fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

လှတစ်မျက်နှာ

80
VIEWS
Share on FacebookShare on TwitterShare on Linkedin
05/10/2017
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

(Zawgyi)

သဘာဝကေပးတဲ့ သီးႏွံေတြဟာ မိန္းမသားေတြအတြက္ မ်ားစြာေသာ ေကာင္းက်ိဳးေတြကို ေဆာင္ၾကဥ္းေပးပါ တယ္။ အဲဒီသီးႏွံေတြကို စားသုံးျခင္းျဖင့္လည္းေကာင္း၊ လိမ္းက်ံျခင္းျဖင့္ လည္းေကာင္း အမ်ိဳးသမီးထုကို အက်ိဳးျပဳပါတယ္။

သင့္ရဲ႕မ်က္ႏွာျပင္ကို မိတ္ကပ္၊ ဓာတုပစၥည္းေတြ မလိမ္းမျဖစ္ လိမ္းခ်ယ္ေနရၿပီဆိုရင္ သင့္ရဲ႕မ်က္ႏွာျပင္ အသားေရ ဟာ သဘာဝကေပးအပ္ထားတာမ်ား ေပ်ာက္ဆုံးလုနီးပါးျဖစ္မွာ မလြဲပါဘူး။ ဒီလိုျဖစ္ေနမယ္ဆိုရင္ စိတ္လုံးဝမပူပါနဲ႔။ မီးဖိုေခ်ာင္ကေနရတဲ့ အာလူး၊ ရွားေစာင္းလက္ပတ္၊ သေဘၤာသီးမွည့္၊ ႏြားႏို႔၊ ေရွာက္ (သို႔မဟုတ္) သံပုရာသီး၊ ခရမ္းခ်ဥ္သီး၊ သခြားသီး၊ ဒိန္ခ်ဥ္၊ Vinegar စတဲ့ သီးႏွံမ်ားကိုသာ အသုံးျပဳၿပီး မ်က္ႏွာျပင္အေရျပားပ်က္စီးမႈကို ျပဳျပင္ႏိုင္ပါတယ္။

အာလူး – အာလူးလုံးေခ်ာတစ္လုံးေရနဲ႔သန႔္စင္ေအာင္ ေဆးေၾကာပါ။ ခပ္ပါးပါး အဝိုင္းျပားကေလးမ်ား ျဖစ္ေအာင္ လွီးျဖတ္ၿပီး မ်က္ႏွာျပင္ေပၚမွာ အေသအခ်ာ ကပ္ထားေပးပါ။ မ်က္ႏွာကိုေတာ့ မ်က္ႏွာသစ္ေဆးသုံးၿပီး မ်က္ႏွာသစ္ထားရမွာ ေပါ့။ အာလူးအခ်ပ္ေလးေတြကပ္ၿပီး မိနစ္ ၂ဝ ေလာက္ထားၿပီးမွ ေရေအးေအးနဲ႔ မ်က္ႏွာျပန္သစ္ပါ။ သင့္မ်က္ႏွာျပင္က အမည္းအစက္ အေပ်ာက္ေတြအတြက္ ထူးျခားမႈကို စေတြ႕ရမွာပါ။ မၾကာခဏျပဳလုပ္ဖို႔ေတာ့ မေမ့ပါနဲ႔။

ရွားေစာင္းလက္ပတ္ – ရွားေစာင္းလက္ပတ္ရဲ႕ အတြင္းသားေတြဟာ Gel ေတြလိုပဲ ေပ်ာ့စိစိနဲ႔ ေစးထန္းထန္းျဖစ္ ေနပါတယ္။ အဲဒီအတြင္းသားအႏွစ္ Gel ကို ဇြန္းသန႔္သန႔္နဲ႔ ႀကိတ္ေခ်ၿပီး ရလာတဲ့ ရွားေစာင္းလက္ပတ္ Gel စစ္စစ္ကို သင့္မ်က္ႏွာျပင္မွာ တစ္ေန႔ႏွစ္ႀကိမ္ လိမ္းေပးပါ။ စိတ္ရွည္ရွည္နဲ႔ တစ္ပတ္ေလာက္ေတာ့ လုပ္ေပးပါ။ ထူးျခားမႈကို ရရွိမွာပါ။

