fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

ကိုယ်ဝန်ဆောင် လေယာဉ်စီးရင် ဘာဖြစ်တတ်လဲ

302
VIEWS
Share on FacebookShare on TwitterShare on Linkedin
03/12/2018
in ကျန်းမာသော နေထိုင်မှုပုံစံ, ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး, မိခင်နှင့်ကလေးကျန်းမာရေး, အမျိုးသမီး ကျန်းမာရေး
1 min read
A A

ကိုယ်ဝန်ဆောင် လေယာဉ်စီးရင် ဘာဖြစ်တတ်လဲ

အကြမ်းအားဖြင့်ခြုံပြောရရင်

ကိုယ်ဝန်ဆောင်မိခင်က ကိုယ်ဝန်ဆိပ်တက်တာ (ကိုယ်ဝန်ဆောင်စဉ် သွေးတိုးတာ)၊ ကိုယ်ဝန်ဆောင်စဉ် ဆီးချိုတက်တာ၊ ကိုယ်ဝန်ဆောင်စဉ် သွေးဆင်းတာမရှိဘူးဆိုရင်

ကိုယ်ဝန်ကလည်း အမြွှာကိုယ်ဝန်မဟုတ်ဘူး၊ အချင်းရှေ့ရောက်တာ၊ အချင်းစောကွာတာမျိုးမရှိဘူးဆိုရင် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ကိုယ်ဝန် ၃၇ ပတ် မတိုင်မှီအထိ လေကြောင်းခရီးသွားလို့ရပါတယ်။

၃၇ ပတ်နဲ့အထက်ဆိုရင်တော့ မွေးခါနီးပြီဖြစ်တဲ့အတွက် ဆရာဝန်တွေကလည်း လေယာဉ်စီးဖို့ မထောက်ခံသလို လေကြောင်းလိုင်းအတော်များများကလည်း စီးဖို့ခွင့်ပြုမှာမဟုတ်ပါဘူး။

ကိုယ်ဝန်စရှိခါစကနေ ၃၇ ပတ်မတိုင်မှီအထိ လေကြောင်းခရီးသွားလို့ရတယ်ဆိုပေမယ့် ကိုယ်ဝန်ပထမသုံးလ အတွင်းမှာဆိုရင်တော့ မဖြစ်မနေမဟုတ်ရင် မသွားတာကောင်းပါတယ်။

ဘာလို့လဲဆိုတော့ ကိုယ်ဝန်ပထမသုံးလဟာ ကိုယ်ဝန်နုစဉ်ကာလဖြစ်တဲ့အတွက် ဒီအတိုင်းအိမ်မှာငြိမ်ငြိမ်လေးနေရင်တောင်မှ ကိုယ်ဝန်ပျက်ကျနိုင်ခြေဟာ ရှိနေတတ်လို့ပါ။

ဒါ့အပြင် ကိုယ်ဝန်ရှိတဲ့အခါမှာ ဖြစ်တဲ့ဗိုက်ကြီးနာစွဲခြင်း (ပျို့အန်ခြင်း) အစာစားလို့မကောင်းခြင်းတွေဟာလည်း ကိုယ်ဝန်ပထမသုံးလအတွင်းမှာ တော်တော်ဆိုးဆိုးဝါးဝါးဖြစ်လေ့ရှိပါတယ်။

ကိုယ်ဝန်ဆောင် ဒုတိယသုံးလအတွင်း (၁၂ပတ်ကနေ ၂၄ပတ်အတွင်း) မှာ လေကြောင်းခရီးသွားတာဟာ မိခင်အတွက်ပိုပြီး သက်တောင့်သက်သာရှိစေမှာပါ။

ဘာလို့လဲဆိုတော့ ဒုတိယသုံးလအတွင်းမှာဆိုရင် ကိုယ်ဝန်ဆောင်စဉ်မှာဖြစ်တတ်တဲ့ ဗိုက်ကြီးနာစွဲတာ(ပျို့အန်တာ)ကလည်း အတော်အသင့်သက်သာသွားပြီး စားလို့သောက်လို့လည်းကောင်းလာ နေရထိုင်ရတာလည်း သက်တောင့်သက်သာဖြစ်လာလို့ပါ။

ကိုယ်ဝန်ဆောင်တွေ လေကြောင်းခရီးသွားမယ်ဆိုရင် လုပ်ဆောင်သင့်တဲ့အချက်တွေက

၁။ မသွားခင်မှာ ဖြစ်နိုင်လျှင် စိတ်ရှင်းအောင် စိတ်အေးအောင် သားဖွားမီးယပ်ဆရာဝန်နဲ့ တခေါက် စမ်းသပ်စစ်ဆေးဖို့လိုပါတယ်။

ဒါ့ပြင် တချို့လေကြောင်းလိုင်းတွေက ကိုယ်ဝန် ၂၈ ပတ်ကျော်ရင် ခန့်မှန်းမီးဖွားရက်သေချာအောင်၊ မိခင်ရောကလေးပါ ကျန်းမာကြောင်းသေချာအောင် ဆရာဝန်ဆီက ထောက်ခံချက်ဆေးစာတောင်းတာမျိုးရှိတဲ့အတွက် ကိုယ်ဝန် ၂၈ ပတ်ကျော်တဲ့ ကိုယ်ဝန်ဆောင်သည်တွေအနေနဲ့ လေကြောင်းခရီးမသွားခင်မှာ သားဖွားမီးယပ်ဆရာဝန်နဲ့ပြသပြီး ဆရာဝန်ဆီက ထောက်ခံကြောင်းဆေးစာယူဖို့လိုပါတယ်။

