fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

ဆယ်ကျော်သက်အရွယ် အသားရေထိန်းသိမ်းမှု နည်းလမ်းများ

Teen Skin Care Tips
528
VIEWS
Share on FacebookShare on TwitterShare on Linkedin
28/04/2022
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

ဘယ်အရွယ်က အသားအရေကိုပြန်လိုချင်လဲဆိုတဲ့ မေးခွန်းကိုမေးခံရရင် အဆီဖု၊ ဝက်ခြံ ဘာမှမရှိသေးတဲ့ အကောင်းဆုံး အသားအရေ အခြေအနေရှိတဲ့ ဆယ်ကျော်သက်အရွယ်က အသားအရေလို့ ဖြေကြမှာပါဘဲ။ တစ်ခုရှိတာက ကြီးကောင်ဝင်ချိန် ဟော်မုန်းပြောင်းလဲတဲ့ ၁၅-၁၆ နှစ်လောက်မှာ ကောင်းနိုးရာရာတွေ အလှကုန်တွေ အသုံးပြုပြီး အသားအရေနဲ့ သင့်လျော်တဲ့ ထိန်းသိမ်းမှုမျိုးကို သေချာဂရုမစိုက်နိုင်ရင် အရေပြားအပေါ်ယံခံတပ် skin barrier လုံးဝကို ပျက်စီးတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဆယ်ကျော်သက် အရွယ်မှာထဲက အသားအရေကို နည်းလမ်းလမ်းမှန်မှန်နဲ့ ထိန်းသိမ်းဖို့ အခြေခံကျတဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

မျက်နှာသစ်ဆေးပျော့တာလေးတွေရွေးသုံးပါ။
ဘယ်အသက်အရွယ်ဖြစ်ဖြစ် ကိုယ့်အသားအရည်နဲ့ လိုက်ဖက်ပြီး ပြင်းထန်တဲ့ ဓါတုပစ္စည်းတွေမပါတဲ့ cleanser ကောင်းကောင်းလေးသုံးပေးဖို့ လိုအပ်ပါတယ်။ Oily skin လိုမျိုးဆို salicylic acid ပါတဲ့ cleanser မျိုး၊ Dry skin ဆိုရင် အစိုဓာတ်ထိန်းပေးနိုင်တဲ့ cleanser မျိုး သုံးပေးလို့ရပါတယ်။

မျက်နှာအစိုဓာတ်ထိန်း ခရင်မ် moisturizer လိမ်းပါ။
ဆယ်ကျော်သက် အသားအရည်ဟာ ကောင်းပြီးသားမို့ skincare step တွေအများကြီးမလိုပါဘူး။ အစိုဓာတ်ထိန်း ခရင်မ် တစ်မျိုးမျိုးကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ် လိမ်းရုံနဲ့တင် လုံလောက်ပါတယ်။ အစိုဓာတ် ပြည့်ဝနေတဲ့ အသားအရည်ဟာ ဝက်ခြံ၊ အဆီဖု၊ အမည်းစက်၊ အသားခြောက်သွေ့တာတွေ မဖြစ်အောင် တားဆီးပေးပါတယ်။

SPF ပါတဲ့ နေလောင်ကာခရင်မ် လိမ်းပါ။
နေရောင်ခြည်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည် UV rays တွေဟာ နေလောင်ဒါဏ်၊ အမည်းစက်၊ ဝက်ခြံ၊ တင်းတိပ်နဲ့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်စေတဲ့ အရေးအကြောင်းတွေ ပေါ်ခြင်းရဲ့ အဓိက တရားခံပဲဖြစ်ပါတယ်။ ဘယ်လောက် skincare လုပ်ပါစေ၊ suncream မလိမ်းရင် အသားအရေပျက်စီးမှုကို ဖြစ်စေနိုင်ပါတယ်။

ဝက်ခြံတွေဖြစ်လာရင် ဝက်ခြံကိုအရင်ကုပါ။
Hormone changes ကြောင့် ဝက်ခြံပေါက်လာတာဟာ hormone level ပုံမှန်ပြန်ရောက်သွားရင် ပျောက်သွားတာပါ။ ဒါပေမဲ့ ဝက်ခြံထွက်နေတုန်းမှာ ပျောက်ချင်ဇောနဲ့ အိမ်တွင်းနည်းလမ်းတွေနဲ့ ကုတာ (ဥပမာ – ရှားစောင်းလက်ပတ်၊ သံပုရာသီး၊ ဆော်ဒါ စတာတွေနဲ့ ဝက်ခြံကို ပွတ်ပစ်တာမျိုး) တွေမလုပ်ရပါဘူး။ ဝက်ခြံတွေရှိနေစဥ်မှာ cleanser ပျော့တာလေးတွေ ရွေးသုံးပြီး ရေနွေးလေးနဲ့ မျက်နှာသစ်ပါ။ တတ်နိုင်ရင် အရေပြားဆရာဝန်နဲ့ ပြတာ အကောင်းဆုံးပါဘဲ။