သေဘၤာသီးမွည့္ – သေဘၤာသီးရဲ႕ ေကာင္းက်ိဳးေတြကေတာ့ ေျမာက္မ်ားစြာရွိပါတယ္။ သေဘၤာသီးမွည့္ဟာ စာရင္းပဲျဖစ္ျဖစ္၊ လိမ္းက်ံရင္ပဲျဖစ္ျဖစ္ အသားအေရကို ဝါဝင္းစိုျပည္ေစပါတယ္။ အခုလည္း မ်က္ႏွာျပင္မွာရွိတဲ့ အစက္ အေျပာက္ေတြနဲ႔ အမာ႐ြတ္ထင္ေနျခင္းမ်ားအတြက္ သေဘၤာသီးမွည့္ကို ႀကိတ္ေခ်ၿပီး ပ်ားရည္စစ္စစ္နဲ႔ အနည္းငယ္ေရာ စပ္လို႔ မ်က္ႏွာျပင္မွာလိမ္းက်ံၿပီး မိနစ္၂ဝထားကာ ေရေအးေအးနဲ႔ ေဆးခ်ပါ။ ထူးျခားတဲ့သင့္မ်က္ႏွာက သက္ေသျပမွာပါ။ သူကေတာ့ သုံးရက္နဲ႔ကို ထူးျခားမႈကိုျပပါတယ္။

ႏြားႏို႔ – ႏြားႏို႔ဟာလည္း ေသာက္သုံးရင္ပဲျဖစ္ျဖစ္၊ လိမ္းက်ံရင္ပဲျဖစ္ျဖစ္၊ အက်ိဳးရွိတဲ့ စားသုံးကုန္တစ္ခုပါ။ အဓိက ေျပာခ်င္တာကေတာ့ မ်က္ႏွာျပင္မွာ ဝက္ၿခံညႇစ္လို႔ပဲျဖစ္ျဖစ္၊ ထိခိုက္လို႔ပဲျဖစ္ျဖစ္ အမာ႐ြတ္ထင္က်န္ေနၿပီဆိုရင္ ႏြားႏို႔ကို တစ္ေန႔ႏွစ္ႀကိမ္ မွန္မွန္ကေလး အမာ႐ြတ္ေပၚမွာ သုတ္လိမ္းေပးပါ။ တစ္ပတ္ရွိရင္ ေပ်ာက္ကင္းေၾကာင္း ေတြ႕ရမွာပါ။

ေရွာက္ (သို႔မဟုတ္)သံပုရာသီး-ေရွာက္သီး၊သံပုရာသီးဆိုတာကလည္း သင့္မ်က္ႏွာျပင္ အသားအေရ ေခ်ာေမြ႕ဖို႔ နဲ႔ အမာ႐ြတ္ေတြေပ်ာက္ဖို႔အတြက္ ေရွာက္၊ သံပုရာအရည္ကို သုတ္လိမ္းၿပီး၊ ၁၅ မိနစ္ခန႔္ အေျခာက္ခံ၊ ေရေအးေအးနဲ႔ ေဆးၿပီးၿပီဆိုရင္ အဆင္ေျပၿပီေပါ့။ တစ္ေန႔ တစ္ႀကိမ္ျပဳလုပ္ႏိုင္ပါတယ္။
ခရမ္းခ်ဥ္သီး – ခရမ္းခ်ဥ္သီးက ဗီတာမင္အသီးပါပဲ။ စားလို႔ပဲျဖစ္ျဖစ္၊ လိမ္းလို႔ပဲျဖစ္ျဖစ္ အက်ိဳးရွိသီးႏွံပါ။ သူ႔ရဲ႕ အရည္ကို ရေအာင္ႀကိတ္ေခ်ၿပီး မ်က္ႏွာျပင္ အႏွံ႔သုတ္လိမ္းကာ ၁၅ မိနစ္ခန႔္ထားလို႔ ေရေဆးခ်လိုက္တာနဲ႔ ႏူးညံ့တဲ့ မ်က္ႏွာ ျပင္ေပၚလာတာ တစ္ပတ္အတြင္းသိသာေစလိမ့္မယ္။

သခြာသီး – သခြာသီးကလည္း မိန္းမသားမ်ားအတြက္ အလွအပဆိုင္ရာမွာ မပါမျဖစ္တဲ့ ဂႏၲဝင္အသီးပါ။ ခပ္ပါးပါး လွီးၿပီး မ်က္ႏွာျပင္မွ တစ္ေန႔ႏွစ္ႀကိမ္ (မနက္ -ည) ကပ္ထားပါ။ အထူးေျပာဖို႔မလို။ မ်က္ႏွာျပင္ အေရျပားေတြအတြက္ အေကာင္းဆုံး သဘာဝေဆးတစ္လက္ဆိုတာ ေတြ႕ရမွာပါ။ တစ္ပတ္လုံးစြဲစြဲၿမဲၿမဲ လုပ္ဖို႔က သင့္တာဝန္ေနာ္။

