fbpx
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • OnDoctor မှ ဆရာဝန်များ
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • OnDoctor မှ ဆရာဝန်များ
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

ဝက်ခြံကင်းစင်ပြီးလှပတဲ့ အသားအရေပိုင်ရှင်ဖြစ်ဖို့ လိုအပ်သော ဗီတာမင်များ။

1
VIEWS
Share on FacebookShare on Twitter
24/11/2020
in အလှအပနှင့်ကျန်းမာရေး
စာဖတ်ရန်ကြာချိန် 1 မိနစ်
A A
0 0

ဝက်ခြံထွက်ခြင်းသည် အသက်အရွယ်မရွေး ကြုံတွေ့ရတတ်သော အရေပြားပြဿနာတစ်ခုပင်ဖြစ်ပါသည်။

ထိုသို့ဖြစ်ရခြင်း၏အကြောင်းရင်းမှာ အရေပြားအတွင်း အဆီဓာတ်အလွန်အကျွံ ထုတ်လုပ်ခြင်းနှင့် အရေပြားပေါ်တွင် ဆဲလ်သေများစုဝေးများပြားလာမှုကြောင့် ဘက်တီးရီးယားပိုးများပေါက်ပွားလာခြင်းကြောင့် ဖြစ်ပါသည်။

ထို့ပြင် ဟော်မုန်းဓာတ်ပြောင်းလဲခြင်းနှင့် မိသားစုဝင်များတွင် ဝက်ခြံထွက်သည့် ရာဇဝင်ရှိခြင်းများသည် လည်း  ဝက်ခြံထွက်ရခြင်း၏ အကြောင်းရင်းများဖြစ်ကြပါသည်။

ဝက်ခြံထွက်စေသည့် အကြောင်းရင်းများ ရှိသကဲ့သို့ ဝက်ခြံကို သက်သာစေနိုင်သည့် အရာများလည်း ရှိပါသည်။ အောက်ပါဗီတာမင်ဓာတ်များသည် ဝက်ခြံထွက်ခြင်းကို ကာကွယ်ပေးနိုင်သော ဗီတာမင်များ ဖြစ်ကြပါသည်။

 

( ၁ ) Vitamin A

ဗီတာမင် အေ သည် မျက်နှာအရေပြားတွင်အဆီဖြစ်ပေါ်ခြင်းကို  လျော့နည်းစေခြင်းအားဖြင့် ဝက်ခြံထွက်ခြင်းကို ကာကွယ်ပေးပါသည်။ ထို့အပြင် ဗီတာမင်အေ သည် ဓာတ်တိုးဆန့်ကျင် ပစ္စည်းတစ်မျိုးဖြစ်ပြီး  ခန္ဓာကိုယ်အတွက် ဆိုးကျိုးဖြစ်စေသော အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်သော အာနိသင်ရှိကြောင်းလည်း တွေ့ရှိရပါသည်။

ထို့ကြောင့် ဝက်ခြံပျောက်လိမ်းဆေးအများစုကို ဗီတာမင် အေ ကို အခြေခံ၍ထုတ်လုပ်ထား ကြောင်း  တွေ့ရှိရပါသည်။

ထို့ကြောင့် ဗီတာမင် အေ ပါဝင်မှုများပြားသော ဆေးဝါးများကို ဝက်ခြံပျောက်လိမ်းဆေးခရင်မ်များနှင့် အတူတကွ သုံးစွဲမှုမပြုလုပ်ရန် သတိပြုရပါမည်။ ထိုသို့ အတူတကွ အသုံးပြုမိပါက အရေပြားခြောက်သွေ့ခြင်းကို ဖြစ်စေနိုင်သောကြောင့် ဖြစ်ပါသည်။

ဗီတာမင် အေ ပေါကြွယ်၀သော အစားအစာများမှာ

ဟင်းနုနွယ်၊ ဘရိုကိုလီ၊ မုန်လာဥနီ၊ သရက်သီး၊ ရွှေဖရုံသီး၊ ကျောက်ကပ်၊ အသည်း၊ ဥအနှစ်၊ ထောပတ်၊ နို့၊ ချိစ် နှင့် ငါးအသည်း၏အဆီ စသည်တို့ဖြစ်ကြပါသည်။

 

( ၂ ) Vitamin B complex

လေ့လာတွေ့ရှိချက်များအရ စိတ်ဖိစီးမှုများခြင်းသည်လည်း ဝက်ခြံထွက်ခြင်း၏အကြောင်းရင်း တစ်ရပ်ဖြစ်ကြောင်းတွေ့ရပါသည်။ Vitamin B complex သည် စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်သဖြင့် ဝက်ခြံကို ကာကွယ်ရန် Vitamin B complex ကို‌ သောက်သုံးနိုင်ကြောင်းတွေ့ရှိရပါသည်။

 

( ၃ ) Vitamin B 5 (Pantothenic acid )

