fbpx

Myanmar (Covid-19 Stats)

😷 87,977 Total Cases
😥 1,887 Deaths
😇 67,588 Recovered

သဘာဝနည်းနဲ့ ဆံပင်ပေါင်းတင်ကြမယ်

သဘာဝနည်းနဲ့ ဆံပင်ပေါင်းတင်ကြမယ်

မိန်းမတို့ဘုန်း ဆံထုံးလို့ ဆိုကြတယ်ဟုတ်?

မိန်းကလေးတွေအတွက် ဆံသားကောင်းခြင်းဟာ မင်္ဂလာတစ်ပါးပါပဲနော်။ ခုခေတ်မှာ ဆံပင်ကို မျိုးစုံ ကောက်ဖြောင့် ဆေးဆိုးပြုပြင်နေကြတော့ ဆံသားကျန်းမာလှအောင် ထိန်းသိမ်းဖို့က အရေးကြီးတဲ့ ကိစ္စတစ်ခု ဖြစ်လာပါပြီ။

ဒီတစ်ခေါက်မှာတော့ ဆံသားပါးတဲ့သူတွေ၊ မွေးရာပါ ဆံနွယ်ဖြစ်ပြီး ဆံသားအားမရှိ ဝိတ်မရှိတဲ့သူတွေ၊ ဆံပင် ပြုပြင်တာတွေများပြီး ဆံပင်ကျွတ်ပြီး ပါးနေတဲ့ သူတွေအတွက် အထူးသတင်းကောင်းလေးပါနော်။

Spa တွေ Hair Saloon တွေကို အချိန်ပေးပြီး မသွားနိုင်သူတွေအတွက် အိမ်မှာပဲ တစ်နိုင်တစ်ပိုင်လွယ်လွယ်ကူကု ပေါင်းတင်လို့ရမဲ့ နည်းလမ်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်နော်..

ဆံပင်ဆိုတာ amino acid တွေစုဝေးထားတာ မို့လို့ ဆံသားပါးတဲ့သူတွေအတွက် Protein ဓာတ်အဓိက ဖြည့်ပေးမဲ့ ကြက်ဥ Hair Mask …

– ကြက်ဥအနှစ် ၂ လုံး + ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း+ သံလွင်ဆီ or ကြက်ဆူဆီ ၁ဇွန်း

ဦးရေပြားထဲထိရောက်အောင် သေချာနှိပ်ပြီး ဆံသားအရင်းကနေ အဖျားထိရောက်အောင် သေချာလိမ်းပေးပါ။

– Oil Power Mask

ကြက်ဆူဆီ၊ နေကြာဆီ၊ သံလွင်ဆီ၊ အုန်းဆီတို့ကို ဆတူရောမွှေပြီး ဆံပင်အရင်းကနေ အဖျားထိရောက်အောင်သေချာလိမ်းပေးပါ။ တခြားဆီတွေထက် ကြက်ဆူဆီက ဆံသားရှည်အောင် ပိုမိုကူညီပေးနိုင်ပါတယ်ရှင်။ ဆံသားကောင်းခြင်း မကောင်းခြင်းက ဦးရေပြား သွေးလည်ပတ်မှုပေါ်လဲ မူတည်တာမို့ လက်ချောင်းထိပ်လေးတွေနဲ့နှိပ်နယ်ပေးပါ။

– ဆားနဲ့ ခေါင်းလျှော်ကြမယ်

ပုံမှန်လျှော်နေကြ ခေါင်းလျှော်ရည်ထဲကို အိမ်သုံးဆား (သို့) ဟိမဝန္တာပန်းရောင်ဆားကို အနေတော်ထည့်ပြီး လျှော်တာပါ။ ဆားဟာ အပူကျစေတဲ့အပြင် သွေးလည်ပတ်မှုကောင်းစေလို့ ဆံသားကျွတ်တာကို တော်တော်သက်သာစေပါတယ်။

– ငှက်ပျောသီး ပျားရည် Mask

Potassium ဓာတ်အရမ်းကြွယ်ဝတဲ့ ငှက်ပျောသီးက ဆံပင်မကျွတ်အောင် ဆံသားမကွဲအောင် ကာကွယ်ပေးနိုင်တဲ့ အစွမ်းထက် သဘာဝအသီးနှံလေးပါ။ ချေထားတဲ့ ငှက်ပျောသီးမှည့်တစ်လုံးနဲ့ ပျားရည်တစ်ဇွန်းပဲ လိုအပ်ပါတယ်။

– ဆန်ဆေးရည်

ဆန်ဆေးရည်က ဆံပင်ရှည်မြန်စေတာမို့ ခေါင်းလျှော်ပြီး နောက်ဆုံးအဆင့်မှာ ဆန်ဆေးရည်ကို လောင်းချပေးပါနော်။

နောက်ဆုံးအနေနဲ့ အကြံပေးချင်တာကတော့ အပေါ်က Hairmask တွေကို ခေါင်းမလျှော်ခင် နာရီဝက်အကြိုလောက် ကြိုလိမ်းပြီးနှပ်ထားပါ။ ဆိုင်မှာ ရေနွေးငွေ့နဲ့ ပေါင်းတင်တဲ့ Effect မျိုးရချင်ရင် သဘက်ကို ရေနွေးဆူဆူထဲစိမ်ပြီး ညှစ်ထားတာ (သို့) microwave ထဲထည့်ပြီး အပူပေးထားတဲ့ သဘက်နဲ့ Hairmask or oil တွေလိမ်းပြီးတဲ့ချိန် ခေါင်းပေါ် ပေါင်းထားပေးပါရှင်။

အားလုံးပဲ ကျန်းမာလှပတဲ့ ဆံသားလေးကို ပိုင်ဆိုင်ကြပါစေနော်။

Scarlette (ဆေး၁)

ဆက်စပ် ဆောင်းပါးများ