ဒိန္ခ်ဥ္ – ဒိန္ခ်ဥ္ရဲ႕ေကာင္းျခင္းက သူ႔ခ်ည္းသက္သက္သာမ်က္ႏွာျပင္မွာလိမ္းကာ မိနစ္ ၂ဝထား၊ ေရေႏြးေႏြးေလး နဲ႔ ေဆးခ်လိုက္၊ မ်က္ႏွာျပင္အမဲစက္နဲ႔ အမာ႐ြတ္ေတြေပ်ာက္ၿပီး ေျပာစရာမလိုေအာင္ ေကာင္းမြန္ေၾကာင္း လက္ေတြ႕သိရမွာ ပါ။ စိတ္ရွည္ဖို႔ေတာ့ လိုတယ္ေနာ္။

Vinegar အရည္ – Vinegar အရည္ဟာ တကယ့္ကို မိန္းမသားမ်ားအတြက္ မီးဖိုေခ်ာင္းသုံး ပစၥည္းသက္သက္ ပါပဲ။ ဒါေပမဲ့ သူရဲ႕ အစြမ္းအစကေတာ့ သင့္မ်က္ႏွာေပၚ ထင္က်န္ေနတဲ့ အမာ႐ြတ္ေပၚကို Vinegar တို႔ထားၿပီး မိနစ္ ၂ဝ ၾကာမွ ေရေဆးခ်ပါ သိသိသာသာ ေလ်ာ့ပါးတာကို ေတြ႕ရွိရမွာျဖစ္ၿပီး စိတ္ရွည္ရွည္နဲ႔ ေန႔စဥ္ျပဳလုပ္ရင္း ေပ်ာက္ကင္းၿပီဆိုမွ ရပ္လိုက္ ပါ။

သင့္မ်က္ႏွာျပင္ေပၚက အမာ႐ြတ္နဲ႔ အမည္းအစက္အေပ်ာက္ေတြကို အထက္မွာ ေဖာ္ျပတဲ့ နည္းလမ္းေတြထဲက ႏွစ္သက္ရာ၊ နီးစပ္ရာတစ္မ်ိဳးမ်ိဳးကို ေ႐ြးလိုက္ပါ။ သင့္မ်က္ႏွာျပင္ေခ်ာ့ေမြ႕ ျခင္းနဲ႔အတူ အေရျပားဆဲလ္အသစ္ေတြကို ျပန္လည္ေမြးဖြားေပးႏိုင္မွာမို႔ ႏုပ်ိဳလန္းဆန္းမယ့္ သင့္ရဲ႕လွတစ္မ်က္ႏွာကို ရရွိမွာမို႔ ဒီကေန႔ပဲ စတင္အသုံးျပဳၾကပါစို႔။

Author: ေ႐ႊနန္းစံ, Healthcare Journal, vol 8,no 34 (8.9.17)

 

(Unicode)

သဘာဝကပေးတဲ့ သီးနှံတွေဟာ မိန်းမသားတွေအတွက် များစွာသော ကောင်းကျိုးတွေကို ဆောင်ကြဉ်းပေးပါ တယ်။ အဲဒီသီးနှံတွေကို စားသုံးခြင်းဖြင့်လည်းကောင်း၊ လိမ်းကျံခြင်းဖြင့် လည်းကောင်း အမျိုးသမီးထုကို အကျိုးပြုပါတယ်။

သင့်ရဲ့မျက်နှာပြင်ကို မိတ်ကပ်၊ ဓာတုပစ္စည်းတွေ မလိမ်းမဖြစ် လိမ်းချယ်နေရပြီဆိုရင် သင့်ရဲ့မျက်နှာပြင် အသားရေ ဟာ သဘာဝကပေးအပ်ထားတာများ ပျောက်ဆုံးလုနီးပါးဖြစ်မှာ မလွဲပါဘူး။ ဒီလိုဖြစ်နေမယ်ဆိုရင် စိတ်လုံးဝမပူပါနဲ့။ မီးဖိုချောင်ကနေရတဲ့ အာလူး၊ ရှားစောင်းလက်ပတ်၊ သင်္ဘောသီးမှည့်၊ နွားနို့၊ ရှောက် (သို့မဟုတ်) သံပုရာသီး၊ ခရမ်းချဉ်သီး၊ သခွားသီး၊ ဒိန်ချဉ်၊ Vinegar စတဲ့ သီးနှံများကိုသာ အသုံးပြုပြီး မျက်နှာပြင်အရေပြားပျက်စီးမှုကို ပြုပြင်နိုင်ပါတယ်။

