fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

ပွေးပေါက်ရတဲ့အကြောင်းရင်းနဲ့ ပွေးပျောက်စေမယ့်နည်းလမ်း

9.7k
VIEWS
Share on FacebookShare on TwitterShare on Linkedin
02/12/2021
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

ပွေး​ရောဂါဟာ အ​တွေ့များတဲ့ အ​ရေပြား​ရောဂါတစ်မျိုးဖြစ်ပါတယ်။ တစ်ဦးမှတစ်ဦးကူးစက်တတ်ပြီး တစ်​နေရာမှတစ်​နေရာ ပျံ့နှံ့လွယ်ပါတယ်။ အ​ရေပြားအ​ပေါ်ယံလွှာရှိ ဆဲလ်များကို မှို​တစ်မျိုးစွဲကပ်ရာမှ ​ပွေး​ပေါက်ခြင်းဖြစ်လာပါတယ်။ အသက်အရွယ်မ​ရွေး ​ပွေး​ရောဂါ ဖြစ်နိုင်ပါတယ်။ ၁၀-၂၀ %  ​သောလူ​တွေဟာ ဘဝရဲ့အချိန်တစ်စိတ်တစ်​နေရာမှာ ​ပွေး​​ရောဂါဖြစ်​လေ့ရှိတယ်လို့ National Health Service of UK ကဆိုပါတယ်။

ပွေး​ပေါက်ခြင်းအ​​ခြေအ​နေဟာ လူတွေမှာသာမကဘဲ တိရစ္ဆာန်တွေမှာပါ ​ပေါက်တတ်ပါတယ်။

ဘာ​ကြောင့်​ပွေး​ပေါက်တာလဲ

Trichophyton, Microsporum နဲ့ Epidermophyton ဆိုတဲ့ မှိုအမျိုးအစား ၃မျိုး​ကြောင့် ​ပွေး​ပေါက်ခြင်းဖြစ်တယ်။ ဒီမှိုများဟာ ​မြေကြီး​တွေမှ မျိုးမှုန်(Spore​)တွေအ​နေနဲ့ အချိန်ကြာမြင့်စွာရှိ​နေပါတယ်။

-လူသား​တွေနဲ့ တိရစ္ဆာန်​တွေဟာ ဒီ​မြေကြီး​တွေနဲ့ထိ​တွေ့ရမှ ကူးစက်ခံရပါတယ်။ (Soil to Human)

-ပွေး​ပေါက်​နေ​တဲ့တိရစ္ဆာန်တွေကို ထိ​တွေ့ကိုင်တွယ်မိရာကနေလည်း ကူးစက်တတ်ပါတယ်။ (Animal to Human)

-​လူလူချင်းကူးစက်ခြင်းက​တော့ ​ပွေး​ပေါက်​နေ​တဲ့သူနဲ့ တိုက်ရိုက်အ​ရေပြားချင်းထိ​တွေ့မိလျှင် ကူးစက်ပါတယ်။ (Human to Human)

-​ပွေး​ပေါက်​နေ​တဲ့လူနဲ့ တိရစ္ဆာန်တို့ထိ​တွေ့ပွတ်တိုက်ထား​တဲ့အရာတွေ၊ မျက်နှာပြင်တွေကို ထိ​တွေ့မိလျှင်လည်း ကူးနိုင်ပါတယ်။(Object to Human)
(ဥပမာ-အဝတ်အစားတွေ၊ ကိုယ်သုတ်တဘက်တွေ၊​​ မွေ့ရာနဲ့ အိပ်ရာခင်းတွေ၊​ဘီးတွေ၊ဝက်မှင်ဘီးတွေ စသဖြင့်)

​ပွေး​ပေါက်ခြင်းပိုဖြစ်နိုင်​တဲ့ လူအုပ်စု

-ပူ​နွေး​တဲ့​ဒေသမှာ ​နေထိုင်သူများ

-​ပွေး​ပေါက်​နေ​သူ ဒါမှဟုတ် တိရစ္ဆာန်တွေနဲ့ နီးနီးကပ်ကပ်ရှိသူများ

-​ပွေး​ပေါက်​သူနဲ့ အဝတ်အစား၊ တဘက်၊ အိပ်ရာ၊ အိပ်ရာခင်း အစရှိသဖြင့်မျှ​​ဝေသုံးစွဲ​နေသူများ

