fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

ဆေးနဲ့ မတည့်တဲ့ဆေး ၊   ဆေးနဲ့  မတည့်တဲ့အစာ

1.6k
VIEWS
Share on FacebookShare on TwitterShare on Linkedin
03/06/2019
in ကျန်းမာသော နေထိုင်မှုပုံစံ, အထွေထွေရောဂါများအကြောင်း
1 min read
A A

အချို့ဆေးဝါးတွေက အတူတွဲသောက်ရင် အာနိသင်ပြယ်တာ အကျိုးသိပ်မရှိတာစသဖြင့် ဖြစ်တတ်ပါတယ်။ဒီလိုပါပဲ။အစားအသောက်တွေကလည်း ဆေးဝါးတွေပေါ်မှာ သက်ရောက်မှုတွေ ရှိတတ်ပါတယ်။အကောင်းဆုံးကတော့ ဆေးတခုခုကို ပထမဆုံးအကြိမ် စသောက်တော့မယ်ဆိုရင် ရှောင်သင့်ဆောင်သင့်တဲ့အချက်အလက်တွေကို ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူတဦးဦးဆီမှာ မေးထားဖို့ပါပဲ။ဒီဆောင်းပါးမှာတော့ တွဲမသောက်သင့်တဲ့ ဆေးဝါးတွေနဲ့  အစားအစာတွေကို ဖော်ပြပေးသွားပါမယ်။

၁။ဂရိတ်ဖရုသီး

 

အချဉ်ဓာတ်ပါတဲ့ ဒီအသီးဟာ အစာလမ်းကြောင်းမှာရှိတဲ့ ဆဲလ်တွေရဲ့ အလုပ်လုပ်ပုံကို ပြောင်းလဲစေပါတယ်။ဆေးတွေကို စုပ်ယူတဲ့အပိုင်းနဲ့ လိုတဲ့နေရာတွေကို ပြန်ပို့ဆောင်တဲ့အပိုင်းတွေကို ထိခိုက်စေနိုင်ပါတယ်။ဂရိတ်ဖရုသီးနဲ့ တွဲသောက်မိရင် ပြဿနာရှိနိုင်တဲ့ ဆေးအမျိုးအစားက ၅၀ ကျော်လောက် ရှိပါသတဲ့။အထူးသဖြင့်  ဓာတ်မတည့်တဲ့ဖြစ်စဉ်(Allergy)တွေမှာသုံးတတ်တဲ့ ဆေးအချို့ (fexofenadine)မှာဆို အစွမ်းသတ္တိလျော့ကျစေပြီး သွေးတွင်းအဆီလျော့ကျစေတဲ့ဆေး (Atorvastatin)မှာတော့ လိုတာထပ်တောင် ပိုပြီးလျော့ကျနိုင်စေပါသတဲ့။

၂။နွားနို့

အချို့သော ပဋိဇီဝဆေး(ပိုးသတ်ဆေး)တွေဟာ နွားနို့နဲ့တွဲသောက်ဖို့ မသင့်တော်ပါဘူး။နို့မှာပါတဲ့ သတ္တုဓာတ်တွေကြောင့်လို့ ဆိုပါတယ်။ဒါကြောင့် ပိုးသတ်ဆေးတမျိုးမျိုးသောက်တော့မယ်ဆိုရင်တော့ ဘယ်အစားအသောက်တွေကို ရှောင်သင့်တယ်ဆိုတာကို လေ့လာထားခြင်းက အကျိုးရှိစေပါလိမ့်မယ်။

၃။ချောကလက်

 

ချောကလက်အနက်ဟာ စိတ်ငြိမ်ဆေးအချို့ (သို့မဟုတ်)အိပ်ဆေးအချို့ရဲ့ အစွမ်းအာနိသင်ကို ပျက်ပျယ်စေပါတယ်။တဆက်ထဲမှာပဲ စိတ်ရွှင်လန်းတက်ကြွအောင်လှုံ့ဆော်ပေးတဲ့ဆေးတွေရဲ့ အစွမ်းကိုကျတော့ လိုအပ်တာထက် ပိုတိုးစေပါတယ်။အရေးကြီးတာတခုက တကယ်လို့ စိတ်ကျဝေဒနာအတွက် MAO Inhibitor ဆေး သောက်နေရသူတွေမှာဆို ချောကလက်အနက်ဟာ သွေးပေါင်ချိန်ကို ကြောက်စရာကောင်းလောက်အောင် မြင့်တက်စေပါတယ်။

