြစ်တာမို့ သည်းခြေအိတ်အကြောင်းနဲ့ သည်းခြေရည်အကြောင်းအရင်ရှင်းပြဖို့ လိုပါတယ်။

Bile လို့ခေါ်တဲ့ သည်းခြေရည်ထဲမှာ ရေဓါတ်၉၇ရာခိုင်နှုန်းအဓိကပါဝင်ပြီး သည်းခြေဆား(bile salt)တွေ၊အင်အောဂဲနစ်ဆားတွေ(Inorgnic salts) နှင့် အသည်းကနေစွန့်ပစ်ပစ္စည်းတွေဖြစ်တဲ့ ဘီလီရူဘင်(အဝါဓါတ်)၊ဖက်တီးအက်စစ်၊ကိုလက်စထရော စတာတွေ အချိုးကျ ပါဝင်ပါတယ်။

အကြောင်းကြောင်း ကြောင့် ကိုလက်စထရောလို့ခေါ်တဲ့အဆီဓါတ်တွေ၊ billirubin ဘီလီရူဘင်လို့ခေါ်တဲ့အဝါဓါတ်တွေဟာ သည်းခြေရည်ထဲမှာ ပုံမှန်ထက် ပိုမိုများလာတဲ့အခါမှာ အနည်ကျလာပြီး တဖြည်းဖြည်းနဲ့ သည်းခြေကျောက်ဖြစ်လာပါတယ်။

အဝလွန်တာတွေ၊သွေးတွင်းအဆီဓါတ်များတာတွေ၊အသက်ကြီးလာတာတွေ၊အချိန်တိုအတွင်းမှာ ဝိတ်တအားချတာတွေ၊ကလေးခဏခဏမွေးတာတွေ၊သန္ဓေတားဆေးတွေ ဟော်မုန်းဆေးတွေသောက်နေတာတွေ စတဲ့အကြောင်းတွေဟာ သည်းခြေရည်ထဲမှာ ပါတဲ့ ကိုလက်စထရောဓါတ်တွေကို ပုံမှန်ထက်များစေပြီး သည်းခြေအိတ်ထဲမှာတဖြည်းဖြည်းအနည်ကျလာကာ သည်းခြေကျောက်ဖြစ်စေနိုင်ပါတယ်။

ဒီလိုပဲ သွေးရောဂါတခုခုကြောင့် သည်းခြေရည်ထဲမှာရှိတဲ့အဝါဓါတ်တွေများလာရင်လည်း တဖြည်းဖြည်းအနည်ကျလာကာ သည်းခြေကျောက်ဖြစ်နိုင်ပါတယ်။

ကိုလက်စထရာဓါတ်များလာတာကနေဖြစ်တဲ့ သည်းခြေကျောက်ကိုတော့ Cholestrol stone လို့ခေါ်ပြီး အဝါဓါတ်များလာတာကနေဖြစ်တဲ့ သည်းခြေကျောက်ကိုတော့ Billirubin Stone or Pigment Stone လို့ခေါ်ပါတယ်။ ဆက်ရန် ………………

Author : Dr. 528

Previous Post

သက်ငယ်မုဒိမ်းမှုလျော့နည်းပပျောက်ရေး (အပိုင်း၂)

Next Post

ကလေးမရသော အကြောင်းရင်းများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.1k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
827
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
838
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကလေးမရသော အကြောင်းရင်းများ

နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါများကင်းဝေးစေရန်

နှစ်သစ် စိတ်သစ် အကျင့်သစ်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.