fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ


698
VIEWS
27/11/2018
in ကျန်းမာသော နေထိုင်မှုပုံစံ, အထွေထွေရောဂါများအကြောင်း
1 min read
A A

ဘာကြောင့် နှစ်ထပ်တွေမြင်နေတာလဲ

မျက်စိ အမြင်အာရုံ ကောင်းခြင်းမကောင်းခြင်းက မျက်စိနဲ့ရော အာရုံကြောနဲ့ရော ဆိုင်တတ်ပါတယ်။ အမြင်မကောင်းတာမှာလည်း အဝေးမှုန်ခြင်း အနီးမှုန်ခြင်းတွေအပြင် အရောင်သေချာမမြင်တာရော နှစ်ထပ်မြင်တာ မြင်ကွင်းတစ်ချို့တစ်ဝက်ပျောက်နေတာ စသဖြင့် အမျိုးမျိုးရှိတတ်ကြပါတယ် ။

ဒီအထဲမှာ နှစ်ထပ်မြင်နေတာအကြောင်းကို ဆွေးနွေးချင်ပါတယ်။ နှစ်ထပ်မြင်နေတာက မျက်စိထဲကဖြစ်တာနဲ့ မဆိုင်တတ်ဘဲ အာရုံကြောနဲ့ မျက်စိဘေးကြွက်သားတွေနဲ့ ပိုဆိုင်ပါတယ် ။

ကြွက်သားကြောင့်ဖြစ်တယ်ဆိုတာက ကြွက်သားပျော့တဲ့ရောဂါတွေကြောင့်ပါ။ Myasthenia gravis လိုမျိုးရောဂါမှာ အလိုလိုနေရင်းနဲ့ နှစ်ထပ်မြင်နေတတ်တယ်။ တစ်နေကုန်မဖြစ်ဘဲ ညနေပိုင်းတွေကျမှပိုဖြစ်တတ်တယ်။

တစ်ချို့ကျတော့လည်း မျက်စိအာစိုက်လုပ်ရတာများလာပြီး အလိုလို ကြွက်သားတွေ ပျော့လာပြီး အမြင်နှစ်ထပ်မြင်တတ်တယ်။ ဒီရောဂါမှာတော့ နှစ်ထပ်မြင်တာက တစ်ချို့ဆေးနဲ့ထိန်းလို့ရတယ်။ တစ်ချို့ကျ မပျောက်တာလည်းဖြစ်နိုင်တယ် ။

Migraine လို့ခေါ်တဲ့ တဲ့ ခေါင်းတစ်ခြမ်းကိုက်တဲ့ ရောဂါမှာလည်း ခေါင်းမကိုက်ခင် ခံစားရတာမျိုးတွေမှာ တစ်ချို့တွေ နှစ်ထပ်မြင်တာကို ခံစားတတ်ကြရပါတယ်။ ခေါင်းမကိုက်ခင် ခဏတစ်ဖြုတ်ပဲ ခံစားရတတ်ပြီး နောက်ပိုင်းပြန်ကောင်းသွားတတ်ပါတယ်။

အမြင်အာရုံနှစ်ထပ်မြင်တာမှာ အရေးကြီးတဲ့ ရောဂါတစ်ခုကတော့ Multiple sclerosis လို့ခေါ်တဲ့ အာရုံကြောရောဂါတစ်ခုပါ။ ဒီရောဂါမှာ အမြင်အာရုံက အမြဲနှစ်ထပ်ဖြစ်မယ်တော့မဟုတ်ဘူး။ တစ်ချို့တွေက နှစ်ထပ်မြင်တယ်။ တစ်ချို့တွေကျ မျက်စိ အမြင် ပျောက်သွားတတ်တယ်။

ဒီရောဂါကအဓိကက အာရုံကြောတွေကို အုပ်ထားတဲ့ အလွှာ ယောင်တာပါ။ ဖြစ်တဲ့နေရာပေါ်မူတည်ပြီး ရောဂါဝေဒနာခံစားရပါတယ်။ တစ်ချို့ကျတော့ ခြေတွေလက်တွေ လှုပ်မရတာတွေ ထုံကျင်တာတွေဖြစ်တတ်ပါတယ် ။

တစ်ခြားသော အာရုံကြောတွေ ထိတတ်တဲ့ ရောဂါတွေမှာလည်း အမြင်အာရုံ နှစ်ထပ်မြင်တာတွေ ခံစားရတတ်ပါတယ်။ ဒီရောဂါတွေကတော့ ဖြစ်တဲ့အကြောင်းပေါ်မူတည်ပြီး ပြန်ကုလို့ရမရ ကြည့်ရမှာပါ ။

ဦးနှောက်ထဲမှာ အကျိတ်တွေ ဖြစ်ပြီး အကျိတ်ကအာရုံကြောတွေကို ဖိမိထားတာတွေကြောင့်လည်း အမြင်နှစ်ထပ်ဖြစ်တတ်ပါတယ်။ အကျိတ်ကြောင့်ဖြစ်တယ်ဆိုရင်တော့ အကျိတ်ကြီးလာတာနဲ့အမျှ ဦးနှောက်ထဲမှာ သွေးဖိအားများလာပြီး ခေါင်းကိုက်ခြင်း အန်ခြင်း အမြင်ဝါးခြင်းတွေပါ ခံစားရတတ်ပါတယ် ။

တစ်ချို့တွေမှာ ဦးခေါင်းထိခိုက်မှုတစ်ခုခုရှိထားပြီး အထဲမှာ သွေးယိုစိမ့်တာတွေဆိုလည်း တစ်ဖြည်းဖြည်း နဲ့ ဦးနှောက်ထဲမှာ သွေးဖိအားများလာပြီး အမြင်ဝေဝါးလာခြင်း နှစ်ထပ်မြင်လာခြင်း အော့အန်ခြင်း ခေါင်းကိုက်ခြင်းတွေ ခံစားရတတ်ပါတယ် ။

အမြင်အာရုံမှာ နှစ်ထပ်ရယ်လို့ မြင်နေရတတ်တယ်ဆိုရင်တော့ ရောဂါအကြီးကြီးကနေ စဉ်းစားပါတယ်။ စိတ်ထဲ မပေါ့စေချင်ဘူး အာရုံကြောဆိုင်ရာဆရာဝန်တွေပြပြီး လိုအပ်တဲ့ စစ်ဆေးစမ်းသပ်ချက်တွေ လုပ်ဖို့လိုပါတယ်။ ရောဂါသိမှ ကုသမှုအပိုင်းအတွက် အဆင်ပြေမှာပါ။ ရောဂါသိပြီးမှ ဒီရောဂါက စိုးရိမ်ရလား ဒီရောဂါကဖြင့် အန္တရာယ်မပေးနိုင်တာလား စသဖြင့် သိနိုင်မှာပါ ။

Dr. CST

Previous Post

ခြောက်သွေ့ ကျဉ်းမြောင်းလာတဲ့ ပြဿနာ     

Next Post

ဆောင်းရာသီမှာသတိပြုရမယ့် ပန်းနာရင်ကျပ်ရောဂါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.1k
About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.1k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
820
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
837
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
124
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဆောင်းရာသီမှာသတိပြုရမယ့် ပန်းနာရင်ကျပ်ရောဂါ

အာသာဖြေခြင်းအတွက် ဆောင်ရန်ရှောင်ရန်များ

Healthy Q 1.3

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.