(zawgyi)
အေရျပားဟာ ကိုယ္ခႏၶာတစ္ခုလုံးကို အေပၚယံကဖုံးအုပ္ထားတဲ့ အဂၤါအစိတ္အပိုင္းျဖစ္တဲ့ဆံပင္၊ လက္သည္းေျခသည္း၊ အဆီဂလင္း၊ ေခြၽးဂလင္းေတြ စတာေတြကေနျဖစ္လာတဲ့ ေရာဂါေတြလဲ
အပါအဝင္ျဖစ္ပါတယ္။ ကိုယ္ခႏၶာရဲ႕အေပၚဆုံးအလႊာျဖစ္တဲ့အတြက္ အေရျပားဟာ ကိုယ္ခႏၶာအစိတ္အပိုင္းလဲျဖစ္တာမို႔ အသြင္အျပင္အတြက္လည္း အေရးပါပါတယ္။
ဒါေၾကာင့္အေရျပားရဲ႕ အဓိကလုပ္ေဆာင္ခ်က္ေတြကိုေဖာ္ျပၾကရင္ ဒီအသြင္အျပင္လွျခင္း၊ ဆြဲေဆာင္မႈရွိျခင္းစတဲ့ တစ္ျခားသူရဲ႕ ကိုယ္အေရျပားေပၚအျပင္၊ ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈရွိေစတဲ့
အေရျပား အေျခအေနစတာေတြကို မပါမျဖစ္ ထည့္သြင္းေဖာ္ျပၾကပါတယ္။ ဒါေတြနဲ႔ တစ္ဆက္ တည္းျဖစ္လာတာကေတာ့ ကိုယ့္အေရျပားမွာ တစ္ခုခု ျဖစ္ေနရင္ အထူးသျဖင့္ သဘာဝကေန
လြဲေခ်ာ္မႈတစ္ခုခု ျဖစ္လာၿပီဆိုရင္ ဒီအရာဟာ ကိုယ့္စိတ္ကိုေတာ္ေတာ္ေလးသက္ေရာက္မႈရွိလာတာပဲျဖစ္ပါတယ္။
စိတ္ကိုေတာ္ေတာ္ေလး ဒုကၡေပးႏိုင္တဲ့ အေရျပားေရာဂါ ဒါမွမဟုတ္အေရျပား အေျခအေနတစ္ခုက ေတာ့ခ႐ုသင္းျဖစ္ပါတယ္။ အေရျပားမွာ အျဖဴကြက္ေတြ ျဖစ္လာတဲ့ဒီအေျခအေနဟာ ခံစားရသူ ေတာ္ေတာ္မ်ားမ်ား အားလုံးကို စိတ္ဒုကၡေတာ္ေတာ္ျဖစ္ေစႏိုင္ပါတယ္။အေရျပားအေရာင္ေဖ်ာ့လာတာ၊ ျဖဴလာတာေတြျဖစ္ႏိုင္တဲ့ေရာဂါဟာ ခ႐ုသင္းတစ္ခုတည္းေတာ့မဟုတ္ပါဘူး။ ဒါေပမယ့္ အ ေတြ႕ရအမ်ားဆုံးအေျခအေန တစ္ခုေတာ့ ျဖစ္ပါတယ္။ ကိုယ့္အေရျပားမွာ ပုံမွန္မဟုတ္ဘဲ ကြက္ၿပီးျဖဴလာၿပီဆိုရင္ ခံစားရသူအမ်ားစုဟာ စိတ္ပူလာၾကေတာ့တာပါပဲ။ အဝတ္အစားနဲ႔ ဖုံးအုပ္ထားလို႔ မလြယ္တဲ့ေနရာေတြမွာ ျဖစ္လာတဲ့သူေတြဆို ပိုဆိုးေတာ့တာေပါ့။ တစ္ခ်ိန္တည္းမွာပဲ ဒီအျဖဴကြက္ေတြကို အျမန္ဆုံးနည္းနဲ႔ဖယ္ရွားၿပီး နဂိုအေရျပားအေရာင္ ျပန္ရခ်င္ေတာ့တာပဲ ျဖစ္ပါတယ္။
ဒီေနရာမွာ ပထမဆုံးေျပာခ်င္တာကေတာ့ ခ႐ုသင္းနဲ႔အနာႀကီးေရာဂါဟာ ဘာမွမသက္ဆိုင္ဘူးဆိုတာပါ။ အနာႀကီးေရာဂါဟာ Mycobacterium Leprae ဆိုတဲ့ ဘက္တီးရီးယားတစ္မ်ိဳးေၾကာင့္္ ျဖစ္တာပါ။ အနာႀကီးမွာ အေရျပားဟာ ျဖဴဆြတ္ေနတဲ့အကြက္ေတြျဖစ္မလာပါဘူး။ ထုံတဲ့အကြက္ေတြျဖစ္လာတာဟာ အဓိကအေရျပားမွာ ျဖစ္လာတဲ့လကၡဏာျဖစ္ပါတယ္။ ဒါေၾကာင့္ ျဖဴေနေပမယ့္မထုံတဲ့ ခ႐ုသင္းအကြက္ေတြဟာ အနာႀကီးေရာဂါမဟုတ္ပါဘူး။ ခ႐ုသင္းဟာ အခ်ိန္ၾကာလာလာလို႔လဲ အနာႀကီးေရာဂါအျဖစ္ကိုေျပာင္းလဲေရာက္ရွိမသြားႏိုင္ပါဘူး။ ဒါေၾကာင့္အနာႀကီးေရာဂါရဲ႕ ေနာက္ဆက္တြဲျဖစ္ႏိုင္တဲ့ကိုယ္ခႏၶာအစိတ္အပိုင္းခ်ိဳ႕ယြင္းမႈေတြထဲ ျဖစ္မလာႏိုင္ပါဘူး။ ခ႐ုသင္းဟာ ျဖဴေန႐ုံသက္သက္ပဲျဖစ္ပါတယ္။