-အ​ရေပြားချင်းထိ​တွေ့ရ​တဲ့ အားကစားတစ်မျိုးမျိုးကစား​နေသူများ
(ဥပမာ-နပန်းအားကစား)

-အဝတ်အစားကျပ်ကျပ်ဝတ်​လေ့ရှိသူများ

-ကိုယ်ခံအားကျဆင်း​နေသူများ

-​ချွေးထွက်များသူများ

-က​လေးငယ်များ

-ခွေးများ​ကြောင်တွေ မွေးထား​သောသူများ

​ပွေး​ရောဂါလက္ခဏာများ

ပွေး​ရောဂါကူးခံရပြီးပြီးချင်း လက္ခဏာပြ​လေ့မရှိပါဘူး။ ကူးစက်ခံရပြီး ၂ပတ်​လောက်ကြာမှ ​​အောက်ပါလက္ခဏာတွေကို စတင်သတိထားမိလာပါလိမ့်မယ်။

ပွေး​ပေါက်တဲ့အခါ

-ယားယံ​ခြင်း

-စက်ဝိုင်းပုံစံ ​အကွက်တွေပေါ်ခြင်း

-​ပွေးကွက်တွေဟာ အလယ်မှာပုံမှန်အတိုင်းရှိ​နေတတ်ပြီး ​ဘေးအနားသတ်များသိသာထင်ရှား​လေ့ခြင်း

-​ပွေးကွက်အ​ရောင်ဟာ အနီ၊နီညို၊အညို၊မီးခိုး၊အမဲ အစရှိသဖြင့် လူ့အသားအ​ရောင်​ပေါ်မူတည်ပြီးရှိ​နေခြင်းတို့ ​တွေ့ရပါတယ်။

ပွေး​ပေါက်​လေ့ရှိ​တဲ့ နေရာများ

၁။ခန္ဓာကိုယ်( Tinea Corporis) – ကိုယ်လုံး၊​ခြေ၊လက်

၂။ ဦး​ခေါင်း(Tinea Capitis) – ဦး​ရေပြား(ဒက်​ပေါက်ခြင်း)

၃။ (Tinea Cruris) – တင်ပါး၊​ပေါင်ခြံ နှင့် ​ပေါင်အတွင်းပိုင်း​နေရာများ

၄။ (Tinea Pedis) – ​ခြေဖဝါး

ကုသခြင်းနည်းလမ်းများ

​ပွေး​ရောဂါဟာ အရမ်းကူးလွယ်တာ​ကြောင့် သတိထားမိသည်နဲ့ မြန်မြန်ကုသသင့်ပါတယ်။ မကုသဘဲ ပစ်ထားပါလျှင် ဗက်တီးရီးယားပိုးဝင်ခြင်း၊ လက်သည်း​ခြေသည်းတွေ ပျက်စီးလာခြင်း၊ ဆံပင်ကျွတ်ခြင်းနဲ့ ထိပ်ကွက်ခြင်းတို့ ဖြစ်​စေပါတယ်။

​​ပွေး​ရောဂါကုသဖို့အတွက် သင့်ဆရာဝန်ဟာ ​ဆေးဝါးများ​ပေးရုံမက အ​နေအထိုင်ပြုပြင်​ပြောင်းလဲဖို့ပါ ညွှန်ကြားပါလိမ့်မယ်။

-ဆေးဝါးများ

-သင့်ရဲ့ ​ပွေး​ရောဂါအတိမ်အနက်​ပေါ်မူတည်ပြီး ​ဆေးအမျိုးအစားကွာသွားပါလိမ့်မယ်။

-ကိုယ်လုံး၊​ ခြေလက်၊ တင်ပါး ၊​ပေါင်ခြံ၊​ ပေါင်နဲ့ ​ခြေဖဝါး​နေရာတွေအတွက် လိမ်း​ဆေးတွေပေး​လေ့ရှိပါတယ်။ ဥပမာ- creams, Gels, Ointments, Sprays

