ရာသီဥတုက အရင်ကနဲ့ မတူ ။မိုးကျပြီ ဖြစ်သော်လည်း ပတ်ဝန်းကျင်
က ပူဆဲ ပူမြဲ ။မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေ အရတော့ အပူ
ချိန်ဟာ ၃၉-၄၀ ဒီဂရီစင်တီဂရိတ် လောက်အထိ ရှိပါတယ် ။
ပူပြင်းလှတဲ့ ရာသီဥတုနဲ့အတူ ဇီဝကတို့တတွေ အပူဓာတ်လွန်ကဲစွာ
ခံစားရလို့ ချွေးထွက်လွန်ခြင်း ၊မိတ်ထွက်ခြင်းနဲ့ ယားယံခြင်း စတာတွေ ခံစားရပါတယ်
မိတ်ထွက်တယ်ဆိုတာ အရေပြားမှာ ရှိတဲ့ ချွေးဂလင်းရဲ့ လမ်းကြောင်းလေးတွေ ပိတ်
ကာ အရေပြားထဲမှာ ချွေးယိုစိမ့်လို့ဖြစ်တာပါ ။ယားလို့ ကုတ်ရင်းနဲ့ အခန့်မသင့်ရင်
အရေပြားရှိ ဘတ်တီးရီးယားပိုးတွေ ဝင်ရောက်ကာ ပြည်တည်နာဖုလေးတွေအထိ
ဖြစ်နိုင်တယ် ။
ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတု ၊အဖျားကြီးတဲ့အခါ ၊ထူပိန်းတဲ့ အဝတ်
တွေ ဝတ်ဆင်သူတွေ ၊ကိုယ်လက်လှုပ်ရှားမှုများသူများ ၊ဝတဲ့သူတွေ ၊ငယ်လွန်းတဲ့
ကလေးတွေ ၊တချို့သောဆေးဝါးများက မိတ်ကို ပိုထွက်စေပါတယ် ။
ဘယ်လိုကာကွယ် ကုသရမလဲဆိုရင် တတ်နိုင်သမျှ နေရိပ်ထဲမှာနေ ။
အခန်းက လေဝင်လေထွက်ကောင်းပါစေ ။အဆင်ပြေရင် အဲယားကွန်းအခန်းထဲမှာ
နားနေပါ ။နေပူထဲမှာ ကိုယ်လက်လှုပ်ရှားမှု ပြင်းထန်စွာမလုပ်နဲ့ ။အဝတ်အစားတွေ
ကို ခပ်ပွပွ လေဝင်လေထွက်ကောင်းတာတွေ ရွေးဝတ်ပါ ။ရေများများသောက်ပါ ။
ကိုယ်လိမ်းပေါင်ဒါတွေ လိမ်းနိုင်တယ် ။ဆေးဆပ်ပြာများသုံးစွဲပါ ။ရေပုံမှန်ချိုးပါ ။
ကိုယ်အလေးချိန်ကို ထိန်းပါ ။ယားရင် အယားသက်သာစေတဲ့ ကာလာမင်း calamine
Lotion များ လိမ်းပေးနိုင်တယ် ။အရေပြားခြောက်သွေ့ရင် glycerine ပါတဲ့ အလှဆီ
များ လိမ်းပေးနိုင်တယ် ။အရေပြားပြည်တည်နာဖြစ်က ဆေးခန်းပြဖို့ လိုပါတယ် ။
Author: ခေတ်သစ် ဇီဝက