fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 6,151 Total Cases
😥 98 Deaths
😇 1,445 Recovered

နူးညံ့စိုရဲသော နှုတ်ခမ်းလေး ရဲ့ ရာဇဝင်

နူးညံ့စိုရဲသော နှုတ်ခမ်းလေး ရဲ့ ရာဇဝင်

မျက်နှာအလှ ဆွဲဆောင်မှုရှိဖို့ဆိုတာ နှုတ်ခမ်လေးတစ်စုံရဲ့ ပြီးပြည့်စုံတဲ့ အလှတရားရှိမှ ဖြစ်တာပါ။ နှုတ်ခမ်းလေးတွေဟာ ခြောက်သွေ့ကြမ်းတမ်းမှုမရှိဘဲ စိုပြေနူးညံ့နေမယ်။ ဖြူဖတ်ဖြူရော် ဖြစ်မနေဘဲ နီရဲစိုလက်နေမယ်။ သဘာဝကျပြီး လှပတဲ့ နှုတ်ခမ်းဆိုးဆေးအရောင် ရွေးဆိုးမယ်ဆိုရင် ပြီးပြည့်စုံတဲ့ အလှကို ရနိုင်ပါတယ်။

နှုတ်ခမ်းအလှမှာ ဖောင်းကြွစိုရဲနေတဲ့ ဖူးဖူးပြည့်ပြည့် နှုတ်ခမ်းလေးထက် ဆွဲဆောင်မှုရှိတာ မရှိပါဘူး။ ဖောင်းကြွစိုရဲတာက ကျန်းမာရေးနဲ့ညီညွတ်တဲ့ နှုတ်ခမ်းအသားအရေရဲ့ ကောင်းခြင်းနဲ့ ပြည့်စုံနေလို့ပါပဲ။ ရောဂါကင်းစင်ပြီး ကျန်းမာနေရင် နှုတ်ခမ်းလှပပါတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်ပယောဂ အကြောင်းအမျိုးမျိုးကြောင့် နှုတ်ခမ်းအလှပျက်စီးနေရင် ပြုပြင်စောင့်ရှောက်ပေးပါက လှပတဲ့နှုတ်ခမ်းလေး ပြန်ဖြစ်နိုင်ပါတယ်။
နှုတ်ခမ်းအလှပျက်ရတဲ့ အကြောင်းမှာ အရေးကြီးဆုံးအကြောင်းကတော့ နှုတ်ခမ်းအလွှာဖတ်တွေ ကွာကျတာ၊ ကြမ်းတမ်းရှတတနဲ့ ဖြူဖပ်ဖြူရော်ဖြစ်နေတာတို့ ပါဝင်ပါတယ်။ ဖြူရော်နေတာဟာ ကိုယ်တွင်းရောဂါတွေကြောင့် ဖြစ်နိုင်ပြီး အလွှာဖတ်တွေနဲ့ ကြမ်းတမ်းနေတာက ခြောက်သွေ့မှု လွန်ကဲလို့ဖြစ်နိုင်ပါတယ်။ ဆောင်းရာသီမှာ အေးမြကြမ်းတမ်းတဲ့လေကြောင့် ကြမ်းတမ်းနိုင်ပြီး၊ နွေရာသီမှာ နေအပူရှိန်ကြောင့် စိုပြည်မှုမရှိတာ တွေ့ရပါတယ်။ ခြောက်သွေ့ပက်ကြားအက်နေတဲ့ နှုတ်ခမ်းပေါ်ကို နှုတ်ခမ်းနီတင်ရင်လည်း ဘယ်လိုမှ မယှဉ်နိုင်ပါဘူး။
အဲဒီလို အခြေအနေမျိုးမှာ ကြမ်းတမ်းခြောက်သွေ့မှုကို လျော့ချနိုင်အောင် သို့မဟုတ် လုံးဝပပျောက်အောင် နှုတ်ခမ်းပွတ်တိုက်ဆေးကြောမှု Scrab လုပ်ပေးရပါမယ်။ နှုတ်ခမ်း Scrab လုပ်တဲ့နေရာမှာ ပျားရည်နဲ့သကြား အရောအနှောဟာ နာမည်ကြီးပါတယ်။ ပွတ်တိုက်ပေးရင် ဆဲလ်သေတွေ ကွာကျသွားစေပါတယ်။

