fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 357 Total Cases
😥 6 Deaths
😇 305 Recovered

စူပါမေမေရဲ့သားသားမီးမီးတွေအတွက် စူပါမီနူး

သားသားမီးမီးလေးတွေကို ခန္ဓာကိုယ်ရော ဉာဏ်ရည်ရောဖွံ့ဖြိုးတိုးတက်အောင် အဘက်ဘက်က ဖြည့်ဆည်းပေးချင်ကြတာ မေမေတိုင်းရဲ့စေတနာပါ။ အဲ့ဒီ့အတွက် သားသားမီးမီးတွေ ရောဂါဘယကင်းကင်းနှင့် ဖွံ့ဖြိုး ကြီးထွားလာအောင် ၊ စားချင်သောက်ချင်စိတ်လည်းရှိအောင် ဘာအစားအစာတွေ ကျွေးရမလဲဆိုတာ စူပါမီနူး ဆွဲကြည့်ရအောင်။ စူပါမီနူးဆိုတာကလည်း မေမေတို့သိပြီးသား အစားအစာလေးတွေပါပဲ မထူးခြားပါဘူးနော်။

စူပါမီနူးမဆွဲခင် သားသားမီးမီးတွေ အစာစားချင်အောင် ဘယ်လိုအချက်တွေ သိသင့်လဲ ဆိုတာကတော့-

  1. ကလေးတွေဟာ ချိုတဲ့အရသာကို ပိုနှစ်ခြိုက်တတ်ကြတဲ့အတွက် သားသားမီးမီးတွေကို ဖြည့်စွက်စာ စကျွေးတဲ့အခါ ဟင်းသီးဟင်းရွက်က စကျွေးပါ နောက်မှ အသီးအနှံကျွေးပေးပါ။ အသီးအနှံစကျွေးလိုက်ရင် ဟင်းသီးဟင်းရွက်ကို စားဖို့ခဲယဉ်းသွားတတ်ပါတယ်။
  2. အစားအစာတစ်ခုခု စစမ်းကျွေးတဲ့အခါ ရင်းနှီးပြီးသားအစားအစာတွေနှင့် ရောရောကျွေးပေးပါ။ အမျိုးအစားစုံလင်ပါစေ။
  3. သူတို့ကြိုက်တဲ့ ချစ်စရာကာတွန်းဇာတ်ကောင်ပုံစံ ပန်းကန်၊ ခွက်ယောက်လေးတွေသုံးပြီး အစာကျွေးပါ။
  4. အစာစားတဲ့အချိန်မှာ အေးအေးဆေးဆေး အချိန်ပေးပြီး စားပါစေ။ အစာစားတဲ့အချိန်မှာ ပျော်နေပါစေ။
  5. မိသားစုထမင်းဝိုင်းမှာ တူတူကျွေးပေးပါ။ အနားမှာ တူတူစားနေတဲ့သူရှိမှ အစာစားရတာ ပျော်လာပြီး အသစ်အစမ်းတွေကို မြည်းစမ်းချင်စိတ်ပေါ်လာမှာပါ။

အသက်အရွယ်အလိုက် စူပါမီနူး ( နမူနာ အကြမ်း )

အသက် ၆-၇လအထိ

    • ပဲနီလေး ဒါမှမဟုတ် ပဲစိမ်းပြုတ်နှင့် ဆန်ကိုရောပြုတ်ပြီး ချေကျွေးပါ။ ( ဗီတာမင် အေ၊ စီ၊ သံဓါတ်၊ အသားဓါတ်၊ ကယ်လ်ဆီယမ် ကြွယ်ဝစွာပါဝင်ပါတယ်။ )
    • ငှက်ပျောသီး ( ပိုတက်ဆီယမ်ဓါတ်၊ အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်ပါတယ်၊ တစ်နေ့ ၂လုံးထက်ပိုကျွေးရင် ဝမ်းချုပ်တတ်ပါတယ်။ )
    • ထောပတ်သီး ကြိတ်ချေ ပြီးကျွေးပါ။ ထောပတ်သီးမှာ ကောင်းတဲ့အဆီဓါတ်တွေများစွာပါဝင်တဲ့အတွက် ကလေး ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုပါတယ်။
    • ကန်စွန်းဥ ဒါမှမဟုတ် အာလူးပြုတ် တွေထဲမှာ ဗီတာမင်တွေ၊ အမျှင်ဓါတ်တွေပါဝင်တဲ့အတွက် ပဲပြုတ်ထားတဲ့အထဲ ထည့်ချေကျွေးပေးပါ။
    • မုန်လာဥနီ၊ ပန်းဂေါ်ဖီစိမ်း ကိုပြုတ်ပြီး ချိစ်နှင့်ရောနည် ကျွေးပေးပါ။
    • ကြက်ပြုတ်ရည် နည်းနည်းစီတိုက်ပေးပါ။

အသက် ၇လ အထက်

  • ဖော်ပြပါအစားအစာတွေအပြင် ကြက်သား ဒါမှမဟုတ် အရိုးထွင်ထားသော ငါးပြုတ်ကို ရောကျွေးပါ။
  • အသီးအနှံလေးတွေ နေ့စဉ်တစ်မျိုးတစ်မျိုးပါအောင်ကျွေးပေးပါ။

အသက် ၉လ မှ ၁၂ လအထိ

  • ဖော်ပြပါအစားအစာတွေအပြင် ဝက်သား၊ အမဲသားတို့ကို နူးနေအောင်ပြုတ်ပြီး သေးသေးလေးတွေ တုံးပြီးကျွေးပေးပါ။
  • ချိစ်ပြားလေးတွေ၊ ဒိန်ခဲ၊ ပေါင်မုန့် လေးတွေကို ပုံစံအမျိုးမျိုးလုပ်ကျွေးပေးပါ။
  • အသီးအနှံအစုံကျွေးပါ။ အသီးအနှံလေးတွေကို အေးအောင်လုပ်ပြီးကျွေးကြည့်ပါ။
  • ကွတ်ကီး၊ ကိတ်မုန့်လေးတွေကို နည်းနည်းစီကျွေးကြည့်ပေးပါ။

အသက် နှစ်အထက်

  • အသားပေါင်း၊ ဖက်ထုပ်ပေါင်းကျွေးပါ။
  • အသီးလေးတွေကို ရောပြီး ကျွေးပေးပါ။
  • နေ့စဉ် ထမင်းပျော့ပျော့ကျွေးပါ။ ဟင်းသီးဟင်းရွက် တစ်မျိုးမျိုး၊ အသား သို့မဟုတ် ငါး တစ်မျိုးမျိုး နေ့စဉ်ပါပါစေ။
  • ဟင်းနုနွယ်သုပ်၊ မုန်လာဥနီသုပ် စတဲ့ ရင်းနှီးပြီးသား ဟင်းသီးဟင်းရွက်လေးတွေကို သံလွင်ဆီ၊ ဆားနည်းနည်း၊ သကြားနည်းနည်း နှင့် သုပ်ကျွေးပေးပါ။
  • ကြက်ဥပြုတ်၊ ကြက်ဥပေါင်း၊ ကြက်ဥကြော်ကျွေးလို့ရပါတယ်။

Author : Dr.Khaing

ဆက်စပ် ဆောင်းပါးများ