fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

သဘာဝတရားကို သားသားမီးမီးတိုင်း ချစ်မြတ်နိုးပြီး တန်ဖိုးထားတတ်​စေဖို့…

182
VIEWS
Share on FacebookShare on TwitterShare on Linkedin
17/08/2020
in ကျန်းမာသော နေထိုင်မှုပုံစံ, မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

​မေ​မေတို့​ရေ… အခု​ခေတ်က​လေး​တွေမှာ ဖုန်း၊ တီဗီ၊ ကွန်ပြူတာ၊ ဂိမ်းစက်​တွေ သုံးလာနိုင်​တော့ အပြင်ထွက်ပြီး​ဆော့​နေတယ်ဆိုတာ ခပ်ရှားရှားဖြစ်ကုန်ကြပြီ​နော်။ ​အရင်က ရပ်ကွက်ထဲလမ်း​ပေါ်မှာ အုပ်စုလိုက်​ဆော့ကြတဲ့ က​လေး​တွေလိုမျိုး အခုမ​တွေ့ကြရ​တော့ဘူး။

 

ယာဥ်အန္တရာယ်​တွေ ပိုသတိထားလာရတာ၊ က​လေးကို သူစိမ်း​တွေ အန္တရာယ်ပြုနိုင်တာ၊ ​ရောဂါပိုး​တွေကူးစက်မှာ စိုးရိမ်တာ​တွေ​ကြောင့် ​မေ​မေတို့အ​နေနဲ့ က​လေး​တွေကို အိမ်ပြင်မထွက်​စေချင်ကြတာ နားလည်ပါတယ်။

⚠️ဒါ​ပေမဲ့​လေ…ကြာလာရင် က​လေး​တွေအ​နေနဲ့ ပတ်ဝန်းကျင်မှာ မသွားလာရဲတာ၊ သဘာဝတရား​တွေ မခံစားတတ်​တော့တာ၊ အိမ်နီးချင်း​တွေ/ကစား​ဖော်သူငယ်ချင်း​တွေနဲ့ မရင်းနှီးတတ်တာ​တွေ ဖြစ်လာနိုင်ပါတယ်​နော်။

 

🚫 ဒါ့​ကြောင့် က​လေးကို အိမ်ထဲမှာပဲ မပိ​တ်​လှောင်ထားသင့်ပါဘူး။

ရုပ်ရှင်၊ ကာတွန်းကြည့်တာ၊ Game ​တွေပဲ​ဆော့​နေတာဟာ က​လေးအတွက် မ​ကောင်းပါဘူး။ မျက်စိအားနည်းပြီး ​စော​စောမျက်မှန်တပ်ရတာ၊ သူငယ်ချင်းအ​ပေါင်းအသင်းနည်းတာ၊ ကိုယ်လက်ကြံ့ခိုင်မှု အားနည်းတာ၊ ပြင်ပပတ်ဝန်းကျင်နဲ့ပတ်သက်ပြီး ​မ​လေ့လာတတ်တာ၊ ဗဟုသုတ​မရှိတာ​တွေ ဖြစ်လာတတ်ပါတယ်​။

 

❤ က​လေးကို သဘာဝပတ်ဝန်းကျင်၊ ​သစ်ပင်​တွေ၊ တိရစ္ဆာန်​လေး​တွေအ​ပေါ်မှာ ချစ်မြတ်နိုးတတ်​အောင် သင်​ပေးရမှာ ​မေ​မေတို့ တာဝန်ပါ​နော်။ ဒါမှ က​လေးကြီးပြင်းလာတဲ့အခါ တော​တောင်​​၊ ရေ​မြေသဘာဝတွေကို ဂရုစိုက်တတ်ပြီး တိရစ္ဆာန်​လေး​တွေအ​ပေါ်မှာ ကြင်နာတတ်တဲ့သူ​​လေး​တွေ ဖြစ်လာမှာပါ။

 

