fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

ဆံပင်ကျွတ်ခြင်းသက်သာအောင်

1.7k
VIEWS
Share on FacebookShare on TwitterShare on Linkedin
23/10/2021
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

ဆံပင်ကျွတ်ခြင်းမှာ လူတော်တော်များများ ဖြစ်လေ့ရှိသော အခြေအနေတစ်ခုပါ။ သို့သော် ဆံပင်ကျွတ်ခြင်းဟာ လူတွေကို စိတ်ဒုက္ခရောက်စေရုံသာမက ရုပ်အဆင်းကိုပါထိခိုက်စေနိုင်သော ပြဿနာဖြစ်ပါတယ်။

ဘာလို့ဆံပင်ကျွတ်တာလဲ
ဆံပင်ကျွတ်ခြင်း အမျိုးအစား အများကြီးရှိသောကြောင့် ဆံပင်ကျွတ်ခြင်း၏ အဓိကအကြောင်းအရာကိုရှာရန် မလွယ်ကူပေ။ ဆံပင်ကျွတ်ခြင်း မှာ မျိုးရိုးဗီဇ ကြောင့်ဖြစ်နိုင်သလို အသက်အရွယ်ကြီးရင့်မှုကြောင့် လည်းဖြစ်နိုင်တဲ့အပြင်
-ဖျားနာခြင်း
-စိတ်အနာတရဖြစ်မှု
-အစာလျှော့ရာမှ ပရိုတင်းဓာတ်နည်းခြင်း
-ဟော်မုန်းအပြောင်းအလဲဖြစ်ချိန်များ (ဥပမာ- အပျို၊လူပျိုဖော်ဝင်ချိန်၊ ကိုယ်ဝန်ဆောင်ချိန်နှင့် သွေးဆုံးချိန်)
-အချို့သောဆေးများ၏ ဘေးထွက်ဆိုးကျိုးများ အစရှိတဲ့ အချိန်တွေမှာ ဆံပင်ကျွတ်ခြင်းဖြစ်နိုင်ပါတယ်။ ဒါတင်သာမက ရောဂါ အခြေအနေတွေဖြစ်တဲ့ သိုင်းရွိုက်ရောဂါနဲ့ သွေးအားနည်းရောဂါတို့အပြင် ကင်ဆာရောဂါ ကုထုံးယူနေရသူများလည်း ဆံပင်ကျွတ်ခြင်းဖြစ်နိုင်ပါတယ်။

 

ဆံပင်ကျွတ်ခြင်း အမျိုးအစားများ

-Alopecia Areata (စက်ဝိုင်းပုံထိပ်ကွက်ခြင်း)
ခန္ဓာကိုယ်ရှိ ခုခံအားစနစ်က မိမိ၏ ဆံပင်ဆဲလ်များကို ပြန်တိုက်တဲ့အခါမှာဖြစ်တတ်ပါတယ်။ ဦးခေါင်းမှာ ဒင်္ဂါးကွက်ခန့် ကျွတ်ခြင်းမှ စတင်တတ်ပါတယ်။ ၃လ မှ ၆လ အတွင်းဆံပင်ပြန်ပေါက်လေ့ရှိတတ်ပါတယ်။ အဆိုးဝါးဆုံး အခြေအနေတစ်ရပ်အဖြစ် ထိပ်ပြောင်း ခြင်းအထိဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှုများခြင်း ကလည်း ဒီလိုအခြေအနေကို လှုံ့ဆော်နိုင်ပါတယ်။

-Traction Alopecia (ဆံပင်စည်းခြင်းကြောင့်ကျွတ်ခြင်း)
အလွန်တင်းသော ဆံပင်စည်းကြိုးများအသုံးပြုပြီး အမြဲတစေစည်းသောကြောင့် ဆံပင်ကျွတ်ခြင်းဖြစ်ပါတယ်။ ထိုသို့ဖြစ်ပါက အရမ်းမတင်းသော ခေါင်းစည်းကြိုးတွေကိုသာ သုံးသင့်ပါတယ်။

-Trichotillomania (စိတ်လှုပ်ရှားသောကြောင့် ဆံပင်ကိုဆွဲမိ၍ဆံပင်ကျွတ်ခြင်း)
စိတ်လှုပ်ရှားလို့ဖြစ်စေ၊ အကျင့်ဖြစ်နေလို့ဖြစ်စေ ဆံပင်ကျွတ်တတ်တဲ့ အမျိုးအစားဖြစ်ပါတယ်။ ဒီလို အကျင့်ရှိကြောင်းသတိထားမိတာနဲ့ ဒီကျင့်ကိုဖျောက်ပြီး ထိန်းသိမ်းသင့်ပါတယ်။

