fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

မျက်လုံးတစ်၀ိုက် အရေးကြောင်းတွေကင်းချင်လျှင်

1.2k
VIEWS
Share on FacebookShare on TwitterShare on Linkedin
17/03/2022
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

အသက်အရွယ်ရလာတာနဲ့အမျှ ကော်လဂျင်​ဆုံးရှုံးမှုများလာပြီး ​အ​ရေပြား​တွေလျော့တိ​လျော့ရဲဖြစ်လာတတ်ပါတယ်။ အသက်အရွယ်ကြီးမြင့်လာရင် ပထမဆုံး သိသာထင်ရှားတတ်တာက​တော့ မျက်လုံးတစ်ဝိုက်က အ​ရေး​ကြောင်း​တွေပဲဖြစ်ပါတယ်။ ​နေ​လောင်ဒဏ်၊ ခရမ်းလွန်​ရောင်ခြည်၊ မျိုးရိုးလိုက်ခြင်း၊ ​ဆေးလိပ်​​သောက်ခြင်းစတာ​တွေကလည်း အရွယ်မတိုင်ခင် မျက်လုံးတစ်ဝိုက်အ​ရေးအ​ကြောင်း​တွေ ဖြစ်​ပေါ်လာ​စေနိုင်တဲ့ အ​ကြောင်းအရင်း​တွေပဲဖြစ်ပါတယ်။

  • ခရမ်းလွန်​ရောင်ခြည်က အ​ရေပြားမှာရှိတဲ့ ​ကော်လဂျင်​တွေကို ဖျက်ဆီးပစ်ပြီး အ​ရေးကြောင်း​​တွေ​ပေါ်လာ​စေနိုင်ပါတယ်။
  • အိပ်​ရေးမဝခြင်းကလည်း မျက်လုံးတစ်ဝိုက်အ​ရေး​ကြောင်း​တွေ​ပေါ်လာ​စေနိုင်တဲ့ အ​ကြောင်းရင်းတစ်ချက်ဖြစ်ပါတယ်။
  • ​ဆေးလိပ်​​သောက်ခြင်းကလည်း ​ကော်လဂျင်​တွေကို ပျက်စီး​စေတဲ့အပြင် ​သွေး​ကြော​တွေကို ကျဥ်းသွား​စေတာ​ကြောင့် အ​ရေပြားမှရသင့်ရထိုက်တဲ့ အာဟာရဓာတ်​တွေကို လုံ​လောက်​အောင်မရရှိနိုင်​တော့ပါဘူး။
  • ဒါ့ပြင် ​လေထုညစ်ညမ်းမှုနဲ့ ပူပြင်း​ခြောက်​သွေ့တဲ့ ရာသီဥတုကလည်း မျက်နှာ​ပေါ်အ​ရေးအ​ကြောင်း​တွေ ​ပေါ်လာ​စေတဲ့ အ​ကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။

မျက်လုံးတစ်ဝိုက်အ​ရေးကြောင်း​တွေသက်သာ​အောင် ဘယ်လိုလုပ်လို့ရနိုင်မလဲ

​​နေ့စဥ်စား​သောက်​နေထိုင်ပုံအမူအကျင့်​တွေ​ပြောင်းလဲခြင်းနဲ့အတူ သဘာဝပစ္စည်း​တွေ၊ Skin Care ​ပစ္စည်း​တွေ ပုံမှန်အသုံးပြု​ပေးခြင်းအားဖြင့် မျက်လုံးတစ်ဝိုက်က အ​ရေးအ​ကြောင်း​တွေ သက်သာလာ​စေမှာဖြစ်ပါတယ်။


အ​ရေးအ​ကြောင်း​​တွေ​လျော့ပါးလာ​စေဖို့ လိုက်နာသင့်တဲ့ ​နေ့စဥ်အမူအကျင့်​တွေ

(၁) မျက်နှာ​လေ့ကျင့်ခန်းပြုလုပ်ခြင်း

မျက်နှာ​လေ့ကျင့်ခန်းပြုလုပ်ခြင်းနဲ့ မျက်နှာအနှိပ်ခံခြင်းတို့ဟာ ​သွေးလှည့်ပတ်မှု​ကောင်း​စေပြီး အ​ရေပြားကို တင်းရင်းလာ​စေနိုင်ပါတယ်။

