– “Hello , ညီမလေးရေ အမတော့ နောက်တစ်ခေါက် အလုပ်လာရှုပ်လိုက်ဦးမယ်.. ခုခရီးသွားတော့မှာဆိုတော့ အမကို ဘယ် suncream ဝယ်သွားရမလည်း အကြံပေးဦး..”
– “ဟုတ်ကဲ့မမ suncream ကိုပြောရမယ်ဆိုရင် နှစ်ပိုင်းပါတယ်အမ..
တစ်ခုကတော့ SPF .. Sun Protecting Factor ပေါ့.. သူကတော့ UVB rays ကိုအဓိကကာကွယ်ပေးတယ်.. နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့တဲ့အခါ ဖြစ်တတ်တဲ့အသားရေမည်းသွားတာ နီတာတွေကို ကာကွယ်ပေးတာပေါ့ ..
သူပါဝင်တဲ့ ဂဏန်းမြင့်လေ အချိန်ကြာကြာ ကာကွယ်ပေးနိုင်လေပေါ့.. SPF 30 ဆိုရင်သာမန်လူတွေနေလောင်ပြီး အချိန် ၃၀ ဆကြာကာမှ သူနေလောင်နိုင်တယ်ပေါ့ အကြမ်းဖျင်းပြောရမယ်ဆိုရင်.. နေ့စဉ်ထသွားထလာဆို SPF ဂဏန်းက 30 လောက်ဆို အဆင်ပြေပေမဲ့ ကမ်းခြေတွေ အရမ်းပူတဲ့ဒေသတွေ သွားမယ်ဆိုရင် SPF 50 လောက်မှ အဆင်ပြေတယ်အမ..
နောက်သူက နေရောင်ခြည်ကို ရောင်ပြန်တာပေါ့.. သမီးတို့ အဖြူရောင်လေးတွေ အရောင်နုလေးတွေဝတ်ရင် အသားအေးတယ် အပူမစုပ်ဘူး ရောင်ပြန်တယ်ဆိုပြီး ပြောကြတယ်လေ.. SpF ကအဲ့သဘောနဲ့ အလုပ်လုပ်တယ်ပေါ့..”
– “ဪအဲ့လိုရှိတာကို..”
– “ဟုတ်နောက်တစ်ပိုင်းက PA ..suncream ဝယ်ရင်အားလုံးက PA ကို သတိမထားမိဘူး.. PA ဆိုတာ Protection Grade for UVA rays ပါ.. သူကတော့အင်္ကျီထဲ ထိဖောက်နိုင်တဲ့ UVA rays ကိုကာကွယ်ပေးတာပေါ..
သမီးတို့ အနက်ရောင်ဝတ်တယ်ဆိုရင် အပူစုပ်တယ်ပြောကြတယ်လေ။ သူလည်းအဲ့သဘောတရားအတိုင်းပဲ နေရောင်ခြည်ကို စုပ်ပြီး အသားရေမလောင်အောင် ကူညီပေးတယ်.. သူကတော့နံပါတ်နဲ့မလာဘူး.. + နဲ့လာတယ် PA +++ ပေါ့.. + မြင့်လေကြာကြာကာကွယ်ပေးနိုင်လေပေါ့နော်..”
– “ဪအဲ့လိုကိုး.. အမတို့က များသောအားဖြင့် SPF ပဲကြည့်ကြတာ..”
– “ဟုတ်တယ်အမ PA+++++ ဆိုအကောင်းဆုံးပဲရှင့်..”
– “အမ အဲ့ဆိုဘာဝယ်ရင် ကောင်းမလဲဟင်??”
– “အဲ့ဒါကတော့ အမအကြိုက်ပေါ့နော်.. အရင်ကဈေးကွက်ထဲမှာရှိတဲ့ suncream တွေကအရမ်းပြစ်တယ် လိမ်းလိုက်ရင် ထူထူကြီး နောက်စေးကပ်ပြီးဖြူသွားလို့ လူတွေကသိပ်မကြိုက်ကြဘူး.. ခုတော့ရေဓာတ်အခြေခံထုတ်ထားတဲ့ waterbase type အဆီပြန်တတ်တဲ့သူတွေအတွက် oilfree type အဲ့လိုမျိုးအမျိုးစားအမျိုးမျိုးဝယ်လို့ရနေပြီအမ.. beach မဲ့သူတွေအတွက်လည်း waterproof type ပေါ့အစားစားပဲ..
အဓိကကအပြင်မထွက်ခင် 15 မိနစ်လောက် suncream ကိုကြိုလိမ်းဖို့ရယ်.. နောက်နှစ်နာရီခြားတစ်ခါလောက် ထပ်ထပ်လိမ်းပေးဖို့ရယ် spray type တွေလည်းရှိတော့ ထပ်ဖြန်းကြဖို့ပဲအကြံပေးချင်ပါတယ်လို့..”
– “တကယ်ကျေးဇူးတင်တယ် ညီမလေးရေ.. ဒီကအပြန် Junction ဝင်ပြီး သွားဝယ်တော့မယ်.. ညီမလေးရှိတာတကယ်အားကိုးရတယ်..”
သူ့အပြောကြောင့် ကိုယ်လည်း ကျေနပ်နေရင်း..
Scarlette (ဆေး၁)