ဒေါက်တာဗြူတီကို့ကို ပျိုမေတို့ မေးကြတဲ့အထဲမှာ “ဒေါက်တာရေ
၊ညီမ မနက်အိပ်ရာထဆို မျက်ခွံတွေ မို့မို့နေတယ်” ၊
“ထိမိခိုက်မိတာမျိုးလည်း မရှိဘဲ ညီမ မျက်ခွံတွေ အစ်အစ်နေတယ် ။နာကျင်ပြုခြင်းတော့ မရှိပေမယ့်
အလှတော့ပျက်တာမို့ ဘယ်လိုလုပ်ရမလဲ ၊ဒေါက်တာ ။” ဒီအမေးတွေကို
ဒေါက်တာဗြူတီကိုအနေနဲ့ စာဖတ်သူတွေလည်း ဗဟုသုတရအောင် ဒီဆောင်းပါးလေးနဲ့ ပြန်ဖြေပေး
ပါရစေ ။
မနက် မိုးလင်း အိပ်ရာထ မျက်ခွံ မို့ရခြင်းမှာ အများအားဖြင့် အိပ်နေစဉ် ဦးခေါင်းနဲ့ မျက်နှာ အနေအထားမမှန်လို့ပါ ။
အိပ်တဲ့အခါ ဦးခေါင်းဟာနှလုံးရှိတဲ့နေရာထက် နိမ့်နေရင် သွေးလည်ပတ်မှုဟာ တောင်တက်ရသလို
ဖြစ်တာမို့ မျက်ဝန်းတစ်ဝိုက်မှာ အရည်တွေ စုနေတတ်ပါတယ် ။တစ်ခါတစ်လေ
ခေါင်းငုံ့ပြီးလုပ်ရတဲ့အလုပ်တွေ စာရင်းကိုင် ၊ခြံရှင်းခြင်း ၊အဝတ်လျှော်ခြင်းစတာတွေ အကြာ
ကြီးလုပ်ပြီးရင်လည်း မျက်ခွံ အစ်တတ်ပါသေးတယ် ။ဒါကြောင့် ခေါင်းအကြာကြီး
ငုံ့ပြီး အလုပ်လုပ်ခြင်းမျိုးရှောင်ပါ ။အိပ်ရင် ခုတင်ခေါင်းရင်းဘက်ကို
အနည်းငယ်မြင့်ထားပါ ။ဒါ့အပြင် အိပ်နေစဉ် မျက်နှာမှောက်ပြီး အိပ်ကလည်း
မျက်ခွံမို့တတ်ပါသေးတယ် ။ဒါကြောင့် အိပ်ရင် ဘေးတစောင်း အိပ်ပါ ၊မှောက်လျက် မအိပ်ပါနဲ့ ။
နောက်ပြီး အစားအသောက်ကြောင့်လည်း ဖြစ်နိုင်ပါသေးတယ် ။
အစားအသောက်စားတဲ့အခါ အငန်ဓာတ် ၊ဆားဓာတ်များတာတွေ စားခဲ့က
ရေဓာတ်ပြန်လည်ဖြည့်တင်းရသဖြင့် မျက်ခွံတဝိုက် ဖောရောင်တတ်ပါတယ် ။ဒါကြောင့်
မျက်ခွံ မို့နေစဉ် အငန်လျှော့စားပါ ။ဆားဓာတ်လျော့စားပါ ။
တချို့သူတွေကျတော့ အသက်ကလေးရလာလို့ဖြစ်စေ ၊အရွယ်
မတိုင်ခင် မျက်ခွံတဝိုက်ကြွက်သား ကျုံ့နိုင် ဆန့်နိုင်အား
လျော့နည်းလာလို့ဖြစ်စေမျက်ခွံမို့မောက်တတ်ပါသေးတယ် ။ဒီလိုအဖြစ်မျိုးဖြစ်ရင်တော့ အလှအပရေးရာ
ဆရာဝန်တွေနဲ့ တိုင်ပင်သင့်ပါတယ် ။
တချို့ကျတော့လည်း cosmetic ပစ္စည်းတွေသုံးပြီးမှ ဖြစ်တယ်လို့
ပြောကြတယ် ။ဘာကြောင့်လဲဆိုရင် မိမိတို့ သုံးတဲ့ အလှကုန်တွေ ၊eye shadows
တွေမှာပါတဲ့ ဓာတုပစ္စည်းတစ်မျိုးမျိုးနဲ့ မတည့်လို့ဖြစ်စေ ၊အလှကုန်တွေ
သက်တမ်းလွန်နေလို့ ဖြစ်စေ ဖြစ်တတ်ပါတယ် ။ဒါကြောင့် ပျိုမေတို့ အလှကုန် ဝယ်တဲ့အခါ
သက်တမ်းလွန် ၊မလွန် သေချာကြည့်ဝယ်ပါ ။မိမိနဲ့ တည့် ၊မတည့် သေချာ
စမ်းပြီးမှသုံးစေချင်ပါတယ် ။ညအိပ်ရင်လည်း မိတ်ကပ်တွေ eye shadows တွေ သေချာ
ဆေးကြောပြီးမှ အိပ်ပါ ။
အထက်ပါအတိုင်း လိုက်နာရဲ့သားနဲ့ မသက်သာလို့ဖြစ်စေ ၊
နှလုံးရောဂါ ၊ဆီးနဲ့ ကျောက်ကပ်ရောဂါအခံ ရှိက မိမိတို့ မိသားစုဆရာဝန်နဲ့ ပြသ
တိုင်ပင်သင့်ပါတယ် ။
Author; Dr. ဗြူတီကို