(Zawgyi)
အသားအေရရဲ႕ေကာင္းျခင္းဟာ အမ်ိဳးသမီးမ်ားရဲ႕ ေကာင္းျခင္းငါးျဖာထဲမွာ ပါဝင္ပါတယ္။ သည္တစ္ပတ္ “မဂၤလာေမာင္မယ္ က်န္းမာေရးစကားဝိုင္း” မွာ “အေရျပားရဲ႕အလွ” အေၾကာင္း ေဆြးေႏြးထားတယ္။
ေမာင္ – အေရျပားရဲ႕ ထူးျခားမႈ ေဆြးေႏြးေပးပါဆရာ။
ေဒါက္တာမဂၤလာ – အေရျပားဆိုရာမွာ အေရျပား၊ ဆံပင္၊ လက္သည္း၊ ေျခသည္း၊ အေမႊးအမွ်င္နဲ႔ ေခြၽးအိတ္မ်ား ပါဝင္ပါတယ္။ ဆံျခည္မွ်င္ဟာ အေရျပားထဲကေန (Hair Follicle) ဆိုတဲ့ ဆံျခည္အိတ္က ထြက္လာတယ္။ ဆံခ်ည္မွ်င္ရဲ႕ အတြင္းဘက္ဆုံးမွာ မယ္ဒါလာ (Medulla) အလႊာရွိတယ္။ ေနာက္ ေကာ့ တက္ (Cortex) ၊ ေနာက္ က်ဴတီကယ္ (cuticle) ေခၚ ကာရာတင္ (keratin) က ငါးေၾကးခြံလို အထပ္လိုက္ရွိတယ္။
မယ္ – ဆံပင္က လူတစ္ေယာက္အတြက္ မရွိမျဖစ္ပဲဆရာ။
ေဒါက္တာမဂၤလာ – ဟုတ္ပါတယ္။ အထူးသျဖင့္ အမ်ိဳးသမီးေတြအတြက္ “ဆံပင္ရဲ႕ေကာင္းျခင္း” က အထူးအေရးပါတယ္။ ႐ုပ္ရည္႐ူပကာနဲ႔ အျခားဆြဲ ေဆာင္မႈလည္း ရွိပါတယ္။ ဆံပင္က ေနေရာင္ျခည္ ကာကြယ္ေပးတဲ့အျပင္ ဦးေရျပားရဲ႕ အပူအေအးကို မွ်တေစပါတယ္။ ဆံျခည္မွ်င္အိတ္မွာ အာ႐ုံေၾကာမွ်င္ေတြ အေျမာက္အမ်ား ရွိတဲ့အတြက္ ဆံပင္ကတစ္ဆင့္ သိမ္ေမြ႕ႏူးညံ့တဲ့ အထိအေတြ႕ခံစားရရွိတယ္။
ေမာင္ – ဆံပင္တစ္ေခ်ာင္းရဲ႕ အသက္နဲ႔ လူတစ္ေယာက္မွာ ဆံပင္ဘယ္ႏွေခ်ာင္းပါႏိုင္သလဲဆရာ။
ေဒါက္တာမဂၤလာ – ဆံပင္တစ္ေခ်ာင္းဟာ ေသတဲ့အထိ အသက္ရွင္ႏိုင္တယ္။ ႀကီးထြားရွင္သန္တဲ့အဆင့္၊ ေခတၱနားတဲ့အဆင့္၊ လုံးဝရွည္ထြက္ျခင္းမရွိတဲ့အဆင့္ဆိုၿပီး အဆင့္ (၃)ဆင့္ရွိတယ္။ ကြၽတ္တဲ့ဆံပင္အစား၊ အသစ္ထြက္လာတဲ့ ဆံျခည္ႏုေလးေတြ သံသရာလည္ေနတယ္။ လူတစ္ေယာက္ဟာ တစ္ ရက္ကို ဆံပင္ေခ်ာင္းေရ (၅၀)ကေန (၁၀၀)ထို ပုံမွန္ကြၽတ္ထြက္ပါတယ္။ လူတစ္ေယာက္မွာ ဆံပင္ တစ္သန္းမွ ႏွစ္သန္းထိရွိႏိုင္ပါတယ္။
မယ္ – ဆံပင္ကြၽတ္ရတဲ့ အေၾကာင္းရင္းေတြကေရာဆရာ။
ေဒါက္တာမဂၤလာ – ငွက္ဖ်ားေရာဂါ၊ အူေရာင္ငန္းဖ်ားေရာဂါ စတဲ့ နာတာရွည္ အျပင္းဖ်ားတဲ့ေရာဂါ၊ ေသြးအားနည္းေရာဂါ၊ အာဟာရခ်ိဳ႕တဲ့ေရာဂါမ်ားမွာ ဆံပင္ကြၽတ္တတ္ပါတယ္။ ကင္ဆာေဆးသုံးရျခင္း၊ ေဟာ္မုန္းေျပာင္းလဲျခင္း၊ ကိုယ္ဝန္ေဆာင္နဲ႔ ေသြးဆုံးၿပီးခ်ိန္တို႔မွာ ဆံပင္ကြၽတ္တတ္သလို၊ စိတ္ဖိစီးမႈမ်ား ရင္ ကြၽတ္တယ္။ (SLE) အေရျပား ခူနာ ေရာဂါနဲ႔ လည္ပင္းအက်ိတ္ေရာဂါ ရွိရင္လည္း ဆံပင္ပါးတတ္ပါတယ္။
