လူ့ခန္ဓာကိုယ်၏အသားအရေသည် နေ့စဉ်ကြုံတွေ့နေရသောနေဒဏ်၊ ရေဒဏ်၊ လေဒဏ်တို့ကြောင့် အရောင်ပြောင်းမှုများရှိတတ်ပါသည်။ နေရိပ်ထဲတွင် နေပူပြီး မိမိကိုယ်မိမိ ပြုပြင်နေထိုင်သူများတွင် အများ အားဖြင့်အသားအရေဖြူဝင်းစိုပြည်လှပလျက်ရှိကြပေသည်။
နေပူစပ်ခါးနေ့မရှောင်၊ညမရှောင်သွားလာလှုပ်ရှားနေကြသူများတွင်မူအသားအရေမွဲခြောက်ခြင်း၊အသားအရေညိုခြင်း၊ နေလောင်ခြင်းစသည်တို့ကို တွေ့ရတတ်ပါသည်။ အထူးသဖြင့် အမျိုးသမီးများသည် နေဒဏ်ကာကွယ်ရန် အဝတ်ဖြင့်ကာကွယ်ဖုံးအုပ်ခြင်း၊ သနပ်ခါး၊မိတ်ကပ်တို့ဖြင့်လိမ်းခြယ်ကာကွယ်ခြင်းများ ပြုလုပ်ကြပါသည်။သို့သော်လည်းအသက်အရွယ်ရလာသည်နှင့်အမျှရာသီဥတုဒဏ်ခံထားရသောအသားအရေပေါ်တွင်အညိုရောင်အကွက်၊သို့မဟုတ် ကြေးနီရောင်အကွက်များ ပေါ်ပေါက်လာတတ်ပါသည်။ ထိုသို့ပေါ် လာသည့်အကွက်များကို ‘Age Spots` ဟုခေါ်ဆိုပါသည်။အရပ်စကားဖြင့်ဆိုသော် နေလောင်ကွက်၊သို့မဟုတ် နေလောင်စက်များဟုခေါ်ဆိုကြပါသည်။ အသက်အရွယ် ၄၀ ကျော်၊ ၅၀ အတွင်း ဝင်ရောက်လာသည့်အခါတွင် အများအားဖြင့် လက်ဖျံ၊ လက်ဖမိုး ပေါ်တွင်အညိုရောင်အစက်အပြောက်များ ဖြစ်ပေါ်လာနိုင်ပါသည်။ထိုသို့ဖြစ်ပေါ်ရခြင်းမှာ နေ၏ခရမ်းလွန်ရောင်ခြည် တိုက်ရိုက်ထိတွေ့ သဖြင့် အရေပြားအတွင်းရှိ အသားရောင်ထုတ်ပေးသည့်ဆဲလ်များကို ပျက်စီးစေခြင်းကြောင့်ဖြစ်ပါသည်။ ယင်းဆဲလ်များကို Melano-cytes ဟုခေါ်တွင်ပြီး Melanocyte ထုတ်လုပ်မှုများပါက အသားအရောင်ရင့်လာသည်ဟုဆိုထားပါသည်။ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်Petalumaမြို့မှအရေပြားအလှအပ ပြုပြင်ရေးအထူးကုဆရာဝန်တစ်ဦးက နေလောင်ကွက်များကိုမည်မျှပင်ကာကွယ်မှုများပြုထားစေ နေရောင်ဖြင့်ပြန်လည်ထိတွေ့ပါက နေလောင်ကွက်များ ပြန်လည်ပေါ်ပေါက်လာမည်ဖြစ်ကြောင်း ဆိုထားပါသည်။ ထို့ပြင် နေလောင်ကွက်များပေါ်ပေါက်ခြင်းမှ ကာကွယ်ရန်အတွက်အရိပ်ထဲမှအပြင်သို့ထွက်လျှင် နေရောင်ရနိုင်သောနေရာများကိုအကာအကွယ်များဝတ်ဆင်ဖို့လိုအပ်ပါမည် ဟုလည်း ထပ်လောင်းတင်ပြထားပါသည်။ အနံ့ပေးကုသမှု (Aro-matherapy) ကို အမေရိကန်ပြည်ထောင်စု၊နယူးယောက်ပြည်နယ် East Hampaton တွင်ရှိသည့် ဆေးဖက်ဝင်အပင်များဆိုင်ရာ ပညာရှင်နှင့် အနံ့ပေးကုသမှုပညာရှင်တို့က လီမွန်ဆီနှင့် ဗာဒံစေ့ဆီတို့ ရောပြီး နေလောင်ကွက်ရှိသောနေရာပေါ်တွင်တစ်ရက်နှစ်ကြိမ်လိမ်းပေးလျှင်သက်သာပျောက်ကင်းနိုင်ကြောင်း တင်ပြထားပါသည်။
နွယ်ချိုရည်နှင့် ဂလိုက်ကိုးလစ်အက်ဆစ် (Licorice and Acid)