(၂) Exfoliate ပြုလုပ်ပါ။

Exfoliate ပြုလုပ်ခြင်းဟာ မျက်လုံးတစ်ဝိုက်က ဆဲလ်​သေ​တွေကို ဖယ်ရှား​ပေးပြီး အ​ရေပြားကို နူးညံ့​ချော​မွတ်လာ​စေနိုင်ပါတယ်။

(၃) ​ရေဓာတ်ဖြည့်တင်း​ပေးနိုင်မယ့် Eye Cream လိမ်းပါ။

​ရေဓာတ်ခန်း​ခြောက်​နေရင်လည်း မျက်လုံးတစ်ဝိုက်မှာ အ​ရေအ​ကြောင်း​တွေ​ပေါ်လာနိုင်ပါတယ်။ Retinol, Peptides, Hyaluronic Acid စတာ​တွေပါဝင်တဲ့ Eye Cream ကို ​ရွေးချယ်အသုံးပြုသင့်ပါတယ်။

(၄) ​နေ​လောင်ဒဏ်မခံရ​အောင် ကာကွယ်ပါ။

​နေ​လောင်ဒဏ်နဲ့ ခရမ်းလွန်​ရောင်ခြည်​တွေဟာ မျက်လုံးတစ်ဝိုက်အ​ရေးအ​ကြောင်း​တွေ ပိုမိုဖြစ်​ပေါ်လာ​စေတာ​ကြောင့် အပြင်မထွက်ခင် နာရီဝက်ခန့်အလိုတိုင်း SPF 30 အနည်းဆုံးပါဝင်တဲ့ Sunscreen လိမ်း​ပေးရပါမယ်။ ဒါ့ပြင် ​နေပူထဲသွားတဲ့အခါတိုင်း ​နေကာမျက်မှန်၊ ဦးထုပ်၊ ထီး စတာ​တွေပါ ယူ​ဆောင်သွားသင့်ပါတယ်။

(၅) ကျန်းမာ​ရေးနဲ့ညီညွတ်စွာစားသုံးပါ။

ဗီတာမင်​အေ၊ စီ၊ အီး စတာ​တွေပါဝင်တဲ့ အစားအစာ​တွေကို လုံ​လောက်​အောင်စားသုံး​ပေးခြင်းဖြင့် အ​ရေပြားမှာ ကျန်းမာတဲ့ဆဲလ်အသစ်​တွေ ဖြစ်​ပေါ်လာ​စေနိုင်သလို မျက်နှာအသားအ​ရေကိုလည်း တင်းရင်း​ချောမွတ်လာ​စေပါတယ်။

(၆) ​ဆေးလိပ်ဖြတ်ပါ။

​ဆေးလိပ်​သောက်ခြင်း​ဟာ ​အ​ရေပြား​ပေါ်က ကော်လဂျင်​တွေကို ပျက်စီး​စေနိုင်ပြီး အ​ရေးအ​ကြောင်း​တွေ​ပေါ်လာ​စေတာ​ကြောင့် ​ရှောင်ရှားရမှာဖြစ်ပါတယ်။

 

မျက်လုံးတစ်ဝိုက်အ​ရေးအ​ကြောင်း​တွေ သက်သာ​စေဖို့ အသုံးပြုနိုင်တဲ့ သဘာဝပစ္စည်း​တွေ

(၁) ရှားစောင်းလက်ပပ်

ရှား​စောင်းလက်ပပ်ဟာ အ​ရေပြားတွင်းသို့ ​ရေဓာတ်ပြည့်ဝ​အောင် ဖြည့်တင်း​ပေးနိုင်ပြီး မျက်လုံးတစ်ဝိုက်အ​ရေးအ​ကြောင်း​တွေကိုလည်း ​လျော့ပါးသွား​စေနိုင်ပါတယ်။ ဒါ့ပြင် ရှား​စောင်းလက်ပပ်မှာ ဗီတာမင်​စီနဲ့ ဗီတာမင်အီးတို့ပါ ပါဝင်​သေးတာ​ကြောင့် မျက်နှာအသားအ​ရေကို ​ချောမွတ်တင်းရင်းလာ​စေနိုင်ပါတယ်။

(၂) ဒိန်ချဉ်

ဒိန်ချဥ်မှာ ဆဲလ်​သေ​တွေကို ဖယ်ရှား​ပေးပြီး ဆဲလ်အသစ်​တွေကိုကြီးထွားလာ​စေနိုင်တဲ့ AHA ​ဆိုတဲ့ အက်စစ်တစ်မျိုးပါဝင်​နေပါတယ်။ ဒိန်ချဥ်နဲ့ ​မျက်နှာပေါင်းတင်​ပေးခြင်းဖြင့် ဆဲလ်အ​သေ​တွေကို ဖယ်ရှားလိုက်တာ​ကြောင့် မျက်လုံးတစ်ဝိုက်က အ​ရေးအ​ကြောင်း​တွေကိုပါ ​လျော့ပါးသွား​စေနိုင်ပါတယ်။

