fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

အစာအိမ်နှင့်အူလမ်းကြောင်းအနာ သိကောင်းစရာများ

217
VIEWS
Share on FacebookShare on TwitterShare on Linkedin
19/10/2020
in ကျန်းမာစေသော အစားအစာ, ကျန်းမာသော နေထိုင်မှုပုံစံ, ရောဂါကြီးများ, အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
1 min read
A A

အစာအိမ်နှင့်အူသိမ်ဦးပိုင်း အနာဖြစ်ရခြင်း အဓိကအကြောင်းရင်းမှာ အစာလမ်းကြောင်း တစ်လျှောက်ရှိ နံရံများကို ကာကွယ်ပေးထားသော အကျိအချွဲများ ပါးလွှာလာသောကြောင့် ဖြစ်ပါသည်။ ပုံမှန်အားဖြင့် အစာချေသည့် အရည်များတွင် ပါဝင်သော အက်ဆစ်များ၏ အန္တရာယ်မှကာကွယ်ရန် အစာအိမ်နှင့်အူလမ်းကြောင်း၏ နံရံကို ထူထဲသောအကျိအချွဲအလွှာဖြင့် ကာကွယ်ထားလေ့ရှိပါသည်။ သို့သော် အကြောင်းကြောင်း ကြောင့် ထိုကာကွယ်ထားသည့် အလွှာ လျော့နည်းပါးလွှာ လာသောအခါ အက်ဆစ်များနှင့် အစာလမ်းကြောင်း၏နံရံများ ထိတွေ့မှုများလာသောကြောင့် ဒဏ်ရာအနာများကိုဖြစ်ပေါ်လာပါတော့သည်။

အစာအိမ်နှင့်အူလမ်းကြောင်းအနာ ဘယ်သူတွေမှာပိုဖြစ်နိုင်သလဲ

အစာအိမ်နှင့် အူလမ်းကြောင်းအနာသည် နံရံများကို အကာအကွယ်ပေးသော အကျိအချွဲများ ပါးလွှာသည့် အခြေအနေတွင် ဖြစ်ပေါ်တတ်ပါသည်။ အောက်ပါအခြေအနေများတွင် အစာအိမ်နှင့်အူလမ်းကြောင်းရှိ အကျိအချွဲများ ပါးလွှာနည်းပါး လာတတ်ပါသည်။

  • pylori ဘက်တီးရီးယားကူးစက်ခံရသူများ၊
  • အကိုက်အခဲပျောက်ဆေးများကို မကြာခဏသောက်သုံးသောသူများ၊
  • မိသားစုတွင် အစာအိမ် နှင့်အူလမ်းကြောင်းအနာ ဖြစ်ဖူးသော ရာဇဝင်ရှိသောသူများ၊
  • အသည်း၊ ကျောက်ကပ်နှင့် အဆုတ်ရောဂါ ရှိသောသူများ၊
  • အရက်အလွန်အကျွံ သောက်သုံးသောသူများ၊
  • ဆေးလိပ်သောက်သောသူများ

 

ဘာကြာင့်အစာအိမ်နှင့် အူသိမ်ဦးပိုင်း အနာဖြစ်ရသလဲ

စိတ်ဖိစီးမှုနှင့် အချို့သောအစားအစာများသည် အစာအိမ်နှင့်အူသိမ်ဦးပိုင်းအနာများကို ဖြစ်စေနိုင်သည်ဟု လူအများစုက ယူဆကြပါသည်။ သို့သော် သုတေသနလေ့လာချက်များအရ အစာအိမ်နှင့်အူသိမ်ဦးပိုင်းအနာကို ဖြစ်စေသောအဓိကအကြောင်းအချက် ၂ ခု ကို တွေ့ရှိရပါသည်။

  • pylori ဘက်တီးရီးယား

H.pylori ဘက်တီးရီးယားသည် အစာအိမ်နှင့်အူသိမ်ဦးပိုင်းအနာကို ဖြစ်စေသော အဓိက အကြောင်းရင်းဖြစ်ပါသည်။ ကမ္ဘာ့လူဦးရေ၏ တစ်ဝက်လောက်သည် ရောဂါလက္ခဏာမပြသသော်လည်း H.pylori ရောဂါကို ကူးစက်ခံနေရပါသည်။ ၎င်းဘက်တီးရီးယားများသည် အစာလမ်းကြောင်းတစ်လျှောက်ရှိ အကျိအချွဲအလွှာများတွင် တွယ်ကပ်ခြင်းဖြင့် ထိုအလွှာများကို ရောင်ရမ်းခြင်းဖြစ်စေကာ ပါးလွှာနည်းပါးလာစေပါသည်။ ထိုအခါ အစာအိမ် မှ အစာချေရန်အတွက် ထုတ်လုပ်လိုက်သော ပြင်းအားများသည့် အက်ဆစ်များနှင့် အစာအိမ်နံရံတို့ထိ တွေ့ကာ အစာအိမ်နံရံကို ဒဏ်ရာအနာတရ ဖြစ်လာစေပါသည်။

