fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 6,151 Total Cases
😥 98 Deaths
😇 1,445 Recovered

အရက်

အရက်၊ ဘီယာ၊ ဝိုင် သောက်ရင် ဘာဖြစ်မလဲ ဆိုသောမေးခွန်းက ရိုးရှင်းပေမယ့် အန္တရာယ်ရှိသောအဖြေများဖြင့်ပြည့်နေပါတယ်။ အရက် ၊ ဘီယာ၊ ဝိုင်၊ ဝီစကီ တစ်ငုံသောက်ရုံနဲ့ ကိုယ်ခန္ဓာထဲမှာ၂နာရီခန့်နေပါတယ်။ တစ်ခါတရံ သွေးထဲ အလျင်အမြန်စီးဝင်ပြီး နီးစပ်ရာ ကိုယ်အင်္ဂါအစိတ်အပိုင်းနှင့် လမ်းကြောင်းထဲ ရောက်သွားပါတယ်။ အလွန်အကျွံသောက်လျှင် အသည်းမှ အဆိပ်အတောက်များ မဖယ်ရှားနိုင်ဘဲ အသည်းခြောက်ခြင်းအဆင့်ထိ ရောက်နိုင်ပါတယ်။ အရက်ကြောင့် ကျန်းမာရေး ဆိုးရွားစွာထိခိုက်နိုင်ပါတယ်။

(၁)သင့်ဦးနှောက်
အရက်သောက်ခြင်းကြောင့် ကိုယ်ခန္ဓာထိန်းညှိပေးတဲ့ ဦးနှောက်အစိတ်အပိုင်း Cerebellumနှင့် တွေးခေါ်၊ သင်ယူခြင်းမှတ်ဉာဏ်နဲ့ဆိုင်သော cerebral cortex တို့ရဲ့လုပ်ဆောင်မှု့တွေကို ကျဆင်းစေပါတယ်။ စိတ်ဒေါသထွက်ခြင်းနှင့် ကြောက်ရွံ့မှု တွေနဲ့အတူ စိတ်ဖိစီးမှု့ ဒဏ်မခံနိုင်ခြင်းပါ ဖြစ်စေပါတယ်။

(၂)သင့်အရေပြား
အရက်သောက်ခြင်းသည် အလွယ်တကူ အိုမင်းရင့်ရော်စေပါတယ်။ အရက်သည် သွေးကြောကျယ်စေပြီး ပေါက်နိုင်ပါတယ်။ ထို့ကြောင့် မျက်နှာသည် နီရဲလာပြီး မျက်လုံးများ နီရဲနေခြင်းဖြစ်ပါတယ် ။နှလုံးညှစ်အား သည် သွေးကြောကျယ်နေရာများသို့ ပိုမိုသက်ရောက်ပြီး မျက်နှာက ဖောသွပ်သွပ် ဖြစ်လာပါတယ်။

(၃)သင့်ကြွက်သား
အရက်သည် ဟော်မုန်းပမာဏကို ပြောင်းလဲသဖြင့် အသားဓာတ်နှင့် ဆဲလ်အသစ်ဖြစ်တည်မှု့ကို ပျက်စီးသောကြောင့် ကြွက်သားများဖွံဖြိူးမှု့၊ လုပ်ဆောင်မှု့ကို ထိခိုက်ပါတယ်။

(၄)သင့်နှလုံး
အရက်သောက်ခြင်းသည် နှလုံးကြွက်သားနှင့် သွေးကြောများပျက်စီးသောကြောင့် နှလုံးခုန်မမှန်ခြင်း၊
သွေးကြောကျဉ်းခြင်းနှင့် လေဖြတ်ခြင်းစသော အသက်အန္တရာယ် ထိခိုက်စေနိုင်သော နှလုံးရောဂါများဖြစ်နိုင်ပါတယ်။

(၅)သင့်အစာအိမ်နှင့် အသည်း
အရက်မှရသော အဆိပ်အတောက်များက အစာအိမ်နဲ့ အူလမ်းကြောင်းမှတဆင့် သွေးကြောထဲသိ့ုရောက်ကာ အသည်းပျက်စီးစေပါတယ်။ အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာဖြစ်ခြင်းထိ ဖြစ်နိုင်တယ်။ အစာအိမ်အတွင်းရှိ အက်ဆစ်ဓာတ်များခြင်း၊့ အစာအိမ်သွေးကြောပေါက်ခြင်း၊ အူသိမ်သွေးကြောထုံးခြင်းများ ဖြစ်စေနိုင်ပါတယ်။

(၆)သင့်လိင်တံ
အရက်သောက်ခြင်းသည် သုက်ကောင်အရေအတွက် နည်းစေပြီး လိင်ဆက်ဆံမှု့ဆန္ဒနည်းခြင်း၊ ပန်းသေပန်းညိုးဖြစ်ခြင်းနှင့် သုက်လွှတ်စောခြင်းစသော ပြဿနာများစွာနှင့် ရင်ဆိုင်ရတတ်ပါတယ်၊။

သင်သောက်တဲ့အရက်ပမာဏပေါ် မူတည်ပြီး ချက်ချင်းဖြစ်နိုင်တဲ့လက္ခဏာများကတော့
-စကားပြောလေးခြင်း
-မူးအန်ခြင်း
-အစာမကြေခြင်းနှင့် ဝမ်းလျောခြင်း
-ခေါင်းကိုက်ခြင်း
-အသက်ရှူခက်ခြင်း
-အမြင်အာရုံ၊ အကြားအာရုံပျက်စီးခြင်း
-ဆုံးဖြတ်မှု့ အားနည်းခြင်း
-သတိလစ်ခြင်း
-သွေးအားနည်းခြင်း
-ကြွက်သား၊ အရိုးနာကျင်ကိုက်ခဲခြင်းနှင့် ဓာတ်မတည့်မှု့ ဖြစ်ခြင်းတို့ပဲ ဖြစ်ပါတယ်။

အရက်သောက်ခြင်းသည် ရေရှည်ကျန်းမာရေးပြဿနာများလည်း ရင်ဆိုင်ရပါလိမ့်မယ်။ အရက်သောက်ခြင်းကြောင့် မမျှော်လင့်သော ယာဉ်တိုက်မှု့ဖြစ်ခြင်း၊ ပြုတ်ကျခြင်း၊ မီးလောင်ခြင်းနှင့် ရေနစ်ခြင်းတို့ဖြစ်နိုင်တယ်။ မိသားစု ပြိုကွဲမူပြဿနာဖြစ်ခြင်း၊ မိတ်ဆွေပျက်ခြင်းတို့လည်း ဖြစ်တတ်တယ်။ အရက်ကြောင့် သွေးတိုး ၊နှလုံး၊ ဆီးချိုဖြစ်နိုင်တယ်။ အာရုံကြော ပျက်ဆီးစေပါတယ်။ အာဟာရချို့တဲ့ကာ ကိုယ်လက်လှုပ်ရှားမှု့ လေးလံထိုင်းမိူင်းစေပါတယ်။ အရက်ကြောင့် အဆိပ်အတောက် ဖြစ်စေပါတယ်။လည်ချောင်းကင်ဆာ၊ ပါးစပ်ကင်ဆာထိ ဖြစ်စေနိုင်ပါတယ်။
ထို့ကြောင့် ကျန်းမာရေးဆိုးရွားစွာ ထိခိုက်နိုင်သော အရက်၊ဘီယာ တို့ကို လုံးဝရှောင်ကြဉ်သင့်ပါတယ်။

Author : Dr. ပြည့်ရှင်း

ဆက်စပ် ဆောင်းပါးများ