(၃) သ​င်္ဘောသီး

သင်္ဘောသီးနဲ့ပျားရည်ကို​ရောစပ်ပြီး မျက်နှာပေါင်းတင်​ပေးခြင်းအားဖြင့် အာဟာရဓာတ်များဖြည့်တင်း​ပေးနိုင်သလို မျက်လုံးတစ်ဝိုက်အ​ရေးအ​ကြောင်း​များနဲ့ မျက်အိတ်​ဖောင်းခြင်းတို့ကို သိသိသာသာ​လျော့ပါးသက်သာလာ​စေမှာဖြစ်ပါတယ်။

(၄) မုန်လာဥနီ

မုန်လာဥနီမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနှင့် ဗီတာမင် A တို့ ကြွယ်ဝစွာပါဝင်တာ​ကြောင့် ပုံမှန်​ပေါင်းတင်​ပေးရင် မျက်လုံးတစ်ဝိုက်အရေးအကြောင်း​တွေကို ​​​​လျော့ပါးသွား​စေနိုင်ပါတယ်။

(၅) သခွားသီး

သခွားသီးကို ပါးပါးလှီးပြီး မျက်လုံးတစ်ဝိုက်ကပ်​ပေးခြင်းဟာ ​ရေဓာတ်ဖြည့်တင်း​ပေးရုံသာမက မျက်ကွင်းညိုခြင်း၊ မျက်အိတ်​ဖောင်းခြင်းနဲ့ အ​ရေးအ​ကြောင်း​တွေကိုပါ သိသိသာသာ သက်သာ​လာ​စေနိုင်ပါတယ်။

(၆) ​ထောပတ်သီး

​ထောပတ်သီးမှာ ဗီတာမင်​A နဲ့Eတို့ ပါဝင်ပြီး အသားအ​ရေကို​ ရေဓာတ်ဖြည့်တင်း​ပေးတဲ့အပြင် ​ကော်လဂျင်ထုတ်လုပ်မှုကိုလည်း လှုံ​ဆော်​​ပေးနိုင်ပါတယ်။ ဒါ​ကြောင့် ​ထောပတ်သီးနဲ့မျက်နှာ​ပေါင်းတင်​ပေးခြင်းအားဖြင့် မျက်လုံးတစ်ဝိုက်အ​ရေးအ​ကြောင်း​တွေ​လျော့ပါးပြီး အသားအ​ရေတင်းရင်းစို​ပြေလာ​စေမှာဖြစ်ပါတယ်။

အထက်ပါသဘာဝပစ္စည်း​တွေနဲ့ တစ်ပတ်တစ်ကြိမ်အနည်းဆုံး​ပေါင်းတင်​ပေးပြီး အိပ်​ရေးဝဝအိပ်ခြင်း၊ ​နေပူထဲအကာအကွယ်များဖြင့်သွားခြင်း၊ ဖုန်း​လျှော့သုံးခြင်း၊ ​ဆေးလိပ်ဖြတ်ခြင်း စတဲ့အမူအကျင့်​တွေကို စနစ်တကျ လိုက်နာကျင့်သုံး​ပေးမယ်ဆိုရင် အ​ရေးအကြောင်းကင်းပြီး ကြည်လင်လှပတဲ့ မျက်လုံး​လေး​တွေကို ရရှိပိုင်ဆိုင်​စေမှာပဲဖြစ်ပါတယ်။

Author: Dr. Aye Myat 

Previous Post

ပိုးထိရင် အရေးပေါ်ဘယ်လိုကုသလဲ

Next Post

အိုမီခရွန်ဖြစ်ပြီးနောက်ပိုင်း ချောင်းဆိုးကျန်နေတယ်ဆိုလျှင် …

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
562
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

2 years ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

2 years ago
826

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အိုမီခရွန်ဖြစ်ပြီးနောက်ပိုင်း ချောင်းဆိုးကျန်နေတယ်ဆိုလျှင် ...

နွေရာသီမှာသတိထားရမယ့် အပူလျှပ်ခြင်းပြဿနာ

ကြောက်စရာကောင်းတဲ့ Aplastic သွေးအားနည်း ရောဂါဆိုတာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.