fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

နွေရာသီနှင့် အသားအရေထိန်းသိမ်းနည်း

343
VIEWS
Share on FacebookShare on TwitterShare on Linkedin
19/04/2022
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

အခုဆိုရင် နွေရာသီရဲ့အပူဆုံးအချိန်ကို ရောက်ရှိလာပြီဖြစ်လို့ အနည်းနဲ့အများ အသားအရေ ပြဿနာတွေ ခံစားလာကြရပါတယ်။ ပူပြင်းလွန်းတဲ့ အပူရှိန်နဲ့ လေပူလေပြင်းတွေအပြင် ခရမ်းလွန် ရောင်ခြည်စတဲ့အရာတွေကြောင့် နေလောင်ဒဏ်၊ တင်းတိတ်၊ ဝက်ခြံ စတဲ့ မလိုလားအပ်တဲ့ အသားအရေပြသနာတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ပြဇာတ်တွေထဲကလို ပူပြင်းလွန်းတဲ့နေကို မြှားနဲ့ပစ်ချပြီး မဖြိုခွင်းနိုင်ဘူးဆိုပေမဲ့ ကိုယ့်ရဲ့အသားအရေကိုတော့ နေလောင်ဒဏ်ကြောင့် မထိခိုက်ရအောင် အတတ်နိုင်ဆုံးထိန်းသိမ်းပေးနိုင်ပါတယ်။ ဒါကြောင့် နွေရာသီမှာ မိမိရဲ့အသားအရေလေး မပျက်စီးသွားစေဖို့ အောက်ပါအချက်တွေကိုတော့ အတတ်နိုင်ဆုံးသိရှိထားဖို့ လိုပါတယ်။

(၁) Sunscreen လိမ်းပါ။
နွေရာသီမှာ မသုံးမဖြစ်သုံးရမယ့် skincare ပစ္စည်းကတော့ sunscreen ဘဲဖြစ်ပါတယ်။ နေပူထဲသွားခါနီး မိနစ် ၃၀ အလိုတိုင်း မျက်နှာအပြင် လက် ၊ခြေထောက် ၊လည်ပင်း ၊ပုခုံး စတဲ့နေရာတွေကို sunscreen လိမ်းပေးရမှာဖြစ်ပါတယ်။ Sunscreen ကို ၃နာရီခြားတစ်ခါလိမ်းပေးနိုင်ရင်တော့ အကောင်းဆုံးဖြစ်ပါတယ်။ Sunscreenလိမ်းခြင်းဖြင့် အရေပြားကင်ဆာဖြစ်စေနိုင်တဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်တွေကနေ ကာကွယ်ပေးရုံသာမက အရွယ်မတိုင်ခင် အရေးအကြောင်းတွေပေါ်လာခြင်းနဲ့ အသားအရေတွန့်ခြင်းတွေကို ကာကွယ်တားဆီးပေးနိုင်မှာဖြစ်ပါတယ်။

(၂) ရေများများသောက်ပါ။
နွေရာသီမှာဆိုရင် ချွေးထွက်များလွန်းတာကြောင့် ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်မှုများတတ်ပါတယ်။ ရေဓါတ်ခန်းခြောက်လာတဲ့အခါ အသားအရေခြောက်တာအပြင် နောက်ဆက်တွဲအသားအရေပြဿနာတွေကိုလည်း ခံစားလာရနိုင်ပါတယ်။ ဆုံးရှုံးသွားတဲ့ ရေဓါတ်တွေကို ပြန်လည်ဖြည့်တင်းနိုင်ဖို့အတွက် တစ်နေ့ကို အနည်းဆုံးရေ ၂လီတာခန့် သောက်သုံးပေးရမှာဖြစ်ပါတယ်။ ဒါမှသာ ပူပြင်းလွန်းတဲ့ နွေကာလမှာ အသားအရေစိုပြေမှုကို ထိန်းသိမ်းပေးနိုင်မှာဖြစ်ပါတယ်။

(၃) အသားအရေအတတ်နိုင်ဆုံး အေးမြအောင်ထားပေးပါ။
နေပူထဲကပြန်လာပြီး နာရီဝက်ခန့်အကြာမှာ ရေခဲ ၊ရှားစောင်းလက်ပတ်စတဲ့ အသားအရေအေးမြစေတဲ့ ပစ္စည်းတွေနဲ့ကပ်ပေးခြင်းက သွေးလည့်ပတ်မှုကောင်းစေသလို အပူဒဏ်ကြောင့် အသားအရေပျက်စီးတာကိုလည်း အတတ်နိုင်ဆုံးကုသပေးနိုင်ပါတယ်။ နွေကာလမှာဆိုရင် ရေပူနဲ့ရေချိုးခြင်းမျိုးကိုရှောင်ကြဥ်ပြီး ရေအေးနဲ့သာ ချိုးသင့်ပါတယ်။ ပူပြင်းတဲ့နွေကာလမှာ ရေပူနဲ့ရေချိုးမိရင် အသားအရေပျက်စီးခြင်း၊ မိတ်ဖုထွက်ခြင်း စတာတွေခံစားလာရမှာဖြစ်ပါတယ်။

