fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

နွေရာသီမှာ သင့်အသားအရေကို ဘယ်လိုထိန်းသိမ်းမလဲ

301
VIEWS
Share on FacebookShare on TwitterShare on Linkedin
29/03/2022
in ကျန်းမာသော နေထိုင်မှုပုံစံ, အလှအပနှင့်ကျန်းမာရေး
1 min read
A A

ယခုလို ပူပြင်းလွန်းတဲ့နွေရာသီမှာ နေအပူရှိန်ကြောင့် အသားအရေနေလောင်တာ၊ ဝက်ခြံထွက်တာ၊ အဆီပြန်တာ၊ အဖုအပိမ့်တွေထွက်တာ စသဖြင့် အသားအရေနဲ့ပက်သက်ပြီး စိတ်ရှုပ်ထွေးစရာကောင်းလှပါတယ်။ ပူပြင်းတဲ့ရာသီဥတုမှာဆိုရင် အရေပြားပေါ်မှာရှိတဲ့ အဆီဂလင်းတွေဟာ အဆီတွေပိုမိုထုတ်လုပ်ပါတယ်။ ဒီအဆီတွေကြောင့် အသားအရေဟာ ကပ်စေးစေးပြောင်ပြောင်ကြီးဖြစ်နေပြီး ချွေးပေါက်တွေကိုပါ ပိတ်ဆို့သွားစေပါတယ်။ ဒါကြောင့် နွေရာသီမှာဆိုရင် ဝက်ခြံတွေအများကြီးပေါက်လေ့ရှိတာမျိုးကို သတိထားမိကြမှာပါ။

ဒါ့အပြင် ခရမ်းလွန်ရောင်ခြည်တွေနဲ့ တိုက်ရိုက်ထိတွေ့ရတဲ့အခါ အရေပြားမှာ melanin ထုတ်လုပ်မှုများပြားလာပါတယ်။ Melanin ဟာ အရေပြားကို နေလောင်ဒဏ်မှကာကွယ်ပေးနိုင်သလို အသားအရောင်ကိုလည်း ပိုရင့်လာစေပါတယ်။ ဒါကြောင့် နေပူထဲသွားပါများရင် အသားမည်းလာရခြင်းဖြစ်ပါတယ်။ ပူပြင်းတဲ့ နေရောင်ခြည်ကြောင့် ဝက်ခြံထွက်တာ၊ အသားမည်တာတွေအပြင် နေလောင်တာ၊ ယားယံတာ၊ ပူစပ်ပူလောင်ဖြစ်တာ စတာတွေလည်း ခံစားရလေ့ရှိပါတယ်။ ဒါကြောင့် ယခုလိုနွေကာလမှာ မိမိအသားအရေကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာကို ဆက်လက်ဖော်ပြသွားပါမယ်။

(၁) Sunscreen လိမ်းပါ။
Sunscreenဟာ တစ်နှစ်ပတ်လုံးလိမ်းဖို့လိုအပ်တာဖြစ်ပေမယ့် ပူပြင်းလွန်းတဲ့ နွေရာသီမှာဆိုရင်တော့ မဖြစ်မနေဂရုတစိုက်လိမ်းပေးဖို့ လိုအပ်တဲ့အရာဘဲဖြစ်ပါတယ်။ UV-A နဲ့ UV-B ရောင်ခြည်တွေဟာ အသားအရေကို နေလောင်ဒဏ်ဖြစ်စေသလို အရွယ်မတိုင်ခင်အိုမင်းရင့်ရော်တာ၊ အရေးအကြောင်း၊ တင်းတိတ်တွေပေါ်လာတာ စသဖြင့် အသားအရေကို ပျက်စီးစေပါတယ်။ UV-A ရော UV-B ရော ကာကွယ်နိုင်ဖို့ဆိုရင် sunscreen မှာ SPF ရော PAရော ပါဖို့ လိုအပ်ပါတယ်။ နေလောင်ဒဏ်ကာကွယ်ဖို့အတွက် SPF 30 နဲ့ အထက် ပါရှိရမှာဖြစ်ပါတယ်။ Sunscreen ကို အပြင်မထွက်ခင်အနည်းဆုံး ၁၅မိနစ်ကြိုပြီး လိမ်းပေးရမှာဖြစ်ပါတယ်။

