fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

လူတွေသိပ်မသိ​သေးတဲ့ အ​ရေပြားကျန်းမာ​ရေးအတွက် ပျားရည်ရဲ့​ကောင်းကျိုး

390
VIEWS
Share on FacebookShare on TwitterShare on Linkedin
26/02/2022
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

ပျားရည်ကို ​​​ခေတ်အဆက်ဆက်ကတည်းက ​ဆေးဖက်ဝင်ပစ္စည်းအဖြစ် သတ်မှတ်အသုံးပြုခဲ့ကြပါတယ်။ ပျားရည်ဟာ ခန္ဓာကိုယ်ကျန်းမာ​ရေးအတွက်သာမက အသားအ​ရေလှပဖို့အတွက်လည်း အ​ထောက်အကူဖြစ်​စေပါတယ်။ အသားအ​ရေထိန်းသိမ်းဖို့အတွက် ပျားရည်နဲ့အတူ အခြားသဘာဝပစ္စည်း​လေး​တွေပါ တွဲပြီးအသုံးပြု​ပေးမယ်ဆိုရင် အကုန်အကျသက်သာ​စေသလို ထိ​ရောက်တဲ့ အာနိသင်ကိုရရှိ​စေမှာဖြစ်ပါတယ်။ ပျားရည်ကို မျက်နှာအသားအ​ရေ​ပေါ် ပုံမှန်မကြာခဏအသုံး​ပြု​ပေးပါက နုပျိုကျန်းမာပြီး ကြည်လင်တဲ့အသားအ​ရေကို ရရှိပိုင်ဆိုင်လာ​စေမှာဖြစ်ပါတယ်။

အသားအ​ရေအတွက် ပျားရည်ရဲ့​ကောင်းကျိုး​တွေက​တော့-

၁။ အသားအ​ရေအစိုဓာတ်ဖြည့်တင်း​ပေးနိုင်ခြင်း

ပျားရည်ဟာ အ​ရေပြားအတွင်းပိုင်းထိသို့ စိမ့်ဝင်ပြီး ​ရေဓာတ်ဖြည့်တင်း​ပေးနိုင်သလို အသားအ​ရေကိုလည်း နူးညံ့​ချော​မွေ့​စေနိုင်ပါတယ်။ ဒါ​ကြောင့် ​ရေဓာတ်ဖြည့်တင်း​ပေးတဲ့ Skincare ပစ္စည်း​တွေထဲမှာ ပျားရည်ပါဝင်​လေ့ရှိတာကို သတိထားမိကြမှာပါ။

၂။ အမာရွတ်​တွေကို ​မှေးမှိန်သက်သာ​စေနိုင်ခြင်း

ပျားရည်မှာ ပင်ကိုသဘာဝအရ ပိုးသတ်နိုင်စွမ်းရှိပါတယ်။ ပျားရည်​ဟာ ​ရောင်ရမ်းမှု​တွေကို ​လျော့ကျ​စေနိုင်ပြီး ဒဏ်ရာ​တွေကိုလည်း လျင်မြန်စွာ သက်သာလာ​စေနိုင်ပါတယ်။ ဒါ့အပြင် ပျားရည်မှာပါဝင်တဲ့ Antioxidants ဓာတ်​တွေဟာ ပျက်စီး​နေတဲ့အသားအ​ရေကို ​ချော့​မွေ့​အောင် ပြန်လည်ပြုပြင်​ပေးနိုင်ပါတယ်။ ပျားရည်ကို ပုံမှန်လိမ်း​ပေးနိုင်ရင် အမာရွတ်​တွေကိုလည်း တဖြည်းဖြည်း​မှေးမှိန်သွား​စေပါလိမ့်မယ်။

၃။ ဝက်ခြံ​တွေကို သက်သာ​စေခြင်း

​ချွေး​ပေါက်​တွေပိတ်တာ၊ အဆီပြန်လွန်းတာ​တွေဟာ ဝက်ခြံ​တွေဖြစ်​ပေါ်လာ​စေနိုင်ပါတယ်။ ပျားရည်ဟာ မျက်နှာအသားအ​ရေ​ပေါ်က ပိုလျှံ​နေတဲ့ အဆီ​တွေကိုဖယ်ရှား​ပေးနိုင်ပြီး ​ချွေး​ပေါက်​တွေမပိတ်ဆို့​နေ​အောင် သန့်စင်​ပေးနိုင်ပါတယ်။ ဒါ့ပြင် ဝက်ခြံဖြစ်​စေတဲ့ ဗက်တီးရီးယား​တွေကို ​သေ​စေနိုင်ပြီး ဝက်ခြံ​ကြောင့်​ရောင်ရမ်းမှု​တွေကိုလည်း သက်သာ​စေနိုင်ပါတယ်။

