fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ရောဂါကြီးများ

သတိထားရမယ့် ရင်သားကင်ဆာ လက္ခဏာတွေ

1.3k
VIEWS
Share on FacebookShare on TwitterShare on Linkedin
23/04/2019
in ရောဂါကြီးများ
1 min read
A A

သတိထားရမယ့် ရင်သားကင်ဆာ လက္ခဏာတွေ

တိုးတက်ဖွံ့ဖြိုးလာသော ကျန်းမာရေး အသိအမြင်များနှင့်အတူ ယနေ့ခေတ်တွင် အမျိုးသမီးများ စိုးရိမ်လာကြသည့် ကျန်းမာရေး ပြဿနာတရပ်မှာ ရင်သားကင်ဆာ ဖြစ်သည်။

အမျိုးသမီးများတွင် ဖြစ်ပွားလေ့ရှိသည့် အခြားသော ကင်ဆာရောဂါ အမျိုးအစားများထက် ပို၍အဖြစ်များသော ကင်ဆာရောဂါ တမျိုးဖြစ်ပြီး မျိုးရိုးလိုက်ခြင်း၊ လူနေထိုင်မှုစနစ်များ ပြောင်းလဲလာခြင်း၊ ရည်ရွယ်ချက် အမျိုးမျိုးဖြင့် အသုံးပြုလာကြ သော ဟော်မုန်းဆေးများနှင့် ကိုယ်ဝန်မရစေရန် အသုံးပြုသည့်ဆေးဝါးများ စသည်ဖြင့် အကြောင်းအမျိုးမျိုးတို့ကြောင့် ဖြစ်ပွားခံစားရနိုင်သည် ရောဂါမျိုးဖြစ်သည်။

သို့ရာတွင် အခြေခံကျန်းမာရေး ဗဟုသုတ နည်းပါးကြသည့် မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်မူ ရောဂါဖြစ်ပွားခံစားဖူးခြင်း မရှိသေးသူများ မဆိုထားနှင့် လတ်တလော ရောဂါစမ်းသပ်တွေ့ရှိကာ ကုသမှု ခံယူနေသူများပင်လည်း မိမိရောဂါနှင့် ပတ်သတ်သည့် အကြောင်းအရာများနှင့်ပတ်သတ်ပြီး ဂဃနဏ သိရှိသူ ရှားပါးလှသည်။

သို့ဖြစ်၍ အရွယ်ရောက်ပြီးသည့် အမျိုးသမီးတိုင်း အချိန်မရွေး ဖြစ်ပွားလာနိုင်သည့် ရင်သားကင်ဆာရောဂါ၏ ကနဦးလက္ခဏာများကို သိရှိထားကြရန်လိုပြီး မိမိတွင် အဆိုပါလက္ခဏာများ ရှိ/မရှိကိုလည်း မကြာခဏ စမ်းသပ်နေသင့်သည်။

ရောဂါဖြစ်ပွားရန် အခွင့်အရေးများသူများနှင့် လတ်တလောတွင်လည်း ရင်သား ကင်ဆာရောဂါ၏ ကနဦးလက္ခဏာများ ခံစားနေရသည့် အမျိုးသမီးများတွင် ဖြစ်ပွားသည့် အဆင့်နှင့် အခြေအနေကိုလိုက်၍ နားလည်တတ်ကျွမ်းသော ဆရာဝန်နှင့် လိုအပ်သော တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပြီး သင့်တော်သည့်ကုသမှုများကို အမြန်ဆုံး ခံယူကြရန်လိုသည်။

သို့မှသာ နောက်ဆက်တွဲ ခံစားရနိုင်သည့် ပြဿနာရပ်များမှ ရှောင်ရှား နိုင်မည်ဖြစ်သလို သက်တမ်းစေ့ နေနိုင်မည်လည်းဖြစ်သဖြင့် ဖြစ်ပွားနိုင်ချေ များသည့် နေထိုင်မှုပုံစံများ၊ ကနဦးလက္ခဏာများနှင့် ရောဂါလတ်တလော ခံစားနေရ သူများနှင့် ပတ်သတ်၍ သိထား သင့်သည်များကို ဖော်ပြပေးလိုသည်။