(၄) မိတ်ကပ်ကိုပါးပါးကြည်ကြည်လေးသာလိမ်းပါ။
နွေရာသီမှာမိတ်ကပ်ထူထူလိမ်းခြင်းဟာ အရေပြားပေါ်က ချွေးပေါက်တွေကို ပိတ်ဆို့စေတတ်တာမို့ မလိုလားအပ်တဲ့ဝက်ခြံ နဲ့ဆားဝက်ခြံတွေ ထွက်လာစေနိုင်ပါတယ်။ ဒါကြောင့် မိတ်ကပ်ကိုထူထူကြီးမလိမ်းဘဲ အတတ်နိုင်ဆုံး ပါးပါးကြည်ကြည်လေးသာ လိမ်းပေးသင့်ပါတယ်။

(၅) Moisturizer လိမ်းပါ။
နွေရာသီအတွက် နောက်ထပ်အရေးကြီးတဲ့ skincare ပစ္စည်းတစ်မျိုးကတော့ moisturizer ဘဲဖြစ်ပါတယ်။ ခန္ဓါကိုယ်အတွင်းပိုင်းကို ရေဓါတ်ဖြည့်တင်းပေးဖို့လိုအပ်သလို အသားအရေကိုလည်း အစိုဓါတ်ပြည့်ဝနေအောင် moisturizer လိမ်းပေးဖို့ လိုအပ်ပါတယ်။ မိမိအသားအရေနဲ့သင့်တော်မယ့် moisturizer မျိုးကို ရွေးချယ်အသုံးပြုပေးရမှာဖြစ်ပါတယ်။ ဗီတာမင် A,C နဲ့ antioxidants တွေပါဝင်တဲ့ moisturizer မျိုးကတော့ နွေရာသီအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။

(၆) အစားအစာကိုလည်း ဆင်ခြင်စားသုံးပေးပါ။
အချိုများတဲ့အစာ၊ အဆီဓါတ်များတဲ့ အစားအစာနဲ့ ပူစပ်လွန်းတဲ့အစားအသောက်တွေ အလွန်အကျွံစားသုံးခြင်းကို ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။ နွေကာလမှာ အသားအရေစိုပြေအောင် ထိန်းသိမ်းပေးနိုင်မယ့် အသီးအနှံတွေ (ဥပမာ-ဖရဲသီး၊ ဘယ်ရီသီး၊ လိမ္မော်သီး ) စတာတွေကို များများစားပေးသင့်ပါတယ်။

(၇) အိပ်ရေးဝဝအိပ်ပါ။
အိပ်ရေးပျက်တာဟာ စိတ်ကျန်းမာရေးရော ကိုယ်ကျန်းမာရေးပါ ထိခိုက်စေနိုင်တာမို့ တစ်ရက်ကို ၈နာရီ ညစဥ်ပုံမှန်အိပ်ပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာ‌ အိပ်စက်အနားယူနေစဥ်မှာ တစ်နေ့တာအတွင်း နေပူဒဏ် ကြောင့်ပျက်စီးသွားတဲ့ဆဲလ်တွေကို ပြန်လည်ပြုပြင်‌ပေးဖို့ အချိန်လုံလုံလောက်လောက် ရရှိစေမှာဖြစ်ပါတယ်။

(၈) ကိုယ်လက်လှုပ်ရှားမှု နေ့စဥ်ပုံမှန်ပြုလုပ်ပါ။
မနက်ခင်း သို့ ညနေခင်းနေကျချိန်မှာ အပြေး၊ လမ်းလျှောက် စတဲ့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေ လုပ်ခြင်းဖြင့် အသားအရေအတွက်မကောင်းတဲ့ ပိုးမွှားနဲ့ ဖုန်မှုန့်တွေကို ချွေးနဲ့အတူဖယ်ရှားပေးတာမို့ ကျန်းမာပြီးသန့်ရှင်းတဲ့အသားအရေကို ရရှိပိုင်ဆိုင်စေမှာဖြစ်ပါတယ်။

(၉) နွေကာလနဲ့သင့်တော်မယ့်အဝတ်အစားမျိုး ရွေးချယ်ဝတ်ဆင်ပါ။
ပူပြင်းလွန်းတဲ့နေလောင်ဒဏ်နဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်တွေကနေကာကွယ်နိုင်ဖို့ အဝတ်အစားပွပွချောင်ချောင်၊ ချည်သားအင်္ကျီလက်ရှည် စတာတွေသာ ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ ဒါ့အပြင်နေပူထဲထွက်တိုင်း ထီး၊ နေကာမျက်မှန်စတာတွေပါ တစ်ပါတည်းယူဆောင်သွားသင့်ပါတယ်။

ဒါကြောင့် ပူပြင်းလွန်းတဲ့နွေကာလမှာလည်း စိုပြေလှပတဲ့ အသားအရေကို ရရှိပိုင်ဆိုင်နေစေဖို့အတွက် အထက်ပါနည်းလမ်းလေးတွေကို လိုက်နာကျင့်သုံးကြရမှာဖြစ်ပါတယ်။

Author: Dr. Aye Myat

Previous Post

နှာခေါင်းသွေးလျှံပြီဆိုရင်

Next Post

အဖျားကြီးပြီး တက်တတ်သောကလေး

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

12 months ago
533
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

1 year ago
791

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
1.9k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အဖျားကြီးပြီး တက်တတ်သောကလေး

သတိမမူမိတဲ့ အဆုတ်ကျန်းမာရေးထိခိုက်နိုင်သော အလေ့အထများ

အပူချိန်လွန်ကဲလို့ ခေါင်းကိုက်တဲ့အခါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.