fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

အသက်၃၀ အရွယ်မှာ အရေပြားကို ထိန်းသိမ်းစောင့်ရှောက်သင့်တဲ့ နည်းလမ်းများ

138
VIEWS
Share on FacebookShare on TwitterShare on Linkedin
18/10/2020
in ကျန်းမာသော နေထိုင်မှုပုံစံ, အထွေထွေရောဂါများအကြောင်း
1 min read
A A

အသက်၃၀ အရွယ်ဆိုသည်မှာ အမျိုးသားများရော၊ အမျိုးသမီးများပါ တည်ငြိမ်မှုအတော်အတန် ရရှိလာသောအရွယ်ဟု အကြမ်းဖျင်းသတ်မှတ်ယူဆလို့ ရပါသည်။ တည်ငြိမ်သော အလုပ်အကိုင်၊ တည်ငြိမ်သော ဝင်ငွေလမ်းကြောင်း၊ တည်ငြိမ်သော အချစ်ရေး သို့မဟုတ် အိမ်ထောင်ရေး စသည်တို့ကို ရရှိပိုင်ဆိုင်စပြုလာသော အသက်အရွယ် ဖြစ်ပါတယ်။

သို့သော် မိမိ၏ အသားအရေ၊ ခန္ဓာကိုယ်၏ပုံစံ စသည်တို့သည်လည်း ထိုအသက်အရွယ်မှာပင် စတင်၍ ပြောင်းလဲလာကြသည်။ ယခင်ကနှင့် မတူ ထူးခြားစွာ မျက်နှာပေါ်တွင် အရေးအကြောင်းငယ်များ စတင်ပေါ်ပေါက်လာခြင်း၊ မျက်လုံးတစ်ဝိုက်တွင် အရေးအကြောင်းငယ်များ စတင်ပေါ်ပေါက်လာခြင်း၊ Laugh line လို့ခေါ်သည့် ပါးနှင့် ပါးစပ်တစ်ဝိုက်တွင် အရေးကြောင်းငယ်များ စတင်ပေါ်ပေါက်လာခြင်း စသည့် ပြောင်းလဲမှုများဖြစ်လာသကဲ့သို့ မျက်နှာပေါ်တွင် ဝက်ခြံများနှင့် နေလောင်ကွက်များ၊ အမဲစက်များလည်း စတင်ပေါ်ပေါက်လာနိုင်သည့် အချိန်အခါဖြစ်ပါသည်။ ထိုကြောင့် အသက် ၃၀ ပတ်ချာလည်အရွယ်သည် မိမိ၏ အသားအရေနှင့် အရေပြားကျန်းမာရေးတို့ကို ကောင်းစွာစောင့်ရှောက်ရန်လိုအပ်သော အချိန်အခါတစ်ခုဖြစ်ပါသည်။

 

အသက် ၃၀ အရွယ်မှာ အရေပြားကို ထိန်းသိမ်းစောင့်ရှောင့်သင့်သည့် နည်းလမ်းများ

၁။ မျက်နှာကို သန့်စင်ပါ

နေ့စဉ်မနက်တိုင်း မျက်နှာသန့်စင်သင့်သကဲ့သို့ ညအိပ်ရာမဝင်ခင်တွင်လည်း  မိတ်ကပ်စသည်တို့ကို ဖယ်ရှား သန့်စင်ပြီးမှသာ အိပ်ရာဝင်သင့်ပါသည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် အရေပြားဆဲလ်များကို အသစ်တဖန် ပြန်လည်ပြင်ဆင်သော လုပ်ဆောင်ချက်များအား ကောင်းမွန်စွာ လုပ်ဆောင်ခွင့်ရရှိစေပါသည်။ ထိုသို့ မျက်နှာကို သန့်စင်သော ပစ္စည်းများ ဈေးကွက်အတွင်း အများအပြားရှိသောကြောင့် မိမိ၏ အသားအရေနှင့် လိုက်ဖက်သည့် ထုတ်ကုန်ပစ္စည်းများကို သေချာစွာ လေ့လာပြီးမှ ရွေးချယ်ဝယ်ယူ အသုံးပြုသင့်ပါသည်။

 

၂။ အရေပြားမှ ဆဲလ်သေများကို ဖယ်ရှားပေးပါ (သို့မဟုတ်) Exfoliate လုပ်ပါ

အရေပြားမှ ဆဲလ်သေများကို ဖယ်ရှားခြင်းကို နေ့ဘက်တွင်ပြုလုပ်ခြင်းထက် ညဘက်တွင် ပိုမို ပြုလုပ်သင့်ပါသည်။ ညဘက်တွင် အရေပြားသည် ဆဲလ်အသစ်ပြုလုပ်ခြင်း လုပ်ငန်းဆောင်တာများကို ပြုလုပ်ခြင်းကြောင့် ညအိပ်ယာမဝင်ခင် ဆဲလ်သေများကို ဖယ်ရှားပေးခြင်းသည် အရေပြား၏ လုပ်ငန်းဆောင်တာများကို ပိုမိုတိုးတက်လာစေပါသည်။ ထိုသို့ အရေပြားမှ ဆဲလ်သေများကို ဖယ်ရှားသောအခါ ညင်သာစွာပြုလုပ်ရန်လိုအပ်ပါသည်။ တစ်ပတ်လျှင် ၂ ကြိမ်မှ ၃ ကြိမ်အထိ ပြုလုပ်နိုင်ပါသည်။

 

