fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

HIV ပိုး ဘယ်တော့မှမကူးနိုင်အောင် လုပ်ထားတဲ့ တရုတ်ကအမွှာ

77
VIEWS
Share on FacebookShare on TwitterShare on Linkedin
08/02/2019
in ကျန်းမာသော နေထိုင်မှုပုံစံ, အထွေထွေရောဂါများအကြောင်း
1 min read
A A

 

HIV ပိုး ဘယ်တော့မှမကူးနိုင်အောင် လုပ်ထားတဲ့ တရုတ်ကအမွှာ

ဦးလူဌေး တစ်ယောက် December လထုတ် Time မဂ္ဂဇင်းကို ကိုင်ကာ ဒေါက်တာ စိုးသန်းဆီသို့ ရောက်လာသည်။ ညပိုင်း ဆေးခန်းပိတ်ချိန်နီးမှ ထွက်လာခဲ့ခြင်းဖြစ်သည်။  ဒေါက်တာ စိုးသန်းနှင့် စကားအေး ဆေး ပြောချင်သောကြောင့် လူနာရှင်းချိန်ကို ရွေးလာခဲ့ခြင်းဖြစ်သည်။

ဦးလူဌေး ရောက်တော့ ဒေါက်တာ စိုးသန်းက ပြန်ရန်ပြင်ဆင်နေ ပြီ။ ဆေးခန်းရှေ့မှ မောင်အေးကား

” နောက်ကျလိုက်တာ။ ကဲ ဘာဖြစ်တာ လဲ ပြောပါဦး”    လူနာ စာရင်းတွင် မှတ်ရန် ဘောပင်ကိုင်လိုက်သည်။ ဆရာဝန်ကသဘောကောင်းသောကြောင့် ကြောက်စရာမလိုပေမဲ့ မောင်အေးကိုတော့ လူနာများလန့်ကြသည်။

” နေမကောင်းလို့လာတာ မဟုတ်ဘူး။ ဆရာနဲ့ စကားနည်းနည်းပြောစရာရှိလို့လာတာ။  ”

” ဆရာရေ ဦးလူဌေးက စကားပြောချင်လို့တဲ့ လွတ်လိုက်မယ်နော်  ” မောင်အေးသည် ဒေါက်တာ စိုးသန်းကို လှမ်းပြောလိုက်သည်။

” အေးအေး လွတ်လိုက်လေ  ”

ဦးလှဌေး သည် မောင် အေး ခွင့်ပြုချက်နှင့် ဆေးခန်းထဲသို့ ဝင်လာရသည်။

” မေးစရာလေးရှိလို့ ဆရာရေ ” ဒီလိုမျိုး ကိုယ်သိချင်တာလေးတွေကို ဦးလှဌေးတစ်ယောက်လာမေးနေကြဖြစ်သည်။

” ဟုတ်ကဲ့ မေးပါ ဦး  ”

“ဒီလထုတ် Time မဂ္ဂဇင်းမှာ  ဆောင်းပါး တစ်ပုဒ်ပါလာတယ်ဆရာ ။ အဲဒါ အမှန်လား သိချင်လို့ ဆရာကို လာမေးတာပါ။ ပြီးတော့ ကျွန်တော သိပ်လည်း နားမရှင်းလို့ပါ ဆရာ။  ”

ဒေါက်တာ စိုးသန်းသည် ဦးလှဌေး ပေးသော ဆောင်းပါးကို ဖတ်လိုက်သည်။

“ဒီဆောင်းပါးထဲမှာ ပါသလိုမျိုး China မှာ HIV ပိုးကို resistant ဖြစ်တဲ့ ကလေးတွေ မွေးလို့ရပြီဆိုတာ အမှန်ပဲလားဟင်  ”

” Time မဂ္ဂဇင်းမှာတော့ ဒီအတိုင်းရေးထားတာပါပဲ။ တရုတ်သိပ္ပံပညာရှင် He Jiankui ဟာ HIVပိုး  resistant ဖြစ်တဲ့ ကလေး နောက်တစ်မျိုးပြောရင်တော့ HIV မကူးစက်နိုင်တဲ့ အမွှာ ကလေး နှစ်ယောက်ကို မွေးဖွားပေးနိုင်တယ်လို့ ရေးထားတာပါ။  ”

” နောက်ကလေး တစ်ယောက်ကိုလည်း ကိုယ်ဝန်ဆောင်ထားတယ်လို့ ရေးထားတယ်နော်။ ”

