အမည်းစက်များ၊ အရေးအကြောင်းများ မျက်နှာပေါ်တွင် ဖြစ်ပေါ်လာခြင်းကို
စိတ်ပျက်နေပါသလား။ ဒါမှမဟုတ် အရေးအကြောင်းများ ပျောက်စေမည်ဟု အာမခံကြေငြာနေသော
အလှကုန်ပစ္စည်းများအပေါ်မှာ အချိန်ကုန်ခံ၊ ငွေကုန်ခံ နေပါသလား။ စိတ်ပျက်နေစရာ မလိုပါဘူး။
ထိုဈေးကြီးသော အလှကုန်ပစ္စည်းများကို မသုံးစွဲဘဲ၊ ငွေကုန်ကျဖို့ မလိုဘဲ အိမ်တွင်းမီးဖိုချောင်
ပစ္စည်းများ အသုံးပြု၍ ဇရာ၏ လက္ခဏာဖြစ်သော အရေးအကြောင်းများ၊ အမည်းစက်များကို
သက်သာပျောက်ကင်းစေနိုင်သည့် နည်းလမ်းများ ရှိပါသည်။ နည်းလမ်းအချို့ကို
ဖော်ပြပေးလိုက်ပါသည်။
(၁) လီမွန်သီးနှင့် ပျားရည်
အဝါရောင်ရှိသော အသီးများသည် ဗီတာမင်ကြွယ်ဝပြီး သဘာဝကပေးသော Antioxidant
အနေဖြင့် လူ့ခန္ဓာကိုယ်ကို အကျိုးပြုပါသည်။ အထူးသဖြင့် အရေပြားပေါ်ရှိ ဆဲလ်အသေများကို
ဖယ်ရှားပေးပါသည်။
ပျားရည်သည် အရေးအကြောင်းများ၊ ပါးရေတွန့်ခြင်းများကို
သက်သာပျောက်ကင်းစေပါသည်။
ပြုလုပ်ရမည့် နည်းလမ်း
လီမွန် စားပွဲတင်ဇွန်းတစ်ဇွန်းကို ရောစပ်ပြီး ပျစ်ချွဲသော အရည်တစ်ခွက်ဖြစ်အောင် ပြုလုပ်ပါ။
ပြီးလျှင် မျက်နှာပြင်ပေါ်သို့ လိမ်း၍ အဝိုင်းပုံစံအတိုင်း ဖြည်းညင်းစွာ နှိပ်နယ်ပေးပါ။
မိနစ်နှစ်ဆယ်ခန့် မျက်နှာပြင်ပေါ်တွင် ခြောက်အောင်ထားပေးပါ။ အကယ်၍ ယားယံလာပါက လီမွန်
အနည်းငယ် ထပ်ရောပေးပါ။ အဆိုုပါ နည်းလမ်းများအတိုင်း တစ်လလုံးလုံး ညတိုင်း ဆက်တိုက်
လုပ်ဆောင်ပေးပါက အရေးအကြောင်းများ၊ ပါးရေတွန့်ခြင်းများ၊ အမည်းစက်များ
ပျောက်ကင်းသက်သာလာသည်ကို တွေ့ရပါလိမ့်မည်။
(၂) ဒိန်ချဉ်နှင့် သခွားမွေး
ဒိန်ချဉ်တွင် Lactic acid ကြွယ်ဝပြီး အရေပြားပေါ်မှ ဆဲလ်သေများကို ဖယ်ရှားပေးပြီး
ဆဲလ်အသစ်များကို ပြန်လည်ဖြည့်တင်းပေးရာတွင် ကူညီပေးပါသည်။ ထို့အပြင်
သတ္တုဓာတ်များစွာလည်း ပါဝင်ပြီး အသားအရေကို ချောမောစေနိုင်ပါသည်။
သခွားမွှေးသည် အေးစေသော ဂုဏ်သတ္တိရှိပြီး အသားအရေကို အေးမြစေကာ
မျက်ကွင်းညိုခြင်းကို သက်သာစေနိုင်ပါသည်။
ပြုလုပ်ရမည့်နည်းလမ်း
ဒိန်ချဉ်တစ်ဝက်ထည့်ထားသော ခွက်ထဲသို့ ရင့်မှည့်နေသည့် သခွားမွှေး ရှစ်ပုံတစ်ပုံခန့်
ထည့်ကာ အနှစ်ရအောင် ပြုလုပ်ပါ။ ပြီးလျှင် မျက်နှာပြင်ပေါ်တွင် လိမ်းပေး၍ ဆယ်မိနစ်ခန့်
ထားပေးပါ။ ထို့နောက် ရေနွေးဖြင့် ဆေးပေးပါ။ တစ်ပတ်က သုံးကြိမ်လောက် ပြုလုပ်ပေးပါ။
အသားအရေ စိုပြေဝင်းလက်၍ ဇရာလက္ခဏာများကို သက်သာပျောက်ကင်းစေနိုင်ပါသည်။