ေနာက္တစ္ခုကေတာ့ ျဖဴေနတဲ့အေရျပားဟာ ေနေရာင္ျခည္ဒဏ္ခံႏိုင္စြမ္း နည္းေနႏိုင္တာကလြဲလို႔ လူ႔သက္တမ္းကို အမ်ားႀကီးထိခိုက္မႈ မရွိႏိုင္တာပဲျဖစ္ပါတယ္။ ေနရာကြက္ၿပီးျဖစ္တဲ့ ခ႐ုသင္းေတြမွာ ေနေရာင္ျခည္ဒဏ္ေၾကာင့္ ျဖစ္လာတဲ့ အေရျပားေရာဂါ ဒါမွမဟုတ္ တျခားေရာဂါေတြဟာလဲ မေတြ႕ရသေလာက္ပါပဲ။ ဒါေၾကာင့္ ခ႐ုသင္းေရာဂါ အေရျပားေနရာကြက္ၿပီး ျဖဴေနတာသက္သက္ ေၾကာင့္ေတာ့ လူ႔သက္တမ္းကိုမထိခိုက္ဘူးလို႔ေျပာတာပါ။ ဒါေပမယ့္ ျဖဴေနတဲ့အေရျပားေၾကာင့္ ျဖစ္လာတဲ့စိတ္ခံစားမႈ သိပ္ႀကီးရင္ေတာ့ျပႆနာရွိႏိုင္ပါတယ္။ ဒါေၾကာင့္ ခ႐ုသင္းဟာစိတ္ဒုကၡေတာ္ ေတာ္ေပးတဲ့ အေရျပားေရာဂါေတြထဲမွာအဓိကတစ္ခုျဖစ္ေနတာပါ။ အထူးျပဳေျပာခ်င္တာကေတာ့ ခ႐ုသင္းဟာ အေရျပားျဖဴေနတာကလြဲလို႔သူ႔ခ်ည္းသက္သက္ဆိုရင္ အသက္အႏၲရာယ္မရွိဘူးဆိုတာပါ။
ခ႐ုသင္းဘာေၾကာင့္ျဖစ္
ခ႐ုသင္းေရာဂါျဖစ္ပြားရျခင္း၏ တိက်ေသခ်ာေသာအေၾကာင္းရင္းကို မသိရွိၾကေသးပါ။ သို႔ရာတြင္ မ်ိဳး႐ိုးဗီဇေျပာင္းလဲမႈ အခ်ိဳ႕ပါဝင္သည္ဟု လက္ခံထားၾကပါသည္။ Nalp, gene ေျပာင္းလဲမႈႏွင့္ ခ႐ု သင္းေရာဂါျဖစ္ပြားမႈ ဆက္စပ္မႈရွိသည္ဟု ေလ့လာေတြ႕ရွိခ်က္အခ်ိဳ႕က ဆိုပါသည္။ ခ႐ုသင္းေရာဂါျဖစ္ပြားျခင္းသည္ မ်ိဳး႐ိုးလိုက္ႏိုင္ပါသည္။ ခ႐ုသင္းရွိေသာ မိဘမ်ားထက္သားသမီးမ်ားတြင္ ခ႐ုသင္း ျဖစ္ပြားႏိုင္ေခ် အနည္းငယ္ပိုမ်ားပါသည္။ မိဘႏွစ္ဦးအနက္တစ္ဦးဦးတြင္ ခ႐ုသင္းရွိလွ်င္ သားသမီးမ်ားတြင္ ခ႐ုသင္းျဖစ္ပြားႏိုင္ေခ် ၅ ရာခိုင္ႏႈန္းမွ ၇ ရာခိုင္ႏႈန္း ေလာက္ရွိသည္ဟုဆိုပါသည္။ ခ႐ုသင္းရွိေနသူမ်ား၏ ၃၀ ရာခိုင္ႏႈန္းတြင္ခ႐ုသင္းျဖစ္ပြားေသာ မိသားစုဝင္တစ္ဦးဦး ရွိတတ္သည္ဟုလည္း ဆိုပါသည္။
ခ႐ုသင္းေရာဂါျဖစ္ပြားမႈ၏ ေနာက္ထပ္အေၾကာင္းရင္းတစ္ခုမွာ မိမိ၏ကိုယ္ခံအားစနစ္ေၾကာင့္ပင္ ျဖစ္ပါ သည္။ Autoimmune ဟုေခၚေသာ မိမိ၏ကိုယ္ခံအားစနစ္မွ မိမိကိုယ္အေရျပားအတြင္းရွိ Melanocyte ေခၚ ေရာင္ျခယ္ပစၥည္းထုတ္ေပးေသာ ဆဲလ္မ်ားကို ျပန္လည္ဖ်က္စီးေသာ ေရာင္ရမ္းမႈျဖစ္စဥ္ေၾကာင့္ ခ႐ုသင္းေရာဂါ ျဖစ္လာရသည္ ဆိုေသာယူဆခ်က္သည္ ခ႐ုသင္းေရာဂါျဖစ္ပြားမႈျဖစ္စဥ္၏ အေရးပါေသာ၊ ျဖစ္ေစေသာအေၾကာင္းရင္း တခ်ိဳ႕ျဖစ္သည္ဟု အမ်ားအားျဖင့္လက္ခံထားၾကပါသည္။ ထိုယူဆခ်က္ကို ေထာက္ခံမႈ ခ႐ုသင္း ေရာဂါသည္ အျခားကိုယ္ခံအားစနစ္ေၾကာင့္ ျဖစ္ သည့္ေရာဂါမ်ားျဖစ္ေသာ သိုင္း႐ြိဳက္ဂလင္းေရာဂါမ်ား၊ ဆံပင္ကြၽတ္ေသာအေျခအေန၊ Pernicious Anaemia ေခၚ ေသြးအားနည္းေရာဂါတစ္မ်ိဳး၊ Addison’s Disease စသည္ တို႔ႏွင့္ အတူတူျဖစ္ပြားမႈမ်ားကိုလည္း ေတြ႕ရပါသည္။