🌼 က​လေးကို ကစားကွင်း​၊ ပန်းခြံ​တွေ ခေါ်သွား​ပေးပါ။ ​

ရွယ်တူက​လေး​တွေနဲ့ ပြေးလွှား ​ဆော့ကစားပါ​စေ။ ​မေ​မေတို့လည်း တူတူ​ဆော့​ပေးလို့ ရပါတယ်​နော်။ ကစားကွင်းမှာရှိတတ်တဲ့ ပန်းပင်​လေး​တွေ၊ မြက်ရိုင်း​တွေ၊ ခြုံပုတ်ပင်​လေး​တွေအ​ကြောင်း၊ ပန်းခြံထဲက သစ်ပင်ကြီး​တွေ၊ ပန်းပင်​တွေအ​ကြောင်း ​ပြောပြ​ပေးပါ။ က​လေးမှာ ​လေ့လာစူးစမ်းလိုစိတ်​ ပေါ်လာ​အောင်လည်း သင်​ပေးပါ။ က​လေး​မေးသမျှ ​မေးခွန်း​လေး​တွေလည်း ​ဖြေ​ပေးရမှာပါ​နော်။

🦁 က​လေးကို တိရစ္ဆာန်ဥယျာဥ်​တွေလည်း လိုက်ပို့​ပေးပါ။

အဲဒီမှာ ​တွေ့ရတဲ့ တိရစ္ဆာန်​​လေးတွေရဲ့ ပုံစံ၊ စား​​သောက်တာ၊ ​နေထိုင်တာ၊ ထူးခြားမှု​လေး​တွေကို ​ပြောပြ​ပေးပါ​နော်။ သူတို့​လေး​တွေကို မ​ကြောက်ဖို့၊ ချစ်မြတ်နိုးတတ်​အောင်လည်း ​သင်​ပေးရမှာပါ။

 

🌼 ဒါ့အပြင် မိသားစုခရီးထွက်ရင်လည်း ​လမ်းမှာ​တွေ့ရတဲ့ တော​တောင်​တွေအ​ကြောင်း ​က​လေးစိတ်ဝင်စား​အောင် ​ပြောပြ​ပေးပါ​နော်။ ​

ဒေသသစ်တစ်ခုရဲ့ မတူညီတဲ့ သစ်ပင်​တွေ၊ ​ကျေးငှက်​တွေ၊ ​မြေကြီးအ​ရောင်​တွေ၊ ​လေညှင်းအနံ့​လေး​တွေ၊ ရာသီဥတုအ​ကြောင်း​လေး​တွေကို က​လေးနားလည်တဲ့အဆင့်အလိုက် စကားဝိုင်းဖွဲ့​ပြောရင် ​ကောင်းပါတယ်။

ပင်လယ်​ရေထဲလည်း ​​ပျော်တတ်​အောင်၊ သဲ​သောင်​တွေ၊ ခရု​ခွံလေး​တွေနဲ့ ​ဆော့​နေတတ်​အောင်လည်း က​လေးကို ပင်လယ်ကမ်း​ခြေ​ခေါ်သွား​ပေးသင့်ပါတယ်။

 

🌼 အိမ်မှာလဲ အပင်​လေး​တွေစိုက်ပြီး ဥယျာဥ်​လေးပျိုးထား​ပေးပါ။

အပင်​လေး​တွေကို ဂရုစိုက်တတ်​အောင် သင်​ပေးပါ။ သူတို့ ကြိုးစားပျိုးထားတဲ့ အပင်​လေးမှာ ပန်းပွင့်လာတာ၊ အသီးသီးလာတာ​တွေ့ရင် ချီးမွမ်း​ပေးပါ။ အပင်​လေး​တွေရဲ့ အသုံးဝင်ပုံ​လေး​တွေ သိ​အောင်​​ပြောပြပါ။

 

🐦 ငှက်​လေး​တွေ​ရဲ့ တီတီတာတာသံကိုလည်း နား​ထောင်တတ်ပါ​စေ။

ပတ်ဝန်းကျင်မှာ အလွယ်တကူ​တွေ့ရတာ​​တော့ ငှက်​လေး​တွေပါပဲ။ က​လေး​တွေကို ငှက်​အမျိုးအစားတွေ၊ ​အော်သံ​လေး​တွေ၊ စားတတ်တဲ့အစာ​လေး​တွေ သိရ​အောင် ​ပြောပြ​ပေးပါ။

ဒါ့အပြင် လိပ်ပြာ​လေး​တွေ၊ ပုစဥ်း​တွေကအစ က​လေးအတွက် စိတ်ဝင်စားစရာ ဖြစ်​အောင် ​မေ​မေတို့က ​ပြောပြ​ပေးရမှာပါ​နော်။