မျက်နှာကို လက်နဲ့ခဏခဏ မထိပါနဲ့။
တချို့သူတွေမှာ လက်နဲ့မျက်နှာကို ခဏခဏ ထိနေတဲ့အကျင့်ရှိတာကြောင့် ဝက်ခြံတွေရှိနေရင် လက်မှာရှိတဲ့ ပိုးမွှားတွေကတဆင့် ပိုးဝင်ပြီး ပိုဆိုးတတ်ပါတယ်။ ဝက်ခြံကို လက်နဲ့ကုတ်ဖဲ့တာ၊ ညစ်တာ၊ ဆိတ်တာမျိုးတွေ ရှောင်ကျဉ်ပေးပါ။ ဖုန်းပြောတဲ့အခါလည်း တတ်နိုင်သမျှ ဖုန်းမျက်နှာပြင်ကို မျက်နှာနဲ့ ကပ်မပြောဘဲ speaker ဖွင့်ပြောတာ၊ နားကြပ်တပ်ပြောတာမျိုးက ကောင်းပါတယ်။

ညအိပ်ယာဝင်တဲ့အခါ မျက်နှာသစ်အိပ်ပါ။
ဒီတစ်ချက်က လုပ်ကိုလုပ်ရမဲ့အချက်ပါ။ တစ်နေကုန် စုထားတဲ့သနပ်ခါး၊ မိတ်ကပ်၊ ဖုန်နဲ့ အညစ်အကြေးတွေကို မဖျက်ဘဲအိပ်တဲ့အခါ ဝက်ခြံ၊ ဆားဝက်ခြံတွေ ဖြစ်လာနိုင်ပါတယ်။

အသားအရေလေး ကျန်းမာလှပဖို့ရာ မျက်နှာကိုဘဲ ဂရုစိုက်နေလို့မရပါဘူး၊၊ ခန္ဓာကိုယ်အတွင်းကပါ ကျန်းမာနေဖို့ လိုအပ်ပါတယ်။ ရေများများ​သောက်တာ၊ အိပ်ရေးဝအောင်အိပ်တာ၊ အစားအစာ ညီညွတ်မျှတအောင် စားတာ၊ သွေးလည်ပါတ်မှုကောင်းအောင် လေ့ကျင့်ခန်းလုပ်တာ၊ ဒီအချက်တွေကိုလဲ လိုက်နာဖို့လိုပါတယ်။ အသားအရေ ပျက်စီးသွားမှ ကုသတာမျိုးထက် ဆယ်ကျော်သက် အရွယ်ကတည်းက အသားအရေကို ပုံမှန်​လေး ဂရုစိုက်မှသာ skin problem တွေနည်းပြီး ကျန်းမာလှပတဲ့ အသားအရေပိုင်ရှင် ဖြစ်မှာပဲဖြစ်ပါတယ်။

Previous Post

ဒီလက္ခဏာတွေ ခံစားရရင် အဆုတ်ကျန်းမာရေးကို စစ်ဆေးပါ

Next Post

အမာရွတ်နှင့် Vitamin B3

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

6 months ago
545

ဆံပင်တွေအရမ်းကျွတ်နေရင်

6 months ago
564
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

7 months ago
823
The type of skin whitening medicine that makes the skin white and beautiful without side effects

ဘေးထွက်ဆိုးကျိုးမရှိဘဲ အသားအရေ ဖြူစင်ဝင်းပစေမယ့် အသားဖြူဆေးအမျိုးအစား

9 months ago
817
When is the best time to take collagen

ကော်လာဂျင်သောက်ဖို့ အကောင်းဆုံးအချိန်

9 months ago
1.7k

အရေပြားလျော့ရဲစေတဲ့ အကြောင်းအရင်းများ

9 months ago
744

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
Scars and Vitamin B3

အမာရွတ်နှင့် Vitamin B3

When you eat a lot and do not digest

အစားများပြီး အစာမကြေတဲ့အခါ

အသက်ကြီးတဲ့သူတွေမှာအစာမကြေ လေထိုးလေအောင့်ဖြစ်ရတဲ့ အကြောင်းအရင်းများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.