Vitamin B5 သည် အရေပြားရှိ အဆီဓာတ်ကို ခြေဖျက်ရန်လိုအပ်သော  Coenzyme A ဟူသော အင်ဇိုင်းဓါတ်ထုတ်လုပ်ရာတွင် အရေးပါသော ဗီတာမင်တစ်မျိုးဖြစ်ပါသည်။ ၎င်းပြင် စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်သော ဂုဏ်သတ္တိလည်းရှိသောကြောင့် ဝက်ခြံထွက်ခြင်းကို ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိရပါသည်။


( ၄ ) Vitamin C (Ascorbic acid)

Vitamin C သည် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုဖြစ်ပြီး ခန္ဓာကိုယ်၏ ခုခံအားစနစ်နှင့် ရောဂါကူးစက်ခြင်းကို ကာကွယ်ပေးနိုင်သော ဗီတာမင်တစ်မျိုးဖြစ်ပါသည်။ ဝက်ခြံအတွင်းတွင်  ပေါက်ဖွားတတ်သော ဘက်တီးရီးယားပိုးမွှားများကိုလည်း ဖယ်ရှားရှင်းလင်းပေးနိုင်သော အရည်အသွေးလည်းရှိကြောင်းတွေ့ရှိရပါသည်။ ထို့ပြင် ဝက်ခြံအမာရွတ်များ ပြန်လည်သက်သာစေရန် လိုအပ်သည့် အာဟာရဓါတ်များကို အူလမ်းကြောင်းမှ စုပ်ယူရာတွင်လည်း Vitamin C က ကူညီပေးပါသည်။

Vitamin C ကို သံပုရာသီး၊ လိမ္မော်သီး၊ မာလကာသီး၊ ဇီးသီး၊ ကီဝီသီး၊ဟင်းနုနွယ်၊ ဂေါ်ဖီထုပ်၊အာလူး၊ ခရမ်းချဉ်သီး စသည့်ဟင်းသီးဟင်းရွက်နှင့် သစ်သီး၀လံများတွင် ပေါကြွယ်၀စွာတွေ့ရှိရပါသည်။

 

( ၅ ) Vitamin E

Vitamin E သည် ဝက်ခြံပျောက်ပြီးနောက် ကျန်ရစ်သော အမာရွတ်များကို သက်သာ ပျောက်ကင်းစေ နိုင်သော ဗီတာမင်ဓာတ်တစ်မျိုးဖြစ်ပါသည်။

ထို့အပြင် နေရောင်ခြည်နှင့်ထိတွေ့မှုကြောင့် ရရှိနိုင်သော ခရမ်းလွန်ရောင်ခြည်အန္တရာယ်မှလည်း ကာကွယ်ပေးနိုင်ကြောင်းတွေ့ရှိရပါသည်။

မြေပဲဆီ၊ နေကြာဆီ၊ ပြောင်းဖူးဆီ၊ နို့၊ အသား၊ ထောပတ်နှင့် ဥများတွင် Vitamin E  ပေါကြွယ်၀စွာ ပါဝင်ကြောင်းတွေ့ရှိရပါသည်။

 

( ၆ ) Vitamin K

ဝက်ခြံကြောင့် အရေပြားခြောက်သွေ့ခြင်းနှင့် အရေပြားအရောင်ပြောင်းခြင်းတို့ကို Vitamin K  က ပြန်လည်သက်သာ ကောင်းမွန်စေနိုင်ပါသည်။  ထို့ပြင် Vitamin K သည် မျက်နှာရှိအရေးအကြောင်းများ ထွက်ပေါ်ခြင်းနှင့် မျက်ကွင်းညိုခြင်းတို့ ကိုလည်း ကာကွယ်ပေးနိုင်ကြောင်းတွေ့ရှိရပါသည်။

 

( ၇ )  Vitamin B 2 (Riboflavin)

Vitamin B2 သည် အရေပြား၊ ဆံပင်နှင့် လက်သည်း တို့ကို ကောင်းမွန်ကျန်းမာစေသော အာဟာရဓာတ်တစ်မျိုးဖြစ်ပါသည်။

ထို့အပြင် Vitamin B2 ချို့တဲ့ခြင်းကြောင့်လည်း ဝက်ခြံထွက်နိုင်ကြောင်းတွေ့ရှိရပါသည်။ ထို့ကြောင့် ဝက်ခြံကင်းစင်သော အသားအရေပိုင်ဆိုင်နိုင်ရန် Vitamin B2 များပြားစွာ ပါဝင်သော အစားအစာများကို စားသုံးရန်လိုအပ်ပါသည်။

နို့၊ နို့ထွက်ပစ္စည်းများ၊ ဥ၊ အသား၊ အသည်း ၊ ငါး၊ သစ်သီး၀လံများနှင့် ဟင်းသီးဟင်းရွက်များ စသော အစားအစာများတွင် Vitamin B 2  ပြည့်၀စွာပါဝင်ကြောင်းတွေ့ရှိရပါသည်။

