(Zawgyi)
ေဆးခန္းလာျပသည့္ လူေတြထဲမွာ ႂကြက္တက္လို႔ဆိုၿပီး လာျပတဲ့ လူအေရအတြက္ဟာလည္း ဒုနဲ႔ ေဒးပါပဲ ။
ႂကြက္တက္တယ္ ဆိုတာ ဘာပါလဲ ။
လူ႔ကိုယ္ေပၚ ႂကြက္ႀကီးတက္လာျခင္း မဟုတ္ပါ ။ေျခသလုံးမွာ အဖုလုံးႀကီးတစ္ခု ခုံးႂကြတက္လာျခင္းကို ေခၚတာပါ ။တစ္ခါတစ္ရံ နာက်င္တတ္ပါေသးတယ္ ။ဒါေပမယ့္ ခဏမွ်သာ ၾကာတာပါ ။
ဘယ္သူေတြ ၊ဘယ္လိုအခ်ိန္ေတြ ျဖစ္တတ္လဲ ။
ႂကြက္တက္ျခင္းမွာ ႂကြက္သားမ်ားကို တရားလြန္ခိုင္းမိျခင္း ၊အပူဒဏ္ေၾကာင့္ ကိုယ္ခႏၶာမွ ဓာတ္ဆားနဲ႔ သတၱဳဓာတ္မ်ား ေခြၽးနဲ႔ အတူဆုံးရႈံးျခင္းတို႔ေၾကာင့္ ျဖစ္တတ္ပါတယ္ ။
-ပူလြန္းတဲ့အခ်ိန္
-ကိုယ္လက္လႈပ္ရွားမႈမ်ားတဲ့သူေတြ
-အိပ္ရာထစ
-ထိုင္ေနခ်ိန္
-ေခြေခါက္အိပ္ေနခ်ိန္
ေတြမွာျဖစ္တတ္ပါတယ္ ။
မိမိဘာသာ ဘာလုပ္ထားႏိုင္လဲ ။
-ကိုယ္လက္လႈပ္ရွားလုပ္ေနခိုက္ ႂကြက္တက္က လုပ္လက္စကို ခ်က္ခ်င္းရပ္ပါ ။
ေျခေထာက္ကို ဆန႔္တန္းပါ ။
နာေနတဲ့ေနရာကို ၊ႂကြက္တက္တဲ့ေနရာကို ညင္သာစြာ ဖိႏွိပ္ပါ ။
ေျခခ်င္းဝတ္ကို အေပၚဘက္သို႔ေကြးကာ ေျခေခ်ာင္းေလးမ်ားကို ေကာ့ထားပါ ။
-အိပ္ေနခိုက္ ႂကြက္တက္က ထထိုင္ပါ ။
ေျခေထာက္ကို ခါယမ္းပါ ၊ဒါမွမဟုတ္ လမ္းေလွ်ာက္ပါ ။
ေျခခ်င္းဝတ္နဲ႔ ေျခေခ်ာင္းကေလးမ်ားကို အထက္ပါနည္းအတိုင္းလုပ္ပါ ။
-ႂကြက္သားကို ၁၀မိနစ္ခန႔္ ေရခဲကပ္ပါ ။
ဘယ္လို ႀကိဳတင္ ကာကြယ္မလဲ ။
-တစ္ေန႔ ေရကို ဖန္ခြက္နဲ႔ ၈ခြက္ ေသာက္ပါ ။
ေလ့က်င့္ခန္း ၊ကိုယ္လက္လႈပ္ရွားမႈ လုပ္ေနစဥ္အတြင္း မိနစ္ ၂၀ တစ္ခါ ေရဖန္ခြက္ဝက္ခန႔္ ေသာက္ပါ ။
-ေလ့က်င့္ခန္း မလုပ္မီ အေၾကာအရင္ ေလ်ာ့ပါ ။
-အရမ္းျပင္းထန္စြာ ႂကြက္သားကို အလုပ္မပိေစပါနဲ႔ ။
-ေလ့က်င့္ခန္း လုပ္ၿပီးပါကလည္း အရည္မ်ားမ်ားေသာက္ပါ ။
-ေခြၽးထြက္မ်ားက ဓာတ္ဆားရည္ေသာက္ပါ ။
-ပိုတက္စီယမ္ ဓာတ္ႂကြယ္ဝေသာ ေထာပတ္သီး ၊ငွက္ေပ်ာသီး ၊လိေမၼာ္သီး ၊ႏို႔နဲ႔
အစိမ္းရင့္ေရာင္ရွိ ဟင္းသီးဟင္း႐ြက္မ်ားကို စားသုံးပါ ။
-ေဆးလိပ္ျဖတ္ပါ ။
ဘယ္အခ်ိန္ မိမိရဲ႕ မိသားစုဆရာဝန္နဲ႔ တိုင္ပင္မလဲ ။
-အထက္ပါနည္းမ်ားျဖင့္ မသက္သာက
-ႂကြက္တက္႐ုံမကဘဲ ေျခသလုံးေတြ နီလာ ေရာင္လာ ၊ဒါမွမဟုတ္ ျပာလာ ၊ျဖဴလာရင္
-ႂကြက္တက္တာ ပိုဆိုးလာရင္
မိမိရဲ႕ မိသားစု ဆရာဝန္နဲ႔ တိုင္ပင္သင့္ပါတယ္ ။
Author: ေခတ္သစ္ ဇီဝက
(Unicode)