ခ႐ုသင္းေရာဂါသည္ အာ႐ုံေၾကာမ်ားႏွင့္ ဆက္စပ္ႏိုင္သည္ဟူေသာ ယူဆခ်က္မ်ားလည္းရွိပါသည္။ အခ်ိဳ႕က ခ႐ုသင္းျဖစ္ပြားသူမ်ားတြင္ အျဖဴကြက္မ်ားသည္ ကိုယ္ခႏၶာ၏ အခ်ိဳ႕အစိတ္အပိုင္းမ်ားတြင္သာ ကြက္ၿပီး ျဖစ္ပြားသည္ကိုေတြ႕ရွိရသည္။ ဤသို႔ေနရာကြက္ျဖစ္ပြားျခင္းသည္ ထိုေနရာရွိအာ႐ုံေၾကာမွ်င္၏ သက္ေရာက္ရာ ေနရာအတြင္းတြင္သာ ျဖစ္ေနျခင္းသည္ထိုေနရာရွိ အာ႐ုံေၾကာမွ်င္၏ သက္ေရာက္ရာေနရာအတြင္းတြင္သာ ျဖစ္ေနသည္ကို ေတြ႕ရွိရာမွ ဤယူဆခ်က္ ထြက္ေပၚလာခဲ့ျခင္း ျဖစ္ပါသည္။ အေရျပားအရင္းရွိ ေရာင္ျခယ္ပစၥည္းထုတ္ဆဲလ္မ်ားသည္ မူလအားျဖင့္ အာ႐ုံေၾကာမွ်င္မ်ားျဖစ္လာေသာ ဆဲလ္မ်ားႏွင့္ သေႏၶသားစျဖစ္စဥ္တြင္ တစ္ေနရာတည္းမွလာေသာ ဆဲလ္မ်ားျဖစ္ၾကျခင္းေၾကာင့္ အာ႐ုံေၾကာႏွင့္ ခ႐ုသင္းျဖစ္ပြားမႈ ဆက္စပ္သည္ဟု ယူဆၾကျခင္းလည္းျဖစ္ပါသည္။ လက္ခံသူမ်ားေသာခ႐ုသင္းေရာဂါျဖစ္ေစေသာ အေၾကာင္းရင္းယူဆခ်က္မ်ားကို အက်ဥ္းေဖာ္ျပျခင္းျဖစ္ပါသည္။
ခ႐ုသင္းဆိုတာ –
ခ႐ုသင္း ဘာေၾကာင့္ျဖစ္သလဲဆိုတဲ့အေၾကာင္းရင္းခံေတြကို အက်ဥ္းေလာက္ေျပာျပၿပီးတဲ့ေနာက္မွာ ခ႐ုသင္းေရာဂါအေၾကာင္း နည္းနည္းေျပာခ်င္ပါတယ္။ ခ႐ုသင္းေရာဂါဟာ ကမာၻ႔လူဦးေရရဲ႕ ၁ မွ ၂ ရာခိုင္ႏႈန္း တစ္နည္းအားျဖင့္ လူ ၆၅ သန္းေက်ာ္မွာ ျဖစ္ေနတယ္လို႔ ဆိုပါတယ္။ တစ္ဝက္ေလာက္ဟာ အသက္ ၂၀ မတိုင္ခင္ ခ႐ုသင္းစျဖစ္ေနၾကၿပီး အမ်ားစုဟာ အသက္ ၄၀ မတိုင္ခင္မွာ ခ႐ုသင္းစျဖစ္ေနၾကၿပီလို႔ ဆိုပါတယ္။ ဘယ္လူမ်ိဳးမွာ
မဆိုျဖစ္ပြားႏိုင္ပါတယ္။ က်ား၊ မ မေ႐ြးျဖစ္ႏိုင္တယ္လို႔လဲ ေျပာၾကပါတယ္။ အသားအေရာင္ရင့္တဲ့သူေတြမွာဆိုရင္ပိုၿပီး ျမင္သာထင္သာရွိပါတယ္။ ခ႐ုသင္းဆိုတာ အေရျပားေပၚမွာအျဖဴကြက္ေတြ ျဖစ္ေပၚလာတာ ျဖစ္ပါတယ္။ အေရျပားထဲက ေရာင္ျခယ္ပစၥည္း ထုတ္တဲ့ဆဲလ္ေတြ မရွိေတာ့လ ို႔အလုပ္မလုပ္ေတာ့လို႔ ေရာင္ျခယ္ပစၥည္းမရွိဘဲ အျဖဴကြက္ေတြျဖစ္လာတာပါ။ ခ႐ုသင္းကိုအၾကမ္းအားျဖင့္ ကိုယ္ခႏၶာအစိတ္အပိုင္းတစ္ခုပဲ ကြက္ျဖစ္တဲ့ခ႐ုသင္းနဲ႔ ကိုယ္ခႏၶာတစ္ခုလုံးမွာျဖစ္တဲ့ ခ႐ုသင္းလို႔ခြဲျခားႏိုင္ပါတယ္။ ကိုယ္ခႏၶာတစ္ခုလုံး ဟိုတစ္ကြက္ ဒီတစ္ကြက္ေတြျဖစ္တဲ့ အမ်ိဳးအစားက အေတြ႕ရပိုမ်ားပါတယ္။ လက္ထိပ္၊ ေျခထိပ္ေလးေတြနဲ႔ ပါးစပ္တစ္ဝိုက္၊ မ်က္စိတစ္ဝိုက္ႏွစ္ေပါင္းတစ္ဝိုက္ျဖစ္တဲ့ ခ႐ုသင္းမ်ိဳးလဲရွိပါတယ္။ အကြက္တစ္ကြက္၊ ႏွစ္ကြက္ပဲ ကြက္ျဖဴတာမ်ိဳးလဲျဖစ္ႏိုင္ပါတယ္။ အကြက္ႏွစ္ကြက္ကေန မ်ားလာတာ မေတြ႕ရေသးေပမယ့္ ထပ္မပြားပဲလဲ ရွိေနႏိုင္တာပါပဲ။ ဒါေၾကာင့္ ခ႐ုသင္းဟာပြားမလား၊ မပြားဘူးလားဆိုတာလဲ ခန႔္မွန္းရမလြယ္ပါဘူး။