-Tinea Capitis (ပွေးကြောင့် ဆံပင်ကျွတ်ခြင်း)
Tinea လို့ခေါ်တဲ့ မှိုရောဂါ တစ်မျိုးကြောင့်ဖြစ်တတ်ပါတယ်။ ကျောင်းနေအရွယ်ကလေးများတွင် အဖြစ်များလေ့ရှိပါတယ်။ Antifungals ဆေးတွေသောက်ပြီး ပျောက်နိုင်ပါတယ်။ ဦးထုပ်မျှဆောင်းခြင်း၊ ခေါင်‌ဖြီးဘီးမျှသုံးခြင်း အစရှိသဖြင့်ကူးနိုင်ပါတယ်။

-Androgenic Alopecia
မျိုးရိုးလိုက်သော အခြေအနေတစ်ရပ်ဖြစ်ပြီး အမျိုးသားရော အမျိုးသမီးများမှာပါဖြစ်နိုင်ပါတယ်။ အမျိုးသားတွေ ဒီလိုဖြစ်တာကို ထိပ်ပြောင် ခြင်း လို့ခေါ်ပါတယ်။ ဆယ်ကျော်သက်အရွယ်မှပင် စတင်ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေမှာတော့ ဒီလိုအခြေအနေမှာ ထိပ်ပြောင်ခြင်းထက် ဦးခေါင်းတစ်ခုလုံးရှိဆံပင်ပါးခြင်း ဖြစ်လေ့ရှိပါတယ်။ အမျိုးသမီးတွေမှာ အသက် ၄၀ ကျော်မှာ အဖြစ်များတာ တွေ့ရပါတယ်။

-Telogen Effluvium
ဆံပင်ကြီးထွား နှုန်းဖြစ်စဉ် မမှန်ဖြစ်ကာ ယာယီဆံပင်ကျွတ်ခြင်း ဖြစ်ပါတယ်။ ဖျားနာခြင်း၊ အလွန်အမင်း ဝိတ်လျှော့ခြင်း ၊ မီးဖွားခြင်း အစရှိတဲ့ဖြစ်စဉ်တွေမှာ အဖြစ်များလေ့ရှိပါတယ်။ ဆံသားကြီးထွားမှုဖြစ်စဉ်ပြန်လည် မှန်ကန်ချိန်တွင် ပုံမှန်ပြန်ဖြစ်လေ့ရှိပါတယ်။

-Involutional Alopecia
ဒါကတော့ ပုံမှန်ဖြစ်လေ့ရှိသော အခြေအနေ တစ်ရပ်ဖြစ်ပါတယ်။ အသက်ကြီး လာတာနဲ့အမျှ ဆံသားများ သက်တမ်းကုန်ဆုံးကာ ဆံပင်များ ပါးကာ ဆံသားပမာဏနည်းလာတဲ့ဖြစ်စဉ်ဖြစ်ပါတယ်။

-Scarring Alopecia
ထိခိုက်မိခြင်း၊ cellulitis ရောဂါ နှင့် အခြားသော အရေပြားရောဂါများကြောင့် အမာရွတ်ကျန်ကာ ဆံပင်ပေါက်နိုင်စွမ်း မရှိတော့ခြင်းဖြစ်ပါတယ်။

 

ဘယ်လိုကုသနိုင်လဲ

ပုံမှန်ဆံပင်လို့ပြန်ဖြစ်ရန် ကုနိုင်တဲ့ ဆေးတော့ မရှိပါဘူး။ ဒါပေမဲ့ အချို့ဆေးတွေမှာ ဆံသားကျွတ်ခြင်းကို နှေးစေတဲ့အပြင် ဆံသားကျန်းမာရေးကို ထိန်းသိမ်းပေးတာတွေ့ရပါတယ်။ အောက်ပါကုထုံးများ က အချို့ဆံပင်ကျွတ်သူတွေအတွက် အကျိုးများစေတာတွေ့ရပါတယ်။