ေမာင္ – ဆံပင္ကြၽတ္တိုင္း စိတ္ပူစရာလိုသလားဆရာ။
ေဒါက္တာမဂၤလာ – ဆံပင္ဆိုတာ အခ်ိန္တန္ရင္ ကြၽတ္မွာပဲ၊ ဆံပင္ မကြၽတ္ေစဖို႔ တက္ႏိုင္သမွ် ဂ႐ုစိုက္ဖို႔ လိုပါတယ္။ အေၾကာင္းမရွိပဲ ဆံပင္ကြၽတ္ရင္၊ ပါးလာရင္ ဆရာဝန္နဲ႔ျပသဖို႔လိုမယ္။ ဆံပင္ကြၽတ္တိုင္း စိတ္ပူဖို႔ မလိုပါ။
မယ္ – အားေဆးေတြေၾကာင့္ ဆံပင္ကြၽတ္ႏိုင္သလားဆရာ။
ေဒါက္တာမဂၤလာ – ငါးႀကီးဆီ၊ ဗီတာမင္ေအ မ်ားမ်ားေသာက္ရင္ ဆံပင္ကြၽတ္တတ္တယ္။ ဆံပင္ကြၽတ္တာ အျခားေရာဂါ (SLE), ကင္ဆာနဲ႔ လည္ပင္းအက်ိတ္ေရာင္ေရာဂါတို႔ ဂ႐ုစိုက္ဖို႔ လိုပါတယ္။
ေမာင္ – ဆံပင္လည္း အာဟာရလိုမွာေပါ့ဆရာ။
ေဒါက္တာမဂၤလာ – လိုပါတယ္။ အာဟာရမွ်တေအာင္ စားသင့္တယ္။ အသားဓာတ္၊ ဟင္းသီးဟင္း႐ြက္နဲ႔ သစ္သီးမ်ားျပည့္ျပည့္ဝဝ စားေပးသင့္တယ္။
မယ္ – ဆံပင္ကိုၾကည့္ၿပီး လူတစ္ေယာက္ရဲ႕ က်န္းမာေရး ခန႔္မွန္းႏိုင္တာေပါ့ဆရာ။
ေဒါက္တာမဂၤလာ – အာဟာရခ်ိဳ႕တဲ့သူရဲ႕ဆံပင္ေတြဟာ ပါးေနတတ္တယ္။ မြဲေျခာက္ေျခာက္၊ ျဖဴေရာ္ေရာ္နဲ႔ အဆီမရွိသလို ေတြ႕ရတယ္။ ဗီတာမင္အီး အပါအဝင္ အားေဆးမ်ား လိုအပ္သလို မွီဝဲသင့္ပါတယ္။ ေရေသာက္ရမယ္။
ေမာင္ – ေခါင္းမွန္မွန္ ၿဖီးသင့္တာေပါ့ဆရာ။
ေဒါက္တာမဂၤလာ – ေခါင္းမွန္မွန္ ၿဖီးတဲ့ဆံပင္နဲ႔၊ တစ္ခါတစ္ရံမွၿဖီးတဲ့ ဆံပင္ကြာတယ္။ ဆံေကသာကို သပ္သပ္ရပ္ရပ္ သန႔္သန႔္ရွင္းရွင္းနဲ႔ရွိရင္ စိတ္ၾကည္ လင္ၿပီး၊ အဆီပိုထြက္လာကာ သဘာဝအတိုင္း ေျပာင္လက္ေစႏိုင္ပါတယ္။
မယ္ – ဘီးေ႐ြးခ်ယ္သင့္သလားဆရာ။
ေဒါက္တာမဂၤလာ – အမ်ိဳးသားေတြအတြက္ ဘီးေ႐ြးခ်ယ္ဖို႔ သိပ္မလိုအပ္ေပမယ့္ အမ်ိဳးသမီးေတြ သူ႔ေနရာနဲ႔သူ အသုံးျပဳသင့္တဲ့ ဘီးအမ်ိဳးအစား၊ ဒီဇိုင္းပုံစံ အမ်ိဳးမ်ိဳးရွိတယ္။ ဆံပင္ကို သင့္ေတာ္တဲ့ဘီးနဲ႔ ၿဖီးသင္ရမယ္။
Author: Dr. မဂၤလာ, Healthcare Journal, vol 8,no 30 (11.8.17)
(Unicode)