တခ်ိဳ႕ခ႐ုသင္းကြက္ေတြဆိုရင္ အနားဘက္ကပိုၿပီး အေရာင္ရင့္ေနတာမ်ိဳးလဲ ေတြ႕ရတတ္ပါတယ္။ တခ်ိဳ႕မွာဆို အေမႊးေလးေတြပါ ျဖဴေနတာေတြ႕ရပါတယ္။ ဆံပင္၊ မ်က္ေတာင္၊ မ်က္လုံး၊ ႏႈတ္ခမ္းေမြးစတာေတြပါ ေအာက္ခံခ႐ုသင္းကြက္ေတြကိုလိုက္ၿပီး ကြက္ျဖဴေနတာမ်ိဳးပါ။ ခ႐ုသင္းကြက္ေတြဟာ ေနေရာင္ထိေတြ႕တဲ့အေရျပားေနရာေတြမွာ ျဖစ္တာပိုမ်ားတယ္လို႔ဆိုၾကပါတယ္။ ဒါေၾကာင့္ အဝတ္အစားနဲ႔ဖုံးထားလို႔ လြယ္တဲ့ေနရာမွာခ်ည္းသက္သက္ျဖစ္ေနတဲ့ခ႐ုသင္းလူနာေတြဟာ ကံေကာင္းတဲ့သူေတြလို႔ယူဆႏိုင္ပါတယ္။ အာ႐ုံေၾကာတစ္ခုရဲ႕ဧရိယာအတြင္းပဲျဖစ္တဲ့ ခ႐ုသင္းဟာ ကိုယ္ခႏၶအႏွံ႔ ဟိုတစ္ကြက္၊ ဒီတစ္ကြက္ ျဖစ္တတ္တဲ့ခ႐ုသင္းနဲ႔ယွဥ္ရင္ ပြားတာပိုျမန္တယ္လို႔ ဆိုၾကပါေသးတယ္။
အသက္ႀကီးတဲ့သူေတြမွာ ျဖစ္လာတတ္တဲ့အျဖဴကြက္ အေသးေလးေတြဟာလဲ ခ႐ုသင္းဆိုၿပီးလူေတြကို စိတ္ပူေစတတ္ပါတယ္။ ဒီအျဖဴကြက္ေလးေတြကေတာ့ အေရျပားအိုမင္းလာမႈေၾကာင့္ ျဖစ္လာၾကတာပါ။ အ႐ြယ္အစားေသးေသးေလးေတြျဖစ္ၿပီး ေနေရာင္ျခည္နဲ႔ထိေတြ႕တဲ့ လက္ဖ်ံေတြမွာအျဖစ္မ်ားေပမယ့္ တျခားကိုယ္ခႏၶာအေရျပားေတြမွာလဲေတြ႕ရတတ္ပါတယ္။ ေနေလာင္တဲ့အေရျပားမွာလည္းေတြ႕ႏိုင္ပါတယ္။ ခ႐ုသင္းကေတာ့အ႐ြယ္ေလးေသးေသးကစၿပီး တျဖည္းျဖည္းႀကီးလာေပမယ့္ ဒီအကြက္ေလးေတြကေတာ့ ႀကီးမလာပါဘူး။ ဒီအသက္ႀကီးကြက္ေလးေတြကေတာ့ အိုမင္းလာတဲ့သူေတြမွာ ဘယ္သူမဆ တစ္ခ်ိန္မဟုတ္တစ္ခ်ိန္ ျဖစ္လာတတ္ၾကတယ္ဆိုေတာ့ ခ႐ုသင္းေၾကာင့္လို႔ထင္ၿပီး အရမ္းစိတ္ဒုကၡမေရာက္ၾကဖို႔ပါ။ နည္းနည္းေလာက္ ရွင္းရွင္းလင္းလင္းျဖစ္သြား ေအာင္ ျပန္ေျပာရရင္ခ႐ုသင္းဆိုတာ အေရျပားေပၚမွာ အျဖဴကြက္ျဖစ္တာျဖစ္ၿပီး အ႐ြယ္အစားတျဖည္းျဖည္းႀကီးလာတဲ့အျဖဴကြက္ျဖစ္ပါတယ္။ ထိေတြ႕မႈအာ႐ုံ၊ အသားအေရစတာေတြဟာ ေဘးကအသားအေရနဲ႔အတူတူပဲျဖစ္ပါတယ္။ ျဖစ္တဲ့ေနရာကေတာ့ ဘယ္ေနရာကအေရျပားမွာမဆို ျဖစ္ႏိုင္ပါတယ္။ ပါးစပ္ႏွာေခါင္းတြင္းစတဲ့ အသားႏုေနရာေတြမွာပါ ျဖစ္ပြားႏိုင္ပါတယ္။
ခ႐ုသင္းေရာဂါရွိတဲ့သူေတြအတြက္ အဓိကသက္ေရာက္မႈက စိတ္ခံစားမႈပဲလို႔ေျပာလို႔ရပါတယ္။လူ ေတာမတိုးရဲေတာ့တာ၊ ကိုယ့္ကိုယ္ကို ယုံၾကည္မႈနည္းလာတာ စတာေတြကေနစိတ္က်ေရာဂါမ်ိဳးအထိ ျဖစ္ႏိုင္တယ္လို႔ဆိုပါတယ္။ အဲဒီလိုမ်ိဳးစိတ္ခံစားမႈ စိတ္ဒုကၡေတြကိုတတ္ႏိုင္သေလာက္နည္းေအာင္ ေနထိုင္ရမွာျဖစ္ပါ တယ္။ ခ႐ုသင္းေရာဂါကုသမႈနည္းလမ္းအရခ႐ုသင္းေရာဂါရွိသူေတြ စား သင့္တဲ့အစားအေသာက္ေတြ စတာေတြကိုဆက္ပါအုံးမယ္။
Author: ေဒါက္တာေက (အေရျပား) , Healthcare Journal
(Unicode)
အရေပြားဟာ ကိုယ်ခန္ဓာတစ်ခုလုံးကို အပေါ်ယံကဖုံးအုပ်ထားတဲ့ အင်္ဂါအစိတ်အပိုင်းဖြစ်တဲ့ဆံပင်၊ လက်သည်းခြေသည်း၊ အဆီဂလင်း၊ ချွေးဂလင်းတွေ စတာတွေကနေဖြစ်လာတဲ့ ရောဂါတွေလဲ