ဘယ်လိုလူတွေမှာ အဖြစ်များသလဲ

အသက်အရွယ်ကြီးရင့်လာလေ ရင်သားကင်ဆာဖြစ်ပွားရန်အတွက် အခွင့်အရေး ပိုပို၍ များလာလေဖြစ်ပြီး သာမန်အားဖြင့် ရင်သားကင်ဆာဖြစ်ပွားရန် အခွင့်အရေး များသည့် အခြေအနေများမှာ –
– အိမ်ထောင်မပြု
– ပြုသော်လည်း ကလေးမမွေး
– မွေးသော်လည်း ကလေးနို့မတိုက် စသည့် အခြေအနေများ ဖြစ်သည်။

အထူးသဖြင့်
– မိဘမျိုးရိုးအတွင်းနှင့် မောင်နှမများတွင် ရင်သားကင်ဆာ ဖြစ်ပွားခံစားဖူးသူများ
– အသက်ငယ်ငယ်နှင့် အပျိုဖော်ဝင်သည့် အမျိုးသမီးများ
– ပထမကလေးမွေးချိန်တွင် အသက်၃၅နှစ် အထက်ဖြစ်နေသူများ
– အဝလွန်နေသူများ
– ကိုယ်လက်လှုပ်ရှားမှု နည်းလွန်းသူများ
– အရက်သောက်သုံးတတ်သူများ
– သွေးဆုံးကိုင်လက္ခဏာများ သက်သာစေရန်နှင့် အခြားသော အကြောင်းအရာ အမျိုးမျိုးကြောင့် ဟော်မုန်းဆေးများ အသုံးပြုသူများ
– မကြာခဏ ဓာတ်ရောင်ချည်ထိတွေ့ခံနေရသူများနှင့်
– ယခင်ကရင်သားတွင် ကင်ဆာမဟုတ်သည့် နာတာရှည် အကျိတ်တခုခု ခံစားဖူးသူ များတွင် ရင်သားကင်ဆာဖြစ်ပွားရန် အခွင့်အရေးအလွန်များသည်။

သွေးဆုံးပြီးစ အမျိုးသမီးများနှင့် အထက်ဖော်ပြပါ ရောဂါဖြစ်ပွားနိုင်ရန်အတွက် အခွင့်အရေးများသူများအနေနှင့် လက္ခဏာများ မခံစားရမီကပင် နီးစပ်ရာ ဆရာဝန်နှင့် တိုင်ပင်ပြီး လိုအပ်သော စစ်ဆေးမှုများ နှစ်စဉ်ပုံမှန်ပြုလုပ် ထားသင့်သလို ပုံမှန် မဟုတ်သည့် အကျိတ်များ၊ အစိုင်အခဲများ ခံစားရမိလျှင်လည်း အမြန်ဆုံး ကုသမှုခံယူ ကြရန်လိုသည်။

ရင်သားကင်ဆာရောဂါ၏ ကနဦးလက္ခဏာများ

ကင်ဆာရောဂါ၏အဆင့်၊ ပျံ့နှံ့သည့် အခြေအနေနှင့် လူနာ၏ အသက်အရွယ်ကို မူတည်၍ ခံစားရနိုင်သည့် လက္ခဏာများ များစွာရှိနေသော်လည်း ကနဦးလက္ခဏာများ အနေနှင့် –

– ချိုင်းကြားနှင့် ညှပ်ရိုးအပေါ်နှင့် လည်ပင်းပတ်လည်ရှိ အကျိတ်များ ကြီးလာခြင်း
– ရင်သားအတွင်း နာကျင်ခြင်းမရှိသည့် အကျိတ် (သို့မဟုတ်) အစိုင်အခဲတခုခု ခံစား မိနေခြင်း၊ လက်ဖြင့် စမ်းလျှင် စမ်းမိခြင်း၊
– ရင်သားအား ထိခိုက်မှုတစုံတရာမရှိပဲ ရောင်ရမ်းလာခြင်း
– ရင်သားအတွင်း တဆစ်ဆစ်နာကျင်ခြင်း
– ရင်သားတွင် ယားယံခြင်းမရှိသည့် အနာများခံစားရလာခြင်း၊
– ရင်သားရှိ အရေပြား ပုံပျက်လာခြင်း၊ လိမ္မော်သီးအခွံကဲ့သို့ ရှုံ့လာခြင်း
– နို့သီးခေါင်းထိပ် ယားယံခြင်း၊ နာကျင်နေခြင်း၊ အထိမခံနိုင်ခြင်း
– နို့သီးခေါင်းမှ ပုံမှန်မဟုတ်သည့် အရည်များထွက်ခြင်း၊ တခါတရံ သွေးထွက်ခြင်း
– နို့သီးခေါင်းအတွင်းဘက်သို့ ကျုံ့ဝင်သွားခြင်း
– မှန်တွင်ကြည့်လျှင် ဘယ်ဘက်နှင့် ညာဘက်ရှိ ရင်သားပုံစံမတူပဲ ပျက်ယွင်းနေခြင်း စသည်ဖြင့် ကနဦး လက္ခဏာများ စတင်ခံစားရနိုင်သည်။

