အမာရွတ်ဆိုသည်မှာ ကိုယ်ခန္ဓာထိခိုက်ရှနာများဖြစ်ပြီးနောက် ကိုယ်ခန္ဓာမှဒဏ်ရာသက်သာစေရန် လုပ်ဆောင်ရသော ဇီ၀ကမ္မ ဖြစ်စဥ်တစ်ခုဖြစ်သည်။ လူတိုင်းတွင် အမာရွတ်ကိုယ်စီရှိကြပါသည်။ အချို့က သေးသည်။ အချို့က ကြီးသည်။
ကြီးမားသော အမာရွတ်များအတွက် လေဆာပစ်၍ကုသနိုင်သည်။ ထိုနည်းလမ်းများက ငွေကုန်ကြေးကျများသည်။ ထို့ပြင် Keloid အမာရွတ်နှင့် ကြွက်သားတစ်သျှူးများ ပျက်စီးသွားသည်အထိ ပုံပျက်နေသည့် အမာရွတ်များကိုတော့ ပျောက်ကင်းစေနိုင်မည်မဟုတ်ပေ။
အိမ်တွင်းသုံးအဆီများဖြင့်လည်း အမာရွတ်များ မှိန်သွားအောင် ပြုလုပ်လို့ရသည်။ အမာရွတ်ပျောက်ချင်လျှင် အိမ်တွင်အလွယ်တကူရနိုင်သော လောပန်းဆီ၊ အုန်းဆီ၊ သံလွင်ဆီများကို အမာရွတ်ပေါ်တွင် မနက်တစ်ကြိမ် ညတစ်ကြိမ် လိမ်းပေးလို့ရပါသည်။ ရှားစောင်းလက်ပပ်နှင့် Vitamin E ပါသောအဆီများသည်လည်း အမာရွတ်များ သက်သာစေရန် များစွာအထောက်အကူပြုလေသည်။
ယခုအခါ အမာရွတ်ပျောက်စေသော Lotion များ၊ လိမ်းဆေးများ စျေးကွက်ထဲတွင် များစွာရှိနေသည်။ မိမိအသားအရေနှင့် တည့်သော လိမ်းဆေးများ ၀ယ်ယူသုံးဆွဲပါက အမာရွတ်များကို သက်သာပျောက်ကင်းနိုင်သည်။ ထို lotion များထဲတွင် အမာရွတ်ကို သက်သာစေနိုင်သော Helichrysum Essential Oil, Frankincense Essential Oil, Geranium Essential Oil, Levender Essential Oil, Carrot Seed Essential Oil, Cedar Wood Essential Oil, Hyssop Essential Oil, Tea Tree Oil, Neroli Essential Oil, Rosehip Seed Oil, Almond Oil, Coconut Oil, Grapeseed Oil, Avocado Oil, Olive Oil, Apricot Oil, Jojoba oil, Hazelnut Oil စသောအဆီများ တစ်မျိုးမဟုတ် တစ်မျိုးပါ၀င်သည်။
အထက်ပါအဆီများပါသော အမာရွတ်ပျောက် လိမ်းဆေးများကို တစ်လခန့် မနက်တစ်ကြိမ် ညတစ်ကြိမ် လိမ်းပေးပါက အမာရွတ်များ မှိန်လာသော အကျိုးကျေးဇူးများရရှိမည်ဖြစ်သည်။ အချိန်တိုအတွင်း မည်သည့်အမာရွတ်မှ မပျောက်ကင်းပါ။ စိတ်ရှည်ရှည်နှင့် မှန်မှန်လိမ်းပေးဖို့လိုပါသည်။ သို့သော် အမာရွတ်တစ်ခါဖြစ်ဖူးလျှင် မိမွေးတိုင်းဖမွေးတိုင်း အသားအရေမျိုး ပြန်ရရန်တော့ ဖြစ်နိုင်တော့မည်မဟုတ်ပေ။
Author: Dr. Aye Chan Moe