-Rogaine (Minoxidil) : တချို့သော အခြေအနေတွေမှာ Rogaine လိမ်းဆေးဟာ ထိပ်ပြောင်ခြင်းအတွက် ဆံပင်ပြန်ပေါက်ရန် အားပေးတာကိုတွေ့ရပါတယ်။ ဆံသားကျွတ်ထားတဲ့အကွက်မှာ တစ်နေ့ ၂ ကြိမ်လိမ်းခြင်းဖြင့် ဆံသားများ ပြန်လည်ပေါက်ဖွားနိုင်ပါတယ်။ ငယ်ရွယ်သူတွေမှာ ဆေးစွမ်းပိုမိုသိသာလေ့ရှိပြီး အလွန်အမင်းထိပ်ပြောင်နေသူအတွက်တော့ အကျိုးသိပ်မရှိနိုင်ပါ။ အမျိုးသားရော အမျိုးသမီးပါသုံးနိုင်ပြီး ရေရှည်သုံးရမှာဖြစ်ပါတယ်။

-Propecia (Finasteride) : ဆီးကျိတ်ရောဂါများ အတွက်သုံးတဲ့ဆေးဖြစ်ပါတယ်။ ဆံပင်ကျွတ်သူတွေအတွက် အဆိုပါဆေးမှာ ဆံသားကျွတ်စေတဲ့ကျားဟော်မုန်းကိုပိတ်ခြင်းဖြင့် အလုပ်လုပ်ပါတယ်။ သောက်ဆေးဖြစ်ပြီးဘေးထွက် ဆိုးကျိုးများရှိနိုင်သောကြောင့်ဆရာဝန်ညွှန်ကြားမှုဖြင့်သာသောက်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများတွင်မူ ကလေးကို ထိခိုက်နိုင်သောကြောင့်မသောက်သင့်ပါ။

-Spironolactone : ဆံသားကျွတ်စေသော ဟော်မုန်းကို ပိတ်ခြင်းဖြင့် ဆံသားကျွတ်ခြင်းကို ကုသပေးသောဆေးဖြစ်ပါတယ်။

-Hair Transplantation : မိမိဆံသား ဖြင့် ဆံသားပြန်လည်အစားထိုးခြင်း နည်းပညာဖြစ်ပါတယ်။

-Corticosteroids : အထက်မှာဖော်ပြခဲ့တဲ့ Alopecia Areata ကဲ့သို့သော အခြေအနေတွေမှာ သုံးလေ့ရှိသည့် စတီးရွိတ်ဖြင့်ကသတဲ့ ကုထုံးဖြစ်ပါတယ်။

-Anthralin : ဆံသားရဲ့အောက်ခြေမှာ ရောင်ရမ်းမှုမဖြစ်အောင်ထိန်းပေးတဲ့လိမ်းဆေးဖြစ်ပါတယ်။ Alopecia Areata အမျိုးအစားမှာ သုံးပါတယ်။

-Diphencyprone : Alopecia Areata မှာ ဆံပင်ပြန်လည်ပေါက်စေရန် လိမ်းလေ့ရှိသော လိမ်းဆေးဖြစ်ပါတယ်။

-Lasers : နောက်ပိုင်းတွင် Lasers ဘီး အစရှိသော လေဆာကုထုံးများ လည်းပေါ်ပေါက်လာတာတွေ့ရပါတယ်။

ဆံပင်ကျွတ်ခြင်း မဖြစ်စေရန် ဆံပင်ဆိုးခြင်းကို အလွန်အကျွံ မပြုလုပ်ခြင်း၊ ဆံသားကျန်းမာရေးကို ကောင်းစေသော ခေါင်းလျှော်ရည်များသုံးခြင်း၊ နူးညံ့စွာခေါင်းလျှော်ခြင်း၊ ကြမ်းတမ်းစွာ ခေါင်းဖီးခြင်းကိုရှောင်ခြင်း နှင့် အာဟာရမျှတအောင်စားခြင်း၊ စိတ်ဖိစီးမှုကို လျှော့ချခြင်း အစရှိသဖြင့် ကာကွယ်နိုင်ပါတယ်။

 

Author: Dr. Z

Previous Post

ကလေးများ အအေးမိချောင်းဆိုးခြင်းမဖြစ်အောင်

Next Post

နားကြပ်ကြာကြာတပ်ခြင်းကြောင့်ဖြစ်တဲ့ နားပြဿနာများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
560
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

2 years ago
825

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

နားကြပ်ကြာကြာတပ်ခြင်းကြောင့်ဖြစ်တဲ့ နားပြဿနာများ

Food Allergy အတွက်ဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်းများ

အပူအစပ်တွေအစားများလွန်းရင် ဘာပြဿနာတွေဖြစ်နိုင်သလဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.