fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

ကော်လာဂျင်နဲ့ ဂလူတာရဲ့ကွာခြားချက်အကြောင်း

About the difference between collagen and glutamate
315
VIEWS
Share on FacebookShare on TwitterShare on Linkedin
20/12/2022
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

အသားအရေလှဖို့၊ နုပျိုဖို့ ကော်လာဂျင် collagen သောက်ကြသလို အသားဖြူပြီး ကြည်စိုနေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ Gluta ဂလူတာသောက်ကြသူတွေလည်း ရှိပါတယ်။ တချို့ product တွေမှာဆို ကော်လာဂျင်ရော ဂလူတာရော နှစ်မျိုးလုံး ထည့်သွင်းထားပါသေးတယ်။ ကော်လာဂျင်နဲ့ ဂလူတာက အာနိသင်တူလား၊ ဘာတွေကွာခြားလဲ ဆိုတာက လူအများစု သိချင်မယ့် မေးခွန်းတွေ ဖြစ်မယ်ထင်တယ်နော်။

ကော်လာဂျင်ဆိုတာ ဘာလဲ?

ကော်လာဂျင်ဆိုတာ ခန္ဓာကိုယ်အနှံ့မှာ ရှိတဲ့ ပရိုတင်းတစ်မျိုးဖြစ်ပြီး အရိုး၊ အရိုးနု၊ အရွတ် နဲ့ တွယ်ဆက်တစ်ရှူးတွေမှာ အများဆုံးရှိတတ်သလို အရေပြားရဲ့ တင်းရင်းမှုအတွက် အဓိကဇာတ်ဆောင်လည်း ဖြစ်ပါတယ်။
အသက်ကြီးလာတဲ့အခါ ကော်လာဂျင်ထုတ်တာ နည်းလာသလို ဆေးလိပ်သောက်တာ၊ UV ရောင်ခြည်တွေနဲ့ ထိတွေ့တာ၊ သကြားနဲ့ ကာဗိုဟိုက်ဒရိတ်ကစီဓာတ်တွေ အစားများတာက ကော်လာဂျင် လျော့နည်းစေတဲ့ အကြောင်းတွေပါ။
ကော်လာဂျင်နည်းလာရင် အရေပြားက လျော့တွဲလာတာ၊ အရေးအကြောင်းတွေ ပေါ်လာတာ၊ အဆစ်အမြစ်တွေ တောင့်လာလှုပ်ရှားရခက်လာတာ၊ ကြွက်သားတွေ ရှုံ့ပြီးကျုံလီလာတာ၊ အရိုးပွလာတာတွေ ခံစားရနိုင်ပါတယ်။ အမျိုးသမီးတွေမှာ အသက်နှစ်ဆယ်ကျော်တည်းက ကော်လာဂျင်ထုတ်လုပ်မှု လျော့နည်းလာတတ်ပြီး သွေးဆုံးချိန်မှာ ၃၀% ခန့် လျော့နည်းနိုင်ပါတယ်။
ကော်လာဂျင်ကို ဖြည့်စွက်စာအနေနဲ့ သောက်သုံးရင် တစ်နေ့ကို ၂.၅ ဂရမ်ကနေ ၁၅ ဂရမ်အတွင်း သောက်သုံးလို့ ရပြီး ဆိုးကျိုးရယ်လို့ ကြီးကြီးမားမား မရှိပါဘူး။ ကော်လာဂျင်ကို အလှကုန်တွေမှာလည်း ထည့်သွင်းအသုံးပြုကြပါတယ်။

GNC LAC taut White

ဂလူတာဆိုတာ ဘာလဲ?

Glutathione ဆိုတဲ့ ဂလူတာဟာ ဗဟိုအာရုံကြောစနစ်က အာရုံခံဆဲလ်တွေနဲ့ အသည်းကနေ ထုတ်လုပ်ပေးတဲ့ သဘာဝဓာတ်တိုးဆန့်ကျင်ပစ္စည်း (antioxidant) ဖြစ်ပြီး glycine, L-cysteine နဲ့ L-glutamate ဆိုတဲ့ amino acids သုံးမျိုးပါဝင်ပါတယ်။
ဂလူတာချို့တဲ့ရတဲ့ အကြောင်းရင်းတွေထဲမှာ အသက်ကြီးလာတာ၊ စိတ်ဖိစီးမှုများတာ၊ ရောဂါပိုးဝင်တာ၊ ကိုယ်ခံအားမကောင်းတာ၊ အာဟာရချို့တဲ့တာ၊ ကိုယ်လက်လှုပ်ရှားမှုနည်းတာနဲ့ နာတာရှည်ရောဂါတွေရှိတာတွေ ပါဝင်ပါတယ်။

