fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

မှည့်လွန်တဲ့ အသီးအနှံတွေစားရင် ဘာတွေဖြစ်နိုင်လဲ

357
VIEWS
Share on FacebookShare on TwitterShare on Linkedin
30/03/2022
in ကျန်းမာစေသော အစားအစာ
1 min read
A A

အသီးအနှံတွေဟာ အဓိကအစာအာဟာရအုပ်စုမှာ ပါဝင်ပြီး အမျှင်ဓါတ်၊ဗီတာမင်သတ္တုဓါတ်တွေ ကြွယ်ဝတဲ့လို့ ဗီတာမင်ချို့တဲ့ရောဂါတွေကနေ ကာကွယ်ပေးတဲ့အစားအစာဖြစ်ပါတယ်။ အသီးအနှံများ ပုံမှန်စားခြင်းဖြင့် နာတာရှည်ရောဂါများဖြစ်ပွါးမှုကို လျော့နည်းစေပါသည်။ ဒါပေမယ့် အသီးအနှံတွေဟာ လတ်ဆတ်ပြီးမှည့်တဲ့အချိန်မှာ စားသုံးမှ အရသာရောကျန်းမာရေးအကျိုးကျေးဇူးပါ ရရှိနိုင်မှာဖြစ်ပါတယ်။မှည့်လွန်တဲ့ အသီးအနှံတွေစားရင် ဘာတွေဖြစ်နိုင်လဲ ဆိုတာကို ဒီဆောင်းပါးလေးမှာဆက်လက်ဖော်ပြပေးပါမယ်။

သဘာဝနည်းအရဖြစ်စေ ဓါတုဆေးများသုံး၍ဖြစ်စေ အသီးအနှံများမှည့်အောင် ပြုလုပ်ခြင်းကြောင့် အသီးအနှံများ၏ သကြားဓါတ်ပါဝင်မှု ပို၍မြင့်တက်လာပါတယ်။ အမှည့်လွန်နေတဲ့ အသီးအနှံတွေမှာ သကြားဓါတ်ပါဝင်မှုလွန်ကဲနေပြီး အင်ဇိုင်းများ၏ဓါတ်ပြုမှုကြောင့် အကျိုးရှိတဲ့ ဗီတာမင်သက်စောင့်ဓါတ်တွေဟာ ပျက်စီးသွားလေ့ရှိပါတယ်။ထို့ကြောင့် မှည့်လွန်တဲ့ အသီးအနှံတွေစားရင် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရမရရှိပဲ အကျိုးမရှိတဲ့ အချိုဓါတ်တွေသာ ရတတ်ပါတယ်။

အမှည့်လွန်အသီးအနှံတွေမှာ အချိုဓါတ်မြင့်တက်မှုကြောင့် သာမာန်လူများတွင် ခန္ဓာကိုယ်ရှိ သကြားဓါတ်ထိန်းဟော်မုန်း အင်ဆူလင်ကို ထွက်စေပြီး ဇီဝကမ္မဖြစ်စဉ်များကို လျင်မြန်စေသောကြောင့် အချိန်တိုအတွင်း ဆာလောင်မှု ခံစားရတတ်သည်။ ဆီးချိုသမားများတွင် အင်ဆူလင်ဟော်မုန်း လုံလောက်စွာမထုတ်နိုင်မှုကြောင့် အမှည့်လွန်အသီးအနှံများ အလွန်အကျွံစားခြင်းက သကြားဓါတ်ကိုမြင့်တက်စေနိုင်ပါတယ်။

အသီးအနှံတွေမှာ သဘာဝသကြားဓါတ် သုံးမျိုးပါဝင်ပါသည်( sucrose,glucose,fructose)။ ပါဝင်မှုအများဆုံးမှာ fructose သကြားဓါတ်ဖြစ်ပြီး အစာအိမ်အူလမ်းကြောင်း ပြဿနာများကို ဖြစ်စေသောဓါတ်လည်းဖြစ်သည်။ မှည့်လွန်တဲ့အသီးအနှံတွေမှာ Fructose သကြားဓါတ်ပါဝင်မှုမြင့်ပြီး fructose ၏ ဝမ်းနှုတ်ဆေးကဲ့သို့ဆောင်ရွက်မှုကြောင့် ဝမ်းလျောခြင်း ခံစားရတတ်သည်။ အစာအိမ်အူလမ်းကြောင်းမှာ စုပ်ယူမှုအားနည်းသော ပြဿနာရှိသူများတွင် အသီးအနှံအမှည့်လွန် စားခြင်းမှရသော fructose ကိုမစုပ်ယူနိုင်ပဲ ဝမ်းလျောဝမ်းပျက်ခြင်း ခံစားရနိုင်ပါတယ်။

