fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

မျက်နှာပေါ်က တင်းတိပ်တွေကြောင့် စိတ်ညစ်နေရလား ?

1.7k
VIEWS
Share on FacebookShare on TwitterShare on Linkedin
28/02/2022
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

မျက်နှာပေါ်က တင်းတိပ်​တွေဟာ ကျန်းမာ​ရေးကို မထိခိုက်နိုင်​​ပေမဲ့ အလှအပအတွက်​တော့ အလွန်စိတ်ရှုပ်စရာ​ကောင်းပါတယ်။ တစ်ခါတစ်ရံတင်းတိပ်​တွေဟာ မျက်နှာ​​ပေါ်မှာသာမက လည်ပင်း၊ လက်ဖျံတို့မှာပါ ​တွေ့ရတတ်ပါတယ်။

 

ဘာ​ကြောင့် တင်းတိပ်​တွေ​ပေါ်လာရသလဲ

အ​ရေပြား​ပေါ်မှာရှိတဲ့ ဆဲလ်​လေး​တွေဟာ အ​ရောင်ကို ထုတ်သင့်တာထက်ပိုထုတ်​နေခြင်း​ကြောင့်  Melasma (ခေါ်) တင်းတိပ်​တွေဖြစ်​ပေါ်လာရပါတယ်။ အထူးသဖြင့် တင်းတိပ်​တွေဟာ မ​ဟော်မုန်းအ​ပြောင်းအလဲနဲ့ မညီမျှမှု​တွေ​ကြောင့် ဖြစ်​ပေါ်​လေ့ရှိတာမို့ အမျိုးသမီး​တွေမှာ တင်းတိပ်​​တွေပို​တွေ့ရလေ့ရှိပါတယ်။ ဒါ​​ကြောင့် ​ဟော်မုန်း​ဆေး​သောက်​နေသူ​တွေ၊ ကိုယ်ဝန်​ဆောင်မိခင်​တွေမှာဆိုရင် တင်းတိပ်​တွေပိုဖြစ်​ပေါ်နိုင်ပါတယ်။

ဒါ့ပြင် ​နေ​လောင်ဒဏ်ခံရခြင်းကလည်း တင်းတိပ်​တွေဖြစ်လာ​စေနိုင်တဲ့ အ​ကြောင်းအရင်းတစ်ရပ်ဖြစ်ပါတယ်။

တင်းတိပ်​တွေဟာ များ​သောအားဖြင့် ယားခြင်း၊ နာခြင်း​တွေမရှိတတ်ပါဘူး။ အထူးသဖြင့် ပါးနှစ်ဖက်၊ နဖူး၊ နှာ​ခေါင်းနဲ့ အ​ပေါ်နှုတ်ခမ်း​တွေမှာ ဖြစ်​ပေါ်နိုင်ပါတယ်။

 

တင်းတိပ်​တွေမဖြစ်လာ​အောင် ဘယ်လိုကာကွယ်ရမလဲ

တင်းတိပ်​တွေဟာ ​နေ​လောင်ဒဏ်​ကြောင့် ဖြစ်လာတတ်တာမို့ ​​နေ့စဥ် spf 30 or 50 ပါဝင်တဲ့ Sunscreen ကို မဖြစ်မ​နေလိမ်း​ပေးသင့်ပါတယ်။ ဒါ့ပြင် ​နေပူထဲထွက်မယ်ဆိုရင် ထီး၊ ဦးထုပ်စသဖြင့် အသုံးပြု​ပေးရပါမယ်။ ဒါ့ပြင် စိတ်ဖိစီးမှု​ကြောင့် ​ဟော်မုန်းမညီမျှမှု​တွေ ဖြစ်မလာ​အောင် ကိုယ်လက်လှုပ်ရှားမှု​တွေနဲ့ မိမိနှစ်သက်ရာဝါသနာပါရာကို ​နေ့စဥ်ပြုလုပ်​ပေးသင့်ပါတယ်။

 

တင်းတိပ်​တွေသက်သာ​အောင် ဘယ်လိုနည်းလမ်း​တွေနဲ့ ကုသနိုင်လဲ

၁။ Kojic Acid သို့မဟုတ် Melaplex ပါဝင်တဲ့ lotions ​တွေဟာအသားဖြူလာ​စေနိုင်တာ​ကြောင့် တင်းတိပ်​တွေကို ​မှေးမှိန်သွား​စေပါတယ်။

၂။ Chemical peel လုပ်ခြင်းဟာလည်း တင်းတိပ်​တွေကို သက်သာ​စေမယ့် နည်းလမ်းတစ်မျိုးဖြစ်ပါတယ်။ Chemical Peeling ​တွေထဲမှာ ပါဝင်​လေ့ရှိတဲ့ Glycolic Acid ဟာ တင်းတိပ်​တွေရှိ​နေတဲ့ အ​ရေပြားရဲ့ အ​ပေါ်ဆုံးအလွှာကို ကွာကျသွား​စေပါတယ်။

၃။ ​လေဆာပစ်ခြင်းဟာလည်း တင်းတိပ်​တွေကို သက်သာ​စေနိုင်ပါတယ်။ ဒါပေမဲ့လည် ​တစ်ခါတစ်ရံ ဆိုးကျိုး​တွေရှိလာနိုင်တာ​ကြောင့် ​လေဆာပစ်လိုတယ်ဆိုရင် အ​ရေပြားဆရာဝန်နဲ့ တိုင်ပင်​ဆွေး​နွေးပြီးမှသာ လုပ်​ဆောင်ရမှာဖြစ်ပါတယ်။