မောပန်းအားကုန်နေတာ၊ အဆစ်အမြစ်နဲ့ ကြွက်သားတွေကိုက်တာ၊ အိပ်မပျော်တာ၊ကိုယ်ခံအားနည်းတာ၊ အာရုံစူးစိုက်လို့ မရတာတွေက ဂလူတာချို့တဲ့တဲ့ လက္ခဏာတွေပါ။ အသားအရေမွဲခြောက်လာပြီး နဖူး၊ ပါးပြင်နဲ့ မေးစေ့မှာ တင်းတိတ်လို အညိုကွက်၊ အမဲစက်တွေလည်း ဖြစ်လာတတ်ပါတယ်။ ဂလူတာကို သောက်ဆေး၊ ထိုးဆေး၊ ရှူဆေးအနေနဲ့ ဖြည့်စွက်လို့ရပြီး တစ်နေ့ကို ၆၀၀ မီလီဂရမ်ပမာဏထိ သုံးစွဲလို့ ရပါတယ်။ ကြာရှည်သုံးစွဲရင် ဇင့်ဓာတ်ချို့တဲ့နိုင်ပြီး ကိုယ်ဝန်ဆောင်နဲ့ ကလေးအမေတွေတော့ မသုံးစွဲသင့်ပါဘူး။
ဂလူတာနဲ့ ကော်လာဂျင် နှစ်မျိုးလုံးတွဲသောက်တဲ့အခါ အသားအရေကို ပိုကောင်းစေပြီး အူတွေက ကော်လာဂျင်ကို ပိုမိုစုပ်ယူနိုင်အောင် ဂလူတာက ကူညီပေးပါတယ်။ ဥအမျိုးမျိုး၊ ငါးနဲ့ အခွံမာငါးတွေ၊ ကြက်သားနဲ့ ကြက်ရိုးတွင်းခြင်ဆီ၊ ချဉ်တဲ့အသီးတွေ၊ ပဲအမျိုးမျိုး၊ အစိမ်းရောင်အရွက်တွေ၊ ငရုတ်ပွ၊ ဘယ်ရီသီး၊ ခရမ်းချဉ်သီး တွေဟာ ကော်လာဂျင်ကြွယ်ဝတဲ့ သဘာဝအစားအစာတွေပါ။ ဟင်းနုနွယ်၊ ထောပတ်သီး၊ နနွင်း၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ဘရိုကိုလီ၊ ကညွတ်၊ မုန်လာဥနီစတဲ့ အစိမ်းရောင်အရွက်တွေ၊ ဗိုက်တာမင်စီကြွယ်ဝတဲ့ အသီးတွေ၊ ဒိန်ချဉ်စတာတွေမှာ ဂလူတာ ကြွယ်ဝစွာ ပါဝင်ပါတယ်။

GNC LAC taut White

ကော်လာဂျင်နဲ့ ဂလူတာဟာ အသားအရေ လှဖို့အတွက်သာမက အရိုးအဆစ်၊ ကြွက်သားတွေ သန်မာဖို့လည်း အထောက်အကူဖြစ်တာမို့ ဖြည့်စွက်စာအနေနဲ့ဖြစ်ဖြစ်၊ အစားအစာတွေကနေဖြစ်ဖြစ် ပြည်လည်ဖြည့်တင်းဖို့ လိုအပ်ပါလိမ့်မယ်။

Author: Dr.Yee Mon

Previous Post

ဝက်ခြံရှိသူတွေပါသောက်လို့ရတဲ့ အသားဖြူဆေးအမျိုးအစား

Next Post

ဝက်ခြံပေါက်သူတွေ သတိထားသင့်တဲ့အမှားများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

The type of skin whitening medicine that makes the skin white and beautiful without side effects

ဘေးထွက်ဆိုးကျိုးမရှိဘဲ အသားအရေ ဖြူစင်ဝင်းပစေမယ့် အသားဖြူဆေးအမျိုးအစား

3 weeks ago
335
When is the best time to take collagen

ကော်လာဂျင်သောက်ဖို့ အကောင်းဆုံးအချိန်

1 month ago
499

အရေပြားလျော့ရဲစေတဲ့ အကြောင်းအရင်းများ

1 month ago
395
Mistakes that people with acne should be aware of

ဝက်ခြံပေါက်သူတွေ သတိထားသင့်တဲ့အမှားများ

1 month ago
331
A type of whitening medicine that can be taken by people with acne

ဝက်ခြံရှိသူတွေပါသောက်လို့ရတဲ့ အသားဖြူဆေးအမျိုးအစား

2 months ago
299
causes of acne

ဝက်ခြံပေါက်ရခြင်း အကြောင်းအရင်းများ

2 months ago
358

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0

Health Tips

Next Post
Mistakes that people with acne should be aware of

ဝက်ခြံပေါက်သူတွေ သတိထားသင့်တဲ့အမှားများ

အရေပြားလျော့ရဲစေတဲ့ အကြောင်းအရင်းများ

When is the best time to take collagen

ကော်လာဂျင်သောက်ဖို့ အကောင်းဆုံးအချိန်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.