အသားအရေရဲ့ကောင်းခြင်းဟာ အမျိုးသမီးများရဲ့ ကောင်းခြင်းငါးဖြာထဲမှာ ပါဝင်ပါတယ်။ သည်တစ်ပတ် “မင်္ဂလာမောင်မယ် ကျန်းမာရေးစကားဝိုင်း” မှာ “အရေပြားရဲ့အလှ” အကြောင်း ဆွေးနွေးထားတယ်။
မောင် – အရေပြားရဲ့ ထူးခြားမှု ဆွေးနွေးပေးပါဆရာ။
ဒေါက်တာမင်္ဂလာ – အရေပြားဆိုရာမှာ အရေပြား၊ ဆံပင်၊ လက်သည်း၊ ခြေသည်း၊ အမွှေးအမျှင်နဲ့ ချွေးအိတ်များ ပါဝင်ပါတယ်။ ဆံခြည်မျှင်ဟာ အရေပြားထဲကနေ (Hair Follicle) ဆိုတဲ့ ဆံခြည်အိတ်က ထွက်လာတယ်။ ဆံချည်မျှင်ရဲ့ အတွင်းဘက်ဆုံးမှာ မယ်ဒါလာ (Medulla) အလွှာရှိတယ်။ နောက် ကော့ တက် (Cortex) ၊ နောက် ကျူတီကယ် (cuticle) ခေါ် ကာရာတင် (keratin) က ငါးကြေးခွံလို အထပ်လိုက်ရှိတယ်။
မယ် – ဆံပင်က လူတစ်ယောက်အတွက် မရှိမဖြစ်ပဲဆရာ။
ဒေါက်တာမင်္ဂလာ – ဟုတ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေအတွက် “ဆံပင်ရဲ့ကောင်းခြင်း” က အထူးအရေးပါတယ်။ ရုပ်ရည်ရူပကာနဲ့ အခြားဆွဲ ဆောင်မှုလည်း ရှိပါတယ်။ ဆံပင်က နေရောင်ခြည် ကာကွယ်ပေးတဲ့အပြင် ဦးရေပြားရဲ့ အပူအအေးကို မျှတစေပါတယ်။ ဆံခြည်မျှင်အိတ်မှာ အာရုံကြောမျှင်တွေ အမြောက်အများ ရှိတဲ့အတွက် ဆံပင်ကတစ်ဆင့် သိမ်မွေ့နူးညံ့တဲ့ အထိအတွေ့ခံစားရရှိတယ်။
မောင် – ဆံပင်တစ်ချောင်းရဲ့ အသက်နဲ့ လူတစ်ယောက်မှာ ဆံပင်ဘယ်နှချောင်းပါနိုင်သလဲဆရာ။
ဒေါက်တာမင်္ဂလာ – ဆံပင်တစ်ချောင်းဟာ သေတဲ့အထိ အသက်ရှင်နိုင်တယ်။ ကြီးထွားရှင်သန်တဲ့အဆင့်၊ ခေတ္တနားတဲ့အဆင့်၊ လုံးဝရှည်ထွက်ခြင်းမရှိတဲ့အဆင့်ဆိုပြီး အဆင့် (၃)ဆင့်ရှိတယ်။ ကျွတ်တဲ့ဆံပင်အစား၊ အသစ်ထွက်လာတဲ့ ဆံခြည်နုလေးတွေ သံသရာလည်နေတယ်။ လူတစ်ယောက်ဟာ တစ် ရက်ကို ဆံပင်ချောင်းရေ (၅၀)ကနေ (၁၀၀)ထို ပုံမှန်ကျွတ်ထွက်ပါတယ်။ လူတစ်ယောက်မှာ ဆံပင် တစ်သန်းမှ နှစ်သန်းထိရှိနိုင်ပါတယ်။
မယ် – ဆံပင်ကျွတ်ရတဲ့ အကြောင်းရင်းတွေကရောဆရာ။
ဒေါက်တာမင်္ဂလာ – ငှက်ဖျားရောဂါ၊ အူရောင်ငန်းဖျားရောဂါ စတဲ့ နာတာရှည် အပြင်းဖျားတဲ့ရောဂါ၊ သွေးအားနည်းရောဂါ၊ အာဟာရချို့တဲ့ရောဂါများမှာ ဆံပင်ကျွတ်တတ်ပါတယ်။ ကင်ဆာဆေးသုံးရခြင်း၊ ဟော်မုန်းပြောင်းလဲခြင်း၊ ကိုယ်ဝန်ဆောင်နဲ့ သွေးဆုံးပြီးချိန်တို့မှာ ဆံပင်ကျွတ်တတ်သလို၊ စိတ်ဖိစီးမှုများ ရင် ကျွတ်တယ်။ (SLE) အရေပြား ခူနာ ရောဂါနဲ့ လည်ပင်းအကျိတ်ရောဂါ ရှိရင်လည်း ဆံပင်ပါးတတ်ပါတယ်။