အပါအဝင်ဖြစ်ပါတယ်။ ကိုယ်ခန္ဓာရဲ့အပေါ်ဆုံးအလွှာဖြစ်တဲ့အတွက် အရေပြားဟာ ကိုယ်ခန္ဓာအစိတ်အပိုင်းလဲဖြစ်တာမို့ အသွင်အပြင်အတွက်လည်း အရေးပါပါတယ်။
ဒါကြောင့်အရေပြားရဲ့ အဓိကလုပ်ဆောင်ချက်တွေကိုဖော်ပြကြရင် ဒီအသွင်အပြင်လှခြင်း၊ ဆွဲဆောင်မှုရှိခြင်းစတဲ့ တစ်ခြားသူရဲ့ ကိုယ်အရေပြားပေါ်အပြင်၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိစေတဲ့
အရေပြား အခြေအနေစတာတွေကို မပါမဖြစ် ထည့်သွင်းဖော်ပြကြပါတယ်။ ဒါတွေနဲ့ တစ်ဆက် တည်းဖြစ်လာတာကတော့ ကိုယ့်အရေပြားမှာ တစ်ခုခု ဖြစ်နေရင် အထူးသဖြင့် သဘာဝကနေ
လွဲချော်မှုတစ်ခုခု ဖြစ်လာပြီဆိုရင် ဒီအရာဟာ ကိုယ့်စိတ်ကိုတော်တော်လေးသက်ရောက်မှုရှိလာတာပဲဖြစ်ပါတယ်။
စိတ်ကိုတော်တော်လေး ဒုက္ခပေးနိုင်တဲ့ အရေပြားရောဂါ ဒါမှမဟုတ်အရေပြား အခြေအနေတစ်ခုက တော့ခရုသင်းဖြစ်ပါတယ်။ အရေပြားမှာ အဖြူကွက်တွေ ဖြစ်လာတဲ့ဒီအခြေအနေဟာ ခံစားရသူ တော်တော်များများ အားလုံးကို စိတ်ဒုက္ခတော်တော်ဖြစ်စေနိုင်ပါတယ်။အရေပြားအရောင်ဖျော့လာတာ၊ ဖြူလာတာတွေဖြစ်နိုင်တဲ့ရောဂါဟာ ခရုသင်းတစ်ခုတည်းတော့မဟုတ်ပါဘူး။ ဒါပေမယ့် အ တွေ့ရအများဆုံးအခြေအနေ တစ်ခုတော့ ဖြစ်ပါတယ်။ ကိုယ့်အရေပြားမှာ ပုံမှန်မဟုတ်ဘဲ ကွက်ပြီးဖြူလာပြီဆိုရင် ခံစားရသူအများစုဟာ စိတ်ပူလာကြတော့တာပါပဲ။ အဝတ်အစားနဲ့ ဖုံးအုပ်ထားလို့ မလွယ်တဲ့နေရာတွေမှာ ဖြစ်လာတဲ့သူတွေဆို ပိုဆိုးတော့တာပေါ့။ တစ်ချိန်တည်းမှာပဲ ဒီအဖြူကွက်တွေကို အမြန်ဆုံးနည်းနဲ့ဖယ်ရှားပြီး နဂိုအရေပြားအရောင် ပြန်ရချင်တော့တာပဲ ဖြစ်ပါတယ်။
ဒီနေရာမှာ ပထမဆုံးပြောချင်တာကတော့ ခရုသင်းနဲ့အနာကြီးရောဂါဟာ ဘာမှမသက်ဆိုင်ဘူးဆိုတာပါ။ အနာကြီးရောဂါဟာ Mycobacterium Leprae ဆိုတဲ့ ဘက်တီးရီးယားတစ်မျိုးကြောင့် ဖြစ်တာပါ။ အနာကြီးမှာ အရေပြားဟာ ဖြူဆွတ်နေတဲ့အကွက်တွေဖြစ်မလာပါဘူး။ ထုံတဲ့အကွက်တွေဖြစ်လာတာဟာ အဓိကအရေပြားမှာ ဖြစ်လာတဲ့လက္ခဏာဖြစ်ပါတယ်။ ဒါကြောင့် ဖြူနေပေမယ့်မထုံတဲ့ ခရုသင်းအကွက်တွေဟာ အနာကြီးရောဂါမဟုတ်ပါဘူး။ ခရုသင်းဟာ အချိန်ကြာလာလာလို့လဲ အနာကြီးရောဂါအဖြစ်ကိုပြောင်းလဲရောက်ရှိမသွားနိုင်ပါဘူး။ ဒါကြောင့်အနာကြီးရောဂါရဲ့ နောက်ဆက်တွဲဖြစ်နိုင်တဲ့ကိုယ်ခန္ဓာအစိတ်အပိုင်းချို့ယွင်းမှုတွေထဲ ဖြစ်မလာနိုင်ပါဘူး။ ခရုသင်းဟာ ဖြူနေရုံသက်သက်ပဲဖြစ်ပါတယ်။