(၂) မျက်နှာသေချာသစ်ပေးပါ။ ရေသေချာချိုးပါ။
အဆီပြန်တတ်တဲ့အသားအရေရှိသူတွေဟာ နွေရာသီမှာ အဆီပိုပြန်နေတတ်ပါတယ်။ ဒီလို အဆီနဲ့အညစ်အကြေးတွေကို ဖယ်ရှားပစ်နိုင်ဖို့ အရေပြားအတွင်းပိုင်းထိသန့်စင်ပေးနိုင်မယ့် ဆပ်ပြာမျိုးကို ရွေးချယ်အသုံးပြုပေးရမှာဖြစ်ပါတယ်။ အပြင်ကပြန်လာတဲ့အခါ ပင်ပန်းတယ်ဆိုပြီး တန်းအိပ်တာမျိုးမလုပ်ဘဲ မျက်နှာသစ်၊ ရေချိုးပြီးမှ အိပ်ရာဝင်ရမှာဖြစ်ပါတယ်။

(၃) ရေဓါတ်ပြည့်ဝနေပါစေ။
ပူပြင်းတဲ့နွေကာလမှာ ချွေးထွက်များတာကြောင့် ရေဓါတ်ဆုံးရှုံးမှုများပြားပါတယ်။ ဒါကြောက့် ခန္ဓါကိုယ်အတွက် ရေဓါတ်ပြန်လည်ဖြည့်တင်းဖို့ ရေများများသောက်ရန်လိုအပ်သလို အသားအရေကိုလည်း ရေဓါတ်ပြည့်စေဖို့ moisturizer လိမ်းပေးရန်လိုအပ်ပါတယ်။ မိမိလိမ်းတဲ့ moisturizer မှာ ဗီတာမင် A, C နဲ့ antioxidants တွေ ပါဝင်နေရင်တော့ အကောင်းဆုံးဖြစ်ပါတယ်။

(၄) မိတ်ကပ်အထူကြီးလိမ်းခြင်းမျိုးကိုရှောင်ပါ။
မိတ်ကပ်အထူကြီးလိမ်းခြင်းဟာ မျက်နှာပေါ်က ချွေးပေါက်တွေကို ပိတ်ဆို့စေပါတယ်။ နွေရာသီမှာဆိုရင် Sunscreen, moisturizer နဲ့ lip balm လေးတွေနဲ့ မိတ်ကပ်ပါးပါးကြည်ကြည်လေးလိမ်းပေးခြင်းက အကောင်းဆုံးဖြစ်ပါတယ်။

(၅) Toner ကောင်းကောင်းသုံးပါ။
Toner ဟာ မျက်နှာပေါ်က အညစ်အကြေးတွေ ဖယ်ရှားပေးနိုင်တဲ့အပြင် ချွေးပေါက်တွေပွင့်စေနိုင်တဲ့ skin care ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ရှားစောင်းလက်ပပ် သို့မဟုတ် သခွားသီးကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ toner မျိုးက နွေရာသီနဲ့အသင့်တော်ဆုံးဖြစ်ပါတယ်။

(၆) မျက်နှာ ဂျေးချွတ်ပါ။ Scrub လုပ်ပါ။
မျက်နှာပေါ်က ပိုလျှံနေတဲ့ အဆီနဲ့အညစ်အကြေးတွေကို ဖယ်ရှားပစ်နိုင်ဖို့ အနည်းဆုံး တစ်ပတ်ကို တစ်ကြိမ်ခန့် scrub ပြုလုပ်ပေးသင့်ပါတယ်။ အသုံးပြုမယ့် scrub ရွေးချယ်တဲ့အခါ မိမိအသားအရေနဲ့ကိုက်ညီမယ့် scrub မျိုးဖြစ်ဖို့က အရေးကြီးပါတယ်။