အာလူး – အာလူးလုံးချောတစ်လုံးရေနဲ့သန့်စင်အောင် ဆေးကြောပါ။ ခပ်ပါးပါး အဝိုင်းပြားကလေးများ ဖြစ်အောင် လှီးဖြတ်ပြီး မျက်နှာပြင်ပေါ်မှာ အသေအချာ ကပ်ထားပေးပါ။ မျက်နှာကိုတော့ မျက်နှာသစ်ဆေးသုံးပြီး မျက်နှာသစ်ထားရမှာ ပေါ့။ အာလူးအချပ်လေးတွေကပ်ပြီး မိနစ် ၂ဝ လောက်ထားပြီးမှ ရေအေးအေးနဲ့ မျက်နှာပြန်သစ်ပါ။ သင့်မျက်နှာပြင်က အမည်းအစက် အပျောက်တွေအတွက် ထူးခြားမှုကို စတွေ့ရမှာပါ။ မကြာခဏပြုလုပ်ဖို့တော့ မမေ့ပါနဲ့။

ရှားစောင်းလက်ပတ် – ရှားစောင်းလက်ပတ်ရဲ့ အတွင်းသားတွေဟာ Gel တွေလိုပဲ ပျော့စိစိနဲ့ စေးထန်းထန်းဖြစ် နေပါတယ်။ အဲဒီအတွင်းသားအနှစ် Gel ကို ဇွန်းသန့်သန့်နဲ့ ကြိတ်ချေပြီး ရလာတဲ့ ရှားစောင်းလက်ပတ် Gel စစ်စစ်ကို သင့်မျက်နှာပြင်မှာ တစ်နေ့နှစ်ကြိမ် လိမ်းပေးပါ။ စိတ်ရှည်ရှည်နဲ့ တစ်ပတ်လောက်တော့ လုပ်ပေးပါ။ ထူးခြားမှုကို ရရှိမှာပါ။

သင်္ဘောသီးမှည့် – သင်္ဘောသီးရဲ့ ကောင်းကျိုးတွေကတော့ မြောက်များစွာရှိပါတယ်။ သင်္ဘောသီးမှည့်ဟာ စာရင်းပဲဖြစ်ဖြစ်၊ လိမ်းကျံရင်ပဲဖြစ်ဖြစ် အသားအရေကို ဝါဝင်းစိုပြည်စေပါတယ်။ အခုလည်း မျက်နှာပြင်မှာရှိတဲ့ အစက် အပြောက်တွေနဲ့ အမာရွတ်ထင်နေခြင်းများအတွက် သင်္ဘောသီးမှည့်ကို ကြိတ်ချေပြီး ပျားရည်စစ်စစ်နဲ့ အနည်းငယ်ရော စပ်လို့ မျက်နှာပြင်မှာလိမ်းကျံပြီး မိနစ်၂ဝထားကာ ရေအေးအေးနဲ့ ဆေးချပါ။ ထူးခြားတဲ့သင့်မျက်နှာက သက်သေပြမှာပါ။ သူကတော့ သုံးရက်နဲ့ကို ထူးခြားမှုကိုပြပါတယ်။

နွားနို့ – နွားနို့ဟာလည်း သောက်သုံးရင်ပဲဖြစ်ဖြစ်၊ လိမ်းကျံရင်ပဲဖြစ်ဖြစ်၊ အကျိုးရှိတဲ့ စားသုံးကုန်တစ်ခုပါ။ အဓိက ပြောချင်တာကတော့ မျက်နှာပြင်မှာ ဝက်ခြံညှစ်လို့ပဲဖြစ်ဖြစ်၊ ထိခိုက်လို့ပဲဖြစ်ဖြစ် အမာရွတ်ထင်ကျန်နေပြီဆိုရင် နွားနို့ကို တစ်နေ့နှစ်ကြိမ် မှန်မှန်ကလေး အမာရွတ်ပေါ်မှာ သုတ်လိမ်းပေးပါ။ တစ်ပတ်ရှိရင် ပျောက်ကင်းကြောင်း တွေ့ရမှာပါ။