တင်းတိပ်​တွေကို အိမ်တွင်းသဘာဝပစ္စည်း​​တွေနဲ့​ရောကုသနိုင်လား

သဘာဝပစ္စည်း​အချို့နဲ့လည်း မျက်နှာ​ပေါ်က တင်းတိပ်​တွေကို သက်သာ​အောင် ကုသနိုင်ပါတယ်။

(၁) နနွင်း

နနွင်းမှာပါဝင်တဲ့ Curcumin လို့​ခေါ်တဲ့ Antioxidant တစ်မျိုးဟာ အသားအ​ရောင်ကို ဖြူဝင်းလာကာ တင်းတိပ်​တွေကို သက်သာလာ​စေနိုင်ပါတယ်။

(၂) သံပရာသီး

သံပရာသီးဟာ အ​ရေပြားပြဿနာ​တော်​တော်များများကို ကုသတဲ့​နေရာမှာ နာမည်ကြီးပါတယ်။ သံပရာသီးဟာ မျက်နှာ​ပေါ်က တင်းတိပ်၊ အညိုစက်​တွေကို ဖယ်ရှား​ပေးနိုင်ပါတယ်။

(၃) သ​င်္ဘောသီး

သင်္ဘောသီးမှာပါဝင်တဲ့ Papain ဟာ တင်းတိပ်​တွေကို ထိ​ရောက်စွာ သက်သာ​စေနိုင်ပါတယ်။ သ​င်္ဘောသီးကို ပျားရည်နဲ့​ရောပြီး မိနစ်၂၀ခန့် ​ပေါင်းတင်​ပေးရပါမယ်။ တစ်ပတ်ကို တစ်ကြိမ် ၃ လခန့်ပြုလုပ်​ပေးရင် တင်းတိပ်​တွေ သက်သာလာ​တာကို မြင်​တွေ့ရမှာဖြစ်ပါတယ်။

(၄) ရှား​စောင်းလက်ပပ်

မျက်နှာစို​ပြည်ဝင်းပဖို့ ရှား​စောင်းလက်ပပ်နဲ့ မကြာခဏ​​ပေါင်းတင်​လေ့ရှိကြပါတယ်။ ရှား​စောင်းလက်ပပ်ဟာလည်း တင်းတိပ်​တွေကို သက်သာ​စေနိုင်တဲ့ သဘာဝပစ္စည်းတစ်မျိုးဖြစ်ပါတယ်။

(၅) ကြက်သွန်နီ

ကြက်သွန်နီထဲမှာ ပါဝင်တဲ့ Sulfoxides နဲ့ Cepaenes တို့ဟာ တင်းတိပ်​တွေကို သက်သာ​စေနိုင်သလို နီမြန်းမှုနဲ့ ညိုညစ်မှု​တွေကိုလည်း ​လျော့​ပါး​စေနိုင်ပါတယ်။

(၆) သခွားသီး

သခွားသီးမှာ ​ရေဓာတ်ပြည့်ဝစွာပါဝင်တာ​ကြောင့် အသားအ​ရေကို စို​ပြည်ဝင်းပလာ​စေပြီး တင်းတိပ်​တွေကို ​​မှေးမှိန်သွား​စေနိုင်ပါတယ်။

တင်းတိပ်​တွေ သက်သာလာ​စေဖို့ ဆိုရင် သဘာဝပစ္စည်း​တွေကို စိတ်ရှည်ရှည်နဲ့ ပုံမှန်အသုံးပြု​​ပေးရမှာဖြစ်ပါတယ်။ တင်းတိပ်​တွေပိုမဆိုးလာ​အောင် ​နေ​လောင်ဒဏ်မခံရ​အောင် ကာကွယ်​နေထိုင်ဖို့လည်း လိုပါတယ်။ မိမိရဲ့တင်းတိပ်​တွေဟာ အလွန်အမင်းစိတ်အ​နှောင့်အယှက်ဖြစ်​စေပြီး ​နေ့စဥ်ဘဝကိုပါထိခိုက်​နေပြီဆိုရင်​​တော့ အ​ရေပြားဆရာဝန်နဲ့ တိုင်ပင်ပြသသင့်ပါတယ်။

Author: Dr. Aye Myat

Previous Post

ကိုဗစ်ကာကွယ်ကုသမှုနဲ့ပတ်သက်တဲ့ အယူအဆအမှားများ

Next Post

အသက်အရွယ်အရ အရေပြားလျော့တွဲတာကို ဘယ်လိုကာကွယ်မလဲ ?

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
562
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

2 years ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

2 years ago
826

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အသက်အရွယ်အရ အရေပြားလျော့တွဲတာကို ဘယ်လိုကာကွယ်မလဲ ?

အိုမီခရွန်က တခြားမျိုးကွဲတွေထက် ဘာကြောင့်ကူးစက်မှုပိုမြန်တာလဲ ?

ရာသီဥတုအေးရင် အဆစ်အမြစ်ပိုနာတတ်သလား

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.