fbpx

Myanmar (Covid-19 Stats)

😷 49,072 Total Cases
😥 1,172 Deaths
😇 28,636 Recovered

အပူအစပ်တွေစားပြီးတော့ ပူစပ်ပူလောင် ခံစားနေရပြီဆိုလျှင်

ပူစပ်သောအစားအစာတစ်ခုကို စားမိလျှင် ခံစားရသော ပူလောင်သောခံစားချက်သည် မည်မျှဆိုးရွားကြောင်းကို ကိုယ်တိုင်ခံစားဖူးသူတိုင်း သိကြပါလိမ့်မယ်။ အဲဒီအခါမှာ ကျွန်မတို့ဟာ ပါးစပ်ထဲရှိ မီးတောက်ကဲ့သို့သော ပူစပ်ပူလောင်ခံစားချက်ကို သက်သာစေရန် ရေအေးကို သောက်လေ့ရှိကြပါတယ်။ ဒါပေမဲ့ အဲဒီနည်းလမ်းဟာ မှားယွင်းနေကြောင်းကိုတော့ သိရှိသူနည်းပါးပါတယ်။ အဘယ်ကြောင့်မှားယွင်းကြောင်းနှင့် မှန်ကန်သောနည်းလမ်းများကို မည်သို့ ပြုလုပ်ရမည်ဆိုတဲ့ အကြောင်းများကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

ဘာကြောင့် ရေသောက်ခြင်းဟာ ပူစပ်ခြင်းကို ပိုမိုဆိုးရွားစေပါသလဲ?

ရေသောက်လိုက်တဲ့အခါမှာ ငရုပ်သီးတွင်ပါဝင်သော capsaicin ဆိုတဲ့ ပူစပ်ပူလောင်မှုကို ဖြစ်စေတဲ့ ဓါတ်ပေါင်းဟာ ပါးစပ်အတွင်းမှာ ပျံနှံ့သွားပါတယ်။ ထိုအခါ ပါးစပ်အတွင်းရှိ နာကျင်မှု အာရုံခံဆဲလ်များနှင့် ထိတွေ့မိပြီး ဓါတုဓါတ်ပြုခြင်းဖြစ်ပေါ်လာပါတယ်။ ဒါကြောင့် ပူစပ်တဲ့ အရသာကို သက်သာစေမဲ့အစား ပို၍ဆိုးရွားစေပါတယ်။

ဘယ်နည်းလမ်းတွေကို လုပ်ဆောင်သင့်သလဲ?

အောက်ပါနည်းလမ်းများက ပူစပ်ပူလောင်ဝေဒနာကို သက်သာစေဖို့ များစွာကူညီပေးနိုင်ပါတယ်။

  • နွာနို့ သို့မဟုတ် ဒိန်ချဉ်ကို သောက်သုံးနိုင်ပါသည်။ ပန်းကန်ခွက်ယောက်များဆေးကြောသည့်အခါ ဆပ်ပြာသည် အဆီ မော်လီကျူးများကို ပျော်ဝင်စေခြင်းဖြင့် ဖယ်ရှားပေးသကဲ့သို့ နွားနို့နှင့် ဒိန်ချဉ်သည် capsaicin ဓါတ်ပေါင်းကို ပျော်ဝင်စေခြင်းဖြင့် ဖယ်ရှားပေးနိုင်သည်။
  • သံလွင်ဆီနှင့် မြေပဲထောပတ်များတွင်ပါဝင်သော အဆီဓါတ်များကလည်း ပူစပ်ပူလောင်ဖြစ်ခြင်းကို သက်သာစေသဖြင့် ၎င်းတို့ကိုလည်း စားသုံးနိုင်ပါသည်။
  • ထမင်းနှင့် ပေါင်မုန့်များသည်လည်း capsaicin ဓါတ်ပေါင်းကို စုပ်ယူပေးနိုင်သဖြင့် ပူစပ်ပူလောင်ဖြစ်ခြင်းကို သက်သာစေနိုင်ပါသည်။
  • သကြား သို့ မဟုတ် ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းကိုလည်း စားသုံးနိုင်ပါသည်။ သကြားနှင့် ပျားရည်ထဲတွင်ပါဝင်သော သကြားဓါတ်များသည် ပူစပ်စေသောအဆီဓါတ်များကို စုပ်ယူပေးနိုင်ပါသည်။
  • သံပရာသီးနှင့် သံပရိုသီးနှင့် ချဉ်သောအရသာရှိသော အသီးများသည်လည်း capsaicin ကို ဓါတ်ပျယ်စေသခြင့် ပူစပ်ခြင်းကို သက်သာစေနိုင်ပါသည်။
  • ထောပတ်သီးနှင့် ငှက်ပျောသီးကဲ့သို့ စေးပျစ်သော အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များက capsaicin ဓါတ်ပေါင်းကို တွယ်ကပ်ဖယ်ရှားပေးနိုင်ပါသည်။
  • အလူမီနီယံ၊ မက်ဂနီဆီယမ်၊ simethicone ပါဝင်သော ဆေးများကိုလည်း သောက်သုံးနိုင်ပါသည်။ အဆိုပါဆေးဝါးများသည် အစာအိမ်အတွင်း ဟိုက်ဒရိုကလိုရစ် အက်ဆစ်ထွက်ခြင်းကြောင့် ဖြစ်ပေါ်လာသော လေပွခြင်း၊ ရင့်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ ရင်ပူခြင်း၊ ရင်ခေါင်းအောင့်ခြင်းများကို သက်သာ ပျောက်ကင်းစေပါသည်။
  • အကယ်၍ အထက်ပါနည်းလမ်းများနှင့် အဆင်မပြေပါက ဆရာဝန်နှင့် သွားရောက်ပြသတိုင်ပင်ဖို့ အကြံပြုလိုက်ပါတယ်။

Author : Dr. မိုး (ဆေး ၁)

ဆက်စပ် ဆောင်းပါးများ