fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

How important is biotin for hair health?
788
VIEWS
Share on FacebookShare on TwitterShare on Linkedin
04/12/2023
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

ဘိုင်အိုတင်ဟာ ဗိုက်တာမင် B7 ဓာတ် ဖြစ်ပါတယ်။ သူ့ရဲ့ အဓိကတာဝန်က စားလိုက်တဲ့အစားအစာတွေထဲက ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်းနဲ့ အဆီတွေကို ချေဖျက်ပြီး စွမ်းအင် (energy) အဖြစ် ပြောင်းလဲပေးရာမှာ ပါဝင်တာပါ။

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်

ဘိုင်အိုတင်ဟာ ဆံပင်၊ အသားအရေနဲ့ ခြေသည်းလက်သည်းတွေ ကျန်းမာအောင် ပြုလုပ်ပေးတဲ့ keratin လို့ခေါ်တဲ့ ပရိုတင်းကို ထုတ်လုပ်ရာမှာ ကူညီပေးပါတယ်။ ဆံပင်မှာ keratin ၉၀% ခန့် ပါဝင်ပြီး keratin က ဆံပင်တွေ ရှည်လျားစေတာ၊ ရှုပ်ထွေးပြီး ကျိုးကြေတာတွေ မဖြစ်အောင် ကာကွယ်ပေးတာနဲ့ ပိုးသားလို နူးညံတောက်ပြောင်စေတာ စတဲ့ အာနိသင်တွေ ရှိပါတယ်။

ယခုအခါမှာ ဘိုင်အိုတင်က ဆံသားကျန်းမာရေးအတွက် အဓိကအရေးပါတဲ့ ဓာတ်တစ်ခုဖြစ်မှန်း သိလာကြပြီး shampoos နဲ့ conditioners တွေမှာ တွင်ကျယ်စွာ ထည့်သွင်း အသုံးပြုလာကြပါပြီ။

ဆံပင်ကျွတ်တဲ့ အမျိုးသမီးတွေကို သုတေသနလုပ်ရာမှာ ၃၈% ခန့်က ဘိုင်အိုတင် ချို့တဲ့နေကြောင်း တွေ့ရှိခဲ့ကြပါတယ်။ ဆံပင်ကျွတ်လွယ်တဲ့သူတွေကို ဘိုင်အိုတင် ၆ လခန့် ပေးကြည့်တဲ့အခါ ဆံသားထူလာတာ၊ ဆံပင်အုံထူလာတာနဲ့ ဦးရေပြားကောင်းလာတာ တွေ့ရတယ်လို့လည်း သိရပါတယ်။

ဆံပင်ကျွတ်စေတဲ့ တခြားသော အကြောင်းအရာတွေ ဖြစ်တဲ့ မျိုးရိုးဗီဇကြောင့် ထိပ်ပြောင်တာ၊ သိုင်းရွိုက်ဟော်မုန်း မညီမျှမှုကြောင့် ဆံပင်ကျွတ်တာ၊ ဆေးကုသမှုကြောင့် (ဥပမာ..ကင်ဆာဆေးသွင်းတာ) ဆံပင်ကျွတ်တာ၊သံဓာတ်၊ ဇင့်ဓာတ်နဲ့ ပရိုတင်း ချို့တဲ့မှုကြောင့် ဆံပင်ကျွတ်တာမျိုး အတွက်တော့ ဘိုင်အိုတင်က ထူးခြားမှုရှိမှာ မဟုတ်ပါဘူး။

အစားအစာတွေထဲမှာ ဘိုင်အိုတင်ပါလေ့ရှိလို့ ဘိုင်အိုတင်ချို့တဲ့တာက အဖြစ်နည်းပါတယ်။ ကလီစာတွေ၊ ဥအနှစ်၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ၊ ပန်းဂေါ်ဖီ၊ မှို၊ ပဲအမျိုးမျိုး၊ ဒိန်ချဉ်၊ ချိစ်တွေက ဘိုင်အိုတင် ကြွယ်ဝတဲ့ အစားအစာတွေပါ။