၄။သံဓာတ်အားဖြည့်ဆေး

လည်ပင်းမှာရှိတဲ့ သိုင်းရွိုက်ဂလင်းကနေ ဟော်မုန်းလုံလုံလောက်လောက် မထွက်တဲ့ရောဂါ (hypothyroidism) တခု ရှိပါတယ်။အဆိုပါရောဂါအတွက် ပေးလေ့ပေးထရှိတဲ့ Levothyroxine ဆိုတဲ့ဆေးရဲ့အာနိသင်ကို သံဓာတ်အားဆေးတွေက လျော့ကျစေနိုင်ပါတယ်။ဒါကြောင့် လည်ပင်းဆေးလည်းသောက် အားဆေးလည်းသောက်နေတဲ့သူတွေမှာ အားဆေးထဲမှာ သံဓာတ် ပါ မပါ သိဖို့လိုအပ်ပါမယ်။မဖြစ်မနေဆိုရင်လည်း ဆေးနှစ်မျိုးကို အချိန်ခွဲသောက်ဖို့ ဆရာဝန်နဲ့တိုင်ပင်ဖို့ လိုပါမယ်။

၅။အရက်၊ဘီယာ

 


အရက်သောက်တဲ့အချိန်နဲ့ နီးနီးကပ်ကပ် ဆေးသောက်တာဟာ အချို့ဆေးတွေရဲ့ အာနိသင်ကို လုံးဝနီးပါး လျော့ကျစေပါတယ်။အထူးသဖြင့် သွေးကျဆေးနဲ့ နှလုံးဆေးတွေမှာ ပိုသိသာပါတယ်။တခြားသောဆေးအချို့ကျပြန်တော့ အရက်ကြောင့် လိုအပ်တာထက် ပိုပြင်းသွားစေပြီး ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရစေပါတယ်။

၆။ကော်ဖီ

 


စိတ်ရောဂါဆေးအချို့ဖြစ်တဲ့ Lithium တို့ Clozapine  တို့ဟာ ကော်ဖီကြောင့် အာနိသင်လျော့ပါးနိုင်ပေမဲ့ တခြားဆေးတွေကတော့ ကော်ဖီနဲ့တွဲလိုက်တဲ့အခါ အစွမ်းတွေအတိုးလွန်ပြီး ဘေးထွက်ဆိုးကျိုးတွေပါရတဲ့အထိ ဖြစ်တတ်ပါတယ်။နောက်တချက်က ကော်ဖီနဲ့တွဲသောက်မိရင် ခန္ဓာကိုယ်အနေနဲ့ သံဓာတ်ကို ရယူသုံးစွဲနိုင်ဖို့ ခက်ခဲစေပါတယ်။

၇။နှာစေးပျောက်ဆေး(Antihistamines)

 


အလွယ်တကူ နားလည်အောင် နှာစေးပျောက်ဆေးလို့ ပြောရပေမဲ့ တကယ်တမ်းတော့ ဓာတ်မတည့်တာကြောင့်ဖြစ်တဲ့ နှာရည်ယို နှာချေ ပြဿနာတွေမှာ အသုံးများပါတယ်။ဘာမီတွန်လို Cetrizine လို ဆေးမျိုးပေါ့။အတူတူတွဲသောက်မိရင် ဒီဆေးတွေက သွေးကျဆေးတွေရဲ့အစွမ်းအာနိသင်ကို ထိခိုက်စေပြီး နှလုံးခုန်နှုန်းကို မြန်စေပါတယ်။သွေးကျဆေးကလည်း ပုံမှန်သောက်နေရတယ်၊ နှာရည်ယိုနှာချေတာကလည်း မခံမရပ်နိုင်ဖြစ်နေတယ်ဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီး ညွှန်ကြားတဲ့အတိုင်း သောက်ဖို့လိုပါမယ်။

၈။အတက်ရောဂါဆေးများ

 


အတက်ရောဂါသမားတွေသောက်တဲ့ဆေးတွေ(AEDs)က  နဲနဲ ပို ရှော့ခ်ရှိပါတယ်။ဘာကြောင့်လဲဆိုရင် တွဲသောက်မိတဲ့အခါ ကိုယ်ဝန်တားဆေးတွေရဲ့အစွမ်းအာနိသင်ကို ဒုက္ခပေးနိုင်လို့ပါပဲ။