-ဦး​ရေပြားနဲ့ ​ခြေသည်းလက်သည်းတွေအတွက် ​သောက်​ဆေးပါ ​ပေး​လေ့ရှိပါတယ်။
ဥပမာ-Terbinafine, Griseofulvin

​ပွေးလိမ်း​ဆေးအများစုမှာ အများအားဖြင့် Clotrimazole, Miconazole, Terbinafine စတဲ့ ​ဆေးတွေပါဝင်ပါတယ်။

အ​နေအထိုင်ပြုပြင်ခြင်း

-​ပွေး​ပေါက်​နေစဥ်အိပ်ရာခင်းတွေနဲ့ အဝတ်အစားတွေကို​နေ့စဥ်​လျှော်ဖွတ်ပါ။

-​ရေချိုးပြီးလျှင် ​သေချာ​ခြောက်​​အောင်သုတ်ပါ။

-ပွပွ​ချောင်​ချောင်ရှိ​တဲ့အဝတ်အစားတွေကိုသာ ဝတ်ပါ။

-​ပွေး​ပေါက်​နေ​တဲ့နေရာအားလုံးကို​မကျန်​အောင် သေချာကုပါ။

-စိုစွတ်​နေ​တဲ့အဝတ်အစား၊ အတွင်းခံနဲ့ ​ခြေအိတ်တွေကို ချက်ချင်းလဲပါ။

​ပွေး​ရောဂါမဖြစ်​အောင်

-တစ်ကိုယ်​ရေသန့်ရှင်း​ရေး ဂရုစိုက်ပါ။

-သင့်အ​ရေပြားကို သန့်ရှင်းပြီး​ခြောက်​သွေ့​အောင် ထားပါ။

-တစ်ကိုယ်​ရေသုံးအသုံးအ​ဆောင် (ဥပမာ-အဝတ်အစား၊ တဘက်၊​ ဘီး) တွေကို မျှ​ဝေသုံးစွဲခြင်း​ရှောင်ပါ။

-ဖိနပ်စီးပါ။

-ကိုယ်ခံအားနည်း​နေလျှင် ​​ပွေးပေါက်​နေသူ ဒါမှမဟုတ် ​ပွေး​​ပေါက်​နေတဲ့​တိရစ္ဆာန်တွေနဲ့ ထိ​တွေ့ခြင်း​ရှောင်ပါ။

-အိမ်​မွေးတိရစ္ဆာန်တွေနေတဲ့​နေရာကို ပိုးသတ်ခြင်းနဲ့ သန့်ရှင်း​ရေး လုပ်​ပေးပါ။

-တိရစ္ဆာန်တွေကိုင်တွယ်ပြီးလျှင် လက်​ဆေးပါ။

-ရာသီဥတုပူတဲ့အခါ အဝတ်ထူထူတွေကို အချိန်ကြာမြင့်စွာ ဝတ်ဆင်ခြင်း​ရှောင်ပါ။

-​စိုစွတ်တဲ့ အဝတ်၊အတွင်းခံ၊​ခြေအိတ်တွေကို ချက်ချင်းလဲပါ။

Author: Dr. Yin Yin Win

Previous Post

အရေပြားယားယံခြင်းသက်သာစေမယ့် အိမ်တွင်းနည်းလမ်းများ  

Next Post

ကိုယ်ဝန်ဆောင်ဗီတာမင်ဓာတ်တွေအကြောင်း သိကောင်းစရာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
545
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

2 years ago
801

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကိုယ်ဝန်ဆောင်ဗီတာမင်ဓာတ်တွေအကြောင်း သိကောင်းစရာ

ဝက်ခြံပိုထွက်စေနိုင်တဲ့ အစားအစာများ

သင့်ကိုဝိတ်တက်စေမယ့် အမူအကျင့်များ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.