နောက်တစ်ခုကတော့ ဖြူနေတဲ့အရေပြားဟာ နေရောင်ခြည်ဒဏ်ခံနိုင်စွမ်း နည်းနေနိုင်တာကလွဲလို့ လူ့သက်တမ်းကို အများကြီးထိခိုက်မှု မရှိနိုင်တာပဲဖြစ်ပါတယ်။ နေရာကွက်ပြီးဖြစ်တဲ့ ခရုသင်းတွေမှာ နေရောင်ခြည်ဒဏ်ကြောင့် ဖြစ်လာတဲ့ အရေပြားရောဂါ ဒါမှမဟုတ် တခြားရောဂါတွေဟာလဲ မတွေ့ရသလောက်ပါပဲ။ ဒါကြောင့် ခရုသင်းရောဂါ အရေပြားနေရာကွက်ပြီး ဖြူနေတာသက်သက် ကြောင့်တော့ လူ့သက်တမ်းကိုမထိခိုက်ဘူးလို့ပြောတာပါ။ ဒါပေမယ့် ဖြူနေတဲ့အရေပြားကြောင့် ဖြစ်လာတဲ့စိတ်ခံစားမှု သိပ်ကြီးရင်တော့ပြဿနာရှိနိုင်ပါတယ်။ ဒါကြောင့် ခရုသင်းဟာစိတ်ဒုက္ခတော် တော်ပေးတဲ့ အရေပြားရောဂါတွေထဲမှာအဓိကတစ်ခုဖြစ်နေတာပါ။ အထူးပြုပြောချင်တာကတော့ ခရုသင်းဟာ အရေပြားဖြူနေတာကလွဲလို့သူ့ချည်းသက်သက်ဆိုရင် အသက်အန္တရာယ်မရှိဘူးဆိုတာပါ။
ခရုသင်းဘာကြောင့်ဖြစ်
ခရုသင်းရောဂါဖြစ်ပွားရခြင်း၏ တိကျသေချာသောအကြောင်းရင်းကို မသိရှိကြသေးပါ။ သို့ရာတွင် မျိုးရိုးဗီဇပြောင်းလဲမှု အချို့ပါဝင်သည်ဟု လက်ခံထားကြပါသည်။ Nalp, gene ပြောင်းလဲမှုနှင့် ခရု သင်းရောဂါဖြစ်ပွားမှု ဆက်စပ်မှုရှိသည်ဟု လေ့လာတွေ့ရှိချက်အချို့က ဆိုပါသည်။ ခရုသင်းရောဂါဖြစ်ပွားခြင်းသည် မျိုးရိုးလိုက်နိုင်ပါသည်။ ခရုသင်းရှိသော မိဘများထက်သားသမီးများတွင် ခရုသင်း ဖြစ်ပွားနိုင်ချေ အနည်းငယ်ပိုများပါသည်။ မိဘနှစ်ဦးအနက်တစ်ဦးဦးတွင် ခရုသင်းရှိလျှင် သားသမီးများတွင် ခရုသင်းဖြစ်ပွားနိုင်ချေ ၅ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်း လောက်ရှိသည်ဟုဆိုပါသည်။ ခရုသင်းရှိနေသူများ၏ ၃၀ ရာခိုင်နှုန်းတွင်ခရုသင်းဖြစ်ပွားသော မိသားစုဝင်တစ်ဦးဦး ရှိတတ်သည်ဟုလည်း ဆိုပါသည်။
ခရုသင်းရောဂါဖြစ်ပွားမှု၏ နောက်ထပ်အကြောင်းရင်းတစ်ခုမှာ မိမိ၏ကိုယ်ခံအားစနစ်ကြောင့်ပင် ဖြစ်ပါ သည်။ Autoimmune ဟုခေါ်သော မိမိ၏ကိုယ်ခံအားစနစ်မှ မိမိကိုယ်အရေပြားအတွင်းရှိ Melanocyte ခေါ် ရောင်ခြယ်ပစ္စည်းထုတ်ပေးသော ဆဲလ်များကို ပြန်လည်ဖျက်စီးသော ရောင်ရမ်းမှုဖြစ်စဉ်ကြောင့် ခရုသင်းရောဂါ ဖြစ်လာရသည် ဆိုသောယူဆချက်သည် ခရုသင်းရောဂါဖြစ်ပွားမှုဖြစ်စဉ်၏ အရေးပါသော၊ ဖြစ်စေသောအကြောင်းရင်း တချို့ဖြစ်သည်ဟု အများအားဖြင့်လက်ခံထားကြပါသည်။ ထိုယူဆချက်ကို ထောက်ခံမှု ခရုသင်း ရောဂါသည် အခြားကိုယ်ခံအားစနစ်ကြောင့် ဖြစ် သည့်ရောဂါများဖြစ်သော သိုင်းရွိုက်ဂလင်းရောဂါများ၊ ဆံပင်ကျွတ်သောအခြေအနေ၊ Pernicious Anaemia ခေါ် သွေးအားနည်းရောဂါတစ်မျိုး၊ Addison’s Disease စသည် တို့နှင့် အတူတူဖြစ်ပွားမှုများကိုလည်း တွေ့ရပါသည်။