 

( ၈ )     Vitamin B3 (Niacin)

Vitamin B3 သည် သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး ကာဗိုဟိုက်ဒရိတ်ဓာတ်၊ အဆီဓာတ်နှင့် အသားဓာတ်တို့၏ ခြေဖျက်မှုတွင်  အထောက်အကူပေးသော ဗီတာမင်ဓာတ်တစ်မျိုးဖြစ်ပါသည်။ထို့ပြင် အရေပြားဆဲလ်များမှ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်သော ဂုဏ်သတ္တိလည်းရှိကြောင်း တွေ့ရှိရပါသည်။

သို့သော် Vitamin B3 ကို လိုအပ်သော ပမာဏထက်ပို၍လိမ်းမိလျှင် အရေပြားပြဿနာများ ဖြစ်နိုင်သဖြင့် သတိပြုရန်လိုအပ်ပါသည်။

Vitamin B3 ပေါကြွယ်၀သော အစားအစာများမှာ တစေး၊ အသည်း၊ ပဲ၊ မြေပဲ၊ ငါး၊ ဥ၊ နို့ နှင့်ဟင်းသီးဟင်းရွက်စသည်တို့ဖြစ်ပါသည်။

Author : Dr. မိုး (ဆေး ၁)

Previous Post

ဝိတ်ကျအောင် လမ်းလျှောက်ရအောင်

Next Post

မျက်နှာပေါ်တွင် အရေပြားအမည်းစက်များ ပေါ်ပေါက်ခြင်းအကြောင်းအရင်းနှင့် သဘာဝကုထုံးများ

1
VIEWS
Share on FacebookShare on Twitter

ဆက်စပ် ဆောင်းပါးများ

ခြောက်သွေ့တဲ့ အသားအရေအတွက် အသားအရေထိန်းသိမ်းနိုင်မယ့်နည်းလမ်းများ

10 hours ago

ကလေးများ ဖွံ့ဖြိုးကြီးထွားမှုဆိုတာ

11 hours ago

ကလေးများ ဉာဏ်ရည်ထက်မြက်စေတဲ့ အစားအစာများ

12 hours ago

သွေးပေါင်ချိန်ကို လျော့ချပေးနိုင်မယ့် အစားအစာများ

1 day ago

‌အရက်ကြောင့်ဖြစ်ရသော အသည်းရောဂါ။

1 day ago

မျက်နှာအရေပြားအဆီပြန်ခြင်းကို သက်သာစေနိုင်သည့် နည်းလမ်းများ။

1 day ago

ကျန်းမာရေးအမျိုးအစားအလိုက် ခေါင်းစဉ်များ

  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • သွေးတိုးရောဂါရှင်များအတွက်ဆောင်ရန်/ရှောင်ရန် ( ၁၀ )ချက်

    0 shares
    Share 0 Tweet 0
  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • ကြည်လင်ဝင်းပသော အသားအရေရရှိစေဖို့ လိုအပ်သောဗီတာမင်နှင့် သတ္တုဓာတ်များ။

    0 shares
    Share 0 Tweet 0
  • ဆီးချိုဘာကြောင့်မကျတာလဲ

    0 shares
    Share 0 Tweet 0
  • ခန္ဓာကိုယ်တွင် သံဓာတ်လွန်ကဲခြင်း အကြောင်းအရင်းများနှင့် ရောဂါလက္ခဏာများ

    0 shares
    Share 0 Tweet 0
  • အနာမြန်မြန်ကျက်စေမဲ့ ပျားရည်

    0 shares
    Share 0 Tweet 0
  • စအိုဖြင့် လိင်ဆက်ဆံခြင်းကြောင့် ဖြစ်နိုင်တဲ့ ကျန်းမာရေးဆိုးကျိုးများ

    0 shares
    Share 0 Tweet 0
  • ဘယ်လိုအစားအစာတွေက သံဓါတ်စုပ်ယူမှုကို တားဆီးနိုင်သလဲ

    0 shares
    Share 0 Tweet 0
  • သံဓာတ်လွန်ကဲနေသော သူများတွင် သံဓာတ်လျှော့ချဖို့ ဘာတွေစားသင့်သလဲ။

    0 shares
    Share 0 Tweet 0
  • သံဓါတ်လွန်ကဲခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများနှင့် ကုသနည်းများ

    0 shares
    Share 0 Tweet 0
Next Post

မျက်နှာပေါ်တွင် အရေပြားအမည်းစက်များ ပေါ်ပေါက်ခြင်းအကြောင်းအရင်းနှင့် သဘာဝကုထုံးများ

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f
Youtube
Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • OnDoctor မှ ဆရာဝန်များ
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms below to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Subscribe For Latest Updates

Sign up to best of business news, informed analysis and opinions on what matters to you.
Invalid email address
We promise not to spam you. You can unsubscribe at any time.
Thanks for subscribing!