fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

ရေကျောက်အမာရွတ်တွေ သက်သာပျောက်ကင်းစေမယ့်နည်းလမ်း

4.3k
VIEWS
Share on FacebookShare on TwitterShare on Linkedin
18/01/2022
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

​ရေ​ကျောက်​ပေါက်ခြင်းဟာ တစ်သက်မှာတစ်ခါသာဖြစ်​တတ်တယ်ဆိုတာကို ကြားဖူးကြမှာပါ။ အထူးသဖြင့် ​ရေ​ကျောက်ဟာ ငယ်ရွယ်စဥ်က​လေးဘဝမှာ အဖြစ်များကြပါတယ်။ ​ရေ​ကျောက်ဟာ အ​ရေပြား​ပေါ်မှာ အရည်ကြည်ဖုအနာ​လေး​တွေတစ်ကိုယ်လုံးအနှံ့​ပေါက်ခြင်းဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦးအ​ရေပြားချင်းထိမှကူးတာမဟုတ်ဘဲ အသက်ရှူလမ်း​ကြောင်းမှတစ်ဆင့်ကူးစက်တတ်တဲ့​ရောဂါဖြစ်တာ​ကြောင့် ကူးစက်လွယ်တဲ့​ရောဂါဘဲဖြစ်ပါတယ်။ Varicella-zoster  လို့​ခေါ်တဲ့ ဗိုင်းရပ်စ်ပိုး​ဟာ ​ရေ​ကျောက်ဖြစ်​စေတဲ့ တရားခံပဲဖြစ်ပါတယ်။

​ရေ​ကျောက်ဟာ က​လေး​တွေမှာအဖြစ်များ​ပေမဲ့ အချို့လူကြီး​တွေမှာလည်း ဖြစ်တတ်​လေ့ရှိပါတယ်။ အရည်ကြည်ဖု​လေး​တွေ​ပေါက်ရင် ၁၀ရက်က​နေ ၂၁ရက်​​လောက်ထိကြာမြင့်နိုင်ပါတယ်။ ဗိုင်းရပ်စ်ပိုး​ကြောင့်ဖြစ်တဲ့အတွက်အဖျားလည်း တက်နိုင်ပါတယ်။ အရည်ကြည်ဖု​လေး​တွေ​ပေါက်ထွက်သွားရင်​တော့ အမာရွတ်​တွေကျန်ခဲ့​လေ့ရှိပါတယ်။ ပျမ်းမျှအားဖြင့်အမာရွတ်​တွေ​ပျောက်ကင်းဖို့ ၆ လက​နေ ၁ နှစ်လောက်ထိ ကြာမြင့်နိုင်ပါတယ်။

တချို့​ရေ​ကျောက်အမာရွတ်​တွေဆိုရင် အချိန်​အ​တော်ကြာမြင့်တဲ့အထိမ​ပျောက်ဘဲကျန်​နေတာမျိုး​တွေလည်းရှိတတ်ပါတယ်။ အနာဖြစ်​နေစဥ် ယားလို့ကုတ်ထားတဲ့အခါ ပိုကြီးပြီးပိုနက်​တဲ့အမာရွတ်​တွေဖြစ်လာစေတတ်ပါတယ်။ ဒီလိုအမာရွတ်​တွေဟာ သိသာထင်ရှားတဲ့​နေရာ​တွေဖြစ်တဲ့ မျက်နှာ၊ လည်ပင်း၊ လက်စတာ​တွေမှာ ထင်ရှား​နေမယ်ဆိုရင် အလွန်စိတ်အ​နှောင့်အယှက်ဖြစ်​စေနိုင်ပါတယ်။ ဒါ​ကြောင့် အမာရွတ်​တွေသက်သာ​စေနိုင်ဖို့ မိမိအိမ်မှာတင် အလွယ်တကူပြုလုပ်နိုင်မယ့် နည်းလမ်း​လေး​တွေကို ​ဖော်ပြ​ပေးသွားပါမယ်။

 

၁။ ရှား​စောင်းလက်ပပ်

ရှား​စောင်းလက်ပက်ဟာ ​ရေဓာတ်ဖြည့်ဆည်းပေးနိုင်တဲ့ နာမည်ကြီး သဘာဝပစ္စည်း​​ဖြစ်ပါတယ်။ ဒါ့ပြင် ရှား​စောင်းလက်ပပ်ဟာ ဗိုင်းရပ်စ်ပိုး​တွေကိုသတ်နိုင်စွမ်းရှိပြီး Anti Oxidants ​​တွေလည်းပါဝင်လို့ အပြစ်အနာအဆာ​တွေကို သက်သာ​စေပါတယ်။ ရှား​စောင်းလက်ပက်မှာပါဝင်တဲ့ အင်ဇိုင်း​တွေဟာ အ​ရေပြားထဲကို စိမ့်ဝင်သွားတဲ့အခါ အ​ရေပြားအတွင်းပိုင်းကဆဲလ်​လေး​တွေကို ​ရေဓာတ်ဖြည့်တင်း​ပေးပြီး ဆဲလ်အသစ်ရှင်သန်နိုင်​အောင်လည်း အား​ပေးပါတယ်။

ရှား​စောင်းလက်ပပ်ကို အမာရွတ်ရှိတဲ့​နေရာ​ပေါ်မှာ ၅ မိနစ်ခန့်ကြာ​အောင်ပွတ်လိမ်း​ပေးရပါမယ်။ ​၁၀ မိနစ်ခန့်ထပ်​စောင့်ပြီး​နောက် ​ရေ​ဆေးချရပါမယ်။ ဒီနည်းအတိုင်း ၁​​နေ့ ၃ ကြိမ်အထိပြုလုပ်​ပေးနိုင်ပါတယ်။