ခရုသင်းရောဂါသည် အာရုံကြောများနှင့် ဆက်စပ်နိုင်သည်ဟူသော ယူဆချက်များလည်းရှိပါသည်။ အချို့က ခရုသင်းဖြစ်ပွားသူများတွင် အဖြူကွက်များသည် ကိုယ်ခန္ဓာ၏ အချို့အစိတ်အပိုင်းများတွင်သာ ကွက်ပြီး ဖြစ်ပွားသည်ကိုတွေ့ရှိရသည်။ ဤသို့နေရာကွက်ဖြစ်ပွားခြင်းသည် ထိုနေရာရှိအာရုံကြောမျှင်၏ သက်ရောက်ရာ နေရာအတွင်းတွင်သာ ဖြစ်နေခြင်းသည်ထိုနေရာရှိ အာရုံကြောမျှင်၏ သက်ရောက်ရာနေရာအတွင်းတွင်သာ ဖြစ်နေသည်ကို တွေ့ရှိရာမှ ဤယူဆချက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပါသည်။ အရေပြားအရင်းရှိ ရောင်ခြယ်ပစ္စည်းထုတ်ဆဲလ်များသည် မူလအားဖြင့် အာရုံကြောမျှင်များဖြစ်လာသော ဆဲလ်များနှင့် သန္ဓေသားစဖြစ်စဉ်တွင် တစ်နေရာတည်းမှလာသော ဆဲလ်များဖြစ်ကြခြင်းကြောင့် အာရုံကြောနှင့် ခရုသင်းဖြစ်ပွားမှု ဆက်စပ်သည်ဟု ယူဆကြခြင်းလည်းဖြစ်ပါသည်။ လက်ခံသူများသောခရုသင်းရောဂါဖြစ်စေသော အကြောင်းရင်းယူဆချက်များကို အကျဉ်းဖော်ပြခြင်းဖြစ်ပါသည်။
ခရုသင်းဆိုတာ –
ခရုသင်း ဘာကြောင့်ဖြစ်သလဲဆိုတဲ့အကြောင်းရင်းခံတွေကို အကျဉ်းလောက်ပြောပြပြီးတဲ့နောက်မှာ ခရုသင်းရောဂါအကြောင်း နည်းနည်းပြောချင်ပါတယ်။ ခရုသင်းရောဂါဟာ ကမ္ဘာ့လူဦးရေရဲ့ ၁ မှ ၂ ရာခိုင်နှုန်း တစ်နည်းအားဖြင့် လူ ၆၅ သန်းကျော်မှာ ဖြစ်နေတယ်လို့ ဆိုပါတယ်။ တစ်ဝက်လောက်ဟာ အသက် ၂၀ မတိုင်ခင် ခရုသင်းစဖြစ်နေကြပြီး အများစုဟာ အသက် ၄၀ မတိုင်ခင်မှာ ခရုသင်းစဖြစ်နေကြပြီလို့ ဆိုပါတယ်။ ဘယ်လူမျိုးမှာ
မဆိုဖြစ်ပွားနိုင်ပါတယ်။ ကျား၊ မ မရွေးဖြစ်နိုင်တယ်လို့လဲ ပြောကြပါတယ်။ အသားအရောင်ရင့်တဲ့သူတွေမှာဆိုရင်ပိုပြီး မြင်သာထင်သာရှိပါတယ်။ ခရုသင်းဆိုတာ အရေပြားပေါ်မှာအဖြူကွက်တွေ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ အရေပြားထဲက ရောင်ခြယ်ပစ္စည်း ထုတ်တဲ့ဆဲလ်တွေ မရှိတော့လ ို့အလုပ်မလုပ်တော့လို့ ရောင်ခြယ်ပစ္စည်းမရှိဘဲ အဖြူကွက်တွေဖြစ်လာတာပါ။ ခရုသင်းကိုအကြမ်းအားဖြင့် ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုပဲ ကွက်ဖြစ်တဲ့ခရုသင်းနဲ့ ကိုယ်ခန္ဓာတစ်ခုလုံးမှာဖြစ်တဲ့ ခရုသင်းလို့ခွဲခြားနိုင်ပါတယ်။ ကိုယ်ခန္ဓာတစ်ခုလုံး ဟိုတစ်ကွက် ဒီတစ်ကွက်တွေဖြစ်တဲ့ အမျိုးအစားက အတွေ့ရပိုများပါတယ်။ လက်ထိပ်၊ ခြေထိပ်လေးတွေနဲ့ ပါးစပ်တစ်ဝိုက်၊ မျက်စိတစ်ဝိုက်နှစ်ပေါင်းတစ်ဝိုက်ဖြစ်တဲ့ ခရုသင်းမျိုးလဲရှိပါတယ်။ အကွက်တစ်ကွက်၊ နှစ်ကွက်ပဲ ကွက်ဖြူတာမျိုးလဲဖြစ်နိုင်ပါတယ်။ အကွက်နှစ်ကွက်ကနေ များလာတာ မတွေ့ရသေးပေမယ့် ထပ်မပွားပဲလဲ ရှိနေနိုင်တာပါပဲ။ ဒါကြောင့် ခရုသင်းဟာပွားမလား၊ မပွားဘူးလားဆိုတာလဲ ခန့်မှန်းရမလွယ်ပါဘူး။