နွယ်ချိုရည်နှင့်ဂလိုက်ကိုးလစ်အက်ဆစ်အရည်များကို လိမ်းခြင်းဖြင့်လည်း နေလောင်ကွက်များကို ပျောက်ကင်းနိုင်ကြောင်းထပ်လောင်းတင်ပြထားပါသည်။ ဂလိုက်ကိုးလစ်အက်စစ်သည်အများအားဖြင့်ချဉ်သည့်အရသာရှိသောအသီးများ၊သင်္ဘောသီးနှင့်အခြားသောအသီးများတွင်ပါဝင်ပြီး အာနိသင်အနေဖြင့် အရေပြား အပေါ်ယံလွှာမှ ကလာပ်စည်းအလွှာကို ညင်သာစွာကွာကျစေနိုင် ကြောင်းနှင့် နွယ်ချိုဆီသည်အရေပြားပေါ်မှနေလောင်ကွက်ကိုဖယ်ရှားစေနိုင်သည်ဟုဆိုသည်။
ပျားရည်နှင့် ဒိန်ချဉ်
ပျားရည်နှင့်ဒိန်ချဉ်ရောစပ်ထားသည့်ဖျော်ရည်ဖြင့် နေ လောင်ကွက်များကိုလိမ်းပေးပါက နေလောင်ကွက်များ ပျောက်ကင်း စေနိုင်သည်။ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းနှင့်ဒိန်ချဉ်လက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ရောစပ်ထားသောဖျော်ရည်ကို နေ လောင်ကွက်ပေါ်တွင်လိမ်းပေးပြီး အခြောက်ခံကာ နာရီဝက်ခန့်ကြာ ပါက ရေဖြင့်ဆေးကြောပစ်ရပါမည်။ တစ်နေ့လျှင်တစ်ကြိမ်ပြုလုပ် ပါက ပျောက်ကင်းသွားမည်ဖြစ်ကြောင်း တင်ပြထားပါသည်။
ဂိုတုကိုလ (Gotukola) ခေါ်ဆေးဖက်ဝင်အပင်ကို မြန်မာ ပြည်တွင် လူသိမများသော်လည်း ဥရောပနှင့် အမေရိကအပါအဝင် အခြားသော တိုးတက်သည့်နိုုင်ငံများတွင် ဂိုတုကိုလကို အကျွမ်း တဝင်ရှိကြပါသည်။ ဂိုတုကိုလသည် ခန္ဓာကိုယ်၏ကလာပ်စည်း အသစ်များကို တိုးပွားစေခြင်း၊ အရေပြားကိုုတင်းတင်းရင်းရင်းဖြစ် စေသည့်ကိုလာဂျင်(Collagen) နှင့်ပရိုတိန်းဓာတ်ကိုတိုးပွားစေ ခြင်းစသည့်အာနိသင်ရှိကြောင်းအမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ် ဗော်လဒါဒေသမှအာဟာရပညာရှင်တစ်ဦးက အခိုင် အမာဆိုထားပါသည်။ သူမ၏ဆိုအရနေ့စဉ် ဂိုတုကိုလအမှုန့်ပါ ဆေးတောင့် ၆၀ မီလီဂရမ်ကို တစ်နေ့လျှင် တစ်တောင့်နှစ်တောင့်ကျ၊ သို့မဟုတ် ရေတစ်ဖန်ခွက်၏လေးပုံတစ်ပုံတွင် ဂိုတုကိုလအရည် တစ်စက်ထည့်ပြီး တစ်နေ့လျှင်သုံးကြိမ်သောက်သုံးပါက အကျိုး ရှိပါကြောင်း စနစ်တကျညွှန်းဆိုုထားပါသည်။
ဟူစတန်မြို့ (Houston) ရှိ အရေပြားကုဆရာဝန်တစ်ဦး ၏အဆိုအရ နေလောင်ကွက်များကို အရေပြားပေါ်တွင်ဖြစ်လေ့ဖြစ်ထရှိသောအလှအပဆိုင်ရာပြဿနာတစ်ခုသာဖြစ်ပြီးကျန်းမာရေးကိုထိခိုက်စေသည့်ကိစ္စရပ်မဟုတ်ကြောင်းရှင်းလင်းထားပါသည်။ နေလောင်ကွက်များကိုပျောက်စေလိုပါက နိုက်ထရိုဂျင်အရည်၊သို့မဟုတ်လေဆာရောင်ခြည်ဖြင့်ကာယကံရှင်၏ဆန္ဒအတိုင်းအရောင်ချွတ်သကဲ့သို့ ဆေးကုသပေးနိုင်ကြောင်းတင်ပြထားပါသည်။အကယ်၍နေလောင်ကွက်သည်အမည်းရောင်သို့ပြောင်းလာခြင်း၊အရွယ်အစားကြီးလားခြင်း၊ပုံစံပြောင်းလာခြင်းများရှိလာပါကအသက်အန္တရာယ်ပေးနိုင်သည့်မယ်လင်နိုးမား(Melanoma)ခေါ်အရေပြားကင်ဆာတစ်မျိုးဖြစ်နိုင်သဖြင့် နားလည်တတ်ကျွမ်းသည့် ဆရာဝန်ဖြင့်ပြသပြီး လျင်စွာကုသမှုခံယူဖို့ အကြံပြုပါရစေ။