နှုတ်ခမ်းစိုပြည်စေတဲ့ သဘာဝပွတ်တိုက်ဆေးတွေနဲ့ အသုံးချနိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြပါမယ်။
ပျားရည်၊ သကြားဖြူ၊ သံလွင်ဆီ၊ သံပရာရည် အရောအနှောနဲ့ မကြာခဏ သုတ်လိမ်းပေးတဲ့နည်း။ ရှားစောင်းလက်ပပ်အသား သို့မဟုတ် အဆီနဲ့ သုတ်လိမ်းပေးတဲ့နည်း။ သံလွင်ဆီ၊ အုန်းဆီ၊ ဂျိုဂျိုဘာဆီ၊ Lip Blam ၊ ဗာဒံဆီ။ အလှဆီတွေနဲ့ သုတ်လိမ်းတဲ့နည်း၊ ဗီတာမင်ဆီ Eအဆီ၊ ပျားရည်၊ ပျားဖယောင်း၊ သံပယို၊ ဗာဒံဆီ၊ ရှားစောင်းလက်ပပ် အရောအနှော Gel နဲ့လိမ်းတဲ့နည်း၊ ရေများများသောက်ပြီး ဗီတာမင် B ဓာတ်ပြည့်ပြီး အစာများ၊ သံဓာတ်၊ ဖက်တီးအက်ဆစ်ဓာတ်၊ ဗီတာမင်နှင့် သတ္ထုဓာတ်ကြွယ်ဝတဲ့ အသီးအနှံတို့ကို စားပေးနည်း။ ဒီနည်းလမ်းတွေဟာ နှုတ်ခမ်းသားလေး နူးညံ့စိုရဲလာအောင် ပြုလုပ်နိုင်တဲ့ ထိန်းသိမ်း စောင့်ရှောက်မှုတွေ ဖြစ်ပါတယ်။ကြမ်းတမ်းခြောက်သွေ့မှု မရှိအောင် Skin Care လုပ်ထားတဲ့ နှုတ်ခမ်းကို နှုတ်ခမ်းနီဆိုးမယ်ဆိုရင် တာရှည်စွဲမြဲပြီး သဘာဝဆန်ဆန်လှပနိုင်ပါတယ်။ နှုတ်ခမ်းနီဆိုးဖို့ လိုအပ်တဲ့ ပစ္စည်းတွေကတော့ နှုတ်ခမ်းဆိုးဆေး၊ Liner ၊ နှုတ်ခမ်းအဆီ Lip Gloss ၊ နှုတ်ခမ်းနီ Brush တို့ဖြစ်ပါတယ်။

စနစ်တကျဆိုးနည်းကတော့ အရင်ဦးဆုံး နှုတ်ခမ်းပေါ်မှာ ဘာမှမရှိအောင် သန့်ရှင်းထားပါ။ လိုအပ်ရင် Make up Remover နဲ့ သန့်စင်အောင်ဆေးပြီး တစ်သျှူးနဲ့ သန့်စင်ပါ။ နောက်တစ်ဆင့်အနေနဲ့ Lip Liner ခဲတံ ဒါမှမဟုတ် Cake ကိုသုံးပြီး အနားသတ်လိုင်းပုံဖော်ရပါမယ်။ အထူးအပါး၊ အကြီးအငယ် လိုသလို Liner နဲ့ ပုံဖော်လို့ရပါတယ်။ Liner အရောင်ဟာ သင်ဆိုးမယ့် နှုတ်ခမ်းနီ အရောင်နဲ့ အနီးဆုံးတူညီပြီး အထူကြီးမဆွဲရပါဘူး။ ပုံဖော်ပြီးရင် လိုင်းအတွင်းမှာ နှုတ်ခမ်းဆိုးဆေး ဖြည့်ဆိုးပါ။ လိုင်းအပြင်မကျော်ရပါဘူး။ ပြီးရင် ပေါင်ဒါလိမ်းပေးပါ။ ပေါင်ဒါဟာ ကြာကြာခံအောင် လိမ်းခြင်းပါ။ ပြီးတော့မှ စုတ်တံသုံးပြီး နှုတ်ခမ်းနီဆိုးပါ။ လိုင်းရဲ့အပြင်ရောက်ရင် ကွန်ဆီလာ (ဖျက်ဆေး)နဲ့ ဖျက်ပစ်ပါ။

နောက်တစ်ဆင့်က နှုတ်ခမ်းပေါ်မှာ အဆီထပ်အုပ်ပါ။ အဆီမှာလည်း အမျိုးမျိုးရှိပေမယ့် နှုတ်ခမ်းနီနဲ့ နီးစပ်တဲ့အရောင်ကို ဆိုးပါ။ အနီပေါ်မှာ ပန်းရောင် ဒါမှမဟုတ် အကြည်ကို အုပ်လို့ရပါတယ်။ အကြည်ရောင် သို့မဟုတ် အဖြူရောင် Lip Gloss ကတော့ မမှားနိုင်တဲ့ အဆီအရောင်တွေပါပဲ။ဒီအဆင့်ပြီးရင် Lip Gloss ဟာ အရောင်ကို ထိန်းပေးပြီး နှုတ်ခမ်းစိုပြေတောက်ပအောင် ကူညီပေးပါတယ်။ လိုက်ဖက်မယ့် အရောင်ကို ရွေးချယ်မယ်။ အောက်ခံနှုတ်ခမ်းသားလည်း ရေဓာတ်ပြည့်ဝနေမယ်ဆိုရင် စိုရဲပြည့်ဖူးတဲ့ နှုတ်ခမ်းသားလေး ဖြစ်ပြီပေါ့။ ။
(မိုင်လေဒီ အလှပြုပြင်ရေးကို ကျေးဇူးတင်စွာ)

Author: ရွှေနန်းစံ, Healthcare Journal, Vol 9,no 1 (5.1.18) 6

 

ဆက်စပ် ဆောင်းပါးများ