တချို့ခရုသင်းကွက်တွေဆိုရင် အနားဘက်ကပိုပြီး အရောင်ရင့်နေတာမျိုးလဲ တွေ့ရတတ်ပါတယ်။ တချို့မှာဆို အမွှေးလေးတွေပါ ဖြူနေတာတွေ့ရပါတယ်။ ဆံပင်၊ မျက်တောင်၊ မျက်လုံး၊ နှုတ်ခမ်းမွေးစတာတွေပါ အောက်ခံခရုသင်းကွက်တွေကိုလိုက်ပြီး ကွက်ဖြူနေတာမျိုးပါ။ ခရုသင်းကွက်တွေဟာ နေရောင်ထိတွေ့တဲ့အရေပြားနေရာတွေမှာ ဖြစ်တာပိုများတယ်လို့ဆိုကြပါတယ်။ ဒါကြောင့် အဝတ်အစားနဲ့ဖုံးထားလို့ လွယ်တဲ့နေရာမှာချည်းသက်သက်ဖြစ်နေတဲ့ခရုသင်းလူနာတွေဟာ ကံကောင်းတဲ့သူတွေလို့ယူဆနိုင်ပါတယ်။ အာရုံကြောတစ်ခုရဲ့ဧရိယာအတွင်းပဲဖြစ်တဲ့ ခရုသင်းဟာ ကိုယ်ခန္ဓအနှံ့ ဟိုတစ်ကွက်၊ ဒီတစ်ကွက် ဖြစ်တတ်တဲ့ခရုသင်းနဲ့ယှဉ်ရင် ပွားတာပိုမြန်တယ်လို့ ဆိုကြပါသေးတယ်။
အသက်ကြီးတဲ့သူတွေမှာ ဖြစ်လာတတ်တဲ့အဖြူကွက် အသေးလေးတွေဟာလဲ ခရုသင်းဆိုပြီးလူတွေကို စိတ်ပူစေတတ်ပါတယ်။ ဒီအဖြူကွက်လေးတွေကတော့ အရေပြားအိုမင်းလာမှုကြောင့် ဖြစ်လာကြတာပါ။ အရွယ်အစားသေးသေးလေးတွေဖြစ်ပြီး နေရောင်ခြည်နဲ့ထိတွေ့တဲ့ လက်ဖျံတွေမှာအဖြစ်များပေမယ့် တခြားကိုယ်ခန္ဓာအရေပြားတွေမှာလဲတွေ့ရတတ်ပါတယ်။ နေလောင်တဲ့အရေပြားမှာလည်းတွေ့နိုင်ပါတယ်။ ခရုသင်းကတော့အရွယ်လေးသေးသေးကစပြီး တဖြည်းဖြည်းကြီးလာပေမယ့် ဒီအကွက်လေးတွေကတော့ ကြီးမလာပါဘူး။ ဒီအသက်ကြီးကွက်လေးတွေကတော့ အိုမင်းလာတဲ့သူတွေမှာ ဘယ်သူမဆ တစ်ချိန်မဟုတ်တစ်ချိန် ဖြစ်လာတတ်ကြတယ်ဆိုတော့ ခရုသင်းကြောင့်လို့ထင်ပြီး အရမ်းစိတ်ဒုက္ခမရောက်ကြဖို့ပါ။ နည်းနည်းလောက် ရှင်းရှင်းလင်းလင်းဖြစ်သွား အောင် ပြန်ပြောရရင်ခရုသင်းဆိုတာ အရေပြားပေါ်မှာ အဖြူကွက်ဖြစ်တာဖြစ်ပြီး အရွယ်အစားတဖြည်းဖြည်းကြီးလာတဲ့အဖြူကွက်ဖြစ်ပါတယ်။ ထိတွေ့မှုအာရုံ၊ အသားအရေစတာတွေဟာ ဘေးကအသားအရေနဲ့အတူတူပဲဖြစ်ပါတယ်။ ဖြစ်တဲ့နေရာကတော့ ဘယ်နေရာကအရေပြားမှာမဆို ဖြစ်နိုင်ပါတယ်။ ပါးစပ်နှာခေါင်းတွင်းစတဲ့ အသားနုနေရာတွေမှာပါ ဖြစ်ပွားနိုင်ပါတယ်။
ခရုသင်းရောဂါရှိတဲ့သူတွေအတွက် အဓိကသက်ရောက်မှုက စိတ်ခံစားမှုပဲလို့ပြောလို့ရပါတယ်။လူ တောမတိုးရဲတော့တာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းလာတာ စတာတွေကနေစိတ်ကျရောဂါမျိုးအထိ ဖြစ်နိုင်တယ်လို့ဆိုပါတယ်။ အဲဒီလိုမျိုးစိတ်ခံစားမှု စိတ်ဒုက္ခတွေကိုတတ်နိုင်သလောက်နည်းအောင် နေထိုင်ရမှာဖြစ်ပါ တယ်။ ခရုသင်းရောဂါကုသမှုနည်းလမ်းအရခရုသင်းရောဂါရှိသူတွေ စား သင့်တဲ့အစားအသောက်တွေ စတာတွေကိုဆက်ပါအုံးမယ်။
Author: ဒေါက်တာကေ (အရေပြား) , Healthcare Journal