မေမေတို့ရေ
အိမ်မှာရှိတဲ့ ကလေး၊ လူကြီး၊ ဖိုးဖိုး၊ ဖွားဖွားတို့ ရဲ့ ကျန်းမာရေး၊ အာဟာရပြည့်ဝရေးတို့ဟာ မေမေဖန်တီးပေးထားတဲ့ ထမင်းဝိုင်းလေးအပေါ်မှာ အများကြီးမှီခိုနေပါတယ်
အိမ်ရှိလူကုန် ကျန်းမာဖို့၊ သားသားမီးမီးလေးတို့ ဉာဏ်ကောင်း ရောဂါကင်းစေဖို့က ချက်ပြုတ်ပေးတဲ့မေမေတို့ရဲ့တာ ဝန်ပေါ့နော်။
အာဟာရပြည့်တဲ့ထမင်းဝိုင်းလေးတစ်ခု ဖန်တီးနိုင်အောင် ဘယ်လိုအချက်လေးတွေပါဝင်ရမလဲ? ရှောင်ကြဉ်ရမလဲ? အတူတူ ဆက်ပြီးကြည့်ရအောင်ပါနော် …..
✅နေ့စဉ်ပါဝင်သင့်သော အစားအစာများ
အသီးအနှံနှင့်အသီးအရွက်များတွင် ဗီတာမင်ဓာတ်များ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ အမျှင်ဓာတ်နှင့် ရေဓာတ်များပြည့်ဝစွာပါဝင်ပါတယ်။ ကျန်းမာစေခြင်း၊ ရောဂါကာကွယ်ပေးနိုင်ခြင်းစတဲ့ ကောင်းကျိူးများရစေပါတယ်။ ကလေးများအတွက်ရော လူကြီးများအတွက်ပါ သင့်တော်တာကြောင့် နေ့စဉ်ထည့်သွင်းချက်ပြုတ်သင့်ပါ တယ်။
ဆန်၊ ဂျူံ၊ ပြောင်း၊ အာလူးတို့ဟာဒီအုပ်စုထဲမှာပါပါတယ်။ ခန္ဓာကိုယ်ကြီးထွားရန်နှင့် ကလေးများစာသင်ကြားရာမှာ လိုအပ်သောစွမ်းအင်ရရှိစေပါတယ်။ လူကြီးများအတွက်လည်း နေ့စဉ်လှုပ်ရှား အလုပ်လုပ်ကိုင်နိုင်သော စွမ်းအင်များပေးစွမ်းပါတယ်။
ကြက်သား၊ ဝက်သား၊ အမဲသား၊ ဥ၊ ပဲအမျိူးမျိူး နှင့်ငါးများမှာ ပါဝင်တဲ့ အသားဓာတ်ကြောင့် ကြွက်သားများသန်စွမ်းစေပါတယ်။ သံဓာတ်၊ ဇင့်ဓာတ်နှင့် အိုမီဂါဓာတ်များပါဝင်သောကြောင့် ဦးနှောက်ဖွံ့ဖြိုးပြီး ဉာဏ်ထက်စေပါတယ်။ လူကြီးများအတွက်လည်း သွေးအားနည်းရောဂါ၊ နှလုံးသွေးကြောရောဂါများကာကွယ် ပေးပါတယ်။ အဆီများသော အသားများကိုတော့ ချင့်ချိန် ချက်ပြုတ်သင့်ပါတယ်။
နို့၊ ဒိန်ချဉ်၊ ထောပတ်တို့မှာ ကယ်စီယမ်နှင့် ပရိုတင်း(အသားဓာတ်) များပါဝင်သောကြောင့် သွားနှင့်အရိုးများကိုကြံ့ခိုင် သန်မာစေပါတယ်။ ကလေးရော လူကြီးများအတွက်ပါသင့်တော်ပါတယ်။ အလွန်အကျွံတော့ မစားသုံးသင့်ပါ။
❌ရှောင်ကြဉ်ရမည့် အစားအစာများ
အထက်ပါအစားအစာများ အလွန်အကျွံစားသုံးတဲ့ကလေးတွေမှာ အဝလွန်ရောဂါ၊ အမျိူးအစား၂ ဆီးချိူရောဂါ၊ သွားရောဂါများဖြစ် စေပါတယ်။ လူကြီးတွေမှာလည်း ဆီးချိူရောဂါ၊သွေးတိုးနှင့် နှလုံးရောဂါများဖြစ်စေတယ်။
လူကြီးများက မိမိအသိစိတ်နှင့်ထိန်းချူပ်နို င်သော်လည်း ကလေးငယ်များကို ထိန်းချူပ်ရန်ခက်ခဲတတ်ပါတယ်။ ကလေးတွေ ကျန်းမာရေးနဲ့ညီညွတ်အောင် ထိမ်းကျောင်းနိုင်မယ့် နည်းလမ်းလေးတွေလည်း ဖတ်ကြည့်ရအောင် ……
မေမေများအားလုံး အာဟာရနှင့်ပြည့်စုံသော ထမင်းဝိုင်းလေး ဖန်တီးနိုင်ပါစေ။
Author : Dr. ဆုမြတ်နိုး