(၇) မျက်လုံး၊ နှုတ်ခမ်း၊ လည်ပင်းနဲ့ ခြေ၊ လက်တွေကိုပါ ဂရုစိုက်ပေးပါ။
အန္တရာယ်ရှိတဲ့ ခရမ်းလွန်ရောင်ခြည်တွေနဲ့ တိုက်ရိုက်မထိတွေ့နိုင်ဖို့ နေကာမျက်မှန်တပ်တာ၊ SPF ပါဝင်တဲ့ lip balm ဆိုးတာမျိုးတွေ ပြုလုပ်ပေးလို့ရပါတယ်။ လည်ပင်းနဲ့ ခြေလက်တွေဟာလည်း နေရောင်နဲ့တိုက်ရိုက်ထိတွေ့နေရတာမို့ sunscreen, moisturizer တွေလိမ်းပေးဖို့လိုအပ်ပါတယ်။

(၈) ရာသီပေါ်သီးနှံတွေစားပေးပါ။
ရာသီပေါ်သီးနှံတွေဖြစ်တဲ့ ဖရဲသီး၊ လိမ္မော်သီး၊ ဘယ်ရီသီးစတာတွေဟာ အသားအရေကို ရေဓါတ်ဖြည့်တင်းပေးနိုင်တဲ့အတွက် အသားအရေကိုကြည်လင်စိုပြေလာစေပါတယ်။

(၉) အချိုများလွန်းတဲ့အအေးတွေကိုရှောင်ပါ။
အချိုအလွန်အကျွံစားခြင်းဟာ ခန္ဓါကိုယ်ကို နှေးကွေးလေးလံစေနိုင်ပါတယ်။ အချိုများလွန်းတဲ့အအေး carbonated drinks တွေဟာ ကျန်းမာရေးနဲ့မညီညွတ်တဲ့အပြင် ကိုယ်အလေးချိန်ကိုပါ တက်လာစေနိုင်ပါတယ်။ ဒါကြောင့် နွေရာသီမှာ ရေဓါတ်ရရှိဖို့ဆိုရင် carbonated drinks တွေအစား လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်တွေကို သောက်ပေးခြင်းက ပိုမိုသင့်လျှော်ပါတယ်။

(၁၀) အဝတ်အစားပွပွချောင်ချောင်ဝတ်ပါ။
ပူပြင်းတဲ့နွေရာသီမှာ ချည်သားအေးအေးလေးတွေ ဝတ်ခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ အဝတ်အစားကျပ်ကျပ်တွေဝတ်ခြင်းက ခန္ဓါကိုယ်ကို သက်တောင့်သက်သာမဖြစ်စေသလို ချွေးထွက်များစေပြီး အရေပြားယားယံတာ၊ ပိုးဝင်တာတွေလည်းဖြစ်လာစေနိုင်ပါတယ်။
(၁၁) တစ်နေ့ကို ရေ၂ခါချိုးပါ။
နွေကာလမှာဆိုရင် တစ်ကိုယ်ရည်သန့်ရှင်းမှုကလည်း အလွန်အရေးကြီးပါတယ်။ မနက်ပိုင်းအလုပ်မသွားခင် ရေချိုးခြင်းဟာ စိတ်ကိုကြည်လင်လန်းဆန်းစေသလို ညအိပ်ရာမဝင်မီရေချိုးခြင်းက တစ်နေ့ကုန်ခန္ဓါကိုယ်မှာ ကပ်ငြိလာခဲ့တဲ့ အညစ်အကြေးနဲ့ ပိုးမွှားတွေကို ဖယ်ရှားသန့်စင်ပေးနိုင်မှာဖြစ်ပါတယ်။

