အသားအရည်လေး လှပကြည်လင်နေဖို့ဆိုတာ မိန်းကလေးတိုင်းလိုချင်တဲ့ ရည်မှန်းချက် goal တွေထဲကတစ်ခုပါ။ ဒီလိုအသားရည်လေး ပိုင်ဆိုင်ဖို့ အရေပြားထိန်းသိမ်းတဲ့ skincare တွေသုံးရုံနဲ့ မလုံလောက်ပါဘူး။ အရေပြားကိုပျက်စီးစေတဲ့ အချက်တွေကိုရှောင်ကျဉ်ဖို့လဲ လိုအပ်ပါတယ်။
အဲဒီလို အသားအရည်ပျက်စီးစေတဲ့ အကြောင်းအချက်တွေကတော့ အရက်နဲ့ဆေးလိပ်သောက်သုံးခြင်း၊ နေရောင်ခြည်ဒဏ်မှ မကာကွယ်ခြင်း၊ ရေဓါတ်နဲ့ အာဟာရဓါတ်မလုံလောက်ခြင်း၊ ဓါတုပစ္စည်းနဲ့ အသားရည်ပျက်စီးနိုင်တဲ့ အလှကုန်များသုံးစွဲခြင်းတို့ ဖြစ်ပါတယ်။ နေရောင်ခြည်အောက်မှာ အကာအကွယ်မဲ့နေခဲ့ရင် ခရမ်းလွန်ရောင်ခြည်ဓါတ်ဟာ (ultraviolet/UV rays) အသားရည်ရဲ့အတွင်းဆုံးအလွှာထိ ထိုးဖောက်ဝင်ရောက်ပြီး melanin ရောင်ခြယ်ပစ္စည်းထုတ်ခြင်းကို လှုံဆော်ပါတယ်။ ဒါကြောင့်အသားအရောင် မညီညာခြင်း၊ ဝက်ခြံ၊ အမဲစက်၊ တင်းတိပ်နေလောင်ကွက်၊ အရေပြားကင်ဆာစတဲ့ ပြဿနာတွေ ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။
ဒီပြဿနာတွေထဲကမှ ပျိုမေတို့ စိုးရွံ့တဲ့ နေရောင်ခြည်နဲ့ ထိတွေ့ ပြီးနောက် အသားအရောင်မညီညာခြင်းအတွက် ကာကွယ်ရန်နည်းလမ်းလေးတွေကတော့
- Avoid Sun tanning – နေရောင်ထဲတွင် အချိန်ကြာမြင့်စွာနေရောင်ခံခြင်းကိုရှောင်ပါ။
- Apply SPF daily – SPF ကို နေ့စဉ်အသုံးပြုပါ။
Sun Protection Factor ခေါ် SPF အနည်းဆုံး 30 ပါတဲ့ နေရောင်ကာလိမ်းဆေး (sunscreen, sunblock) ကို နေရောင်ထဲမထွက်ခင် နာရီဝက်ခန့်ကြိုတင်လိမ်းပေးပါ။ physical sunscreen အမျိုးအစားသုံးရင်တော့ လိမ်းပြီးချက်ချင်း နေရောင်ထဲထွက်နိုင်ပါတယ်။
နေရောင်အောက်တွင် အချိန်ကြာကြာနေရသူများကတော့ ၂နာရီခြားတစ်ခါ ထပ်လိမ်းပေးဖို့ လိုအပ်ပါတယ်။ - Exfoliate using gentle, micro-fine exfoliant – အသားရည်ပေါ်က အမဲစက်၊ မညီညာတဲ့အရေပြား စတဲ့ဆဲလ်အဟောင်းတွေ ဖယ်ရှားပေးပြီး ဆဲလ်အသစ်တွေလှုံဆော်ပေးအောင်၊ အရေပြားထိန်းသိမ်းတဲ့ အလှကုန်လိမ်းဆေးတွေ အတွင်းထိစိမ့်ဝင်အကျိုးရှိအောင် သင့်လျော်တဲ့နူးညံ့တဲ့ exfoliant/scrub ပုံမှန်သုံးပေးပါ။
- Be patient – မညီညာပျက်စီးနေတဲ့ အသားရည်ပြန်ကောင်းမွန်ဖို့ အနည်းဆုံး တစ်လမှ လေးလထိ အချိန်ယူရနိုင်တဲ့အတွက် စိတ်ရှည်ရှည်နဲ့ ဂရုစိုက်ဖို့လိုပါတယ်။ အချိန်တိုအတွင်း အသားရည်ပြောင်းလဲစေတယ်ဆိုတဲ့ ပစ္စည်းအချို့ဟာ အရေပြားကိုထိခိုက်စေနိုင်တဲ့ စတီးရိုက်/steroid၊ အက်ဆစ်အပြင်း စတဲ့ပစ္စည်းတွေပါနိုင်တာမို့ အထူးသတိထား သုံးစွဲဖို့လိုအပ်ပါတယ်။
- Skin type and products – မိမိအသားရည်အမျိုးအစားနဲ့ ကိုက်ညီမယ့်ပစ္စည်းများသာ နည်းစနစ်မှန်စွာသုံးပါ။
Vitamin C, Hydroquinone, Mulberry, Kojic acid, Glutathione ပါဝင်သော အလှကုန်ပစ္စည်းများ အသုံးပြုနိုင်ပါတယ်။ - Clean and moisturize – အရေပြားသန့်စင်အောင် မိတ်ကပ်ဖျက်၊ ညအိပ်ယာမဝင်ခင် မျက်နှာသန့်စင်တာ၊ အစိုဓါတ်ထိန်းခရမ်လိမ်းတာ ပုံမှန်လုပ်ပါ။
- Consult with dermatologist to get Treatment– အရေပြားဆရာဝန်နဲ့ သေချာပြပြီး ကုသမှုခံယူပါ။ Chemical peel ခေါ် အရေပြားအပေါ်လွှာပြုပြင်ခြင်းနဲ့ laser လေဆာ, IPL/intense pulsed-light treatment အလင်းကုထုံး စတဲ့လိုအပ်တဲ့ကုသမှုကို ဆွေးနွေးကုသမှုခံယူနိုင်ပါတယ်။
ပျိုမေတို့အတွက် အသားရောင်မညီညာမှုပြဿနာတွေ ကင်းဝေးရအောင် ပြင်းထန်တဲ့ နေရောင်ခြည်ရှိတဲ့အချိန်တွေမှာ (နံနက်၁၀နာရီမှ ညနေ၄နာရီကြား) အကာအကွယ်နဲ့သာ အပြင်ထွက်သင့်ပါတယ်။အသားရည်မညီညာတာ ဖြစ်ခဲ့ရင်လည်း ဒီဆောင်းပါးလေးမှာ ဖော်ပြထားတဲ့ နည်းလမ်းလေးတွေကို သေချာအချိန်ယူ လုပ်ဆောင်ပေးပြီး ကျန်းမာလှပတဲ့အသားအရည်ကို ပိုင်ဆိုင်တဲ့သူများ ဖြစ်ကြပါစေနော်…….