၉။ဂျင်ဆင်း

ခုခေတ် အားဆေးနဲ့ဖြည့်စွက်စာ အချို့မှာ ပါဝင်တဲ့ ဂျင်ဆင်းမြစ်ဟာ  ကိုယ်တွင်းသွေးခဲတွေ မဖြစ်အောင် ၊ဖြစ်နေရင်လည်း ပျော်သွားအောင်သုံးရတဲ့ warfarinရဲ့ အစွမ်းသတ္တိကို လျော့ကျစေပါတယ်။Aspirin ၊ Heparin အစရှိတဲ့ သွေးကျဲဆေးတွေနဲ့ တွဲသုံးမိခဲ့ရင် ခန္ဓာကိုယ်တွင်းသွေးယိုစီးမှု ဖြစ်စေနိုင်ပါတယ်။အကိုက်အခဲပျောက်ဆေးအချို့ဖြစ်တဲ့ Ibuprofen ၊ Naproxen စတဲ့ ဆေးဝါးတွေနဲ့ တွဲသုံးတဲ့အခါမှာလည်း အထက်ပါပြဿနာကြုံရနိုင်ပါတယ်။ နောက်တခုက စိတ်ကျရောဂါအတွက်သုံးတဲ့ MAO inhibitor တွေနဲ့ တွဲသောက်မိရင် ခေါင်းကိုက်တာ အိပ်မပျော်တာ ကယောင်ခြောက်ခြားဖြစ်တာ စိတ်မတည်ငြိမ်တာစတဲ့ ဆိုးကျိုးတွေ ခံစားရတတ်ပါတယ်။

၁၀။Ginkgo Biloba

 

ginkgo as medicinal plant for alternative medicine

 

တန်ဖိုးကြီးတဲ့ဆေးဘက်ဝင်အရွက်လို့ မှတ်ယူပြီး သုံးစွဲနေကြတဲ့ ဒီအရွက်ကို သွေးတိုးသက်သာတယ် ၊ နားအူတာသက်သာတယ် စသဖြင့် ပြောကြပါတယ်။တကယ်တမ်း သက်သာစေသလား ဘာလားရယ်လို့တော့ စနစ်တကျ သုတေသနခိုင်ခိုင်မာမာ မရှိသေးဘူးလို့ သိရပါတယ်။အတက်ရောဂါဆေးတွေနဲ့တွဲသောက်မိရင်တော့ အဆိုပါဆေးတွေရဲ့ ဂုဏ်သတ္တိကို ကျဆင်းစေပါတယ်။ဥပမာ Carbamazepine လို ဆေးမျိုး။

အခုပြောပြခဲ့တာတွေကတော့ တမျိုးနဲ့တမျိုး တွဲဖက်မသောက်သင့်တဲ့ ၊ အချိန်ကပ်ရက်မသုံးစွဲသင့်တဲ့ ဆေးဝါးနဲ့အစားအစာ အချို့ပဲဖြစ်ပါတယ်။စစ်တမ်းများအရ ဆေးဝါးတွေရဲ့ ၅၀% လောက်ကိုပဲ ညွှန်ကြားတဲ့အတိုင်း တိတိကျကျ သောက်ကြတယ်လို့ သိရပါတယ်။လိုအပ်တာထက် လျော့သောက်တာ ၊ သောက်ချင်တဲ့အချိန်သောက်တာ ၊ အချိန်အများကြီးခွာသောက်တာ စသဖြင့် ဆေးရဲ့ အာနိသင်ကိုလျော့ကျသွားစေမဲ့ ပုံစံတွေကို လူအများစုက သတိမမူမိဘဲ လုပ်လေ့ရှိကြပါတယ်။ဒါကြောင့် ဆေးဝါးသုံးစွဲတော့မယ်ဆိုရင် ကုသမှုပုံစံကို သေချာနားလည်ထားအောင် ဆရာဝန်ကို သေချာမေးပြီး ညွှန်ကြားချက်တွေကိုလည်း အတိအကျလိုက်နာနိုင်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

ကိုညိမ်းမောင်(ဆေး ၁)

Previous Post

ငရုတ်ကောင်း၏ ကျန်းမာရေးအသုံးဝင်ပုံများ

Next Post

လူသုံးများလာတဲ့ ရာသီခံခွက် (Menstrual cup) ရဲ့ ကောင်းကျိုး ဆိုးကျိုးတွေ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
851
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
844
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

လူသုံးများလာတဲ့ ရာသီခံခွက် (Menstrual cup) ရဲ့ ကောင်းကျိုး ဆိုးကျိုးတွေ

ပူပြင်းလှတဲ့နေရောင်ခြည်ကြောင့် အသားအရေပျက်စီးခြင်းမှကာကွယ်ဖို့

ဘာလို့သင်းကွပ်ကြတာလဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.