fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

အသားဖြူဆေးနှင့် ဆောင်ရန်၊ ရှောင်ရန်များ

to be used with bleaching agents things to avoid
1.8k
VIEWS
Share on FacebookShare on TwitterShare on Linkedin
01/12/2022
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

ကျား၊မ မရွေး အသားလေးဖြူချင်၊ ကြည်ချင်လို့ဆိုပြီး အသားဖြူဆေးတွေ သောက်တဲ့သူတွေ များလာပေမယ့် အသားဖြူဆေးသောက်တာက ကောင်းသလား၊ ဆိုးကျိုးတွေ ရှိသလား ဆိုတာ သိတဲ့သူတော့ နည်းမယ်ထင်ပါတယ်။ အသားဖြူဆေးအနေနဲ့ အဓိကသောက်သုံးနေကြတဲ့ gluta ဂလူသာ ဆိုတဲ့ glutathione ကို glycine, L-cysteine, and L-glutamate လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်တွေကနေ ပြုလုပ်ပေးပြီး ခန္ဓာကိုယ်ရှိ အသည်းနဲ့ အာရုံကြောတွေကနေ ထုတ်လုပ်ပေးပါတယ်။

Glutathione ဟာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေနဲ့ free radicals တွေကို ချေဖျက်ပေးသလို ကိုယ်ခံအားစနစ်ကိုလည်း ကောင်းစေတဲ့ antioxidant တစ်မျိုးဖြစ်ပါတယ်။ ဗိုက်တာမင်စီနဲ့အီးကို တိုးပွားစေတာ၊ DNA တွေ ပြုပြင်ထုတ်လုပ်ပေးတာ၊ အသည်းနဲ့ သည်းခြေအိတ်က အဆီတွေကို ချေဖျက်ရာမှာ ကူညီပေးတာတွေကိုလည်း glutathione က လုပ်ဆောင်ပေးပါတယ်။Glutathione က အသားဖြူစေတဲ့ pheomelanin ဆိုတဲ့ ဓာတ်တွေကို များများထွက်စေတဲ့အတွက် အသားဖြူဆေးအနေနဲ့ သုံးစွဲလာကြတာပါ။

အသားဖြူဆေးအနေနဲ့ တွင်ကျယ်စွာသိကြပေမယ့်လည်း တကယ်တော့ glutathione ကို သုံးစွဲနိုင်တဲ့ ရောဂါတွေ အများကြီး ရှိပါတယ်။ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ၊ သွေးတွင်းအဆီများခြင်း၊ အတွင်းတိမ်၊ ရေတိမ်ရောဂါ၊ အသည်းရောင်၊ အူရောင်ရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ၊ အယ်လ်ဇိုင်းမားသတိမေ့ရောဂါ၊ ပါကင်ဆွန်အကြောရောဂါတွေကို ကာကွယ်တဲ့အနေနဲ့ glutathione ကို သုံးစွဲကြပါတယ်။

GNC LAC taut White

အဆုတ်ရဲ့ လုပ်ငန်းပိုကောင်းအောင် ရှူဆေးအဖြစ် သုံးစွဲတာ ရှိသလို ကင်ဆာရောဂါရှင်တွေ ကင်ဆာဆေးသွင်းရာမှာရတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ကာကွယ်ဖို့ glutathione ကို အကြောဆေးအနေနဲ့ သွင်းပေးတာမျိုးလည်း ရှိပါတယ်။ Glutathione က ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တော့ မဟုတ်ပါဘူး။ အစာအာဟာရချို့တဲ့တာ၊ စိတ်ဖိစီးမှုများတာ၊ အသက်ကြီးလာတာ၊ အဆိပ်အတောက်တွေ များတာတွေက glutathione ချို့တဲ့မှု ဖြစ်စေနိုင်ပါတယ်။

ဘေးထွက်ဆိုးကျိုးတွေက ဘာလဲ?
ကြွက်တတ်တာ၊ ဗိုက်ကယ်တာ၊ ဓာတ်မတည့်လို့ ယားပြီးအင်ပြင်ထသလိုဖြစ်တာ၊အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေဖြစ်တာ စတာတွေ ဖြစ်နိုင်ပါတယ်။ Glutathione ကို ကြာရှည်သောက်သုံးရင် ဇင့်ဓာတ်ချို့တဲ့ နိုင်ပါတယ်။ ဒါ့အပြင် ဖြည့်စွက်အစာတွေ၊ ဆေးတွေဟာ အသည်းနဲ့ကျောက်ကပ်မှ စွန့်ထုတ်ရတဲ့အတွက် အင်္ဂါအစိတ်အပိုင်းတွေကို ဒဏ်ဖြစ်စေတဲ့အတွက် ရေများများသောက်ပြီး အဆိပ်အတောက်နဲ့ စွန့်ပစ်ပစ္စည်းတွေကို မြန်မြန်စွန့်ထုတ်ဖို့ လိုအပ်ပါတယ်။

GNC LAC taut White

Glutathione ကို ဗိုက်တာမင်စီနဲ့ တွဲသောက်ရင် အာနိသင်ပိုရပြီး အရက်သောက်ရင်တော့ ခန္ဓာကိုယ်ကနေ glutathione ကို စုပ်ယူနိုင်စွမ်း လျော့ကျစေပါတယ်။ Glutathione ကို ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေကတော့ မသောက်သုံးသင့်ပါဘူး။ သောက်သင့်တဲ့ ပမာဏကတော့ တစ်နေ့ကို ၂၅၀-၁၀၀၀ မီလီဂရမ်အတွင်း သောက်သုံးလို့ရပြီး ဆက်တိုက်အနေနဲ့ နှစ်လခန့် သောက်လို့ရပါတယ်။ မိမိအသားအရေ ပင်ကိုယ်သဘာဝအတိုင်းကတော့ အကောင်းဆုံးဖြစ်ပေမယ့် ပိုလှချင်၊ ပိုဖြူချင်လို့ အသားဖြူဆေး သောက်မယ်ဆိုရင် ကောင်းကျိုးဆိုးကျိုးကို ချိန်ဆပြီး အန္တရာယ်ကင်းကင်းနဲ့ လှနိုင်ကြစေဖို့ ဆောင်ရန်၊ ရှောင်ရန်များကို ရေးသားမျှဝေလိုက်ပါတယ်။

Author: Dr.Yee Mon

Previous Post

သွေးဆုံးချိန်မှာ ပုံမှန်အတိုင်းဖြတ်သန်းနိုင်ဖို့

Next Post

ဝက်ခြံပေါက်ရခြင်း အကြောင်းအရင်းများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

12 months ago
533
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

1 year ago
790

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
1.9k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
causes of acne

ဝက်ခြံပေါက်ရခြင်း အကြောင်းအရင်းများ

A type of whitening medicine that can be taken by people with acne

ဝက်ခြံရှိသူတွေပါသောက်လို့ရတဲ့ အသားဖြူဆေးအမျိုးအစား

About the difference between collagen and glutamate

ကော်လာဂျင်နဲ့ ဂလူတာရဲ့ကွာခြားချက်အကြောင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.