မောင် – ဆံပင်ကျွတ်တိုင်း စိတ်ပူစရာလိုသလားဆရာ။
ဒေါက်တာမင်္ဂလာ – ဆံပင်ဆိုတာ အချိန်တန်ရင် ကျွတ်မှာပဲ၊ ဆံပင် မကျွတ်စေဖို့ တက်နိုင်သမျှ ဂရုစိုက်ဖို့ လိုပါတယ်။ အကြောင်းမရှိပဲ ဆံပင်ကျွတ်ရင်၊ ပါးလာရင် ဆရာဝန်နဲ့ပြသဖို့လိုမယ်။ ဆံပင်ကျွတ်တိုင်း စိတ်ပူဖို့ မလိုပါ။
မယ် – အားဆေးတွေကြောင့် ဆံပင်ကျွတ်နိုင်သလားဆရာ။
ဒေါက်တာမင်္ဂလာ – ငါးကြီးဆီ၊ ဗီတာမင်အေ များများသောက်ရင် ဆံပင်ကျွတ်တတ်တယ်။ ဆံပင်ကျွတ်တာ အခြားရောဂါ (SLE), ကင်ဆာနဲ့ လည်ပင်းအကျိတ်ရောင်ရောဂါတို့ ဂရုစိုက်ဖို့ လိုပါတယ်။
မောင် – ဆံပင်လည်း အာဟာရလိုမှာပေါ့ဆရာ။
ဒေါက်တာမင်္ဂလာ – လိုပါတယ်။ အာဟာရမျှတအောင် စားသင့်တယ်။ အသားဓာတ်၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးများပြည့်ပြည့်ဝဝ စားပေးသင့်တယ်။
မယ် – ဆံပင်ကိုကြည့်ပြီး လူတစ်ယောက်ရဲ့ ကျန်းမာရေး ခန့်မှန်းနိုင်တာပေါ့ဆရာ။
ဒေါက်တာမင်္ဂလာ – အာဟာရချို့တဲ့သူရဲ့ဆံပင်တွေဟာ ပါးနေတတ်တယ်။ မွဲခြောက်ခြောက်၊ ဖြူရော်ရော်နဲ့ အဆီမရှိသလို တွေ့ရတယ်။ ဗီတာမင်အီး အပါအဝင် အားဆေးများ လိုအပ်သလို မှီဝဲသင့်ပါတယ်။ ရေသောက်ရမယ်။
မောင် – ခေါင်းမှန်မှန် ဖြီးသင့်တာပေါ့ဆရာ။
ဒေါက်တာမင်္ဂလာ – ခေါင်းမှန်မှန် ဖြီးတဲ့ဆံပင်နဲ့၊ တစ်ခါတစ်ရံမှဖြီးတဲ့ ဆံပင်ကွာတယ်။ ဆံကေသာကို သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းနဲ့ရှိရင် စိတ်ကြည် လင်ပြီး၊ အဆီပိုထွက်လာကာ သဘာဝအတိုင်း ပြောင်လက်စေနိုင်ပါတယ်။
မယ် – ဘီးရွေးချယ်သင့်သလားဆရာ။
ဒေါက်တာမင်္ဂလာ – အမျိုးသားတွေအတွက် ဘီးရွေးချယ်ဖို့ သိပ်မလိုအပ်ပေမယ့် အမျိုးသမီးတွေ သူ့နေရာနဲ့သူ အသုံးပြုသင့်တဲ့ ဘီးအမျိုးအစား၊ ဒီဇိုင်းပုံစံ အမျိုးမျိုးရှိတယ်။ ဆံပင်ကို သင့်တော်တဲ့ဘီးနဲ့ ဖြီးသင်ရမယ်။
Author: Dr. မင်္ဂလာ, Healthcare Journal, vol 8,no 30 (11.8.17)