ကော့ညွတ်သွယ် မျက်တောင်အလှလေး ပိုင်ဆိုင်လိုသူ မိန်းကလေးများအတွက် ယခုခေတ်အခါ မျက်တောင် ဆက်ခြင်း၊ စိုက်ခြင်း၊ အတုတပ်ခြင်းများ အလွယ်တကူပြုလုပ်နိုင်သော်လည်း အဆိုပါနည်းများကြောင့်လည်း အလှပျက်သွားမည်ကို စိုးရိမ်နေသူများအတွက် သဘာဝနည်းလမ်းများသည် မျက်တောင်ရှည်စေခြင်းကို လွယ်ကူရိုးရှင်းသော နည်းလမ်းများဖြင့် ပြုလုပ်နိုင်ပါတယ်။ မျက်တောင်ကော့ရှည်စေသော နည်းလမ်းများမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
(၁) ကြက်ဆူဆီ
ကြက်ဆူဆီ ၂ စက်ကို မျက်တောင်မွှေးပေါ် သုတ်လိမ်းပြီး တညထားပါ။ ကြက်ဆူဆီမှာ ပါဝင်သော အားဖြည့်အဆီသည် မျက်တောင်ရှည်လာစေပြီး ပိုမိုထူထပ်စေပါတယ်။ ကြက်ဆူဆီသည် အမွှေးအိတ်များကို အာဟာရဖြစ်စေပြီး antioxidants ကြောင့် ထူထဲစေပါတယ်။
(2) သံလွင်ဆီနှင့် ကြက်ဆူဆီ
သံလွင်ဆီနှင့် ကြက်ဆူဆီကို ရောပြီး မျက်တောင်ကို သုတ်လိမ်းပေးပါ။ တညအိပ်ထားပြီး မျက်နှာသစ်ချလိုက်ပါ။ အဆီ ၂ ခုပေါင်း အစွမ်းကြောင့် မျက်တောင်ရှည်လာသည်ကို အံ့သြဖွယ်ရရှိလာပါလိမ့်မယ်။ ညစဉ်ပြုလုပ်ပါ။
(3) Petroleum
အလှဆီအနေဖြင့် အသုံးပြု၍ရသော ဓာတ်ဆီအပျော့ကို မျက်တောင်ပေါ် သေချာစွာ သုတ်လိမ်းပေးပါ။ ညစဉ်ပြုလုပ်ပေးပါက ရှည်လျားထူထပ်သန်မာသော မျက်တောင်အလှကို ရရှိစေနိုင်ပါလိမ့်မယ်။
(4) သံလွင်ဆီနှင့် ကြက်ဆူဆီထဲ စိမ်ထားသော လိမ္မော်ခွံ
လိမ္မော်အခွံကို သေးသေးလှီးကာ အဆီထဲတွင် ၂ ရက် ၃ ရက်စိမ်ထားပါ။ ထို့နောက် အဆိုပါ အဆီကို
ညအိပ်ရာဝင်ခါနီးတိုင်း လိမ်းပေးပါ။ လိမ္မော်အခွံတွင် ပါဝင်သော Vit A နှင့် C အစွမ်းကြောင့်မျက်တောင် ပိုမိုကျန်းမာသန်စွမ်းရှည်လျားစေပါတယ်။
(5) လက်ဘက်ဆီ
လက်ဘက်ရွက်ကို ရေနွေးပူထဲစိမ်ပါ။ အဆိုပါရေကို အအေးခံကာ မျက်တောင်ကို လိမ်းပေးပါ။ ပါဝင်သော antioxidant ကြောင့် မျက်တောင်ပိုမိုရှည်လျား ထူထဲစေပါတယ်။
(6) သိုးနို့အဆီ
သဘာဝသိုးနို့မှ အဆီထုတ်ထားသော ထောပတ်အနည်းငယ်ကို လက်ထဲအရည်ပျော်အောက် ပြုလုပ်ပြီး မျက်တောင်ပေါ်သုတ်လိမ်းပေးပါ။ အဆိုပါထောပတ်သည် vit a နှင့် vit e ကြောင့် အမွှေးများအားဖြည့်ပြီး သန်စွမ်းစေပါတယ်။
(7) Vit E
Vit E ကို မျက်တောင်တွင်လိမ်းကာ ၃ နာရီခန့်ထားပေးပါ။ မျက်တောင်အရင်းမှ အဖျားထိ အားဖြည့်ပေးပြီး ထူထဲရှည်လျားစေပါတယ်။
(8) Biotin
Biotin ပါဝင်သော အားဆေးတောင့်များကို နေ့စဉ်မှီဝဲပါက ပါဝင်သော Vit H ကြောင့် အမွှေးများထူထဲစေကာ ကျွတ်ခြင်းပါးခြင်းကို အထူးကာကွယ်ပေးပါတယ်။
မျက်တောင်မွှေးများကို ဆံပင်လေးများကဲ့သို့ အထက်ပါနည်းများကို ဂရုစိုက်၍ အသုံးပြုပေးပါက သဘာဝအတိုင်းရှည်လျား ကော့ညွှတ်သော မျက်တောင်ကလေးများ ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။
မျက်တောင်မွှေး သန်မာရှည်လျားစေရန် သတိထားသင့်သော အချက်များမှာ
– ညအိပ်ခါနီးအချိန်တိုင်း မိမိမျက်နှာပေါ်ရှိ မိတ်ကပ်အပါအဝင် မျက်တောင်ကော့ဆေးကအစ မိတ်ကပ်ဖျက်ဆေးရည်ဖြင့် ညင်သာစွာ ဖျက်ပြီးမှ အိပ်ပါ။ သို့မဟုတ်ပါက မျက်တောင်များ ကျွတ်ဆတ်ပါးလျ ကျွတ်နိုင်ပါတယ်။
– မျက်တောင်များကို ၂ လတခါ ၃ လတခါ ညှိပေးပါ။
– မျက်တောင်မွှေးအတွက် လိုအပ်သော အစာအစားများကို သေချာစားပေးပါ။ ပန်းသီး၊ မာလကာသီး၊ စတော်ဘယ်ရီ စသောအသီးများ။ အစိမ်းရောင်ရှိသော အသီးအရွက်များစသည်တို့ကို စားသုံးပါ။
– မျက်တောင်ကို ဘရတ်ရှ်နဲ့ တိုက်ပေးပါ။
– မျက်တောင်နေရာကို နှိပ်နယ်ပေးပါ။
Dr. ပြည့်ရှင်း