၃။ နေရောင်ခြည်မှ ကာကွယ်ပါ

နေရောင်ခြည်အောက်သို့ ထွက်ခွာတော့မည်ဆိုလျှင် မိမိ၏ အရေပြားကို ထီး၊ ဦးထုပ် စသည် အဆောင်းအကာများဖြင့် ကောင်းစွာ ကာကွယ်ရန် လိုအပ်ပါသည်။ ထို့ပြင် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်၊ ထမီ၊ ပုဆိုးစသည်ဖြင့် နေရောင်ခြည်ကို လုံခြုံအောင် ကာကွယ်ပေးနိုင်သော အဝတ်အထည်များကို ဝတ်ဆင်သင့်ပါသည်။ အကာအကွယ်မပါဘဲ နေရောင်အောက်တွင် သွားလာခြင်းသည် အရေပြားပျက်စီးခြင်းနှင့် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းတို့ကို အားပေးပါသည်။

၄။ နေရောင်ကာလိမ်းဆေး ခရင်များကို အသုံးပြုပါ

အသားအရေကို နေရောင်ခြည်ဒဏ်မှ ကာကွယ်ရန် နေရောင်ကာ လိမ်းဆေးခရင်များကိုလည်း အသုံးပြုပေးရပါမည်။ ထိုသို့ အသုံးပြုရာတွင် ခရမ်းလွန်ရောင် အမျိုးအစား A သာမက B ကိုပါ ကာကွယ်ပေးနိုင်သော UVA/UVB နေရောင်ကာ လိမ်းဆေးခရင်များကို ရွေးချယ်သင့်ပါသည်။ မိုးရွာသောနေ့များ၊ မိုးအုံ့သောနေ့များတွင်ပါ နေရောင်ကာ လိမ်းဆေးခရင်များကို လိမ်းရန်လိုအပ်ပါသည်။

ထိုသို့ လိမ်းရာတွင် နေရောင်ကာလိမ်းဆေး ခရင်များနှင့်အတူ Antioxidants serum သို့မဟုတ် Vitamin C serum များကိုပါ တွဲဖက် အသုံးပြုသင့်ပြီး နေရောင်ကာလိမ်းဆေး ခရင်ကို ရှေးဦးစွာ လိမ်းရန်လိုအပ်ပါသည်။

 

၅။ အသားအရေကို ရေဓာတ်ဖြည့်တင်းပါ

မိမိ အသားအရေကို ရေဓာတ်မခမ်းခြောက်စေရန် ထိန်းသိမ်းခြင်းသည်လည်း အရေပြားနှင့် အသားအရည် နုပျိုစေသော နည်းလမ်းတစ်ခုဖြစ်ပါသည်။ ထိုသို့ ရေဓါတ်ဖြည့်တင်းရန်အတွက် ရေဓာတ်ဖြည့်တင်းပေးသည့် Moisturizer များကို  ရေချိုးပြီးတိုင်း အသုံးပြု လိမ်းကျံသင့်ပါသည်။

 

၆။ ခန္ဓာကိုယ်ကို ရေဓါတ်ဖြည့်တင်းရန် ရေများများသောက်ပါ

ရေများစွာသောက်ခြင်းသည် ခန္ဓာကိုယ်တွင် ရေဓာတ်ဖြည့်တင်းရန် မဖြစ်မနေလိုအပ်သော အရာတစ်ခုဖြစ်ပါသည်။ ရေအပြင် သံပုရာရည်ကိုလည်း သောက်သုံးနိုင်ပါသည်။ ထို့အပြင် ကျန်းမာရေးနှင့် ညီညွတ်ပြီး အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများကို စားသုံးသင့်ပါသည်။

 

၇။ စိတ်ဖိစီးမှုကင်းရှင်းအောင် ကြိုးစားပါ

စိတ်ဖိစီးမှုကင်းရှင်းအောင်ပြုလုပ်ခြင်းသည် အပြောလွယ်သလောက် အလုပ်ခက်ပါသည်။ သို့သော် စိတ်ဖိစီးမှုကင်းရှင်းအောင် ပြုလုပ်နိုင်ပါက အရွယ်မတိုင်မီ အရေပြား အိုမင်းရင့်ရော်ခြင်းမဖြစ်အောင် တားဆီးရာတွင် များစွာအထောက်အကူပြုပါသည်။ မိမိစိတ်ပါဝင်စားသော၊ ဝါသနာပါသောအလုပ်များကို ပြုလုပ်ခြင်းသည် စိတ်ဖိစီးမှုကင်းရှင်းစေရန် အထောက်အကူပြုပါသည်။ ထို့ပြင် နေ့စဉ် ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများကို ပြုလုပ်ကာ စိတ်ဖိစီးမှုများကို လျော့ချနိုင်ပါသည်။

 

အထက်ပါ နည်းလမ်းများကို လိုက်နာကျင့်ကြံခြင်းအားဖြင့် အသက် ၃၀ ပတ်ချာလည်မှာ ကြုံတွေ့ကြရမယ့် အရေပြားဆိုင်ရာ ပြဿနာများကို အတော်အတန်ပမာဏအထိ လျော့ချပေးနိုင်လိမ့်မည်ဖြစ်ကြောင်း သတင်းကောင်းပေးလိုက်ပါတယ်။

 

Author : Dr. CK

Previous Post

ပန်းသီးရှာလကာ

Next Post

အဆီကျစေတဲ့ မက်မန်းသီး

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.6k
About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.3k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
966
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
871
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
132
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အဆီကျစေတဲ့ မက်မန်းသီး

Stay at home ကာလမှာ သားသားမီးမီးတို့အတွက် အာဟာရပြည့်ဝတဲ့ ထမင်းတစ်နပ်ဖန်တီးဖို့ဆိုလျှင်

ထိခိုက်ရှနာ ဒဏ်ရာကို ဘယ်လို သန့်စင်မလဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.