 

၂။ ပျားရည်

ပျားရည်မှာလည်း​ရေဓာတ်ဖြည့်တင်းနိုင်စွမ်းရှိပြီး ​ရေ​ကျောက်အမာရွတ်​တွေကို အ​ရောင်​​ဖျော့သွား​​စေနိုင်ပါတယ်။ ပျားရည်ကိုလည်း ရှား​စောင်းလက်ပက်ကဲ့သို့ ၁၀မိနစ်ထားပြီး​နောက်​​ရေ​ဆေးချရပါမယ်။

 

၃။ သံပရာသီး

သံပရာသီးမှာပါဝင်တဲ့ ဗီတာမင်စီဟာ အသားအ​ရေကြည်လင်နုပျိုနိုင်ဖို့ Collagen ထုတ်လုပ်မှုကိုအား​ပေးပြီး မ​ကောင်းတဲ့ Free Radicals ​တွေထုတ်လုပ်ခြင်းကိုလည်း တားဆီး​ပေးပါတယ်။ ဒါ့ပြင် အ​ရေပြားကို အာဟာရဓာတ်​တွေဖြည့်တင်း​ပေးနိုင်ပြီး ​ရေ​ကျောက်အမာရွတ်​တွေသက်သာ​စေကာ အသားအ​ရေကိုဝင်းလက်လာ​စေပါတယ်။

 

၄။ အုန်းဆီ

အုန်းဆီဟာ အနာ​တွေကိုလျင်မြန်စွာ​ခြောက်​သွေ့​စေနိုင်တဲ့ အစွမ်းရှိပါတယ်။ ​ရေ​ကျောက်​ပေါက်နေစဥ်ဖြစ်တတ်တဲ့ နီမြန်းမှုနဲ့ ယားယံမှု​တွေကိုလည်း သက်သာ​စေနိုင်ပါတယ်။

 

၅။ ​ထောပတ်သီး

ထောပတ်သီးမှာ ဗီတာမင်အီး များစွာပါဝင်​နေပါတယ်။ ​ရေ​ကျောက်အမာရွတ်​တွေကို​မှေးမှိန်​စေပြီး အ​ရေပြားအတွက် ​ရေဓာတ်နဲ့အာဟာရဓာတ်​တွေကိုလည်း လုံ​လောက်​အောင်ဖြည့်တင်း​ပေးနိုင်ပါတယ်။

အမာရွတ်​ပေါ်ကို ထောပတ်သီး​လေးနဲ့ သုတ်လိမ်းထားပြီး ညင်သာစွာနှိပ်နယ်​ပေးနိုင်ပါတယ်။

 

၆။ သခွားသီး

သခွားသီးဟာ အ​ရေပြားကို နူးညံ့​​ချောမွတ်​စေပြီး ​ရေဓာတ်ပြည့်ဝ​အောင်ဖြည့်တင်း​ပေးနိုင်ပါတယ်။ သခွားသီးကို​ချေပြီး သံပရာသီးနဲ့​ရောလိမ်းပါက ​ရေ​ကျောက်အမာရွတ်​တွေကို သက်သာလာ​စေမှာဖြစ်ပါတယ်။

 

၇။ မုန့်ဖုတ်ဆိုဒါ

ရေကျောက်ဖြစ်တဲ့အခါ အမာရွတ်ဖြစ်ရခြင်းမှာ ယားယံမှုကိုသက်သာစေရန် အရည်ကြည်ဖု​တွေကိုကုတ်ခြစ်ခြင်းကြောင့် ဖြစ်ပါတယ်။  မုန့်ဖုတ်ဆိုဒါဟာ ယားယံမှု​တွေကို သက်သာစေပြီး အမာရွတ်များဖြစ်ပေါ်ခြင်းကို ကာကွယ်ပေးပါသည်။  အရေပြားရဲ့ pH အဆင့်ကိုလည်း ထိန်းညှိ​ပေးပါတယ်။  မုန့်ဖုတ်ဆိုဒါနဲ့ ရေ​ရောစပ်ပြီးလိမ်း​ပေးပါက အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အမာရွတ်တွေသက်သာ​စေနိုင်ပါတယ်။

​အထက်ပါသဘာဝပစ္စည်း​လေး​တွေဟာ ရေ​ကျောက်အမာရွတ်​တွေကို သက်သာ​လာအောင် ပြုလုပ်​​ပေးနိုင်ပြီး အသားအ​ရေကိုလည်း စို​ပြေကြည်လင်လာ​စေနိုင်ပါတယ်။

Author: Dr. Aye Myat

Previous Post

ကိုဗစ်ကာကွယ်ဆေးတွေ ဘယ်နှနှစ်အောက်ထိထိုးလို့ရပြီလဲ၊ ကလေးတွေအတွက် စိတ်ချရရဲ့လား

Next Post

အရေပြားအကြောပြတ်တာ ဘာကြောင့်လဲ? သက်သာပျောက်ကင်းဖို့ဆိုရင်…

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
542
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

2 years ago
797

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
1.9k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အရေပြားအကြောပြတ်တာ ဘာကြောင့်လဲ? သက်သာပျောက်ကင်းဖို့ဆိုရင်…

စိတ်ဖိစီးမှုက အစာခြေစနစ်အပေါ် ဘယ်လိုသက်ရောက်မှုရှိလဲ

ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ ကိုဗစ်ကာကွယ်ဆေးထိုးလို့ရသလား

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.