မှန်ကန်သော အိပ်စက်ခြင်းတစ်ခုရှိဖို့
အလွန်အရေးကြီးသည်။
တစ်နေ့ ဘယ်နှစ်နာရီ အိပ်ရမလဲ။
အိပ်ရေးမဝရင် ဘာတွေဖြစ်မလဲ။
တစ်နေ့တာ အိပ်ချိန်တွေ ဘယ်လောက်လိုအပ်လဲ
ကြည့်ကြည့်ရအောင်။
မွေးကင်းစ မှ ၃ လ အထိ
လိုအပ်သော အချိန် (၁၄ – ၁၇ နာရီ)
လုံလောက်သော အချိန် (၁၁ – ၁၉ နာရီ)
၄ လ မှ ၁၁ လ အထိ
လိုအပ်သော အချိန် (၁၂ – ၁၅ နာရီ)
လုံလောက်သော အချိန် (၁၀ -၁၈ နာရီ)
၁ နှစ် မှ ၂ နှစ် အထိ
လိုအပ်သော အချိန် (၁၁ – ၁၄ နာရီ)
လုံလောက်သော အချိန် (၉ – ၁၆ နာရီ)
၃ နှစ် မှ ၅ နှစ် အထိ
လိုအပ်သော အချိန် (၁၀ – ၁၃ နာရီ)
လုံလောက်သော အချိန် (၈ – ၁၄ နာရီ)
၆ နှစ် မှ ၁၃ နှစ် အထိ
လိုအပ်သော အချိန် (၉ – ၁၁ နာရီ)
လုံလောက်သော အချိန် (ရ – ၁၂ နာရီ)
၁၄ နှစ် မှ ၁ရ နှစ် အထိ
လိုအပ်သော အချိန် (၈ – ၁၀ နာရီ)
လုံလောက်သော အချိန် (ရ – ၁၁ နာရီ)
၁၈ နှစ် မှ ၂၅ နှစ် အထိ
လိုအပ်သော အချိန် (၇ – ၉ နာရီ)
လုံလောက်သော အချိန် (၆ – ၁၁ နာရီ)
၂၆ နှစ် မှ ၆၄ နှစ် အထိ
လိုအပ်သော အချိန် (၇ – ၉ နာရီ)
လုံလောက်သော အချိန် (၆ – ၁၀ နာရီ)
၆၅ နှစ် အထက်
လိုအပ်သော အချိန် (၇ – ၈ နာရီ)
လုံလောက်သော အချိန် (၅ – ၉ နာရီ)
မည်သို့ပင်ဖြစ်စေ၊ အသက်အရွယ်တူ
တစ်ယောက် နဲ့ တစ်ယောက်ပင်လျှင်
အိပ်ချိန်လိုအပ်မှုတွေ မတူညီပါဘူး။
မိမိ တစ်နေ့တာ ဘယ်လိုခံစားရတယ်အပေါ်မူတည်ပြီး အိပ်ချိန် လုံလောက်မှုရှိမရှိဆိုတာ
ဆန်းစစ်ကြည့်လို့ရပါတယ်။
ခေါင်းကြည်တယ်၊ နေလို့ကောင်းတယ်၊
ပေါ့ပေါ့ပါးပါး၊ လန်းလန်းဆန်းဆန်း၊
တက်တက်ကြွကြွရှိတယ် ဆိုရင်
အိပ်ချိန် လုံလောက်တယ်လို့ သတ်မှတ်လို့ရပါတယ်။
___________________________________
စောစောအိပ်လို့၊
စောစောထလို့၊
စောစောလမ်းလျှောက်ကြပါစို့၊
အစရှိသော
ကျန်းမာရေးအသိပေးချက်များစွာရှိတဲ့အနက်
ကောင်းမွန်သောအိပ်စက်အနားယူခြင်းသည်
ကျန်းမာရေးအခြေအနေများအပေါ် ဘာတွေ
ဘယ်လိုတွေ သက်ရောက်နေသလဲ၊
အကျိုးရှိနေသလဲ၊ လေ့လာကြည့်ရအောင်။
_____________________________________
၁။ ကောင်းမွန်သော အိပ်စက်ခြင်းသည်
စိတ်ဖိစီးမှုဒဏ်ကို လျှော့ချပေးပါတယ်။
၂။ ကောင်းမွန်သော အိပ်စက်ခြင်းသည်
သင့် မှတ်ဉာဏ်ကို ကောင်းမွန်စေပါတယ်။
၃။ ကောင်းမွန်သော အိပ်စက်ခြင်းသည်
သွေးတိုးခြင်းကို အတိုင်းအတာတစ်ခုထိ
ကာကွယ်ပေးပါတယ်။
၄။ ကောင်းမွန်သော အိပ်စက်ခြင်းသည်
ခုခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။
၅။ ကောင်းမွန်သော အိပ်စက်ခြင်းသည်
ကျန်းမာသော ခန္ဓာကိုယ်အလေးချိန်ကို ထိန်းညှိပေးပါတယ်။
၆။ ကောင်းမွန်သော အိပ်စက်ခြင်းသည်
စိတ်ကြည်လင်မှု၊ ပျော်ရွှင်မှု၊ ခွန်အားပြည့်ဝမှု
တို့ကို ရရှိစေပါတယ်။
ရ။ ကောင်းမွန်သော အိပ်စက်ခြင်းသည်
နှလုံးရောဂါနှင့် လေဖြတ်ခြင်းကို ကာကွယ်ပေးပါတယ်။
၈။ ကောင်းမွန်သော အိပ်စက်ခြင်းသည်
ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။
ထို့အတွက်ကြောင့် အိပ်စက်ခြင်းဟာ ကျန်းမာရေး
အတွက် ကောင်းကျိုးများစွာ ရှိတဲ့အပြင်
အိပ်ရေးမဝရင်လည်း ကျန်းမာရေးကိုပါ
ထိခိုက်စေနိုင်ကြောင်း၊ အိပ်မပျော်ရင်လည်း
အကြောင်းအရင်းကို တတ်ကျွမ်းနားလည်သော
ဆရာဝန် နဲ့ ပြသတိုင်ပင်ရန် လိုအပ်ကြောင်း
ကျန်းမာရေးအသိပေးလေး ပေးချင်ပါတယ်ခင်ဗျာ။
အားလုံး အိပ်ချိန်မှန်၊ အိပ်ရေးဝပြီး မနက်ဖြန်များစွာကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ကြပါစေလို့
ဆုမွန်ကောင်းတောင်းရင်း
နိဂုံးချုပ်လိုက်ပါတယ်ခင်ဗျာ။
Dr. Wallace K