• လက်သည်းခြေသည်းတွေက ကျွတ်ဆတ်ပြီး ကျိုးပဲ့လွယ်တာ
• ဆံပင်ကျွတ်​တာ၊ ထိပ်ပြောင်တာ
• အရေပြားတွေက ငါးအကြေးခွံလို ဖြစ်ပြီး ကွာကျတာ
• နုံးချိပြီး မလှုပ်ချင်မကိုင်ချင် ဖြစ်နေတာ
• ခြေလက်တွေ ထုံနေတာ
• ကိုယ်ခံအားနည်းပြီး မကြာခဏနေမကောင်းဖြစ်တာ စတဲ့ လက္ခဏာတွေ ခံစားနေရရင်တော့ ဘိုင်အိုတင်ချို့တဲ့တာ ဖြစ်နိုင်ပြီး ဘိုင်အိုတင်ပါတဲ့ ဖြည့်စွက်စာအားဆေးတွေ သောက်ဖို့ လိုအပ်နိုင်ပါတယ်။

ဘယ်လို သုံးစွဲရမလဲ?

ကုသဖို့အတွက်ဆိုရင် လူကြီးတွေက တစ်နေ့ကို ဘိုင်အိုတင် 300 mg နဲ့ ၆ လအထိ သောက်သုံးလို့ ရနိုင်ပေမယ့် အများအားဖြင့် တစ်နေ့ကို 2.5-10 mg ခန့်သာ သောက်သုံးလေ့ရှိပါတယ်။
ကာကွယ်ဖို့အတွက် ဆိုရင်တော့ လူကြီးတစ်ယောက်ဟာ တစ်နေ့ကို 30- 100 mcg သောက်သုံးနိုင်ပါတယ်။

အရေပြားပေါ်မှာ လိမ်းတဲ့ အလှအပရေးရာ ထုတ်ကုန်တွေမှာ ထည့်သွင်းဖော်စပ်ထားတဲ့အခါ ဘိုင်အိုတင် 0.6% ခန့် ပါဝင်ရင် စိတ်ချစွာ သုံးစွဲလို့ ရပါတယ်။

ဘိုင်အိုတင်ကို လိုအပ်တာထက် ပိုမိုသုံးစွဲမိရင် အစာအိမ်နာတာ၊ အိပ်မပျော်တာ၊ ရေငတ်တာ၊ ဆီးမကြာခဏသွားတာတွေ ခံစားရနိုင်ပြီး ဘိုင်အိုတင်က ရေမှာပျော်ဝင်နိုင်တာမို့ အချိန်ကာလတစ်ခုအကြာမှာ ဆီးထဲကနေ စွန့်ထုတ်ပြီးတဲ့အခါ သက်သာသွားနိုင်ပါတယ်။

ဆံသားလေးတွေ တောက်ပြောင်ပြီး သန်စွမ်းလှပချင်ရင် ဘိုင်အိုတင်နဲ့ ရင်းနှီးကျွမ်းဝင်ဖို့ လိုပါတယ်။ ဒါကြောင့် အစားအစာတွေကနေ ရယူတာဖြစ်ဖြစ်၊ ဖြည့်စွက်စာအားဆေးအနေနဲ့ သောက်တာဖြစ်ဖြစ်၊ ဘိုင်အိုတင်ပါတဲ့ shampoo နဲ့ conditioner သုံးတာဖြစ်ဖြစ် ဘိုင်အိုတင်နဲ့ လက်တွဲထားမှသာ လှပကျန်းမာတဲ့ ဆံနွယ်လေးတွေကို ပိုင်ဆိုင်နိုင်မှာပါနော်။

Author:Dr.Yee Mon

Previous Post

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

Next Post

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

12 months ago
533
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
1.9k
The type of skin whitening medicine that makes the skin white and beautiful without side effects

ဘေးထွက်ဆိုးကျိုးမရှိဘဲ အသားအရေ ဖြူစင်ဝင်းပစေမယ့် အသားဖြူဆေးအမျိုးအစား

2 years ago
1.6k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
Age and bone health

About heart health and magnesium

နှလုံးကျန်းမာရေးနှင့်မဂ္ဂနီဆီယမ်ဓာတ်အကြောင်း

သွေးအားနည်းခြင်းကိုဖြစ်စေသော အဓိကအကြောင်းအရာများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.