ရှောက် (သို့မဟုတ်)သံပုရာသီး-ရှောက်သီး၊သံပုရာသီးဆိုတာကလည်း သင့်မျက်နှာပြင် အသားအရေ ချောမွေ့ဖို့ နဲ့ အမာရွတ်တွေပျောက်ဖို့အတွက် ရှောက်၊ သံပုရာအရည်ကို သုတ်လိမ်းပြီး၊ ၁၅ မိနစ်ခန့် အခြောက်ခံ၊ ရေအေးအေးနဲ့ ဆေးပြီးပြီဆိုရင် အဆင်ပြေပြီပေါ့။ တစ်နေ့ တစ်ကြိမ်ပြုလုပ်နိုင်ပါတယ်။
ခရမ်းချဉ်သီး – ခရမ်းချဉ်သီးက ဗီတာမင်အသီးပါပဲ။ စားလို့ပဲဖြစ်ဖြစ်၊ လိမ်းလို့ပဲဖြစ်ဖြစ် အကျိုးရှိသီးနှံပါ။ သူ့ရဲ့ အရည်ကို ရအောင်ကြိတ်ချေပြီး မျက်နှာပြင် အနှံ့သုတ်လိမ်းကာ ၁၅ မိနစ်ခန့်ထားလို့ ရေဆေးချလိုက်တာနဲ့ နူးညံ့တဲ့ မျက်နှာ ပြင်ပေါ်လာတာ တစ်ပတ်အတွင်းသိသာစေလိမ့်မယ်။

သခွာသီး – သခွာသီးကလည်း မိန်းမသားများအတွက် အလှအပဆိုင်ရာမှာ မပါမဖြစ်တဲ့ ဂန္တဝင်အသီးပါ။ ခပ်ပါးပါး လှီးပြီး မျက်နှာပြင်မှ တစ်နေ့နှစ်ကြိမ် (မနက် -ည) ကပ်ထားပါ။ အထူးပြောဖို့မလို။ မျက်နှာပြင် အရေပြားတွေအတွက် အကောင်းဆုံး သဘာဝဆေးတစ်လက်ဆိုတာ တွေ့ရမှာပါ။ တစ်ပတ်လုံးစွဲစွဲမြဲမြဲ လုပ်ဖို့က သင့်တာဝန်နော်။

ဒိန်ချဉ် – ဒိန်ချဉ်ရဲ့ကောင်းခြင်းက သူ့ချည်းသက်သက်သာမျက်နှာပြင်မှာလိမ်းကာ မိနစ် ၂ဝထား၊ ရေနွေးနွေးလေး နဲ့ ဆေးချလိုက်၊ မျက်နှာပြင်အမဲစက်နဲ့ အမာရွတ်တွေပျောက်ပြီး ပြောစရာမလိုအောင် ကောင်းမွန်ကြောင်း လက်တွေ့သိရမှာ ပါ။ စိတ်ရှည်ဖို့တော့ လိုတယ်နော်။

Vinegar အရည် – Vinegar အရည်ဟာ တကယ့်ကို မိန်းမသားများအတွက် မီးဖိုချောင်းသုံး ပစ္စည်းသက်သက် ပါပဲ။ ဒါပေမဲ့ သူရဲ့ အစွမ်းအစကတော့ သင့်မျက်နှာပေါ် ထင်ကျန်နေတဲ့ အမာရွတ်ပေါ်ကို Vinegar တို့ထားပြီး မိနစ် ၂ဝ ကြာမှ ရေဆေးချပါ သိသိသာသာ လျော့ပါးတာကို တွေ့ရှိရမှာဖြစ်ပြီး စိတ်ရှည်ရှည်နဲ့ နေ့စဉ်ပြုလုပ်ရင်း ပျောက်ကင်းပြီဆိုမှ ရပ်လိုက် ပါ။

သင့်မျက်နှာပြင်ပေါ်က အမာရွတ်နဲ့ အမည်းအစက်အပျောက်တွေကို အထက်မှာ ဖော်ပြတဲ့ နည်းလမ်းတွေထဲက နှစ်သက်ရာ၊ နီးစပ်ရာတစ်မျိုးမျိုးကို ရွေးလိုက်ပါ။ သင့်မျက်နှာပြင်ချော့မွေ့ ခြင်းနဲ့အတူ အရေပြားဆဲလ်အသစ်တွေကို ပြန်လည်မွေးဖွားပေးနိုင်မှာမို့ နုပျိုလန်းဆန်းမယ့် သင့်ရဲ့လှတစ်မျက်နှာကို ရရှိမှာမို့ ဒီကနေ့ပဲ စတင်အသုံးပြုကြပါစို့။

Author: ရွှေနန်းစံ, Healthcare Journal, vol 8,no 34 (8.9.17)

Previous Post

ခုခံအားကျဆင်းမှုကူးစက်ရောဂါအကြောင်း သိကောင်းစရာ အပိုင်း ၃

Next Post

အရက်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
542
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

1 year ago
796

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
1.9k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အရက်

မေးခိုင်ရောဂါ ဆိုသည်မှာ

တစ်ကိုယ်ရည်အာသာဖြေခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.