fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

မျက်နှာနှိပ်နယ်ခြင်း ဘာကြောင့်လုပ်သင့်တာလဲ?

why do facial massage
506
VIEWS
Share on FacebookShare on TwitterShare on Linkedin
13/05/2022
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

သင်တို့ မျက်နှာနှိပ်နယ်ခြင်း လုပ်ဖူးကြပါသလား?

မလုပ်ဖူးသေးတဲ့သူတွေကို မျက်နှာနှိပ်နယ်ခြင်းလုပ်ကြည့်ဖို့ တိုက်တွန်းပါရစေ။ မျက်နှာနှိပ်နယ်ခြင်း ပြုလုပ်လေ့ရှိသူများကိုလည်း ပုံမှန်လေးပြုလုပ်ဖြစ်အောင်ကြိုးစားဖို့ တိုက်တွန်းပါရစေ။ ဒါဟာ ဘာကြောင့်လဲဆိုတော့ မျက်နှာနှိပ်နယ်ခြင်းဟာ မျက်နှာအသားအရေအတွက် တကယ့်ကို အကျိုးရှိစေတဲ့အတွက်ပဲ ဖြစ်ပါတယ်

(၁) အသက်ကြီးရင့်လာခြင်း လက္ခဏာများကို လျော့ကျစေခြင်း

မျက်နှာနှိပ်နယ်ခြင်းဟာ မျက်နှာကြွက်သားများကို တင်းတင်းရင်းရင်းဖြစ်စေရုံသာမက အသက်ကြီးရင့်လာမှုကိုလည်း လျော့နည်းစေပါတယ်။ လေထုညစ်ညမ်းခြင်း၊ စိတ်ဖိစီးမှုများ၊ မကောင်းသော ပတ်ဝန်းကျင်အခြေအနေများနှင့် ကျန်းမာရေးနှင့်မညီညွတ်သော လူနေမှုပုံစံများဟာ အရေပြားကျန်းမာရေးကို ထိခိုက်စေပြီး ဒီလိုထိခိုက်မှုများကို မျက်နှာနှိပ်နယ်ပေးခြင်းဖြင့် ရိုးရှင်းစွာ လျော့နည်းသက်သာစေပါတယ်။ မျက်နှာနှိပ်နယ်ပေးခြင်းဟာ သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေပြီး ကော်လဂျင်ပိုထွက်အောင် လှုံ့ဆော်ပေးတာကြောင့် အသားအရေကို နုပျိုတင်းရင်းစေပါတယ်။ ပုံမှန်မျက်နှာကိုနှိပ်နယ်ပေးလျှင် အရေးအကြောင်းများ လျော့နည်းခြင်း၊ ပါးရေတွန့်ခြင်းလျော့နည်းခြင်းအပြင် အမဲအစက်တွေပါ လျော့နည်းစေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် မျက်နှာနှိပ်နယ်ပေးခြင်းဟာ သင့်အသားအရေကို ပိုမိုကောင်းမွန်စေပြီး သင့်ကို အရွယ်တင်နုပျိုစေပါလိမ့်မယ်။ Essential oil လေးများကိုလည်း အသုံးပြုပြီး နှိပ်နယ်ပေးနိုင်ပါတယ်။

(၂) အသားအရေကို ချောမွေ့စေခြင်း

လူတိုင်းဟာ အသားအရေ ထိန်းသိမ်းကုသမှုလုပ်တဲ့အခါ အသားအရေညီညာခြင်းသာမက ချောမွေ့ပြီး အသားအရေ ကြည်လင်တာမျိုးကိုပါ လိုချင်ကြပါတယ်။ မျက်နှာနှိပ်နယ်ပေးခြင်းဟာ အရေပြားပေါ်မှအဆိပ်အတောက်များကို ဖယ်ရှားပေးခြင်းဖြင့် သင့်အသားအရေကို ညစ်မှိုင်းမှိုင်းဖြစ်ခြင်းမှ ပြောင်းလဲပေးပြီး ချောမွေ့ကြည်လင်လာစေပါတယ်။ အသားအရေကို ချေးချွတ်ပြီးနောက် နှိပ်နယ်ပေးပါက ပိုသိသာထင်ရှားတဲ့ ရလဒ်ကို ရရှိစေပါတယ်။

(၃) ဝက်ခြံ နှင့် ဝက်ခြံအမာရွတ်များကို သက်သာစေခြင်း

သင့်မျက်နှာကို နှိပ်နယ်ပေးတဲ့အခါ အရေပြားထဲမှာရှိတဲ့ အဆိပ်များကိုထွက်သွားစေတာကြောင့် အရေပြား ပိုမိုသန့်စင်စေပါတယ်။ ချွေးပေါက်များ ပိုမိုသန့်စင်သွားတဲ့အခါ ဝက်ခြံထွက်ခြင်းကို သက်သာလာစေပါတယ်။ ပုံမှန်လေးနှိပ်နယ်ပေးမယ်ဆိုရင်တော့ အသားအရေ ပိုမိုကောင်းမွန်လာပြီး အမာရွတ်များပါ လျော့နည်းစေပါတယ်။ ဒါပေမယ့် သတိထားရမည့် အချက်တစ်ခုကတော့ ကြမ်းကြမ်းတမ်းတမ်း မျက်နှာကို မနှိပ်နယ်မိဖို့ နှင့် exfoliator လို့ခေါ်တဲ့ မျက်နှာချေးချွတ်သန့်စင်ဆေး အပြင်းစားများသုံးပြီး မနှိပ်နယ်မိဖို့တော့ လိုပါတယ်။