” ဟုတ်ကဲ့ပါ။ အမွှာကလေးနှစ်ယောက်ကို မွေးဖွားထားပါတယ်။ အဲဒီကလေးနှစ်ယောက်မှာ HIV ပိုးမကူးစက်နိုင်ဘူးလို့တော့ ရေးထားပါတယ်။ ဘာလို့ မကူးစက်နိုင်တာလဲ ဆိုရင် HIV ပိုးဟာ လူခန္ဓာကိုယ်ထဲကို ဝင်သွားရင် သွေးဖြူဥတွေထဲကို ဝင်ပါတယ်။ သွေးဖြူဥ တွေက လူရဲ့ ကိုယ်ခံစွမ်းအား မှာ အများကြီး အရေးပါပါတယ်။ သွေးဖြူဥတွေ ပျက်စီးသွားရင် ကုခံအားကျဆင်းမှုရောဂါ အဆင့်ကို ရောက်ပါတယ်။ HIV ပိုး ကူးစက်ခံရပြီးရင်  AIDS လို့ခေါ်တဲ့ ခုခံအားကျဆင်းမှု ရောဂါ ဖြစ်ဖို့ အချိန်တစ်ခု စောင့်ရပါတယ်။ ကိုယ်ခန္ဓာထဲမှာ သွေးဖြူဥတွေ နည်း သွားတဲ့ အချိန်ရောက်မှ AIDS ရောဂါသည် ဘဝကို ရောက်တာပါ။ ဒါဆိုရင် သွေးဖြူဥတွေ ဟာ သိပ်ကိုအရေးပါသွားပြီ။  HIV ပိုးဟာ သွေးဖြူဥထဲကို မဝင်နိုင်အောင် ကလေးတွေရဲ့ မျိုးရိုးဗီဇမှာ ပြုပြင်ပြောင်းလဲလိုက်တာပါ။ ”

“တော်တော်ကို ထူးဆန်းတယ်နော် ဆရာ”

” အခု He Jiankui ကို တရုတ်နိုင်ငံအ ပါအဝင် ကမ္ဘာတစ်လွှားက ဆေးပညာရှင်တွေ သိပ္ပံပညာရှင်တွေ ဟာ He Jiankui ရဲ့ လုပ်ရက်ကို ကန့်ကွက်နေကြတာပေါ့။ ဆေးပညာကျင့်ဝတ်နဲ့ မညီညွတ်ပဲ လူသားတွေမှာ Gene editing လုပ်တာကို ကန့်ကွက်နေကြတယ်။ အခုအချိန်ထိ လူသားတွေမှာ  Gene editing လုပ်ခွင့် မပေးသေးပါဘူး။ He Jiankui က သူ့သဘောနဲ့သူ သုတေသန လုပ်ပြီး Youtube ပေါ်မှာ တင်လိုက်တာပါ။ Scientific Journal တွေမှာလည်း မတင်ပါဘူး။  ”

” သြော် ”

“အခုတော့ စုံစမ်းစစ်ဆေးရေးတွေ ဝင်နေတယ်ပေါ့နော်။ သူမွေးဖွားပေးထားတဲ့ ကလေးနှစ်ယောက်မှာ Gene editing လုပ်လိုက်တဲ့ အတွက် HIV resistant ဖြစ်သွားးပြီဆိုတာ သေချာရဲ့လား။ နောက်တစ်ခုက ဘာဆိုးကျိုးတွေများဖြစ်လာမလဲ ဆိုတာကတော့ စောင့်ကြည့်ရပါဦးမယ်။ ရေရည် စောင့်ကြည့်ရမယ်ပေါ့  ”

” ကျေးဇူးတင်ပါတယ် ဆရာ။  ”

ဦးလူဌေးသည် သူသိချင်သည်များကို သိရသည့်အတွက် ပျော်ပျော်ရွှင်ရွှင် ထွက်သွားတော့သည်။

မောင်အေးကား

”  ဆရာ ဒါဆို HIV ပိုးကူးစက်မှာကြောက်စရာမလိုတော့ဘူးပေါ့နော်။ ”

”  နောက်ထပ် သုတေသန ပြုစရာတွေ တော့ အများကြီးလိုပါသေးတယ်။ စောင့်တော့ စောင့်ကြည့်ရဦးမှာပေါ့။ တကယ်သာ ဆိုရင်တော့ ဆေးပညာအတွက် အတိုင်းထက်အလွန်ပေါ့။”

ဒေါက်တာ စိုးသန်း တစ်ယောက် ကျေနပ်သလိုလို နှင့် လေးလံနေသည်။ HIV ပိုးကို resistant မဖြစ်အောင် လုပ်နိုင်သည်ဆိုတာကတေ့ ဝမ်းသာ စရာ။ သို့သော်  CRISPR editing tool နည်းပညာ နှင့် တစ်ခြား မသမာသော နည်းလမ်းများတွင်ရော အသုံးမပြုနိုင်ဘူးလားဟု တွေးတောကာ ရင်မောနေမိတော့ သည်။

Previous Post

ဆေးခန်းသွားရမဲ့ ကိုယ်အပူချိန်

Next Post

ခြေဖနောင့်ကွဲတာ အမြန်ဆုံးသက်သာအောင်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.3k
About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
863
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
847
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ခြေဖနောင့်ကွဲတာ အမြန်ဆုံးသက်သာအောင်

ခြောက်တိုင်း မကောင်းတဲ့နေရာ

လေဖြတ်သွားရင် ပုံမှန်အတိုင်း ပြန်ကောင်းနိုင်ပါ့မလား

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.