ကနဦးလက္ခဏာများ စတင်ခံစားရစဉ်ကပင် လိုအပ်သော ကုသမှုကို အချိန်မီ ခံယူခြင်းဖြင့် ရောဂါသက်သာပျောက်ကင်းကာ သက်တမ်းစေ့ နေနိုင်မည်ဖြစ်သလို ကင်ဆာရောဂါ၏ နောက်ဆက်တွဲ ပြဿနာများ ခံစားရခြင်းမှ ကာကွယ်နိုင်မည်လည်း ဖြစ်သဖြင့် အရွယ်ရောက်ပြီးသူ အမျိုးသမီးတိုင်း မိမိရင်သားကိုမိမိ မကြာမကြာ စမ်းသပ်စစ်ဆေးနေသင့်သည်။

ရင်သားကင်ဆာခံစားနေရသူများအတွက်

တိုးတက်လာသော ဆေးဘက်ဆိုင်ရာ နည်းပညာများနှင့် ဆေးဝါးများကြောင့် ကမ္ဘာတဝှမ်းတွင် ရင်သားကင်ဆာရောဂါကြောင့် သေဆုံးမှုများမှာ တနေ့ထက်တနေ့ လျော့နည်းလာပြီ ဖြစ်သဖြင့် ရောဂါဝေဒနာရှင်များနှင့် မိသားစုဝင်များအနေနှင့် ကင်ဆာ ရောဂါဆရာဝန်မှ ညွှန်ကြားသည့် ကုသမှုများအပေါ် ယုံကြည်စွာဖြင့် အထူးဂရုပြု လိုက်နာခြင်းဖြင့် ရောဂါသက်သာပျောက်ကင်းကာ သက်တမ်းစေ့ နေနိုင်ကြမည်လည်း ဖြစ်သည်။

ကျန်းမာရေးအသိအမြင်ဗဟုသုတ နည်းပါးခြင်းများကြောင့် အချို့သော ရောဂါ ဝေဒနာရှင်များနှင့် မိသားစုဝင်များအနေနှင့် ပျောက်ကင်းလိုဇောတခုတည်းနှင့် ဆေးမြီးတိုများဖြင့် လက်တည့်စမ်းကုသခြင်း၊ အချိန်တိုအတွင်း အပျောက်ကုသည် ဆိုသည့် အပ်ပုန်း/ရမ်းကုများဖြင့် ပြသ၍ အနာကိုဆွစေခြင်း၊ အကျိတ်များကိုလှီးဖြတ်/ ခွဲထုတ်ခြင်း၊ ဆေးဖယောင်းကပ်ခြင်း၊ ဆေးအုံခြင်းများ ပြုလုပ်တတ်ကြပြီး ၎င်းတို့ကြောင့် ရောဂါမသက်သာစေနိုင်ရုံ သာမက အန္တရာယ်ရှိသည့် နောက်ဆက်တွဲ ပြဿနာများဖြစ်သည့် အရေပြားများလောင်ခြင်း၊ မသန့်ရှင်းသောပစ္စည်းများကြောင့် ပိုးဝင်ခြင်းများကိုပါ ခံစားရနိုင်ကာ တနေ့ထက်တနေ့ ရောဂါအဆင့် ပိုပို၍ မြင့်လာပြီး ဆေးရုံ၊ ဆေးခန်းများ ရောက်လာချိန်များတွင် ကုသရန်ခက်ခဲသော အခြေအနေများ ဖြစ်နေတတ်ကြသည်။