(၃) သင်္ဘောသီး
သင်္ဘောသီးတွင် ဗီတာမင်စီ၊ ကာရိုတင်း၊ သတ္တုဓာတ်များနှင့် ????????? အင်ဇိုင်းများစွာ
ပါဝင်ပါသည်။ ချွေးပေါက်များကို ပွင့်စေပြီး အသားအရေကို ချောမောအောင် ပြုလုပ်ပေးပါသည်။
ထို့ကြောင့် အရေပြားပေါ်ရှိ ဆဲလ်သေများကိုလည်း ဖယ်ရှားပေးနိုင်ပါသည်။
ပြုလုပ်ရမည့်နည်းလမ်း
ရင့်မှည့်နေသောသင်္ဘောသီးကို အနှစ်ရအောင် ပြုလုပ်ပေးပါ။ ပြီးလျှင် မျက်နှာပြင်ကို
လိမ်းပေးပြီး ၁၅ မိနစ်ခန့် အခြောက်ခံပေးပါ။ ထို့နောက် ရေနွေးဖြင့် ဆေးပေးပါ။ အသားအရေ
ချောမောလှပလာသည်ကို ခံစားရပါလိမ့်မည်။ ပုံမှန်လုပ်ဆောင်ပေးပါက အမည်းစက်များကို
ပျောက်ကင်းစေနိုင်ပါသည်။
(၄) ကန်စွန်းဥ
ကန်စွန်းဥတွင် ဘီတာကာရိုတင်း၊ အမျှင်ဓာတ်များ၊ ဗီတာမင်စီ၊ ဗီတာမင် ဘီ၆၊ ပိုတက်စီယမ်၊
မဂ္ဂနီစီယမ်၊ ဖော့စ်ဖရပ်နှင့် ဇင့်ဓာတ်များစွာ ပါဝင်ပါသည်။ ၎င်း၌ ဇရာကို တွန်းလှန်နိုင်သော
အစွမ်းသတ္တိများ ရှိပါသည်။ အရေးအကြောင်းများ၊ အမည်းစက်များနှင့် အမာရွတ်များကို
သက်သာပျောက်ကင်းစေနိုင်သည်။ ထို့အပြင် မျက်လုံးညောင်းညာခြင်းကို သက်သာစေပြီး
မျက်ကွင်းညိုခြင်းကို ပျောက်ကင်းစေနိုင်သည်။
ပြုလုပ်ရမည့်နည်းလမ်း
ကန်စွန်းဥကို ပြုတ်၍ အအေးခံပြီး အနှစ်ဖြစ်အောင် ပြုလုပ်ပါ။ ပြီးလျှင် မျက်နှာပြင်ပေါ်သို့
လိမ်းပေးပြီး ၁၅ မိနစ်မှ မိနစ် ၂၀ ခန့် အခြောက်ခံပေးကာ ရေဖြင့်ဆေးပေးပါ။
မျက်လုံးတစ်ဝိုက်ကိုလည်း ထိုနည်းအတိုင်း ပြုလုပ်ပေးနိုင်ပါသည်။ ကန်စွန်းဥကို နှစ်ခြမ်းခွဲ၍
မျက်လုံးပေါ်သို့ တင်ထားပေးပါက မျက်လုံးညောင်းညာခြင်းကို သက်သာစေနိုင်သည်။
(၅) ဥအမျိုးမျိုးမှ အဖြူရောင်အကာ
ဗီတာမင်အေ ကြွယ်ဝပြီး အရေပြားတစ်ရှူးများ ပြန်လည်ပြုပြင်ရာ၌ အကူအညီပေး၍
အရေပြားကို ကျန်းမာစေနိုင်ပါသည်။ အရေးကြောင်းများကိုလည်း
ပျောက်ကင်းသက်သာစေနိုင်ပါသည်။ အရေပြားမှ အဆီထုတ်လုပ်မှု နည်းပါးခြင်းကို ကူညီပေးကာ
အရေပြား၏ အထူအပါးကိုလည်း ထိန်းသိမ်းပေးနိုင်ပါသည်။
ပြုလုပ်ရမည့်နည်းလမ်း
ဥမှ အနှစ်ကိုဖယ်၍ အဖြူရောင်အကာကိုယူပြီး မျက်နှာပြင်ပေါ်တွင် လိမ်းပေးပါ။ ပြီးလျှင်
အခြောက်ခံပေးပါ။ မျက်လုံးတစ်ဝိုက်နေရာများကို လိမ်းပေးရန် မမေ့ပါနှင့်။ ထို့နောက် ရေဖြင့် ဆေးပြီး
နူးညံ့သော ပဝါဖြင့်သုတ်ပေးပါ။ အသားအရေ တင်းရင်းပြီး နုပျိုလာသည်ကို
သတိထားမိလာပါလိမ့်မည်။
Author: ဒေါက်တာဖြူစင်