အကိုက်အခဲပျောက်ဆေးဝါးများ

အကိုက်အခဲပျောက်ဆေးများကိုရေရှည်သုံးစွဲခြင်းသည်လည်း အစာအိမ်နှင့်အူသိမ်ဦးပိုင်းအနာကို ဖြစ်စေနိုင်ပါသည်။ H.pylori ရောဂါပိုးကူးစက်ခံရသည့်အချိန်တွင် အကိုက်အခဲပျောက်ဆေးများကို သောက်သုံးမိပါက ပိုမိုဆိုးရွားသောအန္တရာယ်ရှိနိုင်ပါသည်။ ထို့အပြင် အကိုက်အခဲပျောက်ဆေးများကို

  • ပမာဏများစွာ သောက်သုံးခြင်း
  • အချိန်ကာလရှည်ကြာစွာ သောက်သုံးခြင်း
  • သောက်သုံးသောသူ၏ အသက်အရွယ်သည် ၇၀ ကျော်နေခြင်း
  • ကော်တီကိုစတီးရိုက်ပါသော ဆေးဝါးများနှင့် တွဲဖက်သောက်သုံးခြင်း စသည်တို့သည် အစာအိမ်နှင့် အူသိမ်ဦးပိုင်းအနာများကို ဖြစ်စေရန် ပိုမိုတွန်းအားပေးပါသည်။

ရောဂါလက္ခဏာများ

အချို့လူများတွင် အစာအိမ်နှင့်အူလမ်းကြောင်းအနာရှိသော်လည်း မည်သည့်လက္ခဏာမှ ပြသခြင်း မရှိပါ။ အချို့လူများတွင်မူ အောက်ပါလက္ခဏာများပြသနိုင်ပါသည်။

  • ဗိုက်ထဲမှာ အစာမရှိသည့်အချိန်နှင့် ညဘက်အချိန်များတွင် ဝမ်းဗိုက်၏အလယ် သို့မဟုတ် ဝမ်းဗိုက်၏အပေါ်ခြမ်းတွင် မီးစနှင့်ထိုးသကဲ့သို့ ပူလောင်သည့်နာကျင်မှုခံစားရခြင်း
  • ထိုနာကျင်မှုဝေဒနာသည် တစ်စုံတစ်ခုစားလိုက်လျှင်သော်လည်းကောင်း၊အက်ဆစ်ထွက်ခြင်း ကိုတားဆီးပေးသည့် ဆေးဝါးများကိုသောက်သုံးလိုက်လျှင်သော်လည်းကောင်း ယာယီခဏတာ သက်သာ ပျောက်ကင်းသွားခြင်း
  • လေပွခြင်း
  • ရင်ပူခြင်း၊
  • ပျို့ခြင်း၊ အန်ခြင်း တို့ကို ခံစားရခြင်း စသော ရောဂါလက္ခဏာများကို ခံစားရနိုင်ပါသည်။

 

အကယ်၍ အနာသည် ပိုမိုပြင်းထန်ခဲ့ပါက

  • ဝမ်းအမည်းရောင်သွားခြင်း (အစာအိမ်သွေးယို စိမ့်ခြင်းကြောင့်)
  • ကော်ဖီရောင်အန်ခြင်း
  • ကိုယ်အလေးချိန်ကျဆင်းလာခြင်း
  • ဝမ်းဗိုက်၏အလယ်ပိုင်းနှင့် အပေါ်ပိုင်းတွင် ပြင်းထန်စွာအောင့်ခြင်း စသည့် ဝေဒနာများကို ခံစားရနိုင်ပါသည်။

အစာအိမ်နှင့် အူသိမ်ဦးပိုင်းအနာသည် မကုသဘဲ၊ ဂရုမစိုက်ဘဲ ထားခဲ့ပါက အစာအိမ်သွေးကြော ပေါက်ခြင်းများအပါအဝင် အခြားမလိုလားအပ်သော နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်သည့် အတွက်ကြောင့် ဂရုတစိုက်ကုသသင့်ပါကြောင်း အကြံပြုလိုက်ရပါသည်။

Aurthor: ‌ဒေါက်တာမိုး (‌ဆေး ၁)

Previous Post

ထိခိုက်ရှနာ ဒဏ်ရာကို ဘယ်လို သန့်စင်မလဲ

Next Post

အကောင်းမြင်တဲ့အတွေးအခေါ်တွေ တွေးတတ်အောင် လေ့ကျင့်နည်းများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.3k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
132

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.4k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အမျိုးသားတွေပဲ အသည်းခြောက်ရောဂါဖြစ်နိုင်တာလား?

2 years ago
491

ဝမ်းပျော့ဆေးမကြာခဏသောက်ခြင်းရဲ့ ဆိုးကျိုးများ

2 years ago
2.6k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အကောင်းမြင်တဲ့အတွေးအခေါ်တွေ တွေးတတ်အောင် လေ့ကျင့်နည်းများ

စိတ်ဖိစီးမှုကြောင့် ဖြစ်လာတဲ့ စိတ်ကျခြင်း လက္ခဏာရပ်များကို ကြိုတင်သိရှိဖို့ဆိုရင် …

ကလေးငယ်များဖျားနာချိန် ဘယ်လိုဂရုစိုက်ရမလဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.