ဆေးခန်းလာပြသည့် လူတွေထဲမှာ ကြွက်တက်လို့ဆိုပြီး လာပြတဲ့ လူအရေအတွက်ဟာလည်း ဒုနဲ့ ဒေးပါပဲ ။
ကြွက်တက်တယ် ဆိုတာ ဘာပါလဲ ။
လူ့ကိုယ်ပေါ် ကြွက်ကြီးတက်လာခြင်း မဟုတ်ပါ ။ခြေသလုံးမှာ အဖုလုံးကြီးတစ်ခု ခုံးကြွတက်လာခြင်းကို ခေါ်တာပါ ။တစ်ခါတစ်ရံ နာကျင်တတ်ပါသေးတယ် ။ဒါပေမယ့် ခဏမျှသာ ကြာတာပါ ။
ဘယ်သူတွေ ၊ဘယ်လိုအချိန်တွေ ဖြစ်တတ်လဲ ။
ကြွက်တက်ခြင်းမှာ ကြွက်သားများကို တရားလွန်ခိုင်းမိခြင်း ၊အပူဒဏ်ကြောင့် ကိုယ်ခန္ဓာမှ ဓာတ်ဆားနဲ့ သတ္တုဓာတ်များ ချွေးနဲ့ အတူဆုံးရှုံးခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ် ။
-ပူလွန်းတဲ့အချိန်
-ကိုယ်လက်လှုပ်ရှားမှုများတဲ့သူတွေ
-အိပ်ရာထစ
-ထိုင်နေချိန်
-ခွေခေါက်အိပ်နေချိန်
တွေမှာဖြစ်တတ်ပါတယ် ။
မိမိဘာသာ ဘာလုပ်ထားနိုင်လဲ ။
-ကိုယ်လက်လှုပ်ရှားလုပ်နေခိုက် ကြွက်တက်က လုပ်လက်စကို ချက်ချင်းရပ်ပါ ။
ခြေထောက်ကို ဆန့်တန်းပါ ။
နာနေတဲ့နေရာကို ၊ကြွက်တက်တဲ့နေရာကို ညင်သာစွာ ဖိနှိပ်ပါ ။
ခြေချင်းဝတ်ကို အပေါ်ဘက်သို့ကွေးကာ ခြေချောင်းလေးများကို ကော့ထားပါ ။
-အိပ်နေခိုက် ကြွက်တက်က ထထိုင်ပါ ။
ခြေထောက်ကို ခါယမ်းပါ ၊ဒါမှမဟုတ် လမ်းလျှောက်ပါ ။
ခြေချင်းဝတ်နဲ့ ခြေချောင်းကလေးများကို အထက်ပါနည်းအတိုင်းလုပ်ပါ ။
-ကြွက်သားကို ၁၀မိနစ်ခန့် ရေခဲကပ်ပါ ။
ဘယ်လို ကြိုတင် ကာကွယ်မလဲ ။
-တစ်နေ့ ရေကို ဖန်ခွက်နဲ့ ၈ခွက် သောက်ပါ ။
လေ့ကျင့်ခန်း ၊ကိုယ်လက်လှုပ်ရှားမှု လုပ်နေစဉ်အတွင်း မိနစ် ၂၀ တစ်ခါ ရေဖန်ခွက်ဝက်ခန့် သောက်ပါ ။
-လေ့ကျင့်ခန်း မလုပ်မီ အကြောအရင် လျော့ပါ ။
-အရမ်းပြင်းထန်စွာ ကြွက်သားကို အလုပ်မပိစေပါနဲ့ ။
-လေ့ကျင့်ခန်း လုပ်ပြီးပါကလည်း အရည်များများသောက်ပါ ။
-ချွေးထွက်များက ဓာတ်ဆားရည်သောက်ပါ ။
-ပိုတက်စီယမ် ဓာတ်ကြွယ်ဝသော ထောပတ်သီး ၊ငှက်ပျောသီး ၊လိမ္မော်သီး ၊နို့နဲ့
အစိမ်းရင့်ရောင်ရှိ ဟင်းသီးဟင်းရွက်များကို စားသုံးပါ ။
-ဆေးလိပ်ဖြတ်ပါ ။
ဘယ်အချိန် မိမိရဲ့ မိသားစုဆရာဝန်နဲ့ တိုင်ပင်မလဲ ။
-အထက်ပါနည်းများဖြင့် မသက်သာက
-ကြွက်တက်ရုံမကဘဲ ခြေသလုံးတွေ နီလာ ရောင်လာ ၊ဒါမှမဟုတ် ပြာလာ ၊ဖြူလာရင်
-ကြွက်တက်တာ ပိုဆိုးလာရင်
မိမိရဲ့ မိသားစု ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ် ။
Author: ခေတ်သစ် ဇီဝက