fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

လည်တိုင်လေး သဘာဝအတိုင်း ကျော့ရှင်းနေဖို့

582
VIEWS
Share on FacebookShare on TwitterShare on Linkedin
19/04/2019
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

လည်တိုင်လေး သဘာဝအတိုင်း ကျော့ရှင်းနေဖို့

ဟိုနေ့က ဂျူတီမှာ ခဏနားတုန်း ဆရာမတွေနဲ့ အမတွေနဲ့ စကားထိုင်ပြောဖြစ်တယ်လေ.. မိန်းကလေးတွေ သဘာဝအလှပအကြောင်းပဲပေါ့..

– “မျက်နှာလေးသာ နုအောင်အမျိုးမျိုးလုပ်လို့ရပေမဲ့.. လည်ပင်းကိုတော့ လိမ်လို့မရဘူးနော်.. လည်ပင်းက အရေးကြောင်းတွေကြောင့် မျက်နှာလေး ဘယ်လောက်နုအောင်လုပ်ထားထား လည်ပင်းကိုကြည့်ပြီး အသက်ကိုမှန်းလို့ရတယ်..”

– “ဟုတ်တယ်နော်.. မအူဝဲဆိုလည်း အရမ်းနုပေမဲ့ လည်ပင်းမှာ အရစ်ရစ်တွေနဲ့ဆိုတော့ ဘယ်လောက်ပဲ ရွှေလည်တိုင်ပြောပြော ကျော့ရှင်းမနေဘူးရယ်..”

– “ဟုတ်တယ် အမတို့ဆိုလည်း အသက်ကြီးလာတော့ လည်ပင်းမှာ အဆီပိုတွေဖြစ်လာတာ အသားရေလျော့ရဲတာတွေ ဖြစ်လာတာပဲ..”

– “အဲ့ဒါကြောင့် ခုဆို korea မှာ ဒီလည်ပင်းအရေပြားကိုလည်း မျက်နှာအရေပြားလိုပဲ ဂရုစိုက်လာကြတာရှင့်..”

– “မြတ်နိုးရေ.. သိထားတာလေးများရှိရင် ပြောပြဦးအမတို့ကို..”

– “ဟုတ်ဟုတ်.. အဓိကက လည်ပင်းအရေပြားကို အားလုံးက မေ့ထားတတ်ကြတယ်ပေါ့..
အရေးကြောင်းတွေပေါ်လာမှပဲ စိတ်ညစ်တတ်ကြတာ..

လည်ပင်းအရေးကြောင်းအတွက်ဆို အရင်ဆုံးခေါင်းအနေထားပဲ.. မြတ်နိုးတို့အားလုံးကများသောအားဖြင့် စာကျက်တယ် ဖုန်းသုံးတယ် စာအုပ်ဖတ်တယ်ဆိုရင် အမြဲတမ်းခေါင်းငုံ့ထားတတ်ကြတယ်လေ.. အဲ့လိုအနေထားကြောင့် လည်ပင်းမှာ အရေးကြောင်းတွေ ထစေတယ်.. ဖြစ်နိုင်ရင် တတ်နိုင်သလောက် ဖုန်းသုံးရင် စာအုပ်ဖတ်ရင် ကိုယ့်မျက်စိနဲ့တန်းတဲ့ နေရာမှာ ဖုန်းတို့ စာအုပ်တို့ကိုထားပြီး ဖတ်သင့်တယ်ရှင့် လက်တော့ညောင်းတာပေါ့..”

– “ဟုတ်တယ်နော်.. အဲ့ဒါကို တကယ်သတိမထားမိဘူး ကြည့်ဦး.”

– “နောက်တစ်ချက်က အားလုံးနည်းပါး မိတ်ကပ်လိမ်းရင် လေလည်ပင်းနဲ့ အသားရောင်မညီမှာဆိုးလို့ဆိုပြီး လည်ပင်းကိုပါလိမ်းကြတယ်.. တကယ်တမ်း မိတ်ကပ်ပြန်ဖျက်တော့ မျက်နှာလေးပဲကွက်ဖျက်ပြီး လည်ပင်းကို မေ့ထားတတ်ကြတယ်.. မိတ်ကပ်ဖျက်ရင် မျက်နှာသစ်ရင် လည်ပင်းကိုလည်း ဖျက်ဖို့မမေ့ထားသင့်ဘူး..”

– “ဟုတ်တယ်နော်.. အမဆို ရေချိုးချိန်ကလွဲပြီး လည်ပင်းကို သက်သက်ကြီး မိတ်ကပ်မဖျက်ဖြစ်ဘူး..”

– “နောက်ပြီး suncream ကိုလည်း လည်ပင်းကို လိမ်းဖို့မမေ့သင့်ဘူး.. နေရောင်ခြည်က မျက်နှာအရေးကြောင်းကိုဖြစ်စေတာ အရွယ်မတိုင်ခင် အိုမင်းမှုကိုဖြစ်စေတာ လူတိုင်းသိပေမဲ့ လည်ပင်းအရေးကြောင်းဖြစ်စေတာကိုတော့ လူတိုင်းသတိမထားမိကြဘူး.. အဲ့ဒါကြောင့် suncream လည်း မမေ့မလျော့လိမ်းသင့်တယ်..

နောက်ဆုံးကတော့ skincare ပေါ့ neck care product တွေဈေးကွက်ထဲမှာဝယ်လို့ရပေမဲ့ ပစ္စည်းရှားသေးတော့ ကိုယ်လိမ်းနေကြ skincare တွေ မျက်နှာမှာလိမ်းရင် လည်ပင်းကိုလည်း မမေ့လျော့ပဲလိမ်းကြပါလို့.. အဲ့ဆို အရွယ်မတိုင်ခင် အရေးကြောင်းထတာ သက်သာတာပေါ့နော်..”

– “တကယ် ကျေးဇူးမြတ်နိုးရေ.. ဟုတ်တယ်အမတို့လည်း ဒီလည်ပင်းကို သတိထားရမယ်..”

– “ဟုတ်တယ်.. မဟုတ်ရင် လည်ပင်းအရေးကြောင်းတွေက အရမ်းအိုစာတာ”

အားလုံးလည်း လည်ပင်းလေးကို care လုပ်ဖို့မမေ့ကြပါနဲ့နော်..

Scarlette(ဆေး၁)

Previous Post

သားသားမီးမီးတွေ လေနာကြောင့် အရမ်းငိုနေခဲ့ရင်

Next Post

မျက်စိစွန်တာ မြန်မြန်ပျောက်အောင်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
543
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

2 years ago
800

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မျက်စိစွန်တာ မြန်မြန်ပျောက်အောင်

မျက်နှာ V-Shape ပုံလေး လွယ်လွယ်ကူကူနဲ့ ရရှိစေဖို့

သတိထားရမယ့် ရင်သားကင်ဆာ လက္ခဏာတွေ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.