(၄) မျက်နှာအသားအရေ ထိန်းသိမ်းပေးတဲ့ အလှအပအသုံးအဆောင်များကို အသားအရေထဲ ပိုစိမ့်ဝင်စေခြင်း

အရေပြားထိန်းသိမ်းခြင်းလုပ်တဲ့အခါ မျက်နှာနှိပ်နယ်ပေးခြင်းနှင့် ပူးတွဲလုပ်ပါက ပိုပြီးအကျိုးအာနိသင် သက်ရောက်စေပါတယ်။ Serum သို့မဟုတ် Moisturiser လိမ်းပြီး နှိပ်နယ်ပေးပါက အသားအရေထဲ ပိုမိုစိမ့်ဝင်စေပါတယ်။ စက်ဝိုင်းပုံစံ နှိပ်နယ်ပေးခြင်း သို့မဟုတ် ခပ်ဖွဖွပုတ်၍ လိမ်းပေးခြင်းက ပိုပြီးအကျိုးအာနိသင် ရရှိစေပါတယ်။

(၅) အရေပြားကို အဆိပ်အတောက်ပြေစေခြင်း

လေထုညစ်ညမ်းခြင်းနှင့် အညစ်အကြေးတွေဟာ သင့်အရေပြားတွေကို ထိုင်းမှိုင်းညစ်ထေးစေပါတယ်။ ဒီအခြေအနေကို မျက်နှာနှိပ်နယ်ပေးခြင်းဖြင့် အဆိပ်အတောက်များကို ဖယ်ရှားနိုင်ပါတယ်။ အရေပြားအား ရေဓာတ်ဖြည့်ပေးသည့် ထုတ်ကုန်များကိုသုံးပြီး နှိပ်နယ်ပေးလျှင် အညစ်အကြေး၊ အဆီ နှင့် ချွေးပေါက်ပိတ်ခြင်းများကို ပိုသက်သာစေပြီး ပိုကျန်းမာသော အရေပြားကို ပိုင်ဆိုင်စေပါတယ်။ ကျောက်စိမ်းမျက်နှာနှိပ် ဒလိမ့်တုံး (Jade Roller) လေးများကိုသုံးလျှင် မျက်နှာအမ်းခြင်းကိုပင် သက်သာစေပါတယ်။

(၆) စိတ်ဖိစီးမှုကို လျှော့ချပေးခြင်း

လူသားတွေဟာ စိတ်ဖိစီးမှုအများစုကို မျက်နှာတွင် တင်ထားတာ သင်သတိထားမိပါသလား?
သင်တို့ ပင်ပန်းတဲ့အခါ၊ စိတ်ဖိစီးမှုများတဲ့အခါ နှဖူးနှင့်မျက်လုံးတစ်ဝိုက် တင်းပြီး တောင့်နေတာမျိုးနှင့် ကြုံဖူးကြပါလိမ့်မယ်။ ထိုအခါ မျက်နှာနှိပ်နယ်ပေးခြင်းဟာ ထိုတင်းရင်းမှုတွေကို ပြေလျော့စေပါတယ်။

(၇) နာကြင်မှုများကို ပြေလျော့စေခြင်း

မျက်နှာနှိပ်နယ်ပေးခြင်းက စိတ်ဖိစီးမှုများကို သက်သာစေခြင်း၊ အသားအရေ ကြည်လင်စေခြင်းသာမက နာကြင်မှုဝေဒနာများကိုပါ သက်သာစေပါတယ်။ စိတ်ပူပန်မှုများတဲ့အခါ၊ စိတ်ဖိစီးမှုများတဲ့အခါနှင့် ခေါင်းကိုက်တဲ့အခါများတွင် မျက်နှာကိုနှိပ်တယ်ပေးခြင်းဖြင့် သက်သာပေါ့ပါးစေပါတယ်။ muscle tesion လို့ခေါ်တဲ့ ကြွက်သားတင်းခြင်းကို လျော့ပါးစေချင်လျှင် ညတိုင်း မျက်နှာနှိပ်နယ်ပြီး အိပ်သင့်ပါတယ်။

(၈) အသားအရေကို ကြည်လင်တောက်ပစေခြင်း

မျက်နှာနှင့်လည်ပင်းကို အပေါ်သို့ပင့်တင်သည့်ပုံစံမျိုးဖြင့် (၅)မိနစ်မှ (၁၀)မိနစ်ခန့် ပုံမှန်နှိပ်နယ်ပေးလျှင် သွေးလည်ပတ်မှု ကောင်းမွန်ခြင်းကို အားပေးတာကြောင့် အသားအရေကို ကြည်လင်တောက်ပစေပါတယ်။

ဒါကြောင့် သင်တို့ အရွယ်တင်ပြီး ကြည်လင်ဝင်းပတဲ့ အသားအရေ ၊ ကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်ချင်ရင် မျက်နှာနှိပ်နယ်ခြင်းကို ပြုလုပ်ပေးဖို့ တိုက်တွန်းရေးသားလိုက်ပါရစေရှင်

Author – Dr. Yin Yin Win

Previous Post

စိတ်ဖိစီးမှုများလာရင် ဘာတွေဖြစ်နိုင်လဲ?

Next Post

အမျိုးသမီးနှင့် ဒူးနာဝေဒနာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
542
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

1 year ago
797

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
1.9k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
women and knee pain

အမျိုးသမီးနှင့် ဒူးနာဝေဒနာ

natural oils to care for your skin

သင့်အသားအရေ ထိန်းသိမ်းဖို့အတွက် သဘာဝအဆီများ

Are Choline and Inositol really important to the body?

Choline နှင့် Inositol ဟာ ခန္ဓာကိုယ်အတွက် တကယ်ပဲအရေးပါသလား?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.