၂။ မိမိသောက်ရမယ့်ဆေးတွေနဲ့ ဆေးမှတ်တမ်းတွေ စစ်ဆေးချက်တွေ အားလုံးယူဆောင်သွားပါ။

၃။ လေကြောင်းခရီးရှည်သွားတဲ့အခါဆိုရင် အချိန်အကြာကြီးထိုင်ရတာကြောင့် သွေးလည်ပတ်စီးဆင်းမှုကို နှေးစေပြီး ခြေထောက်ပိုင်းမှာရှိတဲ့ သွေးပြန်ကြောတွေထဲမှာ သွေးခဲလေး ဖြစ်စေတတ်ပါတယ်။ ဆေးပညာအရတော့ Deep Vein thrombosis လို့ခေါ်ပါတယ်။

ကိုယ်ဝန်ဆောင်မှာဆိုရင် Deep Vein thrombosis ဖြစ်နိုင်ခြေဟာ သာမန်လူတွေထက် လေးဆ ကနေ ငါးဆထိ ပိုများပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်ဝန်ရှိတဲ့အခါ သားအိမ်က ကိုယ်အောက်ပိုင်းသွေးကြောတွေကို ဖိထားသလိုဖြစ်တဲ့အတွက် ခြေထောက်ကသွေးတွေက နှလုံးဆီကောင်းစွာပြန်မရောက်နိုင်တာရယ် ကိုယ်ဝန်ရှိတဲ့အခါမှာ သွေးခဲစေတဲ့ ပရိုတင်းတွေများလာပြီး သွေးကျဲစေတဲ့ပရိုတင်းတွေဟာ နည်းလာတာတွေရယ်ကြောင့်ပါ။

အခန့်မသင့်တဲ့အခါမှာ ခြေထောက်ပိုင်းသွေးပြန်ကြောတွေမှာဖြစ်တဲ့ သွေးခဲလေးကပြုတ်ထွက်ပြီး သွေးပြန်ကြောလမ်းကြောင်းမှတဆင့် အဆုတ်ကိုရောက်ရှိကာ အဆုတ်သွေးလွှတ်ကြောမှာ ပိတ်တတ်ပါတယ်။

အဲ့အခါမှာ အသက်အန္တရာယ် ထိခိုက်တတ်ပါတယ်။

ဒါကြောင့် ကိုယ်ဝန်ဆောင်တွေ လေကြောင်းခရီးရှည်သွားမယ်ဆိုရင် ခြေထောက်ကို ကွေးလိုက်ဆန့်လိုက်၊ မြှောက်လိုက်၊ ချလိုက် မကြာမကြာလုပ်ပေးပါ။

Compression stockings ခေါ် ဒူးအထိရောက်တဲ့ ခြေအိတ်အရှည်ကိုယူသွားပြီး စွပ်လိုက်ချွတ်လိုက် မကြာခဏလုပ်ပေးပါ။

လေယာဉ်ခုံတွေကြားကလျှောက်လမ်းမှာ လမ်းလျှောက်လို့လည်းရပေမယ့် အကျင့်မရှိရင် လေယာဉ်တုန်ခါမှုဖြစ်ရင် လဲကျနိုင်တာကြောင့် အဲ့လိုနည်းကိုတော့ သိပ်အားမပေးပါ။

၄။ အကျီ၊ ဘောင်းဘီ၊ ထမီ စတဲ့အဝတ်အစားတွေကို ပွပွချောင်ချောင်ဟာတွေဝတ်ပါ။

၅။ အရည်များများသောက်ပေးပါ။ သို့သော် လေယာဉ်မစီးခင်မှာ ဂက်စ်ပါတဲ့အရည်တွေ၊ ဗိုက်ပွပြီး ရင်ပြည့်ရင်ကယ်ဖြစ်စေမယ့် အစားစာတွေ (ဥပမာ အာလူး၊ ပြောင်းဖူး၊ ဂေါ်ဖီထုပ်၊ ပဲ၊ နို့) တွေကိုရှောင်ပါ။

Dr 528

Previous Post

အရေးပေါ်အသက်ကယ်မယ်ဆိုရင်

Next Post

မျက်တောင်စိုက်စရာ၊ ဆက်စရာမလိုဘဲ ကော့ရှည်လာစေမဲ့ နည်းလမ်းများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အမျိုးသမီးများဖြည့်စွက်အာဟာရသောက်သုံးဖို့ အကောင်းဆုံးအရွယ်

3 days ago
49

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

1 month ago
127

1 month ago
159

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

1 month ago
447

ဓမ္မတာသွေးဆင်းချိန် သတိပြုရမည့်အချက်များ

1 month ago
965

အရိုးအဆစ်တွေကြီးထွားဖွံ့ဖြိုးဖို့ ကယ်လ်ဆီယမ်ကဘယ်လောက်အရေးပါလဲ?

2 months ago
110

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မျက်တောင်စိုက်စရာ၊ ဆက်စရာမလိုဘဲ ကော့ရှည်လာစေမဲ့ နည်းလမ်းများ

နင်လားဟဲ့ ကင်ဆာ ?

ကလေးငယ်များ ထိခိုက်ဒဏ်ရာအနာတရမဖြစ်စေဖို့

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.