ရောဂါအဆင့် မြင့်လာသည်နှင့်အမျှ ကုသရန်ခက်ခဲသလို အသက်သေဆုံးသည်အထိလည်း ဖြစ်စေနိုင်သည့်အတွက် နားလည်တတ်ကျွမ်းသော ဆရာဝန်နှင့်သာ သွားရောက် ကုသမှု ခံယူကြစေရေး အကြံပြုပြောကြားလိုသည်။

ရင်သားကင်ဆာ ခံစားနေရပြီး လတ်တလောကုသမှု ခံယူနေကြသူများဖြစ်သည့် ခွဲစိတ်ပြီးလူနာများ၊ ဓာတ်ရောင်ချည်ကုသမှု ခံယူနေသူများ (ဓာတ်ကင်နေသူများ)နှင့် ကင်ဆာဆေးသွင်းကုသမှု ခံယူနေသူများအနေနှင့် ဆေးဝါးများ၏ နောက်ဆက်တွဲ ဖြစ်တတ်သည့် နုံးချိခြင်းများကို ခံနိုင်ရည် ရှိနေရန်နှင့် ကိုယ်ခံအားကောင်းနေရန် လိုအပ်လှသဖြင့် ခွန်အားကို ဖြစ်စေသည့် အစားအသောက်များ များများစားပေးရန် လိုသည်။

ကင်ဆာရောဂါများနှင့် ဆေးဝါးများ၏ နောက်ဆက်တွဲဖြစ်လေ့ရှိသည့် အစားစားချင်စိတ် လျော့နည်းမှုကြောင့် မည်သည့်အစားအစာမှ မစားချင်မသောက်ချင် ဖြစ်နေနိုင်သော်လည်း မိမိ တနေ့တာ စားသုံးသင့်သည့် ပမာဏကို မိမိကိုယ်တိုင် (သို့မဟုတ်) မိသားစုဝင်များမှာ ချင့်ချိန်ပြီး ပြည့်မှီအောင် စားသုံးပေးသင့်သည်။

ထို့အပြင် နားလည်တတ်ကျွမ်းသော ဆရာဝန်နှင့် သွားရောက်တိုင်ပင်ကာ ဖြည့်စွက် စာများ၊ အားဆေးများ သုံစွဲပေးခြင်းဖြင့်လည်း ဆေးဝါးများနှင့် ဓာတ်ရောင်ခြည်ဖြင့် ကုသမှုကို ခံနိုင်ရည်အပြည့်ဖြင့် ကုသမှု ခံယူနိုင်မည်ဖြစ်ပြီး ရောဂါ ပျောက်ကင်း သက်သာစေနိုင်မည်လည်းဖြစ်သည်။

ရင်သားကင်ဆာဖြစ်ပွားခြင်းနှင့် နောက်ဆက်တွဲပြဿနာများမှ ကင်းဝေးကြပါစေ။

Dr. Tint Tal

Previous Post

မျက်နှာ V-Shape ပုံလေး လွယ်လွယ်ကူကူနဲ့ ရရှိစေဖို့

Next Post

လက်ချောင်းလေးတွေ ဘာလိုနာတာလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အမျိုးသားတွေပဲ အသည်းခြောက်ရောဂါဖြစ်နိုင်တာလား?

2 years ago
486

အသည်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများ

2 years ago
1.5k
To prevent colon cancer, Things to avoid

အူမကြီးကင်ဆာမဖြစ်စေဖို့ ဆောင်ရန်၊ ရှောင်ရန်များ

3 years ago
906
Blood cancer

သွေးကင်ဆာဆိုတာ

3 years ago
485
Caution Lung cancer

သတိပြုစရာ အဆုတ်ကင်ဆာ

3 years ago
763
Can men get breast cancer?

ယောက်ျားတွေရော ရင်သားကင်ဆာဖြစ်နိုင်လား?

3 years ago
447

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

လက်ချောင်းလေးတွေ ဘာလိုနာတာလဲ

ကိုယ်ဝန်ဆောင်နှင့် နောက်ကျောအောင့်ခြင်း

ယောက်ျားဖြစ်ရတာ တန်ဖို့

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.