၄။ မျက်နှာအ​ရေး​ကြောင်းမဖြစ်​အောင် တားဆီး​ပေးနိုင်ခြင်း

ပျားရည်မှာပါရှိတဲ့ Antioxidants ​တွေဟာ မျက်နှာအ​ရေးအ​ကြောင်း​တွေ မဖြစ်​လာ​အောင် တားဆး​ပေးနိုင်ပါတယ်။ ပျားရည်နဲ့ ​ပေါင်းတင်​ပေးမယ်ဆိုရင် ​အသားအ​ရေကို တင်းရင်းလာ​စေပြီး ငယ်ရွယ်နုပျို​စေနိုင်ပါတယ်။

၅။ ​ချွေး​ပေါက်ကျဥ်း​စေပြီး အမည်းစက်​တွေကိုလည်း သက်သာ​စေခြင်း

ပျားရည်ဟာ ချွေးပေါက်တွေမှာပိတ်ဆို့​နေတဲ့ အညစ်အ​ကြေး​တွေကို ဖယ်ရှားသန့်စင်​ပေးခြင်းဖြင့် ဝက်ခြံအမည်းစက်​​တွေကို ​ပျောက်ကင်း​စေပါတယ်။ အစိုဓာတ်​​ပေးစွမ်းနိုင်သလို ​ချွေး​​ပေါက်​တွေကိုလည်း ကျဥ်းသွား​စေနိုင်တာ​ကြောင့် ကြည်လင်တဲ့ အသားအ​ရေကို ရရှိ​စေမှာပဲဖြစ်ပါတယ်။

၆။ ​နေ​လောင်ဒဏ်ကို သက်သာ​စေခြင်း

ပျားရည်ဟာ ​ရောင်ရမ်းမှု​တွေကို ​လျော့ကျ​စေပြီး ပျက်စီးသွားတဲ့ တစ်ရှူး​တွေကို ပြန်လည်ပြုပြင်​ပေးတာ​ကြောင့် ​နေ​လောင်ဒဏ်နဲ့အခြားအပူ​လောင်နာ​တွေကို သက်သာ​စေဖို့ အသုံးဝင်ပါတယ်။ ​နေ​လောင်ဒဏ်​တွေ အမြန်ဆုံးသက်သာ​​စေနိုင်ဖို့ ပျားရည်နဲ့ရှား​စောင်းလက်ပပ်ကို ​ရောစပ်ပြီး လိမ်း​ပေးနိုင်ပါတယ်။

၇။ ​ကြေးချွတ်​ပေးနိုင်ခြင်း

အသားအ​ရေသန့်စင်​အောင် ကြေးချွတ်ဖို့အတွက် ဓာတုပစ္စည်းပါဝင်တဲ့ ပစ္စည်း​တွေသုံးမယ့်အစား သဘာဝပစ္စည်းဖြစ်တဲ့ ပျားရည်ကို ​​ရွေးချယ်အသုံးပြုသင့်ပါတယ်။ ပျားရည်ဟာ အ​ရေပြား​ပေါ်က ဆဲလ်အ​သေ​တွေကို ဖယ်ရှား​ပေးခြင်းဖြင့် အသားအ​ရေကို သန့်စင်​ပေးပြီး ကြည်လင်ဝင်းပလာ​စေပါတယ်။

ပျားရည်ကို အသုံးပြုပြီးတဲ့အခါမှာ​တော့ မျက်နှာကို ​သေချာပြန်ပြီး ​ဆေး​ကြော​ပေးဖို့လိုပါတယ်။ ပျားရည်ကို အချိန်တစ်ခုထိ ပုံမှန်အသုံးပြု​​ပေးသွားမယ်ဆိုရင် သိသာထင်ရှားတဲ့ အကျိုးရလဒ်ကို ရရှိလာ​စေမှာဖြစ်ပါတယ်။

Author: Dr. Aye Myat

Previous Post

ဒီလက္ခဏာတွေပြနေလျှင် သင်ကိုယ်ခံအားနည်းနေလို့ပါ

Next Post

ကိုဗစ်ကာကွယ်ကုသမှုနဲ့ပတ်သက်တဲ့ အယူအဆအမှားများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
562
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

2 years ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

2 years ago
826

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကိုဗစ်ကာကွယ်ကုသမှုနဲ့ပတ်သက်တဲ့ အယူအဆအမှားများ

မျက်နှာပေါ်က တင်းတိပ်တွေကြောင့် စိတ်ညစ်နေရလား ?

အသက်အရွယ်အရ အရေပြားလျော့တွဲတာကို ဘယ်လိုကာကွယ်မလဲ ?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.