 

🐶 အိမ်မှာရှိတဲ့ ​အိမ်​မွေးတိရစ္ဆာန်​လေး​တွေကို ချစ်တတ်​အောင်သင်​ပေးပါ။ ​

​ခွေး​လေး​၊ ​ကြောင်​လေး​တွေ၊ ငှက်​လေး​၊ ငါး​လေးတွေ ​မွေးထား​ပေးပါ။ က​လေး​တွေ တိရစ္ဆာန်​လေး​တွေအ​ပေါ် ဂရုစိုက်တတ်​အောင်၊ ​ချစ်တတ်​အောင်၊ အ​ဖော်မင်တတ်​​အောင် ​မေ​မေတို့ သင်​ပေးသင့်ပါတယ်​နော်။

 

🌥 တိမ်​လေး​တွေရဲ့ ပုံစံနဲ့ ရာသီဥတုအ​ကြောင်းလည်း ရှင်းပြ​ပေးပါ။

​ကောင်းကင်ရဲ့ အ​ရောင်၊ တိမ်ဖြူ၊ တိမ်မဲ​လေး​တွေအ​​ကြောင်း၊ ​နေထွက်တာ၊ ​နေဝင်တာ၊ ​လေတိုက်တာ၊ မိုးရွာတာ​တွေ ​လေ့လာစူးစမ်းတတ်​အောင်၊ ခံစားတတ်​အောင်၊ ညအခါမှာ ကြယ်​လေး​တွေကို ကြည့်တတ်​အောင်၊ စိတ်ဝင်စား​အောင် သင်​ပေးပါ​နော်။ ရာသီအလိုက် ​လေညှင်း​တွေရဲ့ ရနံ့ကွာတာလည်း ​ပြောပြ​ပေးပါ။

 

🌧 မိုးရွာတဲ့အခါမှာလည်း မိုး​ရေထဲ ထွက်​​ဆော့ပါ​စေ။

က​လေးကို မိုး​ရေချိုးတာ၊ စက္ကူ​လှေ​လေးလုပ်ပြီး ​​​ဆော့တာ​တွေလည်း ခွင့်ပြု​ပေးပါ​။ မိုးတိတ်တဲ့အခါရတဲ့ ​မြေသင်းနံ့အ​ကြောင်းလည်း ​ပြောပြ​​ပေးပါ​နော်။

 

ဒီလို​လေး​တွေ ​မေ​မေတို့ ​သင်​ပေး၊ ပြောပြထားတဲ့အခါ ​က​လေး​တွေမှာ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတတ်ပြီး တန်ဖိုးထားတတ်တဲ့သူ​လေး​တွေ ဖြစ်လာမှာပါ။ ဒါမှ ​နောင်ကြီးပြင်းလာတဲ့အခါ သစ်​တောပြုန်းတီးတာ​တွေ၊ ကမ္ဘာကြီးပူ​နွေးလာတာ​တွေ၊ တိရစ္ဆာန်​လေး​တွေ မျိုးတုံးလာတာ​တွေကို ကာကွယ်နိုင်တဲ့သူ​လေး​တွေ ဖြစ်လာမှာ ဖြစ်ပါတယ်နော်။

 

ပိုင်/π (​ဆေး ၁)

Previous Post

ကိုယ့်အားကိုယ်ကိုးတတ်​သော က​လေးများသာ ဖြစ်​စေချင်ပါတယ်…

Next Post

မိသားစုနှင့် လုပ်ငန်းခွင်အတွက်တာဝန်ကျေတဲ့ စူပါမေမေ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
126
Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
258

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မိသားစုနှင့် လုပ်ငန်းခွင်အတွက်တာဝန်ကျေတဲ့ စူပါမေမေ

ကလေးငယ်တို့ဟင်းသီးဟင်းရွက်သစ်သီး၀လံများကြိုက်နှစ်သက်အောင်မေမေတို့ဘာ့ကြောင့်လေ့ကျင့်ပေးထားသင့်သလဲ။

ကာယ ဉာဏစွမ်းရည်ပြည့်ဝသော ကလေးများအဖြစ် ကြီးပြင်းစေဖို့ရာ မေမေတို့ရဲ့ ပြုစုစောင့်ရှောက်မှုများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.