အမေရိကန် အစာအိမ်အူလမ်းကြောင်း အဖွဲ့အစည်း၏ ဖော်ပြချက်အရ Fructose intolerance သကြားဓါတ် စုပ်ယူချေဖျက်နိုင်စွမ်းမရှိသော ရောဂါရှိသူများတွင် မှည့်လွန်အသီးအနှံများကြောင့် အစာမကြေ၊ လေပွခြင်း၊ ဗိုက်နာခြင်း၊ ရင်ပူခြင်း၊ ဝမ်းလျှောဝမ်းပျက်ခြင်းတို့ကို စားပြီးနှစ်နာရီခန့်အကြာမှစ ခံစားရနိုင်ပါသည်။ ချေဖျက်နိုင်ခြင်းမရှိသည့် fructose သကြားဓါတ်များသည် အူနံရံတလျှောက်ဆင်းလာပြီး အူလမ်းကြောင်းရှိ ဘက်တီးရီးယားများနှင့် ဓါတ်ပြုမှုဖြစ်ပြီး အထက်ပါလက္ခဏာများကို ဖြစ်ပေါ်စေပါတယ်။

နာတာရှည် အူလမ်းကြောင်း လှုပ်ရှားမှုမမှန်သည့်ရောဂါ Irritable bowel syndrome ရှိသူများအနေနှင့် မှည့်လွန်နေတဲ့ အသီးအနှံတွေမှာပါတဲ့ fructose သကြားဓါတ်ကြောင့် ဝမ်းသွားခြင်း ပိုဖြစ်နိုင်ပါတယ်။ အမှည့်လွန်အသီးများစားခြင်းကြောင့် အူလမ်းကြောင်းရှိ ဘက်တီးရီးယားများနှင့် ထိတွေ့ဓါတ်ပြုကာ လေများထုတ်လွှတ်ပြီး လေပွခြင်း လေလည်ခြင်းကြောင့် မအီမသာ ခံစားရနိုင်ပါသည်။ ငှက်ပျောသီးကဲ့သို့ အသီးများသည် အမှည့်လွန်သော်လည်း သကြားဓါတ်မြင့်တက်မှု သိပ်မများပဲ ပို၍အစာချေဖျက်လွယ်ကူစေနိုင်ပြီး လေပွခြင်းကို လျော့စေပါသည်။

မှည့်လွန်အသီးအနှံအချို့သည် ခန္ဓာကိုယ်အတွက် ဆိုးကျိုးမပေးပဲ antioxidants ဓါတ်တိုးဆန်ကျင်ဓါတ် ပိုကြွယ်ဝပါသည်။ သို့သော် အချို့အသီးအနှံများသည် အမှည့်လွန်လာသည်နှင့်အမျှ fructose သကြားဓါတ်မြင့်တက်ခြင်းနှင့် အစာအိမ်အူလမ်းကြောင်း အထိအခိုက်မခံဖြစ်တတ်သူများအတွက် ပြဿနာဖြစ်စေနိုင်၍ သတိပြုရှောင်ကျဉ်သင့်ပါတယ်။

Author: Dr. Yee Mon

Previous Post

နွေရာသီနှင့် ရေကျောက်ရောဂါ

Next Post

Skin Care သုံးမယ်ဆို ဒါတွေသိပြီးပြီလား

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

လူကြီးတွေကိုယ်ခံအားကောင်းစေမယ့် အာဟာရဓာတ်များ

3 years ago
515
HMB and prevention of muscle loss

HMB နှင့် ကြွက်သား ဆုံးရှုံးမှုကို ကာကွယ်ခြင်း

3 years ago
225
What vitamins do you need for muscle health?

ကြွက်သားကျန်းမာရေးအတွက် ဘာ vitamins တွေ လိုအပ်လဲ

3 years ago
411
Sugar and cancer

သကြားနှင့် ကင်ဆာ

3 years ago
429
The importance of protein to strengthen the body's muscles

ခန္ဓာကိုယ်ကြွက်သားတွေသန်မာဖို့ ပရိုတင်းရဲ့အရေးပါပုံ

4 years ago
495
I want to eat and not lose my beauty

စားချင်တာစားပြီး အလှမပျက်စေဖို့

4 years ago
352

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

Skin Care သုံးမယ်ဆို ဒါတွေသိပြီးပြီလား

ငါးကြီးဆီက ကျန်းမာရေးအတွက် ဘာတွေကောင်းလဲ

ဘာကြောင့် ကြွက်တက်တာလဲ ?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.