ဘယ်လောက်ဘဲပူပြင်းတဲ့ရာသီဥတုဘဲဖြစ်ဖြစ် မိမိအသားအရေကို မှန်ကန်တဲ့နည်းစနစ်တွေနဲ့ ထိန်းသိမ်းမယ်၊ ကျန်းမာရေးနဲ့ညီညွတ်စေတဲ့အစားအစာတွေ စားသုံးပေးမယ်ဆိုရင် ကြည်လင်ပြီးစိုပြေလှပတဲ့အသားအရေကို ပိုင်ဆိုင်နေမှာဘဲဖြစ်ပါတယ်။
နေလောင်ဒဏ်ကြောင့် အသားအရောင်မညီညာတာ၊ အရေးအကြောင်းပေါ်လာတာ စတာတွေဖြစ်လာရင် Bio-oil ကို တစ်နေ့၂ကြိမ်လိမ်းပေးနိုင်ပါတယ်။ Bio-oilမှာဆိုရင် သဘာဝအသီးအရွက်အဆီများ၊ အပင်များမှရရှိသော အဆီအနှစ်များနဲ့ရနံ့အဆီများ၊ ဗီတာမင်များနဲ့သဘာဝဓါတ်တိုးဆန့်ကျင်ပစ္စည်းများ စသဖြင့် ၁၀၀ရာခိုင်နှုန်း သဘာဝပစ္စည်းများသာပါဝင်လို့ အန္တရာယ်ကင်းပြီး အသုံးပြုရလည်းလွယ်ကူအဆင်ပြေစေပါတယ်။

Bio-oil ဟာဆိုရင် နေလောင်ဒဏ်၊ အမာရွတ်များ၊ အရေပြားအကြောပြတ်ရာများ၊ အရေပြားအရောင်မညီညာမှု၊ အသားအရေအိုမင်းရင့်ရော်မှု၊ အသားအရေခြောက်သွေ့မှု စတာတွေကို သက်သာစေနိုင်ဖို့ ရည်ရွယ်ထုတ်လုပ်ထားတဲ့ အသားအရေထိန်းသိမ်းမှုအဆီဘဲဖြစ်ပါတယ်။ အသားအရေကိုရေဓါတ်ဖြည့်တင်းပေးနိုင်ပြီး ဓါတ်မတည့်မှုဖြစ်စေတဲ့ပစ္စည်းတွေမပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေပါမကျန် စိတ်ချလက်ချအသုံးပြုနိုင်ပါတယ်။ အရေပြားဓာတ်မတည့်မှုဖြစ်တတ်သူများနဲ့ ထိခိုက်လွယ်သောအသားအရေပိုင်ရှင်များအတွက် အထူးသင့်လျော်ပါတယ်။ အရေပြားအတွင်းပိုင်းသို့ အလွယ်တကူစိမ့်ဝင်နိုင်ပြီး စေးကပ်မှုလည်းမရှိတာကြောင့် လိမ်းရလွယ်ကူစေပါတယ်။ နေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့သော နေရာတွင်သာ သိမ်းဆည်းထားသင့်ပါတယ်။

Author: Dr. Aye Myat Mon

Previous Post

အပူဒဏ်ကို ဘယ်လိုရင်ဆိုင်မလဲ

Next Post

အရေပြားကျန်းမာရေးအတွက် ပျားရည်ရဲ့ကောင်းကျိုးတွေ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

12 months ago
533
About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.1k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
124
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

1 year ago
790

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အရေပြားကျန်းမာရေးအတွက် ပျားရည်ရဲ့ကောင်းကျိုးတွေ

နွေရာသီနှင့် ရေကျောက်ရောဂါ

မှည့်လွန်တဲ့ အသီးအနှံတွေစားရင် ဘာတွေဖြစ်နိုင်လဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.